မေလ ၂၈ ရက်နေ့အတွက် ၇ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-05-28

လိုတရရဲ့ ဗေဒင်ပရိသတ်ကြီးအတွက် ၇ရက်သားသမီး နေ့စဉ်ဟောစာတမ်းတွေကို ဖော်ပြပေးလျှက်ရှိပါတယ်။ အခုလည်း မေလ ၂၈ ရက်နေ့ ၇ရက်သားသမီးတွေအတွက် ဆောင်ရန်၊ ရှောင်ရန် နဲ့ ဒီနေ့မှာ လုပ်ဆောင်သင့်တဲ့ ယတြာလေး တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေ - တနင်္ဂနွေသားသမီးတွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့ အခက်အခဲတစ်ချို့ ကြုံနေရမယ့် အချိန်ပါပဲ။ ပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေကို စနစ်တကျ သုံးတတ်ဖို့ အရေးကြီးသလို အလျင်စလိုဆုံးဖြတ်မှုတွေကြောင့် ဆုံးရှုံးမှုတွေ ကြုံနိုင်လို့ သတိပြုသင့်ပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး နာမည်ကျော်ကြားနိုင်ပြီး လူမျိုးခြားနှင့် ဆက်ဆံရေးအောင်မြင်နိုင်ပါတယ်။ ခရီးသွားရကိန်းလည်း ရှိပြီး ကောင်းသော ခရီးသွားလာခြင်း ဖြစ်လာပါလိမ့်မယ်။ ပဲမျိုးစုံ၊ ဆေးဝါး၊ အိမ်ခြံမြေလုပ်ကိုင်သူတွေလည်း အကျိုးများမယ့် နေ့ရက်ပါပဲ။ အိမ်အသုံးအဆောင် ပရိဘောဂ၊ အဖိုးတန်ပစ္စည်းများ ဝင်ကိန်းရှိပြီး အိမ်ရှိ မော်တော်ကား၊ ယာဉ် စက် ပျက်တတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများအတွက် လက်အောက်ငယ်သား အကူအညီရရှိတတ်ပြီး အကြံအစည်သစ်တွေကိုလည်း အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ ဘဏ်လုပ်ငန်း၊ ငွေစုငွေချေးနှင့် အစုရှယ်ယာလုပ်ငန်းများ ကောင်းမွန်နေပါတယ်။ အချစ်ရေးကံကောင်းနေပြီး အိမ်ထောင်သည်တွေအနေနဲ့သားသမီးရတနာ ထွန်းကားတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ အဆစ်အမြစ်ယောင်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္ဂနွေသားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၆နာရီကနေ ၇နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အရဟံ ဂုဏ်တော်ကို ပုတီးသက်စေ့ စိပ်ပေးပါ။

တနင်္လာ - မထင်မှတ်ထားတဲ့ နေရာကနေ ငွေကြေး အမြတ်အစွန်း ရရှိလာပါလိမ့်မယ်။ အရေးကြီးလုပ်ငန်း ကိစ္စတွေကိုလည်း ဒီနေ့မှာ စတင်နိုင်ပြီး အဖိုးတန်ပစ္စည်းတွေကို လက်ဆောင်ပေးသူပေါ်ပေါက်လာနိုင်ပါတယ်။ အိမ်ကို ဧည့်သည်ရောက်လာတတ်ပြီး ကောင်းတဲ့သတင်းစကား ပါလာပါလိမ့်မယ်။ ကုန်ပစ္စည်းသိုလှောင်ခြင်း ၊ ဆေးအရောင်းဆိုင်လုပ်ငန်းများ အထူးအောင်မြင်မည်။ ဆရာဝန်၊ အဆိုတော်များ အကျိုးများမယ့် အချိန်ဖြစ်ပြီး သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူများ၊ စာပေနှင့် စာနယ်ဇင်း ပညာရှင်များလည်း နာမည်ကျော်ကြားမယ့် အချိန်ဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ တင်ဒါအောင်မြင်ပြီး စီးပွားတိုးတက်နိုင်သကဲ့သို့ လက်ရှိလုပ်နေတဲ့ လုပ်ငန်းနယ်ပယ်နဲ့ မသက်ဆိုင်တဲ့ လုပ်ငန်းသစ်ကိုလည်း လုပ်ကိုင်ရတတ်ပါတယ်။ လုပ်ငန်းသစ်ကနေလည်း ဝင်ငွေကောင်းမှာဖြစ်လို့ တိုးချဲ့လုပ်ကိုင်သင့်ပါတယ်။ ဒါပေမယ့် အတွင်းလူ ၊ လူယုံ ဒုက္ခပေးတတ်တာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။ အချစ်ရေးလည်း သာယာနေပြီး ပညာရေးလည်း ကောင်းမွန်နေပါတယ်။ ကျန်းမာရေးအနေနဲ့ လက်နဲ့ ခြေထောက်ပိုင်းဆိုင်ရာ ထိခိုက်မှု ရှိတတ်လို့ သတိထားသင့်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - တနင်္လာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၁၀နာရီခွဲကနေ ၁၂နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ငွေပန်း ကပ်လှူပေးပါ။

အင်္ဂါ - အင်္ဂါသားသမီးတွေအနေနဲ့ ကွဲကွာနေတာကြာပြီဖြစ်တဲ့ မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့ရတတ်ပါတယ်။ မိမိအပေါ် အကူအညီပေးမယ့်သူများ ပေါ်ပေါက်လာမှာဖြစ်ပြီး ကိုယ့်အပေါ် မကောင်းမြင်နေတဲ့သူတွေတောင်မှ ဒီကာလမှာ ကိုယ့်အပေါ် ပြန်ပြီးကောင်းလာနိုင်တဲ့အချိန်ပါပဲ။ ပညာရေးအနည်းငယ်ညံ့နေပြီး စိတ်လေနေတတ်ပါတယ်။ ဆေးဝါး၊ အိမ်ခြံမြေလုပ်ကိုင်သူတွေလည်း အကျိုးများမယ့် နေ့ရက်ပါပဲ။ အိမ်အသုံးအဆောင် ပရိဘောဂ၊ အဖိုးတန်ပစ္စည်းများ ဝင်ကိန်းရှိပြီး အိမ်ရှိ မော်တော်ကား၊ ယာဉ်စက်ပျက်တတ်ပါတယ်။ စီးပွားရေးလုပ်ငန်းများအတွက် လက်အောက်ငယ်သား အကူအညီရရှိတတ်ပြီး အကြံအစည်သစ်တွေကိုလည်း အကောင်အထည်ဖော်နိုင်ပါလိမ့်မယ်။ စိုက်ပျိုးထွက်ကုန်ရောင်းချသူများ အထူးအောင်မြင်နိုင်ပြီး ဘဏ်လုပ်ငန်း၊ ငွေစုငွေချေးနှင့် အစုရှယ်ယာလုပ်ငန်းများ ကောင်းမွန်နေပါတယ်။ လုပ်ငန်းတိုးချဲ့လိုသူတွေ စတင်တိုးချဲ့နိုင်မယ့် အချိန်ပါပဲ။ အချစ်ရေးမှာ ချစ်သူရဲ့ သစ္စာဖောက်ခြင်းခံရတတ်ပြီး ကျန်းမာရေးအနေနဲ့ မျက်မှန်တပ်ရတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - အင်္ဂါ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်းလုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ ညနေ ၃နာရီကနေ ၄နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် စံပယ်ပန်း ၃ကုံးကပ်လှူပေးပါ။

ဗုဒ္ဓဟူး - အောက်လက်ငယ်သား ဒုက္ခပေးတတ်ပြီး လူမျိုးခြားနဲ့ တွဲဖက်လုပ်ဆောင်မှုကနေ အောင်မြင်မှု ရရှိလာနိုင်တဲ့ ကာလပါပဲ။ အလုပ်မရှိသေးသူတွေအနေနဲ့ အနုပညာနဲ့ ဆက်နွယ်တဲ့လုပ်ငန်းပိုင်းဆိုင်ရာမှာ လုပ်ဆောင်ရင် အထူးကောင်းမွန်နိုင်မှာဖြစ်ပါတယ်။ လက်အောက်ငယ်သား ဒုက္ခပေးတတ်လို့ သတိပြုရမယ့် ကာလပါပဲ။ အသေးစားချေးငွေလုပ်ငန်း၊ ဘဏ်လုပ်ငန်း လုပ်ကိုင်သူများ အထူးအောင်မြင်နိုင်ပြီး လုပ်ငန်းအစုစပ်ရှယ်ယာလုပ်ကိုင်ခြင်း၊ ရှယ်ယာငွေထည့်ုခြင်းတို့ကနေ လူလိမ်ခံရနိုင်ပါတယ်။ ကြာသပတေးသားသမီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် အောင်မြင်နိုင်ပါတယ်။ လုပ်ငန်းခွင်အတွင်း အပေါင်းအသင်း မိတ်ဆွေသစ်တိုးပွားခြင်း ကြုံရပါလိမ့်မယ်။ မိတ်ဆွေသူငယ်ချင်းတွေအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ကူညီပေးရခြင်းမျိုး ၊ စာချုပ်စာတမ်း အာမခံရခြင်းမျိုးလည်း ကြုံရနိုင်ပါတယ်။ ငွေတစ်လုံးတစ်ခဲတည်း ဝင်လာလျှင် အလှူအတန်းပြုလုပ်ပေးပါ။ လက်ရှိအလုပ်မရှိသေးသူများ အလုပ်အကိုင်ရနိုင်ပြီး ကိုယ်ပိုင်စီးပွားရေးသမားများ ပိုမိုအောင်မြင်နိုင်တာဖြစ်ပါတယ်။ အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိရင် တတ်နိုင်သလောက် ထောက်ပံ့ပေးလိုက်ပါ။ အနုပညာလုပ်ငန်း၊ စာအုပ်ထုတ်ဝေရေးလုပ်ငန်းရှင်များ အောင်မြင်နေမှာဖြစ်ပြီး အချစ်ရေးမှာ ချစ်သူနဲ့ ရွှေလက်တွဲရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ ပုံမှန်ပဲ ရှိနေပါတယ်။ ကျန်းမာရေးအနေနဲ့ သွေးတိုးတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ဗုဒ္ဓဟူး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် လက်ဖက်ရည်ကပ်လှူပြီး လိုရာဆုတောင်းပါ။

ရာဟု - ဒီနေ့မှာ စီးပွားရေးလုပ်ငန်းရှင်များ ရှယ်ယာလုပ်ကိုင်ထားပါက အခက်အခဲကြီးစွာ ကြုံရတတ်ပါတယ်။ လုပ်ငန်းတိုးချဲ့ဖို့ ကြံစည်ထားတယ်ဆိုရင်လည်း ရက်ရွှေ့ဆိုင်းလိုက်ပါ။ လုပ်ငန်းမှာ ငွေတွေ ပျောက်နေတတ်ပြီး ငွေပြန်ပေါ်ဖို့ကြိုးစားရင်း လှုပ်လေမြုပ်လေ ဖြစ်လာတတ်တဲ့ အချိန်ပါပဲ။ ဝန်ထမ်းဖြစ်ပါက ဌာနဆိုင်ရာတွင်း မိမိမကောင်းသတင်းများ လုပ်ကြံဖြန့်ကျက်ခံရတတ်ပြီး အထက်လူကြီးရဲ့ အထင်အမြင်လွဲခြင်းကိုလည်း ခံရတတ်ပါတယ်။ အိမ်အနီးအနားမှာ နာရေးရှိတတ်ပြီး ရှိလျှင်မသွားပါနှင့်၊ ရှောင်လိုက်ပါ။ အမျိုးထဲမှ တစ်ဦးဦး ချစ်သူနောက် လိုက်ပြေးတတ်ပြီး အဆိုပါ ကိစ္စအတွက်လည်း စိတ်ညစ်ရတတ်ပါတယ်။ မိဘ၊ မောင်နှမ ၊ ဆွေမျိုးများနဲ့လည်း တစ်ခုမဟုတ်တစ်ခု စကားများ အဆင်မပြေဖြစ်တတ်တဲ့ ကာလဖြစ်လို့ အတူနေမိဘမောင်နှမရှိရင် ဒီရက်ပိုင်း စကားမလွန်မိအောင် သတိပြုဆင်ခြင်လိုက်ပါ။ စက်ပစ္စည်းသစ် တစ်ခုလည်း ဝင်လာတတ်ပြီး ဝင်ပြီးမကြာခင်ပြန်ထွက်သွားတတ်လို့ သတိပြုပါ။ ပညာရေးမှာ နိုင်ငံရပ်ခြားမှ စကောလားရှစ် ရရှိလာတတ်ပြီး စာမေးပွဲဖြေဆိုထားပါကလည်း ဂုဏ်ထူးဖြင့် အောင်မြင်နိုင်ပါတယ်။ အချစ်ရေးမှာ ချစ်သူရှိသူဖြစ်စေ၊ မရှိသေးသူများဖြစ်စေ ညံ့နေတဲ့အချိန်ပါပဲ။ အိမ်ထောင်သည်တွေအနေနဲ့ အိမ်ထောင်ဖက်ကြောင့် ဘေးပတ်ဝန်းကျင်နဲ့ စကားများ ရန်ဖြစ်ရကိန်းရှိနေပါတယ်။ကျန်းမာရေးအနေဖြင့် ဆီးချိုတက်တတ်ပါတယ်။

ရာဟုသားသမီးတွေကတော့ နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ရာဟု သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၉နာရီကနေ ၁၀နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ယပ်လှူဒါန်းပေးပါ။

ကြာသပတေး - ဒီနေ့မှာ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမဆို တစ်ဦးတည်းအထင်နဲ့ မဆုံးဖြတ်သင့်ပါဘူး ။ လုပ်ငန်းအကြီးပိုင်း လုပ်ကိုင်နေသူတွေ၊ ရာထူးကြီးရယူထားသူတွေအနေနဲ့ ပိုပြီး သတိပြုသင့်ပါတယ်။ အိမ်အနီးအနားမှာ ကိုယ်ဝန်ဆောင်သည်ရှိလျှင်သော်လည်းကောင်း၊ အမျိုးထဲ မိသားစုထဲမှာ ကိုယ်ဝန်ဆောင်သည် ရှိလျှင်သော်လည်းကောင်း တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးလိုက်ပါ။ နိုင်ငံရပ်ခြား ပညာတော်သင် စကောလားရှစ်စောင့်ဆိုင်းနေသူများ အနေဖြင့် ရရန် ခက်ခဲတတ်ပါတယ်။ ပြည်ပခရီးအတွက် Visa စောင့်ဆိုင်းနေသူများလည်း လနဲ့ချီကြာတတ်ပါတယ်။ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်များ လုပ်ငန်းကောင်းနေပြီး ဟော့ပေါ့၊ အသားကင်နဲ့ အဖျော်ယမကာဆိုင်တွေကတော့ အနည်းငယ် အရောင်းထိုင်းတတ်ပါတယ်။ ဝန်ထမ်းဖြစ်ပါက လုပ်ငန်းက ရာထူးတူသူတွေရဲ့ တိုက်ခိုက်ခြင်း ခံရတတ်ပါတယ်။ လမ်းသွားရင်း ကားမတော်တဆမှုဖြစ်တတ်လို့ သတိပြုပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ လိုတာမရ ရတာမလို ဖြစ်နေတတ်ပါတယ်။ ချစ်သူရှိပြီးသူတွေကတော့ လက်ရှိချစ်သူအပေါ် သစ္စာဖောက်မိတတ်လို့ သတိပြုပါ။ အိမ်ထောင်သည်တွေအနေနဲ့ သားသမီးရတနာ တိုးပွားတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ ခေါင်းတခြမ်းကိုက်တတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - ကြာသပတေး သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁နာရီခွဲကနေ ညနေ ၃နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ပန်းသစ်တော်သီး ကပ်လှူဆုတောင်းပါ။

သောကြာ - သောကြာသားသမီးတွေအနေနဲ့ ဒီနေ့မှာ အစားအစာနဲ့ အဖျော်ယမကာလုပ်ငန်းလုပ်ကိုင်သူတွေ အထူးအောင်မြင်မှာဖြစ်ပြီး ကြာသပတေးနံ ညံ့နေလို့ သတိထားသင့်ပါတယ်။ စီးပွားရေးလုပ်ငန်းတိုးချဲ့တဲ့အခါမှာ သတိထားသင့်ပါတယ်။ မူလလုပ်ငန်းကို အခွဲတွေ ထပ်ချဲ့တာမျိုးထက် လက်ရှိလုပ်ငန်းနဲ့ လုပ်ငန်းသဘာ၀ ကွဲပြားတဲ့လုပ်ငန်းသစ်မျိုး တိုးချဲ့ပြုလုပ်သင့်ပါတယ်။ အိမ်၊ ခြံ နေရာထိုင်ခင်း အသစ်ဝင်ကိန်းလည်း ရှိပြီး လုပ်ငန်းရှင်တွေအနေနဲ့လည်း လုပ်ငန်းတွေတိုးတက်အောင်မြင်မယ့် အချိန်ဖြစ်ပါတယ်။ သူတပါးကို ကြားခံ အာမခံပေးတာမျိုး ငွေချေးပေးတာမျိုးကိုတော့ ရှောင်ကြဉ်ရမယ့် အချိန်ပါ။ အိမ်ထောင်ပရိဘောဂပစ္စည်းသစ် ဝင်လာကိန်းရှိပြီး အနာအဆာ ပါလာတတ်ပါတယ်။ အိမ်ရှိ လျှပ်စစ်ပစ္စည်းအဟောင်းအပျက်များ စွန့်ပစ်လိုက်ပါ၊ အိမ်အနီးအနားမှာ အလှူကြီးပေးနေရင် ၆ အစ ၂ အဆုံး ထီထိုးပေးပါ။ ဝန်ထမ်းဖြစ်ပါက အထက်လူကြီးနဲ့ မိမိကြား အောက်လူက ဒုက္ခပေး ခလောက်ဆန်တတ်ပါတယ်။ အိမ်ထောင်သည်များအနေဖြင့် အိမ်ထောင်ဖက် စီးပွား တိုးတက်မယ့်အချိန်ပါပဲ။ ချစ်သူမရှိသေးသူများ ချစ်သူရလာတတ်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကျန်းမာရေးပိုင်း အနေနဲ့ ထိပ်ခပ်နာရောဂါ သတိပြုပါ။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - သောကြာ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ မနက် ၇နာရီခွဲကနေ ၉နာရီအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - အိမ်ရှိဘုရားတွင် သင်္ဘောသီး ကပ်လှူ ဆုတောင်းပေးပါ။

စနေ - ဝန်ထမ်းများအနေနဲ့ လက်ရှိအလုပ်ကနေ ထွက်ချင်စိတ်ဖြစ်နေပြီး အလုပ်သစ်ကလည်း မရေမရာဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိအလုပ်ကို ရဲရဲတင်းတင်းသာ ထွက်လိုက်ပါ၊ ပိုမိုကောင်းမွန်တဲ့ အလုပ်က သင့်ကို စောင့်ကြိုနေမယ့် အချိန်ပါပဲ။ မထင်မှတ်ပဲ ခင်မင်ရင်းနှီးသူတစ်ဦးထံမှ အဖိုးတန်ပစ္စည်းလက်ဆောင်ရကိန်း ရှိနေပါတယ်။ စားသောက်ကုန်လုပ်ငန်း၊ အိမ်ထောင်ပရိဘောဂလုပ်ငန်းရှင်များ အထူးကောင်းမွန်နေပြီး အနုပညာလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲရှိနေမယ့် အချိန်ဖြစ်ပါတယ်။ တနင်္လာ၊ သောကြာသားသမီးများ၏ အကူအညီဖြင့် လုပ်ငန်းအောင်မြင်တိုးတက်နိုင်ပြီး ငွေဝင်သလောက် ပြန်ထွက်နေမယ့် အချိန်လည်း ဖြစ်ပါတယ်။ ထီထိုးမယ်ဆိုပါက တနင်္လာနေ့မှာ အပူးဂဏန်းများများ ရွေးချယ်ထိုးပေးပါ။ အချစ်ရေးမှာ ချစ်သူမရှိသေးသူများ လိမ်ညာစားတတ်တဲ့ ချစ်သူရလာတတ်ပြီး ချစ်သူရှိပြီးသူတွေကတော့ ချစ်သူက မိမိအချစ်ဆုံးသူငယ်ချင်းနဲ့ ဖောက်ပြန်တတ်လို့ သတိပြုပါ။ ကျန်းမာရေးအနေနဲ့ မျက်စိတိမ်စွဲတတ်ပါတယ်။

နေ့ရက်အလိုက် ကံကောင်းသောအချိန်များ - စနေ သားသမီးတွေအနေနဲ့ ဒီနေ့မှာ အရေးကြီးလုပ်ငန်း လုပ်ဆောင်စရာရှိတယ်ဆိုရင်တော့ နေ့လည် ၁၂နာရီကနေ ၁နာရီခွဲအတွင်း လုပ်ဆောင်မယ်ဆိုရင် အရာရာအောင်မြင်နိုင်ပါလိမ့်မယ်။

ယတြာ - ဘုရားတွင် ထမင်းနှင့် ဟင်း ကပ်လှူပေးပါ။

LEO

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..