
လိုတရရဲ့ ဗေဒင်ပရိတ်သတ်ကြီးအတွက် (၇) ရက်သားသမီး နေ့နံအလိုက် ဒီတစ်နေ့တာ ကံဇာတာ ကောင်းဆိုး အခြေအနေတွေနဲ့ ပြုလုပ်ရမယ့် ယတြာတွေကို ဖော်ပြပေးလိုက်ပါတယ်။
တနင်္ဂနွေ - နေရင်းထိုင်ရင်းက ရန်လုပ်မယ့်သူ၊ အတိုက်အခံ လုပ်မယ့်သူတွေ ပေါများနေမယ်။ အပျိုလူပျိုဆိုရင် မိန်းမ၊ ယောင်္ကျား အနှောင့်အယှက် ဝင်မယ်။ ချစ်သူရည်းစားတွေကြား ပြဿနာတွေ အကြီးအကျယ် ဖြစ်မယ်။ အိမ်ထောင်သည်တွေမှာတော့ အဲဒီလောက် အခြေအနေ မဆိုးနိုင်ပါ။ အလုပ်အကိုင်ကိစ္စတွေမှာ ငယ်သူတွေက ဝင်ဖျက်လို့ ထိခိုက်နစ်နာရတတ်တယ်။ အလုပ်နဲ့ ပတ်သက်လို့ စိတ်ညစ်ရမယ်။ ငွေကုန်ကြေးကျ သိပ်များမယ်။ ဒီနေ့မှာ မနက် ၁၁ နာရီနဲ့ ၁၂ နာရီကြား ကံကောင်းနိုင်တယ်။ ယတြာအနေနဲ့ ငှက်လွှတ်၊ ငှက်စာကျွေး လုပ်ပါ။
တနင်္လာ - လုပ်နေဆဲ အလုပ်တွေ အကျိုးမပေးလို့ တခြားအလုပ် ပြောင်းမလား စဉ်းစားရ ခက်နေတတ်တယ်။ ဘေးကျပ်နံကျပ် အခြေအနေတွေထဲ ကိုယ်ပါ ဝင်မိနေတတ်ပြီး အလုပ်မှာလည်း စိတ်ဝင်စားမှု နည်းပါးနေမယ်။ ဘာကိုမှ မဆုံးဖြတ်နိုင်ဘဲ ဒီအတိုင်း အချိန်ကုန်သွားတတ်တယ်။ ကျန်းမာရေး အားနည်းတတ်ပြီး ခေါင်းထဲမှာ မူးနောက်တာ၊ အာရုံကြော အားနည်းတာတွေ ဖြစ်တတ်တယ်။ လူငယ်တွေရဲ့ နှလုံးသားရေးမှာ ချစ်သူနဲ့ ခွဲခွာ ဝေးနေရပြီး နီးနေရင်တော့ ဆက်ဆံရေး ကြဲပါးတတ်တယ်။ အိမ်ထောင်သည်တွေမှာတော့ အဆင်ပြေနေမယ်။ ဒီနေ့ နေ့ခင်း ၁ နာရီခွဲနဲ့ ၂ နာရီခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ခွေးလေးတွေ အစာကျွေးပေးပါ။
အင်္ဂါ - အထက်လူကြီးတွေ၊ အုပ်ချုပ်သူအာဏာပိုင်တွေကြောင့် စိတ်ညစ် အာရုံနောက်ရတတ်တယ်။ အလုပ်မှာ ဖိအားမျိုးစုံ ဝင်လာနိုင်ပြီး အင်အားကြီးမားသူတွေနဲ့ ယှဉ်ပြိုင်ရင်ဆိုင်ရလိမ့်မယ်။ ငွေဝင်ခါနီး စိတ်ညစ်ရတတ်ပြီး ထွက်စရာ ကုန်ပေါက်တွေလည်း မကြာခဏ ပေါ်နေတတ်တယ်။ မိသားစုအိမ်တွင်းရေးမှာ စိတ်သောကတွေ များလာတတ်တယ်။ ကိုယ်တိုင်ကလည်း ဘာကိုမှ ရေရေရာရာ မဆုံးဖြတ်နိုင်ဘဲ စိတ်တွေ လေနေလိမ့်မယ်။ ဒီနေ့ မွန်းလွဲ ၁၂ နာရီနဲ့ ၁ နာရီကြားမှာ ကံကောင်းတတ်တယ်။ ယတြာအနေနဲ့ ဘုရားကို ရေသပ္ပါယ်ပေးပါ။
ဗုဒ္ဓဟူး - အများက မနာလို ဖြစ်လောက်အောင် ကိုယ့်လုပ်ဆောင်ချက် ၊ ကြိုးစားအားထုတ်မှုတွေက အရာထင် အောင်မြင်လာလိမ့်မယ်။ ဘေးကနေ သွေးထိုးစကား၊ အတင်းအဖျင်းတွေ ဝင်မွှေတတ်ပေမယ့် ကိုယ်တိုင်က နားလည် ရှောင်ရှားတတ်ရင် အဆင်ပြေမယ်။ အလုပ်ကနေ ငွေဝင်ကိန်း ရှိပေမယ့် ငွေဝင်ခါနီးတိုင်း စိတ်ညစ်ရ အာရုံနောက်ရတာမျိုး ဖြစ်မယ်။ ငွေအပေးအယူတွေ သတိထားပါ။ ပြန်မရဘဲ ကြာတတ်တယ်။ လူငယ်တွေမှာ နှလုံးသားရေးရာ စိတ်ထိခိုက်စရာတွေ ဖြစ်တတ်တယ်။ ကြားလူတွေ ဝင်ဖျက်လို့ နှစ်ဦးသား နစ်နာတတ်တယ်။ ဒီနေ့မနက် ၆ နာရီနဲ့ ၇နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ရွှေရင်အေး ကပ်လှူပါ။
ကြာသပတေး - အလုပ်တာဝန်ကြီးတွေ ကိုယ့်ခေါင်းပေါ် စုပြုံကျလာတတ်တယ်။ အများကို ဦးဆောင်ရပေမယ့် အားလုံးက အကောင်းမြင် မခံရတာမျိုး ဖြစ်မယ်။ စိတ်ပင်ပန်းလေးလံစရာတွေ များနေပြီး ကိုယ်လုပ်သမျှလည်း အောင်မြင်မှု ရဖို့ ခဲယဉ်းနေမယ်။ ခေါင်းရှုပ်၊ အတွေးမှားပြီး လုပ်သင့်တာနဲ့ မလုပ်သင့်တာ မခွဲခြားနိုင်တော့ဘဲ ဖြစ်သွားတတ်တယ်။ ငွေရေးကြေးရေးအတွက် စိတ်ပူပင်ရလိမ့်မယ်။ အကုန်အကျတွေလည်း သိပ်များနေမယ်။ အချစ်ရေး မေတ္တာရေးမှာ ထူးခြားမှု မရှိဘဲ ကိုယ်တိုင်က အာရုံမလာသလို ဖြစ်နေမယ်။ ဒီနေ့မှာ မနက် ၁၀ နာရီ နဲ့ ၁၁ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ရဟန်းသံဃာတစ်ပါးကို ဝထ္ထုငွေ ကပ်လှူလိုက်ပါ။
သောကြာ - လာဘ်ရွှင် ငွေဝင်မယ့်နေ့ ၊ အလုပ်မှာ အများက အသိအမှတ်ပြု၊ နေရာပေးမယ့်နေ့မျိုး ဖြစ်တယ်။ ကိုယ့်ပညာ၊ အရည်အချင်းကို ပြသနိုင်ပြီး လူအများကြား ထင်ပေါ်ခွင့် ရရှိမယ်။ နာမည်ဂုဏ်သတင်း တိုးတက် ကျော်ကြားခြင်း ဖြစ်မယ်။ လုပ်နိုင်ကိုင်နိုင်စွမ်းတွေ ထက်မြက်လာမယ်။ ပညာရဲ့ အကျိုးကျေးဇူးကို ခံစားရမယ်။ ဝင်ငွေရလမ်း ဖြောင့်ပေမယ့် တစ်ဖက်မှာ အကြောင်းအမျိုးမျိုးနဲ့ ပြန်ကုန်တတ်တယ်။ ငွေစုနိုင်အောင် ကြိုးစားပါ။ နှလုံးသားရေးမှာ စိတ်ချမ်းသာ ကြည်နူးစရာတွေ များမယ်။ ချစ်သူနဲ့ ပျော်ရွှင်ရမယ်။ ကံကောင်းမယ့်နေ့ ဖြစ်ပြီး အကောင်းဆုံးက ညနေ ၃ နာရီနဲ့ ၃ နာရီခွဲကြား ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အလင်းဖွင့် ပူဇော်ပါ။
စနေ - အထူးသဖြင့် အလုပ်အကိုင်၊ စီးပွားရေးတွေမှာ အထူး အောင်မြင်မယ့်နေ့ ဖြစ်တယ်။ အကြီးအကဲတွေနဲ့ အုပ်ချုပ်သူတွေက ကိုယ့်ကို မျက်နှာသာပေး အကူအညီတွေ ပေးကြမယ်။ ကိုယ်လုပ်သမျှကလည်း ဒီနေ့မျိုးမှာ အရာရာ အဆင်ပြေဖို့ လမ်းကြောင်းတွေ ပွင့်နေမယ်။ အသစ်အဆန်းတွေ စတင်နိုင်တယ်။ လုပ်ကြည့်နိုင်တယ်။ ငွေရေးကြေးရေးလည်း အဆင်ပြေပါလိမ့်မယ်။ ချစ်မှုရေးရာမှာတော့ နှစ်ဦးကြား အေးတိအေးစက် ဖြစ်နေမယ်။ ဒီနေ့မှာ မနက် ၉ နာရီနဲ့ ၉ နာရီခွဲကြား ကံကောင်းချိန် ဖြစ်ပြီး ယတြာအနေနဲ့ ဘုရားမှာ ရွှေထီး လှူပေးပါ။
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။