
မြန်မာ့ဗေဒင်ပညာရပ်မှာ နတ်နေ၊ လာဘ်နေ၊ စက်နေ ဆိုတဲ့ နေ့အလိုက် ဆောင်ရ၊ ရှောင်ရတဲ့ အရပ်မျက်နှာ အမျိုးမျိုး ရှိပါတယ်။ အဲဒီထဲကမှ နေ့စဉ် ဝင်ငွေ ရှာဖွေနေကြရတဲ့ ဈေးသည်ကအစ ဆိုင်လုပ်ငန်းရှင်အဆုံး အားလုံးသော ရောင်းဝယ်ဖောက်ကားသူများအတွက် နေ့စဉ် လာဘ်ရွှင်ငွေဝင်စေနိုင်တဲ့ နည်းလမ်းတစ်ခုကို ဗေဒင်သုတအဖြစ် မျှဝေပေးချင်ပါတယ်။ စွဲစွဲမြဲမြဲနဲ့ လက်တွေ့ လုပ်ကြည့်ရင် ထူးခြားပါလိမ့်မယ်။
လာဘ်နေအရပ်ကို အသုံးမပြုခင် လာဘ်တိတ်စေတဲ့အကြောင်းရင်းတွေကို ကြိုတင် ရှောင်ရှားသတိပြုရပါမယ်။ ဥပမာ - မနက်မိုးလင်းလင်းချင်းမှာပဲ ဆဲဆိုကြိမ်းမောင်းသံတွေနဲ့ စတင်တာ၊ အိမ်က ဘုရားကျောင်းဆောင်က အသေးစားစတိုခန်းလို အမှိုက်သရိုက်တွေ ရှုပ်ပွနေတာ၊ ဘုရားပန်းတွေ ညိုးနွမ်းပြီး တော်တော်နဲ့ မလဲဖြစ်တာ၊ အိမ်ရှေ့ဘက်မှာ ကလေးတွေ အပေါ့အလေး သွားတာ၊ အိမ်ထောင်ဦးစီးရဲ့ အလုပ်နဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ အပေါ် ကျော်ခွသွားတာ စတဲ့ ကျက်သရေမင်္ဂလာမဲ့စေတဲ့ အပြုအမူတွေကို ရှောင်ကျဉ်ရပါမယ်။
အဲဒီအချက်တွေကို ရှောင်နိုင်ပြီ၊ ကျက်သရေမင်္ဂလာရှိအောင် နေထိုင်နိုင်ပြီဆိုရင်တော့ နေ့စဉ် လာဘ်ပွင့်စေမယ့် လာဘ်နေအရပ် အသုံးပြုနည်းကို လုပ်ဆောင်နိုင်ပါပြီ။ အောက်မှာ ဖော်ပြထားတဲ့ ဇယားကွက်အတိုင်း နေ့တိုင်း မနက်လင်း အိပ်ယာနိုးတာနဲ့ ဘုရားဝတ်ပြုပါ။ ပြီးရင် လာဘ်နေအရပ်ကို မျက်နှာမူပြီး ငွေဝင်ဂါထာလို့ လူသိများ ကျော်ကြားတဲ့ “ဒိဝါတပတိ” အစချီ ဂါထာတော်ကို အနည်းဆုံး (၉) ခေါက် ရွတ်ဖတ်ပူဇော်ပါ။ ဥပမာ ဒီနေ့ဟာ တနင်္လာနေ့ ဆိုရင် အနောက်ကို မျက်နှာမူပြီး ရွတ်ဖတ်ရမှာ ဖြစ်ပါတယ်။
နေ့အလိုက် လာဘ်ပွင့်စေတဲ့ လာဘ်နေအရပ်မျက်နှာတွေကို အောက်ပါဇယားမှာ ကြည့်ရှုပါ။ လာဘ်နေအရပ် မူကွဲတွေအမျိုးမျိုး ရှိပေမယ့် ပညာရှင်တွေ အသုံးများတဲ့ မူကိုပဲ ဦးစားပေး ဖော်ပြထားပါတယ်။ (မှတ်ချက် - လာဘ်နေအရပ်မျက်နှာတွေကို ဖုန်းထဲက သံလိုက်အိမ်မြှောင်နဲ့ အတိအကျ ယူရင် ပိုကောင်းပါတယ်)
သဗ္ဗဇေယျ မင်္ဂလာဂါထာ (ခေါ်) ဒိဝါတပတိဂါထာတော်ကို မသိတဲ့သူများအတွက်လည်း အနက်အဓိပ္ပါယ်နဲ့ တကွ ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။
အနက်အဓိပ္ပါယ် - နေမင်းသည် နေ့အခါ၌သာ တောက်ပ၏။ လမင်းသည်လည်း ညအခါ၌သာ တောက်ပ၏။ ရှင်ဘုရင်သည် မင်းမြောက်တန်ဆာ ဆင်ယင်မှသာ တောက်ပ၏။ ရဟန္တာသည် ဈာန်ဝင်စားမှ တောက်ပ၏။ မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း ထွန်းလင်းတောက်ပပါပေသတည်း..။
ထိုသို့နေရော ညဉ့်ပါ ဘယ်ခါမလပ် တန်ခိုးရှိန်စော်အာနုဘော်တော်တို့ဖြင့် ထွန်းလင်းတောက်ပတော်မူသော ဘုရားရှင်အား ဘုရားတပည့်တော်သည် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။ ဤသို ရှိခိုးပူဇော်ရသော အကျိုးအားကြောင့် အလုံးစုံကုန်သော လောကီစီးပွါး အထွေထွေစည်းစိမ် ဥစ္စာရတနာ အထွေတို့နှင့် လျှင်လျှင်မြန်မြန် ပြည့်စုံရပါလို၏ မြတ်စွာဘုရား…။
(၇) ရက်သားသမီးအားလုံး နေ့စဉ် လာဘ်ရွှင် ငွေဝင်နိုင်ကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။