သင်္ကေတပုံလေးတွေကပြောပြမယ့် သင်သတိမထားမိသေးတဲ့ သင်ဘဝရဲ့လျှို့ဝှက်ချက်တချို့
lotaya.mpt.com.mm
|
2020-06-27



Shutterstock/Vectomart & deardiz

လူတိုင်းရဲ့ဘဝမှာ သူတို့စိတ်ကူးယဉ်မျှော်မှန်းထားတဲ့အရာတွေ ရှိပါတယ်။ ဒီလိုမျှော်မှန်းထားတဲ့အရာတွေ ရဖို့ကိုလည်း နည်းအမျိုးမျိုးနဲ့ရယူဖို့ကြိုးစားနေကြရတာပါ။ ဒီလိုကြိုးစားတဲ့နေရာမှာ သင်ကိုယ်တိုင်က ဘယ်လိုလူမျိုးလဲ ဒီအရာကိုဘာလို့လိုအပ်နေတာလဲဆိုတာ ကောင်းစွာသိဖို့လိုအပ်ပါတယ်။ လူတိုင်းမှာ ကိုယ့်ကိုယ်ကို သတိမထားမိတဲ့အရာတွေ အများကြီးရှိပါတယ်။ ကိုယ်ကိုယ်တိုင်တောင်မသိသေးတဲ့ ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေကို သိနိုင်ဖို့ ဒီ Quiz လေးကနေ ပြောပြပေးပါလိမ့်မယ်။ သင်အနှစ်သက်ဆုံး သင်္ကေတတစ်ခုကို ရွေးချယ်ပြီး ကိုယ့်ဘဝမှာ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေလဲဆိုတာ ကြည့်လိုက်ရအောင်…..

(၁) နံပါတ် ၁




Shutterstock/deardiz

သင်ဟာ ဆင်ခြေတုံတရားကောင်းမွန်ပြီး ပူးပေါင်းဆောင်ရွက်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒါ့အပြင် သင် ချစ်မြတ်နိုးတဲ့လူတွေအပေါ် ကူညီဖေးမတက်ပြီး သင်ဟာ ပိုကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ချင်ကြပါတယ်။ ဒါပေမယ့် သင်ဟာ တစ်ခါတစ်ရံမှာ အရမ်းကိုစိတ်ပူတတ်တဲ့သူတစ်ယောက်ပါ။ ပြောရမယ်ဆိုရင် အနာဂတ်ကို တွေးပူတာမျိုးပေါ့။ ဒီလိုတွေးပူတက်တဲ့အကျင့်ကြောင့် သင်ဟာ သင့်ဘဝကြီး အမြဲသာယာပြီး အဆင်ပြေနေအောင် အလုပ်အရမ်းကြိုးစားတတ်ပါတယ်။ ဒီလိုအလွန်အကျွံလုပ်နေတာက သင့်အတွက် ကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး။ အရာရာကို ကိုယ်တက်နိုင်သလောက်ကြိုးစားလုပ်ပေးပြီး ဖြစ်လာသမျှက ကိုယ့်ကံတရာကြောင့်လို့မှတ်ယူထားပြီး ဘဝကို တွေးမပူပဲပျော်ပျော်ရွှင်ရွှင်နေသင့်ပါတယ်။



(၂) နံပါတ် ၂




Shutterstock/deardiz

သင်ဟာ ကြင်နာသနားတက်တဲ့စိတ်ရှိပြီး အမြဲပျော်ရွှင်နေတက်သူတစ်ယောက်ပါ။ သင်ဟာ ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ကိစ္စရပ်တိုင်းမှာ ပါဝင်ကူညီလေ့ရှိတဲ့အတွက် တစ်ခါတစ်ရံ တစ်ကယ်အရေးကြီးပြီး ပါဝင်လုပ်ဆောင်ရမယ့်ကိစ္စတွေမှာ မပြီးတာမျိုး လွတ်သွားတာမျိုးတွေကြုံရတတ်ပါတယ်။ သင့်ရဲ့အချိန်တွေကို အနာဂတ်ကိုတွေးနေတာနဲ့ အချိန်ကုန်နေတတ်ပါတယ်။ တစ်ကယ်တော့ အနာဂတ်ကိုတွေးနေတာမျိုးထက် လက်ရှိအချိန်မှာပဲ ကောင်းအောင်ကြိုးစားသင့်ပါတယ်။ သင့်စိတ်ကို ငြိမ်ငြိမ်ထားပြီး သင့်မှာရှိတဲ့အရည်အချင်းတွေကို စဉ်းစားကြည့်ပါ။ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကို သေချာသိပြီး အသုံးချနိုင်အောင် ကြိုးစားရင် သင့်ဘဝက အောင်မြင်တိုးတက်လာမှာ မလွဲမသွေပါပဲ။

(၃) နံပါတ် ၃




Shutterstock/deardiz

သင်ဟာ ဘယ်သူနဲ့မဆို သဟဇာတဖြစ်အောင် ပေါင်းသင်းဆက်ဆံပြောဆိုတက်ပါတယ်။ နောက်တစ်ချက်က သင်ဟာ အေးဆေးတည်ငြိမ်စွာနေတတ်ပြီး အရမ်းချစ်တက်တဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အမှန်တရားကိုမြတ်နိုးတဲ့သူ တစ်ယောက်ဖြစ်တာကြောင့် တစ်ယောက်ယောက်က သင့်ကိုလိမ်နေရင် ဘယ်လိုမှအဲဒီလူနဲ့ဆက်ဆံလို့မရပါဘူး။ သင်ဟာ သင်ချစ်တဲ့လူတိုင်းအပေါ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကူညီဖေးမလေ့ရှိပါတယ်။ သင့်အတွက် အကြီးမားဆုံးစိန်ခေါ်မူက သင်ပေးလိုက်တဲ့အရာနဲ့ သင်ပြန်ရလိုက်အရာကို ညီမျှအောင်လုပ်ခြင်းပဲဖြစ်ပါတယ်။ တောင်းဆိုတဲ့အရာတိုင်းကို အမြဲလုပ်ပေးနေဖို့မလိုအပ်ပဲ တစ်ခါတစ်ရံငြင်းနိုင်အောင်ကြိုးစားပါ။ ဒါမှ သင့်ဘဝကပိုငြိမ်းချမ်းပြီး ပျော်ရွှင်စရာဖြစ်မှာပါ။



နံပါတ် (၄)


 




Shutterstock/Vectomart

သင်ဟာ သင်ဘာလိုချင်လဲဆိုတာကို ကောင်းစွာသိပြီး အဲဒီအရာကို ဘယ်လိုရအောင်ယူမလဲဆိုတာကို အသေချာသိပါတယ်။ သင့်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေ ရှိနေပြီး သင့်ဘဝက အမြဲစိန်ခေါ်မူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီစိန်ခေါ်မူတွေကိုလည်း သင်ဟာမကြောက်မရွံ့ရင်ဆိုင်ရဲပါတယ်။ သင့်ရဲ့ကြီးမားတဲ့စိန်ခေါ်မူကြီးကတော့ သင့်ရဲ့တာဝန်ဝတ္တရားတွေ၊ သင်နှစ်သက်တဲ့အရာတွေနဲ့ သင်ချစ်တဲ့သူတွေကြားမှာ သင့်တင့်လျှောက်ပတ်တဲ့ဘဝလေးတစ်ခုကို တည်ထောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီလိုအရာတွေကို တစ်ခုနဲ့တစ်ခု ညီတူညီမျှဖြစ်အောင် ကြိုးစားပေးလိုက်မယ်ဆိုရင် သင်ဟာအောင်မြင်တဲ့ဘဝလေးကို ရမှာမလွဲမသွေပါပဲ။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..