၂၀၁၉ ထဲမှာ ဘယ်ရာသီခွင်တွေ ကံအကောင်းဆုံးဖြစ်မလဲ
lotaya.mpt.com.mm
|
2018-12-10




၂၀၁၉ ထဲမှာ ဘယ်ရာသီခွင်တွေ ကံအကောင်းဆုံးဖြစ်မလဲ


မကြာခင်ရောက်ရှိလာတော့မယ့် ၂၀၁၉ ခုနှစ်မှာဆိုရင် ရာသီခွင်အလိုက် ကံကောင်းမှုတွေ၊ ကံညံ့တာလေးတွေက ၂၀၁၈ နဲ့ မတူပဲ ပြောင်းလဲလာတော့မှာပါ။ ၂၀၁၉ ခုနှစ်အတွက် ကံအကောင်းဆုံးထိပ်တန်း ရာသီခွင် ၃ခု ရှိနေပါတယ်၊ ဒီရာသီခွင်တွေက စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအကုန်လုံးနီးပါး တိုးတက်ပြည့်စုံကောင်းမွန်လာမှာ ဖြစ်ပြီးအချစ်ရေး၊အိမ်ထောင်ရေးနဲ့ ပတ်သက်တာတွေလည်း စိတ်ချမ်းသာရမယ်လို့ ဆိုထားပါတယ်။ ၂၀၁၉ ထဲရောက်ပြီဆိုတာနဲ့ ကံအရမ်းကောင်းသွားတော့မယ့် ရာသီခွင်ပိုင်ရှင်တွေ ရှိသလို ကံအသင့်အတင့်ရှိသူတွေ၊ ကံအနည်းငယ်ညံ့တဲ့သူတွေလည်း ရှိနေပါတယ်။ ဒီတော့ ၂၀၁၉ ထဲမှာ ကိုယ့်ရဲ့ ရာသီခွင်က ကံအကောင်းဆုံးထဲမှာ ပါဝင်နေသလားဆိုတာကို တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ရအောင်ပါ။


2019 ခုနှစ်မှာ ကံအကောင်းဆုံး ရာသီခွင် ၃ ခု


၂၀၁၉ ခုနှစ်ထဲမှာ ကံအကောင်းဆုံး ရာသီခွင် ၃ ခုရှိနေပါတယ်။အဲဒီ ၃ခုကတော့ ကန်ရာသီ(Virgo) - သြဂုတ်(၂၄)မှ စက်တင်ဘာ(၂၂)အတွင်းမွေးဖွားသူတွေ ၊ ဓနုရာသီ(Sagittarius) - နိုဝင်ဘာ(၂၃)မှ ဒီဇင်ဘာ(၂၁)အတွင်းမွေးဖွားသူတွေ နဲ့ ဗြိစ္ဆာရာသီ(Scorpio) -အောက်တိုဘာ(၂၄)မှ နိုဝင်ဘာ(၂၂)အတွင်းမွေးဖွားသူတွေအစရှိတဲ့ ရာသီခွင်တွေပဲ ဖြစ်ကြပါတယ်။ ဒီရာသီခွင် ၃ခုက ဘယ်အချက်တွေဘယ်လိုကောင်းတယ်ဆိုတာ ဆက်လေ့လာကြည့်ပါဦး၊ ဒီရာသီခွင် ၃ခုအပြင် ကျန်တဲ့ ရာသီခွင်တွေကိုလည်း ဖော်ပြပေးသွားဦးမှာပါ။


ကန်ရာသီ(Virgo)

ကန်ရာသီဖွားတွေကတော့ ၂၀၁၉ မှာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ ကံကောင်းမှုတွေနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ ဒီနှစ်ထဲမှာ ကန်ရာသီဖွားတွေအားလုံးအတွက် သန်မာခြင်း၊ ကြံ့ခိုင်ခြင်း၊ စိတ်ဓါတ်ကြံ့ခိုင်ခြင်းအပါအဝင် ကောင်းမွန်ခြင်း၊အောင်မြင်ခြင်းတွေအားလုံး ရရှိပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာရှိတဲ့ လတိုင်းလိုလိုက သင့်အတွက် ကံကောင်းတဲ့ လတွေချည်းပါပဲ။ ဒါပေမယ့်အကောင်းထဲမှာအတိုက်အခိုက်ရယ်လို့အနည်းငယ်တော့ ကြုံရလေ့ရှိတာကို မေ့မထားသင့်ပါဘူး။ ပထမ ၃လလောက်အတွင်းမှာတော့အနည်းငယ် ခက်ခဲမှုကြုံရနိုင်ပြီး သင်ကောင်းကောင်းဖြတ်ကျော် နိုင်ပါလိမ့်မယ်။အချစ်ရေး၊အလုပ်အကိုင်၊ လူမှုရေး ကိစ္စတွေမှာအဖျက်အမှောင့် တွေနဲ့ ကြုံလာရပေမယ့် ဒါဟာ ပိုကောင်းတဲ့အနေအထားကို ဦးတည်တော့မယ်ဆိုတာ သိထားပြီး စိတ်ကို ကြံ့ခိုင်အောင်ထားဖို့ မှာချင်ပါတယ်။ ဒါဟာ ၂၀၁၉ မှာကောင်းနေပြီဆိုပေမယ့် ၂၀၁၈ ရဲ့ ကံမကောင်းတဲ့ ရိုက်ခတ်မှုအရှိန်မသေသေးတာကြောင့်ပဲ ဖြစ်ပါတယ်။


ဓနုရာသီ(Sagittarius)

ဓနုရာသီဖွားတွေကတော့ ၂၀၁၉ ကိုရောက်တာနဲ့ လုံးဝကို စာမျက်နှာသစ် တစ်ခု ရောက်သွားသလို ခံစားရမှာပါ၊ ဂျူပီတာဂြိုဟ်ရဲ့ ကောင်းတဲ့ လွှမ်းမိုးမှုကံက သင့်ကို ကံကောင်းမှုတွေဆီ ခေါ်ဆောင်သွားတော့မှာ ဖြစ်ပါတယ်။ ၂၀၁၉ က ဓနုရာသီဖွားတွေအတွက် Lucky ခုနှစ်လို့လည်း ဆိုနိုင်ပါတယ်။ ငွေကြေးမြောက်မြားစွာ ရရှိမယ့် လုပ်ငန်းတွေ၊ ပရော့ဂျက်တွေ၊ စပ်တူရှယ်ယာ လုပ်ငန်းစဉ်တွေအလိုလိုရောက်ရှိလာမှာဖြစ်ပြီး မပင်ပန်းပဲ ငွေကြေးအစုလိုက်အပုံလိုက် ဝင်မှာဖြစ်ပါတယ်။ လက်ရှိအလုပ်ကနေ ပြောင်းရကိန်းရှိပြီးအလုပ်နေရာသစ်မှာ ပိုကောင်းတဲ့ ပိုပြီး ရာထူးကြီးသူအဖြစ် လုပ်ကိုင်ရတတ်ပါတယ်။ နိုင်ငံရပ်ခြားတိုင်းပြည်ကို ပြောင်းရွှေ့ရကိန်း ၊ နေရာသစ်ပြောင်းရွှေ့ရကိန်း ရှိပြီး မင်္ဂလာပွဲကျင်းပတာ၊ ကလေးယူတာတွေအတွက်လည်း ဆုံးဖြတ်ဖို့အကောင်းဆုံး နှစ်တစ်နှစ်ပါပဲ။ ဓနုရာသီဖွားတွေအတွက်လည်း ၂၀၁၉ ပထမဆုံးလတွေမှာ တော်တော်လေးကို ခက်ခက်ခဲခဲ ရုန်းကန်ရပါလိမ့်မယ်၊ ဒါကို တောင့်ခံနိုင်ဖို့တော့ လိုပါတယ်၊အရှေ့ပိုင်း ၃လလောက်ကျော်သွားပြီဆိုရင်တော့ သင့်အတွက် ကံကောင်းခြင်းတွေက စောင့်မျှော်နေပြီဖြစ်လို့ သင်ရည်ရွယ်ထားတာတွေ သင့်ရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်နိုင်ပါပြီ။


ဗြိစ္ဆာရာသီ(Scorpio)

၂၀၁၉ ခုနှစ်က ဗြိစ္ဆာရာသီဖွားတွေကို ပရော်ဖက်ရှင်နယ်အဆင့်အထိ တိုးမြှင့်ပေးနိုင်တော့မယ့် နှစ်ပါပဲ။ ဘဝမှာ လုပ်ခဲ့သမျှထဲမှာ ဒီနှစ်မှာ လုပ်သမျှ လုပ်ငန်းတိုင်း ပေါက်မြောက်အောင်မြင်ပြီး ကြီးမားတဲ့အောင်မြင်မှုကြီးတွေကို ဆက်တိုက် ဆွတ်ခူးနိုင်ပါလိမ့်မယ်။ လိုချင်တာမှန်သမျှအလိုလို ရရှိလာမှာဖြစ်ပြီး ထီပေါက်ကိန်းတောင်ရှိနေတာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ကံထူးရှင်တစ်ဦးလည်း ဖြစ်ပြီး စိတ်ကူးအိပ်မက်တွေအတိုင်းလုပ်လိုက်တာကနေ ငွေတွေအစုလိုက် ဝင်လာဦးမှာပါ။ သင့်ကံကြမ္မာကို သူများရဲ့အကြံပေးချက်တွေ လိုက်လုပ်နေမယ့်အစား သင့်စိတ်ကူးအတိုင်းသွားမှသာ ကံကောင်းနိုင်မှာဖြစ်ပါတယ်။ ကဲ ဒါဆိုရင် လာမယ့် ၂၀၁၉ ရဲ့ မျက်လှည့်လိုထူးခြားသွားမယ့် သင့်ကံကြမ္မာကို ရင်ခုန်စွာနဲ့ စောင့်ကြည့်ရအောင်ပါလား။


၂၀၁၉အတွက် ဒုတိယကံအကောင်းဆုံးဖြစ်နေတဲ့ ရာသီခွင် ၅ခု

အပေါ်က ရာသီခွင် ၃ခုကတော့ ကံအကောင်းဆုံးလို့ပြောရမှာဖြစ်ပြီးအခုဖော်ပြပေးမယ့် ရာသီခွင် ၅ခုကတော့ ဒုတိယကံအကောင်းဆုံးလို့ ပြောရမှာပါ။အပေါ်က ရာသီခွင် ၃ခုလောက် ကံအကောင်းကြီးမဟုတ်ပေမယ့် သူလည်း ကံကောင်းတဲ့ထဲမှာပါဝင်နေလို့ လုပ်သမျှအောင်မြင်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ၊အချစ်ရေး၊အလုပ်အကိုင်၊ ငွေကြေးစီးပွား ထိုက်သင့်သလောက် တိုးတက်မှာဖြစ်ပါတယ်။ ဒီရာသီခွင် ၅ခုကတော့ သိဟ်ရာသီ(Leo) - ဇူလိုင်(၂၃)မှ သြဂုတ်(၂၃)အတွင်းမွေးဖွားသူများ ၊ တူရာသီ(Libra) - စက်တင်ဘာ(၂၃)မှအောက်တိုဘာ(၂၃)အတွင်းမွေးဖွားသူများ ၊ မိဿရာသီ(Aries) - မတ်(၂၁)မှ ဧပြီ(၂၀)အတွင်းမွေးဖွားသူများ ၊ ကုမ်ရာသီ (Aquarius) - ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈)အတွင်းမွေးဖွားသူများ ၊ ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများအစရှိတဲ့ ရာသီခွင်တွေပဲ ဖြစ်ပါတယ်။


ကံအနည်းငယ် ညံ့နေတဲ့ ရာသီခွင်တွေ

၂၀၁၉ ခုနှစ်မှာ ကံအကောင်းဆုံး ရာသီခွင် ၃ခုနဲ့ ဒုတိယကံအကောင်းဆုံး ရာသီခွင် ၅ခု ရှိနေတာကြောင့် စုစုပေါင်း ကံကောင်းတဲ့ ရာသီခွင်က ၈ ခုရှိတာဖြစ်ပါတယ်။ ကျန်တဲ့ရာသီခွင်တွေကတော့ ၂၀၁၉ ခုနှစ်ထဲမှာအနည်းငယ် ကံဆိုးနေလို့ သတိထားသင့်ပါတယ်။


မကာရရာသီ(Capricorn) - ဒီဇင်ဘာ(၂၂)မှ ဇန်နဝါရီ(၂၀)အတွင်းမွေးဖွားသူများ

မကာရရာသီခွင်တွေကတော့ ဒီနှစ်ထဲမှာ ကံကောင်းမှုရရှိဖို့ တော်တော်လေးကို ကြိုးစားယူရပါလိမ့်မယ်။ ကံဆိုးမှုတွေ ရှိတယ်ဆိုပေမယ့်အရမ်းဆိုးတဲ့အထဲမှာတော့ မပါပါဘူး။ ဒါကြောင့် စီမံခန့်ခွဲမှုကောင်းကောင်းနဲ့ ဆုံးဖြတ်ချက် မှန်မှန်ကန်ကန် ချနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။


ပြိဿရာသီ(Taurus) - ဧပြီ(၂၁)မှ မေ(၂၁)အတွင်းမွေးဖွားသူများ

ပြိဿရာသီတွေအနေနဲ့ တော်တော်လေးကို ရုန်းကန်ရမယ့် နှစ်ပါပဲ။ ဒီနှစ်ထဲမှာအချစ်ရေး ကံအနည်းငယ်ညံ့နေပြီး လုပ်ငန်းလုပ်ကိုင်ရာမှာလည်း ဆုံးဖြတ်ချက် မှားတာမျိုး ကြုံရတတ်ပါတယ်။


မိန်ရာသီ (Pisces) - ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀)အတွင်းမွေးဖွားသူများ

ကြင်နာတတ်တဲ့ မိန်ရာသီတွေအတွက် ၂၀၁၉ က ကံအနည်းငယ်ညံ့နေတဲ့ နှစ်ဖြစ်လို့ ကိုယ့်ရဲ့ စိတ်သဘောထားကောင်းမွန်မှု၊ ကြင်နာသနားတတ်မှုတွေအပေါ်အမြတ်ထုတ်သွားတတ်သူတွေနဲ့ ကြုံရနိုင်ပါတယ်။ လုပ်ငန်းခွင်အတွင်း လူမှုရေးအရှုပ်အရှင်းကိစ္စတွေလည်း ပေါ်လာတတ်ပြီး ငွေကြေးဆုံးရှုံးမှုတွေလည်း ရှိလာတတ်လို့ သတိပြုသင့်ပါတယ်။


မေထုန်ရာသီ(Gemini) - မေ(၂၂)မှ ဇွန်(၂၁)အတွင်းမွေးဖွားသူများ

ကိုယ်ပိုင်အရည်အချင်းတွေကိုအလေးထားတဲ့ ဒီရာသီဖွားတွေကတော့ ၂၀၁၉ ခုနှစ်အတွင်း စွမ်းဆောင်ရည်တွေကျဆင်းနေတယ်လို့ ခံစားလာရမှာပါ။ စိတ်နဲ့လူနဲ့ မကပ်သလိုဖြစ်လာမှာဖြစ်ပြီးအလုပ်နဲ့ မိသားစုအရေး၊ လူမှုရေး၊အချစ်ရေး၊ ပညာရေးကိစ္စတွေမှာအောင်မြင်ဖို့ တော်တော်လေးရုန်းကန်ရမယ့် နှစ်တစ်နှစ်ဖြစ်ပါတယ်။


ကရကဋ်ရာသီ(Cancer) - ဇွန်(၂၂)မှ ဇူလိုင်(၂၂)အတွင်းမွေးဖွားသူများ

ကရကဋ်ရာသီခွင်ပိုင်ရှင်တွေကတော့ ပြဿနာတွေကိုပဲ တစ်ချိန်လုံးရှင်းနေရမယ့်အချိန်ပါပဲ။ ရိုက်ခတ်မှုပြင်းထန်လွန်းတာကြောင့် သင့်အနေနဲ့ ဖြစ်ပျက်သွားခဲ့တာတွေကို မယုံတဲ့အထိ ဖြစ်ရပါလိမ့်မယ်။ ဒါပေမယ့် သင်ဟာအလုပ်ကြိုးစားသူတစ်ဦးဖြစ်နေရင်တော့ ဒီအခက်အခဲတွေကနေအေးအေးဆေးဆေး ကျော်လွှားနိုင်မှာပဲ ဖြစ်ပါတယ်။ ကိုယ့်အပေါ်အရင်က ကောင်းခဲ့သူတွေကတောင် မကောင်းမြင်လာတတ်တဲ့ ခုနှစ်ဖြစ်လို့ လူတိုင်းကို စိတ်ရှည်ရှည်ထားပြီး ဆက်ဆံသင့်ပါတယ်။ ဒါမှပဲ 2019 ထဲမှာ ရန်ကင်းဝေးမှာ ဖြစ်ပါတယ်။

Ref : speakingtree / my.astrofame.com




Some text some message..