လာဘ်ခေါ်ငွေဝင် ပန်းအိုးအစီအရင်
lotaya.mpt.com.mm
|
2020-07-01

မိုးတွင်းကာလ ဆိုင်တွေ အရောင်းပါးလေ့ ရှိသည်။ တချို့ကျ အရောင်းပါးရုံမကဘဲ လုပ်ငန်းရပ်သွားမတတ်ပင် ထိုင်းသွားကြသည်။ ကိုယ့်ဆိုင်က ပစ္စည်းက အရည်အသွေး ကောင်းသည်။ ဆိုင်နေရာထိုင်ခင်းကျတော့လည်း လူသွားလူလာ မပြတ်သည့် နေရာတွင် တည်ရှိနေသည်။ ကိုယ်တိုင်ကလည်း ချိုသာရွှင်ပြစွာ ရောင်းချသည်။ ဒီလောက် အဆင်ပြေအောင် ပြင်ဆင်ထားသည့်ကြားက ကိုယ့်ဆိုင်မှာ အရောင်းအဝယ်တွေ သိပ်, အ နေပြီ ဆိုရင်တော့ အောက်ဖော်ပြပါ လာဘ်ဖွင့်နည်းကို လုပ်ကြည့်ဖို့ မိတ်ဆွေတို့ကို တိုက်တွန်းလိုက်ရပါသည်။

လာဘ်ဖွင့်ပန်းအိုးအစီအရင်

မြန်မာ့ဗေဒင်ပညာအရ နေ့နံတိုင်းမှာ ဇေယျံ ၊ သုခံ ၊ လာဘံ ဆိုတဲ့ ဂြိုဟ်တွေကို သတ်မှတ်ထားတာ ရှိပါတယ်။ အဲဒီထဲမှာ လာဘ်လာဘ (ငွေကြေးဥစ္စာ) ကို ဆောင်ကျဉ်းပေးတဲ့ ဂြိုဟ်ရဲ့ နံသင့်ပန်းအခက်တွေကို ပန်းအိုးနဲ့ ထိုးပြီး လာဘ်ခေါ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းကို လာဘ်ပန်းအိုး ထိုးတဲ့ အစီအရင်လို့ ဆိုရပါလိမ့်မယ်။

နေ့နံအလိုက် လာဘ်တည်ရှိရာ အရပ်မျက်နှာမှာ လာဘ်ပွင့်စေတဲ့ နံသင့် ပန်း/အညွန့်အခက်တွေကို မွေးနေ့ မနက် ၉ း ၄၅ မိနစ်မှာ ထိုးရပါမယ်။ (၇) ရက်သားသမီးအားလုံးရဲ့ နေ့နံအရ ထိုးရမယ့် လာဘ်ပန်း/အညွှန့်နဲ့ ပန်းအိုး ထားရမယ့် အရက်မျက်နှာထောင့်တွေကို အောက်ပါဇယားနဲ့ ဖော်ပြထားပါတယ်။




ဥပမာ - အင်္ဂါသားသမီးတစ်ယောက်က လာဘ်ပန်းအိုး လုပ်မယ်ဆိုရင် ပန်းအိုးတစ်လုံးထဲ အုန်း (သို့မဟုတ်) သြဇာညွှန့်တွေကို လှလှပပ ထိုးပြီး အင်္ဂါနေ့ မနက် ၉ း ၄၅ မိနစ်မှာ ဆိုင်ရဲ့ အရှေ့မြောက်ထောင့်က အမြင့်ပိုင်း တစ်နေရာမှာ ထားလိုက်ပါ။ ပန်းအိုးထားချိန်မှာ နမောငါးချက်ဂါထာကို အနည်းဆုံး (၇) ခေါက် ရွတ်ဖတ်ပေးပါ။ အလုပ်အားရင်အားသလို အချိန် ယူပြီးတော့လည်း ပန်းအိုးနားသွားသွားပြီး နမောငါးချက်ဂါထာ ရွတ်ဖတ်ရင်း ဈေးရောင်းကောင်းဖို့ ဆုတောင်းပါ။ လာဘ်ပန်းအိုးကို အစွမ်းသတ္တိ တိုးစေဖို့ နမောငါးချက်စီးပွားတက်ဆိုတဲ့ ဒီဂါထာကို ရွတ်ဖတ်ရခြင်း ဖြစ်ပါတယ်။

နမောငါးချက်ဂါထာ




မှတ်ချက် - ပန်းအညွှန့်အခက် အရေအတွက် မသတ်မှတ်ပါ။ လှပဝေဆာအောင် ထိုးထားဖို့သာ ဖြစ်ပါတယ်။ ပန်းအိုးကို ဘုရားစင်ပေါ် တင်ရမှာမဟုတ်ဘဲ သတ်မှတ်အရပ်မျက်နှာက အဆင်ပြေတဲ့ အမြင့်နေရာတစ်ခုမှာ ထားပါ။ ပန်းအညွှန့်အခက်တွေ နွမ်းသွားရင် လဲပေးပါ။ အပတ်စဉ်သတ်မှတ်ချိန်မှာ ဆက်လုပ်လို့ ရပါတယ်။

ဖြည့်စွက်ချက်အနေနဲ့ ကိုယ်ရောင်းချတဲ့ ကုန်ပစ္စည်း (ဥပမာ - ဆန်) ဆိုရင် ဆန်အမျိုးအစားအားလုံးကို စတိ (အနည်းငယ်စီ) ယူပြီး ပန်းကန်ပြားတစ်ချပ်ထဲ ထည့် ၊ ဘုရားကို လှူပါ။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် စတဲ့ ဆိုင်တွေမှာ ရောင်းချတဲ့ စားသောက်ကုန်ထဲက တစ်မျိုးမျိုးကို နေ့စဉ်အလှည့်ကျ ဘုရားမှာ ကပ်လှူပါ။ အရောင်းအဝယ်တွေ သွက်ပြီး လာဘ်လာဘ ရွှင်လန်းစေမှာ ဖြစ်ပါတယ်။

လုပ်ငန်းအားလုံး ရောင်ပန်းဝယ်ပန်းလှကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..