ဇူလိုင် ၃ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-07-03

တနင်္ဂနွေ - ဒီနေ့မှာ အလိုလိုနေရင်း စိတ်ထဲ မရွှင်မပြ ဖြစ်နေတတ်တယ်။ မတော်တဆ သွေးထွက်သံယိုလည်း ဖြစ်တတ်တယ်။ အလုပ်ခွင်ထဲမှာ မနာလို တိုက်ခိုက်မှုတွေ ပေါ်လာမယ်။ ကိုယ့်အကြောင်း အတင်းအဖျင်းတွေ အပြောခံရလိမ့်မယ်။ ဘယ်လိုကောင်းအောင်နေနေ မကောင်း ပြောခံရမယ်။ အလုပ်မှာ မပျော်မရွှင် ဖြစ်မယ်။ ငွေကြေးနဲ့ ပတ်သက် သတိထားရမယ်။ ကိုယ်ရစရာတွေ ကြန့်ကြာပြီးမှ အဆင်ပြေတတ်တယ်။ လူငယ်တွေရဲ့ နှလုံးသားရေးမှာ အလှည့်အပတ်တွေ ကြုံရလိမ့်မယ်။ စိတ်မချမ်းသာစရာတွေ ဖြစ်လာတတ်တယ်။ ဒီနေ့ညနေ ၃ နာရီနဲ့ ၄ နာရီကြား ကံကောင်းတတ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ပေါင်မုန့် ၅ ချပ်ကို ယိုသုတ်ပြီး လှူပါ။

သင့်

တနင်္လာ - ဒီနေ့မှာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရလိမ့်မယ်။ ကိုယ်က ဆန္ဒပြင်းပြပြီး ဖြစ်ချင်စိတ် များနေပေမယ့် အခြေအနေအရပ်ရပ်က ကိုယ်မျှော်လင့်သလို မဖြစ်ဘဲ ကြန့်ကြာလိမ့်မယ်။ တလွဲတချော်တွေ များပြီး မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာမျိုး ကြုံရတတ်တယ်။ အလုပ်မှာ လေးပင်နေလို့ မရဘဲ ခပ်သုတ်သုတ် မြန်မြန်ဆန်ဆန် လုပ်ရတာတွေလည်း ဖြစ်လာတတ်တယ်။ ငွေကြေးကိစ္စမှာ စိတ်ရှည်သည်းခံပေးရလိမ့်မယ်။ အချစ်ရေးကဏ္ဍမှာ လက်တွဲဖော်နဲ့ နားလည်မှု ယူနိုင်လိမ့်မယ်။ ပြဿနာဟောင်းတွေကို ဖြေရှင်းသွားနိုင်မယ်။ ဒီနေ့ နေ့ခင်း ၁ နာရီနဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ငွေ ၂၀၀/၂၀၀၀ ကို ပံ့သကူ ပစ်ပါ။

ညံ့

အင်္ဂါ - ဒီနေ့ အလုပ်မှာ ကောင်းသော အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ တစ်နေရာတည်း အထိုင်ချထားတဲ့ အလုပ်တွေထက် လှုပ်ရှားသွားလာမှု များတဲ့ အလုပ်တွေမှာ ပိုကောင်းနေလိမ့်မယ်။ မထင်မှတ်တဲ့ ကံကောင်းမှု မမျှော်လင့်ထားတဲ့ ဆုလာဘ် အခွင့်အရေးတွေ ရရှိတတ်တယ်။ မိတ်ဆွေတွေနဲ့ ပတ်သက်လို့တော့ စိတ်ညစ်ရ ပူပန်ရတတ်တယ်။ ငွေကြေးကိစ္စတွေ မျှော်လင့်တာထက် အဆင်ပြေမယ်။ အချစ်ရေးကံလည်း ကောင်းနေမယ်။ ဒီနေ့ ညနေ ၄ နာရီခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ လက်ဖက်သုပ် လှူပေးပါ။

ကောင်း

ဗုဒ္ဓဟူး - တစ်နေ့တာလုံးမှာ စိတ်လှုပ်ရှား ပျော်ရွှင်စရာတွေ များမယ်။ ကြံစည် လုပ်ကိုင်သမျှလည်း အောင်မြင်ဖို့ လွယ်ကူနေမယ်။ အလုပ်မှာ ချီးမြှောက်ခံရတာ၊ အသိအမှတ်ပြု ဂုဏ်ပြုခံရတာတွေ ရှိတတ်တယ်။ လူကြီးသူမရဲ့ အကူအညီကောင်းတွေ ရမယ်။ ကိုယ်တတ်တဲ့ ပညာ၊ အရည်အချင်းကို ထုတ်သုံးနိုင်မယ်။ ငွေရေးကြေးရေးကိစ္စ ထူးထူးခြားခြား ကံကောင်းမယ်။ ကလေးမွေးတဲ့ သတင်းကြားရင် ထီထိုးပေးပါ။ လူငယ်တွေ နှလုံးသားရေးကိစ္စ အားနည်းချက် ရှိမယ်။ ရပ်ဝေးမြေခြားခွဲနေရသူတွေမှာတော့ ပြဿနာ မရှိနိုင်ပါ။ အတူနေရင် စကားများရမယ်။ ဒီနေ့ မနက် ၈ နာရီခွဲနဲ့ ၉ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ကိုယ်ဝန်ဆောင်ကို မုန့်ကျွေးပါ။

ကောင်း

ရာဟု - အရင်ရက်တွေက အလုပ်တွေ ကြိုးစားခဲ့ရင် ဒီနေ့မှာ အကျိုးရလဒ်ကို ခံစားရလိမ့်မယ်။ မလုပ်ထားရင် မကြိုးစားခဲ့ရင်တော့ သာမန်နေ့ပဲ ဖြစ်လိမ့်မယ်။ လူဟောင်း၊ အဆက်အသွယ်ဟောင်းတွေက ပြန်ဆက်သွယ် ချိတ်ဆက်တာမျိုးလည်း ကြုံရတတ်တယ်။ အလုပ်မှာ အတော်သင့် အဆင်ပြေပေမယ့် ငွေကြေးနဲ့ ပတ်သက်ရင် စိတ်ညစ်ပြီးမှ ရလိမ့်မယ်။ အချစ်ရေးမေတ္တာရေးမှာ စိတ်နှလုံး ပင်ပန်းရတာတွေ ခံစားရတာတွေ များလိမ့်မယ်။ ဒီနေ့ မနက် ၁၁ နာရီနဲ့ ၁၂ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ အဝတ်ဟောင်းတွေ စွန့်ပစ်ပါ။

သင့်

ကြာသပတေး - အလုပ်အကိုင် စီးပွားရေးမှာ အထစ်အငေါ့လေးတွေ ဖြစ်တတ်ပေမယ့် ဒီနေ့မှာ ကြုံလာသမျှ အခက်အခဲတိုင်းကို ကျော်ဖြတ်နိုင်ပါလိမ့်မယ်။ စပ်တူရှယ်ယာအလုပ်တွေ အကျိုးမပေးနိုင်လို့ ဖြစ်နိုင်မယ်ဆိုရင် တစ်ကိုယ်တော်ပဲ လုပ်ပါ။ ပေါင်းလုပ်တွဲလုပ်ရင် ပျက်သွားတတ်တယ်။ ကိုယ့်အပေါ် မရိုးမသား လှည့်စားသူတွေ ရှိတတ်တယ်။ သတိနဲ့ ဆက်ဆံပေါင်းသင်းပါ။ ငွေရေးကြေးရေးပိုင်းမှာ ရှာဖွေသလောက် အဖတ်မတင်ဘဲ ပြန် ကုန်ကျတာ များလိမ့်မယ်။ အချစ်ရေးမေတ္တာရေးမှာ တကျက်ကျက် ဖြစ်ရင်းနဲ့ အဆင်ပြေလိမ့်မယ်။ ဒီနေ မနက် ၈ နာရီခွဲနဲ့ ၉ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ မိခင် (သို့) အဒေါ်တစ်ဦးကို ကျွေးမွေးပြုစုပါ။

ကောင်း

သောကြာ - ဒီနေ့ ဘာလုပ်လုပ် အဆင်မပြေဘူး ဖြစ်နေမယ်။ ကိုယ်လုပ်သမျှ အစပိုင်းမှာ ဟုတ်တော့မလိုလိုနဲ့ နောက်ပိုင်းကျ အဖျားရှူးပြီး ပျက်သွားတတ်တယ်။ အလုပ်မှာ ကြိုးစားသလောက် အရာမထင်ဘဲ ပြန်ရတာက နည်းနေလိမ့်မယ်။ ဟိုဟာလုပ်လည်း မကောင်း၊ ဒီဟာစမ်းကြည့်တော့လည်း အဆင်မပြေနဲ့ ဖြစ်မယ်။ ငွေကြေး ရလမ်းလေးတွေ ရှိပေမယ့် မျှော်မှန်းသလောက်တော့ မရနိုင်သေးဘူး။ လုပ်နေကျ အလုပ်တွေလည်း ခဏခဏ ပြန်လှည့်လုပ်ရလိမ့်မယ်။ နှလုံးသားရေးမှာတော့ စိတ်ညစ်ရ အာရုံနောက်ရ ဖြစ်ပြီးတော့မှ ပြန်အဆင်ပြေမယ်။ ဒီနေ့ မနက် ၁၀ နာရီနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ နွမ်းပါးသူကို စားချင်တာ ကျွေးပါ။

ညံ့

စနေ - ဒီနေ့မှာ ကိုယ်လုပ်သမျှကို သူများက မျက်နှာဝင်ယူတတ်တယ်။ အလုပ်မှာ စိတ်အနှောင့်အယှက်တွေ သိပ်များလာပြီး ကိုယ့်ကို ဝိုင်းဝန်း ရှုံ့ချ ပြစ်တင်မယ့်သူတွေ ပေါ်လာတတ်တယ်။ ကိုယ်ရမယ့် အခွင့်အရေးကို သူများက အလွဲသုံးစားနဲ့ လုယူသွားတတ်တယ်။ မျှော်လင့်သလို ဖြစ်မလာဘဲ ရတာလေးနဲ့ ကျေနပ်ရလိမ့်မယ်။ ငွေကြေးပိုင်းမှာ အရနည်းတာ၊ သိပ်မကျန်တာမျိုး ဖြစ်မယ်။ နှလုံးသားရေးမှာလည်း အဖုအထစ် များလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ နာရီနဲ့ ၃ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ လိမ္မော်သီး ကပ်ပါ။

ညံ့

ဧက

(ဗေဒင်သုတေသီ)

#lotaya_horoscope

ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



Some text some message..