သင်ရွေးချယ်လိုက်တဲ့ ဒိုင်နိုဆောရုပ်လေးက ပြောပြပေးမယ့် သင့်ရဲ့အတွင်းစိတ်နေစိတ်ထားများ
lotaya.mpt.com.mm
|
2020-07-04

Shutterstock/rubynurbaidi & Ohita Fiction & Memo Angeles & cartoons & Teguh Mujiono

ဒီ Quiz လေးကတော့ သင်ရွေးချယ်လိုက်တဲ့ ဒိုင်နိုဆောကတစ်ဆင့် သင့်ရဲ့အတွင်းစိတ်ထဲမှာ ဘာတွေရှိမလဲဆိုတာကို ပြောပြပေးမယ့် Quiz လေးပဲဖြစ်ပါတယ်။ သင် သိတဲ့အတိုင်းပဲ ဒိုင်နိုဆောတွေဟာ အခုဆိုရင် မျိုးတုံးပျောက်ကွယ်သွားတဲ့အကောင်တွေ ဖြစ်တာမို့ သင့်အနေနဲ့ ဒိုင်နိုဆောမျိုးစိတ်တွေကို သိနိုင်မယ့်အပြင် ကိုယ့်ရဲ့အတွင်းစိတ်အနေအထားကိုပါ သိရဦးမယ်ဆိုတော့ စိတ်ဝင်စားဖို့မကောင်းဘူးလား။ ကဲ အခုပဲ quiz လေးကိုစဖြေလိုက်ရအောင်….

(၁) ဒိုင်နိုဆော ၁




Shutterstock/ Teguh Mujiono

နံပါတ် ၁ ဒိုင်နိုဆောကတော့ Tyrannosaurus Rex (T-Rex) ပါ။ ဒီဒိုင်နိုဆောမျိုးစိတ်ကိုတော့ ပုတ်သင်တွေရဲ့ဘုရင်လို့ သတ်မှတ်ကြပြီး တစ်ကမ္ဘာလုံးမှာ နာမည်အကြီးဆုံးမျိုးစိတ်တွေထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ သူတို့တွေဟာ အရမ်းကြောက်ဖို့ကောင်းပြီး လူကိုသေစေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ သင့်ရဲ့ရွေးချယ်မှုက T-Rex ဖြစ်နေရင်တော့ သင်ဟာ တည်ကြည်ခန့်ညားတဲ့အပြင် ရဲရင့်ပြီး ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းတွေနဲ့ မွေးဖွားလာသူတစ်ဦးပါ။ သင်ဟာ ဘယ်နေရာရောက်ရောက် လူတွေကို သင့်အနောက်ကပါလာအောင် စည်းရုံးနိုင်တဲ့အရည်အချင်းရှိတဲ့အပြင် လူတိုင်းက သင့်ကိုရှိန်ကြပါတယ်။ T-Rex တွေရဲ့ရန်သူတွေကို အနိုင်ယူတဲ့လက်နက်ကတော့ သူတို့တွေရဲ့ချွန်ထက်နေတဲ့ အစွယ်တွေဖြစ်ပါတယ်။ ဒီအစွယ်တွေနဲ့ ရန်သူကိုတစ်စစီဖြစ်အောင် လုပ်ပစ်နိုင်ပါတယ်။ ဒီလိုပဲ ရန်သူတွေကိုအနိုင်ယူနိုင်တဲ့ သင့်ရဲ့လက်နက်ကတော့ သင့်ရဲ့ဟာသဉာဏ်နဲ့ ဆွဲဆောင်မှုတွေပဲဖြစ်ပါတယ်။ အလုပ်လုပ်တဲ့နေရာမှာလည်း အပြောထက် အလုပ်နဲ့သက်သေပြတဲ့လူတွေကို သဘောကျနှစ်သက်တတ်ပါတယ်။ သင်ဟာ လူမှုဆက်ဆံရေးကောင်းမွန်ပြီး လူတိုင်းက သူတို့ရဲ့အကြံဉာဏ်တွေကို အကောင်အထည်ဖော်ဖို့ သင့်ဆီက အမြဲအကြံဉာဏ်ကိုတောင်းတတ်ကြပါတယ်။

(၂) ဒိုင်နိုဆော ၂




Shutterstock/ cartoons

နံပါတ် ၂ ဒိုင်နိုဆောကတော့ Velociraptor ပါ။ သင့်ရဲ့ရွေးချယ်မူက Velociraptor ဖြစ်နေရင်တော့ သင်ဟာ လူတွေကို ဘယ်လိုအချိန်မှာ ဘယ်လိုပြောဆိုဆက်ဆံသင့်လဲဆိုတာကို ကောင်းစွာနားလည်သဘောပေါက်သူတစ်ဦးပါ။ ပြောရမယ်ဆိုရင် လူအကင်းအပါးနားလည်တဲ့လူမျိုးပေါ့။ သင်ဟာ ဘယ်လောက်ပဲ စိတ်ထဲမှာ ဒေါသထွက်ပေါက်ကွဲနေပါစေ သင့်ရဲ့ဒေါသတွေကို ဘယ်တော့မှအပြင်ကို ပွင့်အန်မလာပဲ အပြုံးမပျက် မြိုသိပ်ထားနိုင်ပါတယ်။ တစ်ဖက်လူကိုလည်း ကိုယ့်ဘက်ပါအောင် အပြောလေးနဲ့ အလွယ်တကူစည်းရုံးတတ်ပါသေးတယ်။ ဘယ်လိုနေရာ၊ ဘယ်လိုအချိန်မှာ၊ ဘယ်လိုလူမျိုးကို ဘယ်လိုလေးပြောလိုက်ရင် သင့်အတွက်အကျိုးရှိမလဲဆိုတာကို ကောင်းစွာနားလည်ထားတဲ့အတွက် အကျိုးရလဒ်ကောင်းတွေ အမြဲရတတ်ပါတယ်။ သင်ဟာ သင်လုပ်လိုက်တဲ့အကျိုးရလဒ်တွေအတွက် တာဝန်မယူရဲတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် သင့်ဘဝအတွက် အကျိုးရှိစေမယ့်လူမျိုးတွေနဲ့သာ ရွေးပေါင်းလေ့ရှိပါတယ်။ ပြောရမယ်ဆိုရင် သာပေါင်းပေါ့။ ခြုံငုံပြောရမယ်ဆိုရင် သင်မှာ တိကျတဲ့ရည်ရွယ်ချက်တွေ အိပ်မက်တွေရှိပြီး ဒီအရာတွေကိုရယူနိုင်ဖို့ ဘာပဲလုပ်ရလုပ်ရ လုပ်နိုင်တဲ့သူတစ်ယောက်ပါ။

(၃) ဒိုင်နိုဆော ၃




Shutterstock/ Ohita Fiction

နံပါတ် ၃ ဒိုင်နိုဆောကတော့ Diplodocus ပါ။ သင့်ရဲ့ရွေးချယ်မူက Diplodocus ဖြစ်ခဲ့ရင်တော့ သင်ဟာဘယ်တော့မှ လူတစ်ယောက်ကို အပြင်ပိုင်းပုံစံကိုကြည့်ပြီး သူ့ရဲ့စိတ်နေစိတ်ထား နဲ့ အရည်အချင်းတွေကို ဘယ်တော့မှမဆုံးဖြတ်တတ်သူတစ်ဦးပါ။ သင့်မှာ ကြင်နာတတ်တဲ့ စိတ်နှလုံးသားရှိပေမယ့်လည်း လူအများစုက သင့်မှာအဲလိုစိတ်ထားရှိတယ်လို့ ထင်မထားတတ်ကြပါဘူး။ သင်ဟာ အလွမ်းသယ်ရတာမျိုးကို နှစ်သက်ပြီး ရှက်တတ်တဲ့စိတ်ကလေးတော့ ရှိပါတယ်။ ဘယ်အလုပ်ကိုမဆို သေချာအာရုံစူးစိုက်ပြီး ပြီးမြောက်အောင်လုပ်ဆောင်တတ်တဲ့ အရည်အချင်းလည်း ရှိပါတယ်။

(၄) ဒိုင်နိုဆော ၄




Shutterstock/ Memo Angeles

နံပါတ် ၄ ဒိုင်နိုဆောကတော့ Stegosaurus ပါ။ သင့်ရဲ့ရွေးချယ်မူက Stegosaurus ဖြစ်ခဲ့ရင်တော့ သင့်မှာလူတိုင်းက သတိထားမိလောက်တဲ့ ပုံပန်းသွင်ပြင်ရှိတဲ့အပြင် တမူထူးခြားတဲ့စိတ်နေစိတ်ထားရှိပြီး လူတွေကြားထဲမှာ အရမ်းရေပန်းစားသူတစ်ဦးပါ။ သင်ဟာ ပေါ့ပါးတဲ့စိတ်ကလေးနဲ့ ဘဝကိုဖြတ်သန်းလေ့ရှိပါတယ်။ ခွင့်လွှတ်ခြင်းနဲ့ မေ့လိုက်ခြင်းဟာ ဘဝရဲ့ခါးသီးမူတွေကို ဖြေဖျောက်နိုင်တယ်လို့ ယုံကြည်ထားတဲ့အတွက် ဘယ်အရာကိုမဆို စိတ်ထဲအညှိုးမထားပဲ ပေါ့ပေါ့ပါးပါးနဲ့အလွယ်တစ်ကူ စိတ်ထဲက မေ့ဖျောက်ပစ်လိုက်ကြပါတယ်။ သင်ဟာ သင့်ရဲ့အချိန်တွေကို သင်ချစ်ရတဲ့သူတွေနဲ့ပဲ ကုန်ဆုံးလေ့ရှိပါတယ်။ ခြုံငုံပြောရရင် လူတိုင်းရဲ့အမြင်မှာ သင်ဟာနွေးထွေးကြင်နာတတ်တဲ့သူတစ်ဦးပါ။

(၅) ဒိုင်နိုဆော ၅




Shutterstock/ rubynurbaidi

နံပါတ် ၅ ဒိုင်နိုဆောကတော့ Spinosaurus ပါ။ Spinosaurus တွေဟာ T-Rex တွေထက် ပိုကြီးပြီး ခန့်ညားထယ်ဝါတယ်လို့ ပြောကြပါတယ်။ သင့်ရဲ့ရွေးချယ်မူက Spinosaurus ဖြစ်ခဲ့ရင်တော့ သင်ဟာ ဘယ်အရာကိုမဆို ပိုကြီးလေ ပိုကောင်းလေဆိုတဲ့အတွေးကို လက်ခံထားသူတစ်ဦးပါ။ သင်ဟာ သင့်ရဲ့ရန်သူတွေကို အမြဲအနိုင်ယူဖို့အတွက် အသစ်အသစ်သောအရာတွေကို အမြဲလေ့လာဆည်းပူးနေသူတစ်ယောက်ပါ။ ပြောရမယ်ဆိုရင် သင်ဟာ ဘယ်အရာကိုမဆို အကြီးဆုံးအရွယ်အစားကသာ အကောင်းဆုံးကို လက်ခံထားပြီး ဗဟုသုတတွေကို အမြဲလေ့လာဆည်းပူနေသူတစ်ယောက်ပါ။ သင့်ရဲ့အရည်အချင်းတွေကို ဘယ်သူ့ရဲ့လွှမ်းမိုးမူကိုမှ မခံပဲ ထုတ်ပြလေ့ရှိပါတယ်။ ခြုံငုံပြောရရင် သင့်မှာ စိတ်ကောင်းနှလုံးကောင်းရှိပေမယ့် ဘယ်သူ့ရဲ့လွှမ်းမိုးမူကိုမှမခံပဲ လာလွှမ်းမိုးတဲ့သူတွေကိုလည်း အဝေးကိုတွန်းထုတ်လေ့ရှိပါတယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..