သင်အကြိုက်ဆုံးဖိနပ်လေးက သင်ဘယ်လိုမိန်းကလေးမျိုးလဲဆိုတာကို ပြောပြပေးမယ်
lotaya.mpt.com.mm
|
2020-07-07

Shutterstock/Evikka&Adisa&Tatiana Popova&Rashid Valitov&Silo&White bear studio& Etaphop photo&Nadiia Korol

ဖိနပ်လှလှလေးတွေက နေရာကောင်းကောင်းလေးတွေကို ခေါ်သွားပေးတတ်တယ်လို့ ဆိုရိုးရှိပါတယ်။ မိန်းကလေးတွေအနေနဲ့ ဖိနပ်စီးဖို့ရွေးချယ်တဲ့နေရာမှာ တစ်ချို့က သက်တောင့်သက်သာဖြစ်ပြီး စီးရလွယ်ကူတဲ့ ဖိနပ်အပါးကိုနှစ်သက်ကြသလို တစ်ချို့ကျတော့လည်း အမြင်မှာသာလှပေမယ့် စီးရတာ မလွယ်ကူတဲ့ဒေါက်မြင့်ဖိနပ်ကို ကြိုက်နှစ်သက်ကြပါတယ်။ သင်သိပါသလား။ ဒီလိုဖိနပ်ပုံစံမျိုးစုံပေါ် မူတည်ပြီး သင့်ရဲ့စိတ်ထားကို ခန့်မှန်းလို့ရတယ်ဆိုတာ။ ဒီ Quiz လေးထဲမှာ ဖိနပ်ပုံစံမျိုးစုံကို ပေးထားတာဖြစ်လို့ ကိုယ်အနှစ်သက်ဆုံးဖိနပ်ကို ရွေးချယ်ပြီး ကိုယ့်ရဲ့စိတ်နေစိတ်ထားလေးကို လေ့လာလိုက်ရအောင်နော်….

(၁) ခြေညှပ်ဖိနပ်




Shutterstock/Silo

ခြေညှပ်ဖိနပ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ကိုယ့်မှာလက်ရှိပိုင်ဆိုင်ထားတဲ့အရာတွေကို ကျေနပ်ရောင့်ရဲပြီး အေးအေးဆေးဆေးနေတတ်တဲ့ မိန်းကလေးမျိုးပါ။ အရာရာပြီးပြည့်စုံနေတဲ့လူသားဆိုတာ မရှိဘူးလို့ နားလည်ထားတဲ့အတွက် ကိုယ်ရဲ့အားနည်းချက်နဲ့ အပြစ်အနာအဆာတွေကို သူတစ်ပါးကို ထုတ်ဖော်ပြသရမှာ ရှက်ကြောက်နေခြင်းမရှိပါဘူး။ ဒါ့အပြင် ပတ်ဝန်းကျင်ရဲ့အမြင်တွေနဲ့ ဖိအားပေးမှုတွေကို ဂရုမစိုက်ပဲ ကိုယ့်ကိုယ် ပျော်ရွှင်စေမယ့်အရာတွေကိုပဲ လုပ်တတ်ပါတယ်။ သင်ဟာ အရာရာကိုရင်ဆိုင်ဖြေရှင်းဖို့ အသင့်ဖြစ်နေတတ်ပြီး ဖြစ်လာတဲ့အကျိုးဆက်မှန်သမျှကို နောင်တရခြင်းမရှိပဲ လက်ခံတတ်တဲ့စိတ်ထားရှိပါတယ်။ မိမိမျှော်မှန်းထားတဲ့အရာတွေ မဖြစ်လာရင်လည်း စိတ်ထဲမှာ သိပ်ပြီးမှတ်ထားလေ့မရှိပဲ အေးအေးဆေးဆေးနဲ့ဖြတ်ကျော်သွားတတ်ပါတယ်။



(၂) ဘွတ်ဖိနပ်




Shutterstock/White bear studio

ဘွတ်ဖိနပ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ရှေ့ရေးကိုအမြဲကြိုတွေးပြီး အနာဂတ်အစီအစဉ်တွေကို ရေးဆွဲလေ့ရှိတဲ့ မိန်းကလေးမျိုးပါ။ ကိုယ့်ရဲ့ဘဝကို ဖြစ်သလိုပြီးစလွယ် ဖြတ်သန်းလေ့မရှိပဲ နည်းစနစ်တကျ အစီအစဉ်တွေနဲ့ ဖြတ်သန်းတတ်ပါတယ်။ ပြောရမယ်ဆိုရင် ကိုယ်ဟာ ဘယ်အချိန်မှာ ဘယ်လိုအရာတွေကိုရပြီး ဘယ်လိုအောင်မြင်နေရမယ်လို့ အခုထဲကရည်မှန်းချက်တွေထားပြီး ကြိုးစားနေတာမျိုးပါ။ အမြဲအစီစဉ်တကျ စီမံချက်တွေနဲ့ လုပ်ဆောင်တတ်တဲ့သင်ဟာ ဘယ်တော့မှကြီးမားတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ရလေ့မရှိပါဘူး။ နောက်တစ်ချက်က သင်ဟာ လက်တွေ့ဆန်တဲ့အပြင် အကွက်ကျော်မြင်တတ်ပြီး အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် အရာရာကို ကြိုတင်ပြင်ဆင်ပြီး လုပ်တတ်ပါတယ်။

(၃) ဘွတ်ဖိနပ်မြင့်




Shutterstock/Rashid Valitov

ဘွတ်ဖိနပ်မြင့်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ တာဝန်ခံပြီး တာဝန်ယူစိတ်ရှိတဲ့ မိန်းကလေးမျိုးပါ။ သင်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ပြီး တိကျပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကို အမြဲချနိုင်ပါတယ်။ လူတိုင်းက ယုံကြည်အားကိုးရလောက်တဲ့ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အပြင် သင့်ပတ်ဝန်းကျင်က လူတိုင်းကလည်း သင့်ဘေးမှာရှိနေရင် နွေးထွေးမူတွေကို ခံစားရပါတယ်။ ကိုယ့်ကိုယ်ကိုယုံကြည်မူရှိပြီး ဘယ်အရာကိုမှ ဘက်လိုက်ပြီး ပြောဆိုလုပ်ဆောင်လေ့မရှိပါဘူး။



(၄) အပြေးဖိနပ်




Shutterstock/Evikka

အပြေးဖိနပ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မူရှိပြီး ရည်မှန်းချက်ကြီးတဲ့ မိန်းကလေးမျိုးပါ။ ဒါ့အပြင် အဖွဲ့အစည်းနဲ့ စုပေါင်းလုပ်ဆောင်တတ်တဲ့အကျင့်ရှိပါတယ်။ သင်ဟာ ဂရုစိုက်ကြင်နာတတ်တဲ့အပြင် တစ်စုံတစ်ယောက်က သင့်ကိုလိုအပ်လာရင်လည်း အမြဲကူညီပေးဖို့ အဆင်သင့်ဖြစ်နေတတ်ပါတယ်။ သင့်ကို မိခင်တစ်ယောက်နဲ့ လူတွေကခိုင်းနှိုင်းပြောဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ သင်ဟာ မိခင်တွေမှာရှိတဲ့ အရည်အချင်းတွေနဲ့ ပြည့်ဝနေပြီး စွယ်စုံကျွမ်းကျင်စွာ လုပ်ဆောင်တတ်လို့ပါ။

(၅) ရှူးဖိနပ်




Shutterstock/Adisa

ရှူးဖိနပ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ နောက်ကွယ်ကနေ အမြဲကူညီပံ့ပိုးတတ်တဲ့ မိန်းကလေးမျိုးပါ။ ပြောရမယ်ဆိုရင် လူသိထင်ရှားရှေ့ထွက်မပြပဲ အရာရာကိုအောင်မြင်အောင် နောက်ကွယ်ကနေပဲ ကြိုးစားလုပ်ကိုင်သူတစ်ယောက်ပါ။ နောက်ကွယ်ကနေပဲ ကြိုးစားနေရလို့ သင့်ရဲ့လုပ်ဆောင်ချက်တွေကို လူမသိဘူးမထင်ပါနဲ့။ သင်ဟာ ကိုယ့်ကိုယ်ကို နှိမ်ချတတ်တဲ့အကျင့်ရှိတဲ့အပြင် အရာရာကို သေချာအာရုံစိုက်ပြီးလုပ်ဆောင်တတ်တဲ့အတွက် သင့်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ကြိုးစားမူတွေကို လူတိုင်းကသိပြီး အသိအမှတ်ပြုကြပါတယ်။



(၆) ဒေါက်ဖိနပ်




Shutterstock/Tatiana Popova

ဒေါက်ဖိနပ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ အလုပ်ကြိုးစားပြီး ကောင်းမွန်တဲ့အရည်အချင်းတွေနဲ့ ပြည့်ဝတဲ့ မိန်းကလေးမျိုးပါ။ ရုပ်ရည်လေးဗန်းပြပြီး အချောင်ခိုတယ်လို့ လူတိုင်းကထင်တတ်ကြပေမယ့် အမှန်တော့ သင်ဟာ အရမ်းကြိုးစားတဲ့သူတစ်ယောက်ဖြစ်တဲ့အပြင် အလုပ်ရဲ့ကျင့်ဝတ်တွေကိုလည်း စောင့်ထိန်းတတ်ပါတယ်။ သင်ဟာ အရမ်းချစ်တတ်သူတစ်ယောက်ဖြစ်ပြီး အလှအပကိုလည်း မြတ်နိုးပါတယ်။ ဒါကြောင့် သင်ကိုယ်လည်းလှလှပပနေထိုင်တတ်ပြီး သင့်ဘဝကိုလည်း အလှဆုံးဖြစ်အောင် တည်ဆောက်ပါတယ်။ ဒါ့အပြင် ဈေးကြီးမှလှတယ်လို့ မခံယူထားပဲ မျက်စိပဒေသာဖြစ်ရင် လှတယ်လို့ခံယူထားပါသေးတယ်။

(၇) Sneaker




Shutterstock/ Etaphop photo

Sneaker ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ လူတိုင်းနဲ့အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတတ်တဲ့ အမျိုးသမီးမျိုးပါ။ ကိုယ်ပေါင်းသင်းဆက်ဆံရတဲ့ လူတွေအပေါ်မူတည်ပြီး သင့်စိတ်ကို အလိုက်ထိုက် ပြောဆိုပြုမူတတ်ပါတယ်။ ပျိုပျိုအိုအိုကျားမမရွေး အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံတတ်တဲ့သင့်အတွက် အသက်အရွယ်ဆိုတာ နံပါတ်တစ်ခုလို့ ခံယူထားတတ်ပါတယ်။ ပြောရမယ်ဆိုရင် သင်ဟာအသက်အရွယ်နဲ့မလိုက်အောင် သွက်လက်ဖြတ်လက်ပြီး အားအင်အပြည့်အဝရှိနေတတ်ပါတယ်။

(၈) ဒေါက်ပိတ်ဖိနပ်




Shutterstock/Nadiia Korol

ဒေါက်ပိတ်ဖိနပ်ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကိုယုံကြည်မူရှိတဲ့ အမျိုးသမီးမျိုးပါ။ ကိုယ့်ကိုယ်ကို ဘယ်လိုနည်းလမ်းတွေနဲ့ပံ့ပျိုးရမလဲဆိုတာကို သေချာသိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျက်သရေရှိတဲ့အလှတွေနဲ့ပြည့်စုံနေတတ်ပြီး သင့်ရဲ့ကိုယ်နှုတ်အမှုအရာတွေက လူတိုင်းကိုဆွဲဆောင်ထားနိုင်ပါတယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..