သင်အမြဲထိုင်နေကျပုံစံက ပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား
lotaya.mpt.com.mm
|
2020-07-14



Shutterstock/Sabelskaya&PinkPeng&HappyPictures& Bukavik

လူတွေရဲ့စိတ်နေစိတ်ထားကို သူတို့ပြုမူလုပ်ရှားတဲ့အပြုအမူတွေကတစ်ဆင့် သိနိုင်တယ်ဆိုတာ သင်ယုံပါသလား။ ဒီနေ့မှာတော့ ထိုင်ပုံထိုင်နည်းပုံစံမျိုးစုံကို ဖော်ပြပေးသွားမှာဖြစ်ပြီး ဒီထဲကမှ သင်အမြဲထိုင်နေကျ ပုံစံတစ်ခုကို ရွေးချယ်ပြီး သင့်ရဲ့စိတ်နေစိတ်ထားကို လေ့လာကြည့်လိုက်ရအောင်နော်….

(၁) တင်ပလ္လင်ခွေထိုင်နည်း




Shutterstock/Sabelskaya

တင်ပလ္လင်ခွေထိုင်တဲ့ပုံစံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ လွတ်လွတ်လပ်လပ်နဲ့ ဘာကိုမှဂရုမစိုက်ပဲ နေတတ်တဲ့လူမျိုးဖြစ်ပါတယ်။ ဒါ့အပြင် အကြံဉာဏ်ကောင်းတွေကိုလည်း အမြဲပေးတတ်တဲ့သူတစ်ယောက်ပါ။ ခန္ဓာကိုယ်ပျော့ပြောင်းလွယ်တဲ့လူတွေသာ ဒီလိုပုံစံမျိုးကို ထိုင်နိုင်တာဖြစ်တဲ့အတွက် သင်ဟာ ဘယ်အရာကိုမဆို စိတ်ထဲသိပ်မထားပဲ အလိုက်ထိုက် ဆက်ဆံတတ်တဲ့သူတစ်ယောက်ပါ။

(၂) ခန္ဓာကိုယ်မတ်မတ်ထိုင်နည်း




Shutterstock/Bukavik

ခန္ဓာကိုယ်မတ်မတ်ထိုင်တဲ့ပုံစံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူမျိုးဖြစ်ပါတယ်။ ဒီလိုပုံစံမျိုးကို သင်အမြဲထိုင်နေကျဆိုရင် သင်က သန်မာပြီး ယုံကြည်ရတဲ့လူမျိုးပါပဲ။ အကူအညီလိုတဲ့လူတိုင်းက သင့်ဆီကို အားကိုးတကြီးနဲ့ ယုံယုံကြည်ကြည် အကူအညီတောင်းတတ်ကြပါတယ်။ ဒါ့အပြင် ကိုယ့်ဘဝကိုယ်ရောင့်ရဲတင်းတိမ်းပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေလည်း ဖြစ်ပါတယ်။



(၃) နောက်မှီထိုင်ခြင်း




Shutterstock/whitemomo

နောက်မှီထိုင်တဲ့ပုံစံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ တစ်ခုခုဆိုခွဲခြမ်းစိတ်ဖြာပြီးမှ လုပ်ကိုင်တတ်တဲ့လူမျိုးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အလုပ်တစ်ခုလုပ်မယ်ဆို အဲဒီအလုပ်ရဲ့ကောင်းကျိုး၊ ဆိုးကျိုး အစရှိတာတွေကို သေချာစိစစ်ခွဲခြမ်းပြီးမှ လုပ်ဆောင်တတ်သူပါ။ ဒီလို နောက်မှီထိုင်တဲ့အဓိပ္ပာယ်ကတော့ သင်ဟာ တစ်ခုခုကိုမလုပ်ဆောင်ခင်မှာ အမြဲသတိဝီရိယရှိပြီး ဂရုတစိုက်လုပ်ကိုင်တတ်ပါတယ်။ တစ်ခါတစ်လေမှာ တစ်ခြားသူတွေရဲ့ ခံစားချက်တွေကိုလည်း ဂရုစိုက်တတ်ပါသေးတယ်။

(၄) ခြေကျင်းဝတ်ယှက်ထိုင်ခြင်း




Shutterstock/PinkPeng

ခြေကျင်းဝတ်ယှက်ထိုင်တဲ့ပုံစံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ သပ်သပ်ရပ်ရပ်နေထိုင်တတ်ပြီး လှပကြော့ရှင်းတဲ့အလှတရားကို ပိုင်ဆိုင်ထားတဲ့လူမျိုးဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းနေတတ်ပြီး လက်တွေ့ကျကျ ပြုမူဆောင်ရွက်တတ်ပါတယ်။ ဒါ့အပြင် သက်တောင့်သက်သာနေရတာမျိုးကို နှစ်သက်ပါတယ်။ သင်ဟာ သင့်ဘေးမှာရှိတဲ့လူတိုင်းကို သင့်လိုမျိုး ကိုယ့်ကိုယ်ကိုယုံကြည်မူအပြည့်နဲ့ နေတတ်အောင် လုပ်ပေးတတ်ပါတယ်။

(၅) လက်တင်ထိုင်ခြင်း




Shutterstock/tynyuk

လက်တင်ထိုင်တဲ့ပုံစံ (ဥပမာ ခုံလက်တန်းအပေါ် လက်တင်ထိုင်တာမျိုး) ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ဆက်ဆက်ထိမခံတဲ့စိတ်နေစိတ်ထားရှိပြီး သင့်ပတ်ဝန်းကျင်ကို အရမ်းဂရုစိုက်တတ်တဲ့လူမျိုးဖြစ်ပါတယ်။ လက်တင်ထိုင်လိုက်ရရင် သင်ဟာ စိတ်ရောလူပါ ငြိမ်းချမ်းတယ်လို့ ခံစားရတတ်ပါတယ်။ ပြီးတော့ လုံခြုံမှုနဲ့ သက်တောင့်သက်သာဖြစ်စေတယ်လို့လည်း ခံစားရစေပါတယ်။ သင်ဟာတည်တည်ငြိမ်ငြိမ်နေတတ်ပြီး မိသားစုနဲ့သူငယ်ချင်းတွေရဲ့ ရင်ဖွင့်တာကို နားထောင်ပေးတတ်တဲ့သူလည်း ဖြစ်ပါတယ်။

(၆) လက်ပိုက်ထိုင်ခြင်း




Shutterstock/HappyPictures

လက်ပိုက်ထိုင်တဲ့ပုံစံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ သန်မာပြီး မဟုတ်မခံစိတ်ဓာတ်ရှိတဲ့အပြင် ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိတဲ့လူမျိုးဖြစ်ပါတယ်။ လက်ပိုက်ပြီးထိုင်ခြင်းက သင့်အတွက် လုံခြုံမှုရှိတယ်လို့ ခံစားရစေပါတယ်။ သင်ဟာ တစ်ခုခုဆိုရင် လေးလေးနက်နက်စဉ်းစားဆုံးဖြတ်လေ့ရှိပြီး ဘယ်အရာကိုမဆို ခွဲခြမ်းစိတ်ဖြာပြီးမှ လုပ်ဆောင်တတ်ပါတယ်။

(၇) လက်တစ်ဖက်ထောက်ထိုင်ခြင်း




Shutterstock/tynyuk

လက်တစ်ဖက်ထောက်ထိုင်တဲ့ပုံစံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ နူးညံ့သိမ်မွေ့တဲ့စိတ်နှလုံးသားရှိပြီး အရမ်းဂရုစိုက်တတ်တဲ့ လူမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ပွင့်ပွင့်လင်းလင်းလည်း နေတတ်ပါသေးတယ်။ ဒါပေမယ့် သင်ဟာ စိတ်ကစားတတ်တဲ့အကျင့်လေးတော့ ရှိပါတယ်။

(၈) ဒူးထောက်ထိုင်ခြင်း




Shutterstock/ NotionPic

ဒူးထောက်ထိုင်တဲ့ပုံစံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပြီး သူတစ်ပါးကိုကူညီတတ်တဲ့ လူမျိုးဖြစ်ပါတယ်။ သင့်မှာ ခေါင်းဆောင်ကောင်းတို့ရဲ့ အရည်အချင်းတွေနဲ့ ပြည့်ဝနေတတ်ပြီး ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာလည်း တော်ပါတယ်။

(၉) လက်ဆုပ်ထိုင်ခြင်း




Shutterstock/ Dean Drobot

လက်ယှက်ထိုင်တဲ့ပုံစံ (ပေါင်ပေါ်မှာ လက်တွေကိုယှက်ပြီးထိုင်တာမျိုး) ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ လိုချင်တပ်မက်စိတ်များပြီး စိတ်ခံစားချက်တွေ ပြင်းထန်တဲ့ လူမျိုးဖြစ်ပါတယ်။ သင့်ဘဝမှာ သင်လိုချင်တာရဖို့အတွက် အခက်ခဲဆုံးအချိန်တွေကို ကြုံတွေ့ကောင်းကြုံတွေ့ရပါလိမ့်မယ်။ သင်ဟာ နွေးထွေးပြီး ချစ်ဖို့ကောင်းတဲ့အပြင် လူတွေကိုရယ်မောပျော်ရွှင်အောင် လုပ်ပေးတတ်ပါတယ်။

(၁၀) လက်ယှက်ထိုင်ခြင်း




Shutterstock/ Bukavik

လက်ယှက်ထိုင်တဲ့ပုံစံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ကြင်နာတတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး နေတတ်တဲ့လူမျိုးဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို လူမှုဆက်ဆံရေးညံ့ဖျင်းတယ်လို့ ထင်တတ်ကြပေမယ့် သင်ဟာ တစ်ကယ်တော့ အရမ်းသစ္စာရှိတဲ့သူငယ်ချင်းမျိုးဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေလည်း ပြောတတ်ပါတယ်။ သင်စကားပြောလိုက်ရင် လူတိုင်းက လေးစားပြီးနာခံတတ်ကြပါတယ်။

(၁၁) ခြေထောက်ချိတ်ထိုင်ခြင်း




Shutterstock/ Bukavik

ခြေထောက်ချိတ်ထိုင်တဲ့ပုံစံကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ ကိုယ့်ကိုယ်ကို လုံးဝယုံကြည်ချက်မှုရှိတဲ့ လူမျိုးဖြစ်ပါတယ်။ သင်ဟာ မိမိလိုချင်တဲ့အရာကို ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ နှစ်ခါမစဉ်းစားပဲ ရအောင်ယူတတ်၊ လုပ်တတ်ပါတယ်။ ဒါ့အပြင် လူမှုဆက်ဆံရေးကောင်းမွန်ပြီး အလွယ်တကူ မိတ်ဖွဲ့နိုင်ပါတယ်။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..