သူ အပိုင်း ( ၂ )
lotaya.mpt.com.mm
|
2020-07-14

အိမ်သို့ပြန်ရောက်လာသော်လည်းကျွန်မ၏အတွေးထဲ
တွင်နေဇာခိုင်ပြောသည့်စကားများသာကြားယောင်
မိနေသည်။ ဖူးပွင့်ဝေက သူ့ချစ်သူဝိဉာဉ်အား အဘယ်
အကြောင်းကြောင့်ခေါ်ထားရသနည်း။ ကျွန်မတွေ့ခဲ့
သူ၏နောက်ကျောကိုကြည့်ခြင်းအားဖြင့် ဖူးပွင့်ဝေ၏
ချစ်သူပုံပန်းသဏ္ဌာန်နှင့်အတော်ဆင်တူနေသည်။


ထိုထက်သိရှိနိုင်ရန် ထပ်မံစုံစမ်းကြည့်ရပေမည်။ အ
ဘယ်ကြောင့်ဆိုသော် လူ့သဘာဝအတိုင်း သို့လောသို့
လောထင်နေကြသည့်ကိစ္စကြီးအား စူးစမ်းချင်ခြင်း
ကအနည်းငယ်သာ။ လွန်ခဲ့သောလများက ထူးဆန်း
သောအိပ်မက်တစ်ခုကို ကျွန်မမက်ခဲ့သည်။ အိပ်
မက်ထဲတွင် ဖူးပွင့်ဝေက ကျွန်မထံသို့လာပြီး...

" သူလာနေပြီ ... ကယ်ပါဦး "

ဟု စိုးရိမ်ထိတ်လန့်ဟန်ဖြင့်လာပြောသည်ကိုမြင်မက်ခဲ့သည်။ ကျွန်မနှင့် ဖူးပွင့်ဝေက အဝေးကြီးဝေးသည်။


အပြင်မှာ တစ်ခါ နှစ်ခါ သွားရင်းလာရင်း ဆုံဖူးရုံမှ
အပ ရင်းနှီးကျွမ်းဝင်ခြင်းမရှိပေ။ ထိုအိပ်မက်ကိုမက်
စဉ်က ကိုအောင်မင်းစိုးပင် မဆုံးသေး။ အိပ်မက်
မက်ပြီး ၁လ ခန့်ကြာမှ ဆုံးပါးသွားခြင်းပင်ဖြစ်သည်။
ထို့ကြောင့် ကျွန်မနှင့်မသက်ဆိုင်သော်လည်း သက်
ဆိုင်နေရသည်။ မည်ကဲ့သို့အကြောင်းတရားကြောင့်
ကျွန်မသည် ထိုအိပ်မက်အားမြင်မက်ခဲ့ရသနည်း။
ထို့ကြောင့်လည်း ဖူးပွင့်ဝေနှင့် ပါတ်သက်သမျှ စိတ်
ဝင်စားကာ စုံစမ်းမိခြင်းဖြစ်၏။


နောက်တနေ့မနက်တွင် နေဇာခိုင်ကိုအကူအညီတောင်းပြီး ဖူးပွင့်ဝေထံစက်ချုပ်သင်နေသူကောင်မ
လေးအား သွားတွေ့ကြည့်လိုက်သည်။

" ညီမ မပြောရဲဘူးအစ်မရယ် ''

" ပြောပြပါညီမရဲ့ ... အစ်မတို့ဘယ်သူ့မှမပြောပါဘူး "


နေဇာခိုင်နှင့်ရင်းနှီးနေသဖြင့်သာ ပြောပြရှာသည်။ ကျွန်မသာ တိုက်ရိုက်သွားမေးခဲ့လျှင် မည်သည်မျှသိ
ရမည်မဟုတ်ချေ။


" ရေခြံဖက်မှာ ဆရာတစ်ယောက်ရှိတယ်ဆိုလို့ မဝေ
ကသွားလိုက်တယ်... ညီမကတော့ဆိုင်စောင့်ရင်းကျန်
ခဲ့တာပေါ့... မဝေပြန်လာတော့ လက်ထဲမှာအထုပ်တစ်
ထုပ်ပါလာတယ်သိလား... အထုပ်ကကျွတ်ကျွတ်အိတ်အမည်းနဲ့ဆိုတော့ ညီမလည်းသတိထားမိသွား
တာ... တခါမှအိတ်အမည်းတွေမယူလာဖူးဘူးကိုး "

" သူကမပြောပြဘူးလား "


ကျွန်မလည်းသိချင်စိတ်ဖြင့်စကားဆုံးအောင်နားမ
ထောင်ဘဲ ဖြတ်မေးမိသည်။


" မပြောပြဘူးအစ်မ... သူ့အခန်းထဲယူဝင်သွားတယ်...
နောက်  ၄ရက် ၅ရက်ကြာတော့ ကိုအောင်မင်းစိုးကြီး
တံတားပြိုကျလို့ဆုံးပြီဆိုတာကြားတာပဲ... အဲ့ဒီနေ့
က မဝေက တည်တည်ငြိမ်ငြိမ်ပဲ... ညီမထင်ထားတာ
က အော်ဟစ်ငိုယိုမယ်ပေါ့.. မဝေကိုကြည့်ပြီးညီမဆို
ကြောင်သွားတယ်... ညီမကပဲ တအံ့တဩဖြစ်ပြီး စိတ်
မကောင်းဖြစ်နေတာ သူကအေးအေးဆေးဆေးပဲ "


" သူကညီမကိုပြောတယ်... ဆိုင်ခဏစောင့်တဲ့ ... သူ
လိုက်သွားမလို့တဲ့ ... ပြောပြီးထွက်သွားတာညီမတစ်
ယောက်တည်းဆိုင်မှာကျန်ခဲ့တယ်... "


ထိုသို့ပြောနေရင်း သူမ၏မျက်နှာသည် ထိတ်လန့်နေ
ဟန်ပေါ်လာကာ လေသံတိုးတိုးလေးဖြင့်ပြောသည်။


" အစ်မတို့ရယ်... ညီမခုပြောမှာကို တခြားဘယ်သူ့မှ
မပြောပါနဲ့နော် ... ညီမအရမ်းကြောက်လို့ပါနော် "


ထိုကောင်မလေးမှာ အတော်ထိတ်လန့်နေပုံရသည်။
ကျွန်မတို့လည်းကတိအခါခါခံပြီးမှ ဆက်ပြောပြ၏။


" သူထွက်သွားပြီး ညီမတစ်ယောက်တည်းကျန်တော့
အဲ့အချိန်ကဘယ်နှစ်နာရီလဲဆို... အင်း ... ညနေ ၃ နာ
ရီလောက်ရှိသေးတယ်... မဝေအခန်းထဲကနေ ပစ္စည်း
တွေရွေ့နေသံကိုကြားလိုက်တာ... အမလေး...ပြော
ရင်းကြက်သီးတောင်ထတယ် "

" လူမရှိဘဲနဲ့လား "


" ဟုတ်တယ်အစ်မရေ... ဟုတ်တယ် ... တစ်အိမ်လုံး
ညီမပဲရှိတာလေ ... သူ့အခန်းထဲကအသံတွေကြားရ
တော့ ညီမလည်းလန့်သွားတာပေါ့ ... အဲ့ဒါနဲ့ အခန်း
တံခါးဖွင့်ကြည့်လိုက်တာ ... ဘယ်သူမှမရှိဘူး... ဒါ
ပေမယ့် ကုတင်ဘေးကစားပွဲခုံပေါ်မှာ ကိုအောင်မင်း
စိုးဓါတ်ပုံကြီးထောင်ပြီး ပုံရှေ့မှာပန်းကန်ပြားပေါ်
လူလက်အရိုးကိုတင်ထားတတယ်အစ်မ "

" ဘယ်လိုလက်အရိုး "


" ညာဖက်လက်ကောက်ဝတ်ကနေပြတ်နေတဲ့ လူလက်
ဖဝါးအရိုးလေအစ်မ .. ညီမလည်းမပြောပြတတ်ဘူး...
လက်ငါးချောင်းကကားယားကြီးနဲ့ "

ကျွန်မအံ့ဩသွားမိသည်။

" အဲ့ဒါတင်ပြီးဘာလုပ်တာလဲမသိ"


" ဖယောင်းတိုင်တွေလည်းထွန်းထားတာ ... ညီမလည်း ကြည့်ပြီး ကြက်သီးတွေထတာ ထတာ ... ကြည့်နေတုန်းမှာပဲ ကိုအောင်မင်းစိုးဓါတ်ပုံဘောင်
ကြီးက ဝုန်းကနဲပြုတ်ကျလာပါလေရော... အော်ပြီး
ထွက်ပြေးတာပဲ "

" ဘယ်ကိုပြုတ်ကျတာလဲ "


" စားပွဲပေါ်လေအစ်မ ... သူကစားပွဲပေါ်မှာထောင်ထား
တာကို ပြုတ်ကျတာ ... ညီမလည်းမနေရဲလို့ ဆိုင်တံခါးပိတ်ပြီး ပြန်ပြေးရတယ်... ည ၇ နာရီလောက်
ကျတော့ မဝေကအိမ်လိုက်လာပြီး အိမ်သော့လာ
တောင်းရင်းသူ့မစောင့်လို့ဆူပါလေရော... ညီမဘယ်
စောင့်ရဲပါ့မလဲ ... မဝေကိုလည်းမပြောရဲဘူး... အလုပ်
ရှိလို့ပြန်လာတာလို့ညာပြောရတယ်... နောက်ရက်
အလုပ်သွားတော့ လူကကြောက်နေတာ... ဆိုင်ထဲ
ဝင်တာနဲ့ ကြက်သီးကဖြန်းကနဲပဲ "

" ဖူးပွင့်ဝေကရော ... အေးအေးဆေးဆေးပဲလား"


" မဟုတ်ဘူးအစ်မ ... အဲ့ဒီနေ့တော့ သူငိုတယ်... တစ်ညလုံးလည်းငိုထားတယ်ထင်တယ်... မျက်နှာတွေမို့
အစ်နေတာ ... ညီမလည်းသွားသာသွားရတယ်..  ဘာ
အလုပ်မှလုပ်မှာမဟုတ်မှန်းတော့သိနေတယ်လေ...
ထင်တဲ့အတိုင်းပဲ မဝေက ဆိုင် ၁ပါတ်ပိတ်မယ်လို့
ပြောတယ် ... ညီမက နာရေးအိမ်ကူပေးရမလားမေး
ကြည့်ပါသေးတယ်... ကူစရာမလိုဘူးလို့ပြောမှ ဟို
ကိစ္စသတိရသွားတာ... ဟိုမိန်းမကြီးလာသောင်းကျန်း
သွားတာလေ ... မနေဇာသိတယ်မလား "


" အင်း... သိတယ်လေ ... အသုဘကိုသူဘယ်လိုသွား
လို့ရမှာလဲ "

" သူမသွားဘူးသိလား ... အိမ်ထဲမှာပဲနေနေတာ "

" အေးပေါ့ "


" အဲ့နေ့ကလေ ညီမလည်း ဆိုင် ၁ပါတ်ပိတ်မယ်ဆို
တော့ အိမ်မှာလေ့ကျင့်ဖို့ လိုတာနဲနဲပါးပါးယူတာပေါ့
မဝေကထူးဆန်းနေတာ.... မီးဖိုထဲချက်ပြုတ်ရင်း တစ်
ယောက်တည်းစကားပြောနေတာဆိုတာ... ညီမတောင်သူစိတ်ထိခိုက်သွားလို့များလားပေါ့... စိတ်
လည်းမကောင်းဘူး... သူ့ကိုအားမငယ်ဖို့သွားပြော
မယ်ဆိုပြီး မီးဖိုထဲဝင်သွားလိုက်တာအစ်မရေ...
ထမင်းစားစားပွဲဝိုင်းပေါ်မှာတင်ထားတဲ့ ဇွန်းကြီးက
စားပွဲပေါ်လည်နေတယ်... သူ့သူလည်နေတာနော်...
ဘာပြောကောင်းမလဲ ညီမလည်း နှုတ်ဆက်ပြီးပြန်
ပြေးလာတာပဲ ... အဲ့ကတည်းကခုထိ မသွားဖြစ်တော့
ဘူး... သူများတွေလာပြောကြတာတွေလည်းကြား
ထားတော့ပိုဆိုးပေါ့အစ်မရေ"

သူမစကားကြောင့်ပိုစိတ်ဝင်စားသွားမိသည်။

" ဘယ်သူတွေကဘာလာပြောကြလဲ "


" အမလေး အစုံပဲအစ်မ ... ကိုအောင်မင်းစိုးကြီးက
အဲ့မှာရှိနေတယ်ဆိုတာ မြင်တဲ့သူရှိတယ်နော်... မဝေ
က အိမ်မှာနေခွင့်ပေးထားတယ်ဆိုလား ... ခေါ်ထား
တယ်ဆိုလားပဲ ... တကယ်ရှိနေတာတော့သေချာ
တယ်"


" တော်တော်များများပြောကြတယ်... တွေ့တယ်ဆို
ပြီးလေ "

" ဟုတ်တယ်အစ်မ ... ပြောတဲ့သူများနေပြီ ... "


ထိုကောင်မလေးနှင့်စကားစဖြတ်ပြီး နေဇာခိုင်အိမ်သို့
ပြန်လာခဲ့ကြသည်။

" မနက်ဖြန် ဟိုဆရာဆီသွားကြည့်မယ် "


" ဝေနှင်း ... နင်ဘာလို့ဖူးပွင့်ဝေ ကိစ္စ အဲ့လောက်သိ
ချင်နေရတာလဲ ... အောက်လမ်းဆရာဆီသွားလို့
မဖြစ်ဘူးနော် ... နင့်ကိုပညာနဲ့တခုခုလုပ်မှာမကြောက်
ဘူးလား "


နေဇာခိုင်၏မေးခွန်းကို မည်သို့ပြန်ဖြေရမှန်းရုတ်တ
ရက်စဉ်းစားမရဖြစ်နေ၍ သူမကိုသာ ကြည့်နေလိုက်
မိသည်။


" ဟဲ့ ... ငါပြောတာကြားရဲ့လား... ဒီလောက်သိရရင်
တော်ရောပေါ့ဟယ်... သူ့သူဘာလုပ်လုပ်... သူ့ဆီ
လည်းထပ်မသွားနဲ့... ဟိုဆရာဆိုတာဆီလည်းမသွား
နဲ့... နင်တစ်ခုခုဖြစ်ရင် နင့်အမေရင်ကျိုးလိမ့်မယ်...
နော် ဝေနှင်း "

" ငါနင့်ကိုပြောစရာရှိတယ် ... "

" ပြော "


ကျွန်မ၏အိပ်မက်ကို နေဇာခိုင်အားပြောပြလိုက်
သည်။ နေဇာခိုင်က တအံ့တဩနှင့်ကြည့်နေပြီးမှ


" အိပ်မက်ဆိုတာ ဒီလိုပဲကယောင်ကတမ်းမက်တတ်
တာပဲ ... ဒါကြီးကိုအစွဲအလမ်းမထားပါနဲ့ ဝေနှင်းရာ"


ကျွန်မလည်း မည်သည်မှဆက်မပြောတော့ဘဲ ပြေရာ
ပြေကြောင်းပြောကာ အိမ်ပြန်လာခဲ့တော့သည်။ နေ
ဇာမယုံမှန်းကျွန်မသိသည်။ ဆက်ပြောလည်းသူမနား
လည်ပေးနိုင်မည်မဟုတ်ချေ။ ကျွန်မတစ်ယောက်
တည်း အဖြေကိုရှာဖွေရန်သာဆုံးဖြတ်လိုက်တော့
သည်။ အိမ်ရောက်သည့်အခါ တမနက်လုံးအပြင်
ထွက်နေသည့်ကျွန်မအား အမေကဆူသည်။ အဆူ
ခံပြီးမှ နေ့လည်စာဖြစ်ခဲ့သည်။


ထမင်းစားပြီး ပင်ပန်းနေသဖြင့်တရေးတမောအိပ်
ပျော်သွားမိလေသည်။ ကျွန်မသည်ပဲစိတ်စွဲနေသော
ကြောင့်ပင်လား၊ အမှန်တကယ်အိပ်မက်နိမိတ်ပင်လား
မသိ။ အိပ်မက်၌ဖူးပွင့်ဝေကိုထပ်မြင်မက်ခဲ့ပြန်သည်။
ယခင်ကအိပ်မက်ကဲ့သို့ပင် သူမထပ်ပြောနေ၏။

" သူလာနေပြီ... ကယ်ပါဦး "


ဖူးပွင့်ဝေ၏ပုံစံမှာ တကယ်ပင်ထိတ်လန့်နေဟန်ရှိလေ
သည်။ ယခုအိပ်မက်ထဲတွင်သူမကို ယခင်အိပ်မက်
ထက် ပို၍ ထင်ထင်ရှားရှားမြင်နေရပြီး သူမ၏လည်
ပင်းနှင့်ရင်ဘတ်၌ ကုတ်ခြစ်ရာများပင်မြင်နေရသည်။
ကျွန်မ၏စိတ်ထဲ သူမပြောသော " သူ " ဆိုသည်ကို
နားမလည်နေချေ။ အိပ်မက်မှလန့်နိုးလာသည့်အခါ
ညနေ ၃ နာရီခန့်ပင်ရှိနေပြီ။ မတွေးဘဲနှင့် ရုတ်တရက်
ခေါင်းထဲရောက်လာသည်က ကိုအောင်မင်းစိုး သေ
ဆုံးသည့်အချိန်မှာယခုလိုအချိန်ပင်ဟူ၍ဖြစ်သည်။


ကျွန်မဦးနှောက်ထဲ ဖူးပွင့်ဝေအကြောင်းသာကြီးစိုး
နေပြီး " သူ " ဆိုသည်ကလည်း ကိုအောင်မင်းစိုးကို
ရည်ညွှန်းခြင်းသာဖြစ်မည်ဟုတွေးနေမိသည်။ အိပ်
မက်ထဲကအတိုင်းဆိုပါက ကိုအောင်မင်းစိုး ဝိဉာဉ်
သည် ဖူးပွင့်ဝေအား တစုံတရာ ထိတ်လန့်စေခြင်းဖြစ်
ခဲ့လောက်မည်။ ကျွန်မမည်သည်မှ ဆက်မတွေးနိုင်
တော့ဘဲ အပေါ်ထပ် အင်္ကျီလေးကောက်ဝတ်ကာ
စက်ဆိုင်သို့ထွက်လာခဲ့မိတော့၏။


အမေဖြစ်သူလိုက်အော်နေသည်ကိုပင် ပြန်မဖြေဖြစ်
ခဲ့။ ဖူးပွင့်ဝေနှင့် တွေ့ဆုံဖို့သာ စိတ်လောနေမိခဲ့သည်။
စက်ဆိုင်သို့ရောက်သောအခါ ဆိုင်တံခါးက တစ်ခြမ်း
ပိတ်ထားသည်ကိုတွေ့လိုက်ရသည်။ ဖွင့်ထားသည့်
ဖက်ခြမ်းမှ ဆိုင်ထဲသို့ဝင်လိုက်၏။ စက်ခုံပေါ်တွင်
ဖူးပွင့်ဝေက အင်္ကျီကြယ်သီးထိုင်တပ်နေသဖြင့် အ
ဆင်သင့်သွားတော့သည်။

" အော် ညီမ .. လာ ... "

" ဟုတ်အစ်မ "

" ဒီဇိုင်းပြောင်းချင်လို့လား "


သူမနှင့်ထိပ်တိုက်တိုးမှ စကားရှာမရဖြစ်မိတော့
သည်။ မည်ကဲ့သို့ပြောရမည်မသိ။ အိပ်မက်ကိုလည်း
ယုံကြည်မည်မထင်ပေ။

" ဟို ... ဟိုလေ... "


ဖူးပွင့်ဝေက ကျွန်မပြောလာမည့်စကားကိုနားစိုက်
ထောင်နေသဖြင့်ပို၍ပြောမထွက်တော့ပေ။ ရုတ်တ
ရက်ဝင်လာသည့်အကြံအတိုင်းပြောချလိုက်မိတော့
သည်။


" ညီမ စက်ချုပ်သင်ချင်လို့အစ်မ ... အဲ့ဒါလေးလာ
မေးတာပါ ... အစ်မသင်ပေးနိုင်မလားလို့ "


ကျွန်မစကားကြောင့် သူမအံ့ဩသွားသည့်ပုံရသည်။
တစ်ရပ်ကွက်လုံးသူမကို တရှောင်ရှောင်ဖြစ်နေကြ
သည်ကိုလည်းသိဟန်ရှိ၏။ ဖူးပွင့်ဝေသည် စဉ်းစား
နေရင်း


" သင်ပေးလို့တော့ရပါတယ်... ဒါပေမယ့် အခုအ
တောအတွင်းတော့ ဘာမှလုပ်ချင်စိတ်မရှိလို့ခဏနား
ထားသေးတယ်... နောက်လလောက်မှ သင်ပါလား
ညီမရယ် "


" ဟုတ်အစ်မ... ညီမကအခုသင်ချင်တာ... ကူညီပါ
လားအစ်မရယ် "


ဖူးပွင့်ဝေမှာ တစုံတရာကိုလေးလေးနက်နက်တွေး
တောနေပုံရသည်။ သူမ၏ယခုအခြေအနေအရ
အပ်ထည်သိပ်မများတော့ပေ။ ကြာရှည်မရပ်တည်
နိုင်မှန်း ကျွန်မကဲ့သို့ ဖူးပွင့်ဝေလည်းတွေးမိပုံရ၏။
ကျွန်မကိုစက်ချုပ်သင်ရန်လက်ခံမည်မှန်း ကျွန်မ
သိနေသည်။


" တစ်ခုတော့ရှိတယ်ညီမ ... မနက် ၉ နာရီကနေ နေ့
လည် ၂ နာရီအထိပဲ သင်လို့ရမယ်... "

ကျွန်မဝမ်းသာသွားမိ၏။


" ရပါတယ်အစ်မ ... သင်ပါ့မယ် ... သင်တန်းကြေးနဲ့
သင်တန်းကာလကရော "


" သင်တန်းကာလက ခါတိုင်းတော့ မတတ်မချင်း
သင်ပေးပါတယ်... နောက်ပြီး ညီမအဓိကဘာကို
သင်ချင်တာလဲမသိဘူး ... သုံးလွှာစကပ်၊ မီနီစကပ်၊
မြန်မာအင်္ကျီ၊ ဂါဝန် အမျိုးအစားအများကြီးထဲက
သင်ချင်တာအရင်ရွေးပေး... ပြီးမှသင်တန်းကြေးပြော
မယ်နော် "

" မြန်မာဝတ်စုံ လေးသင်ချင်တာအစ်မ "


" အော် ...ရတယ် ... ရင်ဖုံး ရင်စေ့ ရင်ခံ အားလုံးအစုံ
ပေါ့ ... ထမိန်၊ သုံးလွှာ ၊ လေးလွှာ အကုန်အပါ နှစ်
သိန်းပါညီမ "


သင်တန်းကြေးကြားမှ မျက်လုံးပြူးသွားသည်။ မ
တတ်နိုင်။ အမေ့ဆီတောင်းပြီးတက်ရုံရှိသည်။ အရှုံး
တော့မခံပေ။ ပညာတစ်ခုရအောင်တော့သင်မည်ဟု
တွေးထားသည်။

" မတတ်မချင်းတော့သင်တယ်မလားအစ်မ "

" သင်ပါတယ်ညီမ ... အခြေခံရရင် ရသွားမှာပါ "

" ဟုတ်ကဲ့ ... ဒါဆို မနက်ဖြန်စတက်လို့ရမလား "


ဖူးပွင့်ဝေမှာ ကျွန်မမေးသည်ကို ပြန်မဖြေသေးဘဲ
ဆိုင်ထဲမှကျော်ကာ အိမ်ထဲသို့လှမ်းကြည့်လိုက်လေ
သည်။ သူမ၏အမူအရာမှာ တစုံတယောက်ထံ ခွင့်
ပြုချက်တောင်းနေသလိုပင်။ နှုတ်မှမပြောသော်
လည်း ထိုသို့အပြုအမူပေါ်နေလေ၏။ ခဏကြာမှ


" သဘက်ခါမှလာပေးလေညီမ ... မနက်ဖြန်အစ်မ
တနေရာသွားစရာရှိသေးလို့ "


" ဟုတ်ကဲ့... ရတယ်အစ်မ ... ဒါဆိုသဘက်ခါစတက်
မယ်နော် ... ညီမဘာတွေယူလာရမလဲမသိဘူး "


" စာအုပ်နဲ့ဘောလ်ပင်ပဲလိုတယ်... ကျန်တာဒီမှာအ
ကုန်ရှိတယ် မလိုဘူးနော် "


" ကျေးဇူးပါအစ်မရေ ... ညီမကိုသေချာလေးသင်
ပေးပါဦးနော် ..  "


ဖူးပွင့်ဝေက ပြုံးရင်းခေါင်းညိမ့်ပြသည်။ ထိုစဉ်
အိမ်ခန်းဆီမှ လမ်းလျှောက်နေသံလိုလိုကြားလိုက်
ရလေသည်။ ထိုအသံကို ဖူးပွင့်ဝေလည်းကြားပုံရ
သည်။ ထိတ်ထိတ်ပျာပျာဖြင့် တပ်လက်စ အင်္ကျီ
ကြယ်သီးကိုချခဲ့ကာ ကျွန်မအား သဘက်ခါမှလာ
ခဲ့ရန်ပြောရင်း ပြန်နှင်လွှတ်နေသလိုပုံမျိုးပြုလုပ်နေ
သဖြင့် ဆက်နေချင်သေးသော်လည်းပြန်လာခဲ့ရလေ
သည်။


ဆိုင်ထဲမှကျွန်မထွက်သည်နှင့် ဆိုင်တံခါးအမြန်ပိတ်
ပစ်လိုက်၍ လူလည်းကြောင်တောင်တောင်ဖြစ်သွား
ရသည်။ သို့သော် ကျွန်မနားနှင့်ဆက်ဆက်ကြားလိုက်
သည်မှာ ဖူးပွင့်ဝေ၏ ထိတ်လန့်တကြားအော်သံပင်။
သူမအော်လိုက်သံကြောင့် ကျွန်မလည်း စိတ်ပူသွား
ပြီး ဆိုင်တံခါးကိုအပြင်မှ တဒုန်းဒုန်းထုကာ ခေါ်
ကြည့်မိတော့သည်။ အတော်ကြာသည်အထိ အထဲမှ
အသံမကွားပေ။


ဆက်တိုက်ထုနေသဖြင့်မကြာခင် တံခါးပွင့်လာသည်။
ဖူးပွင့်ဝေမှာ တကိုယ်လုံးတုန်ယင်နေသည်ကို ဟန်
လုပ်ကာ တည်ငြိမ်ချင်ယောင်ဆောင်နေ၏။ သူမကို
ကြည့်ကာ ကျွန်မအတော်လန့်သွားမိသည်။ ကျွန်မ
အိပ်မက်ထဲက အတိုင်း လည်ပင်းနှင့်ရင်ဘတ်ပေါ်
တွင် ကုတ်ခြစ်ရာအချို့ကိုတွေ့မြင်လိုက်ရသော
ကြောင့် ထိုနေရာ၌ပင် ဆွံ့အသွားသလိုဖြစ်မိသွားရ
သည်။

" ဘာပြောစရာကျန်နေသေးလို့လဲညီမ "

" ဟို ညီမအော်သံကြားမိလိုက်လို့ "

ကျွန်မကိုသူမကစူးစူးရဲရဲကြည့်လာသည်။


" အစ်မအိမ်ကမဟုတ်ဘူး ... အစ်မတစ်ယောက်တည်း
ရှိတာ... အခုပဲအပြင်သွားတော့မလို့ "

သူမအဖြေက ဟိုမရောက်ဒီမရောက်ဖြစ်နေသည်။


" ကြားမိလိုက်လို့ခေါ်မိတာစိတ်မရှိပါနဲ့နော်အစ်မ...
တခုခုဖြစ်တာလားလို့ပါ "


" ရပါတယ်... ကျေးဇူးပါညီမရေ ..  အစ်မပြင်ဆင်
နေတုန်းမလို့ "

" ဟုတ်... ဟုတ်အစ်မ "


ဆိုင်တံခါးအား ဂျိမ်းကနဲပိတ်ကာ ပြန်ဝင်သွားလေ
သည်။

ဆက်လက်ဖော်ပြပါမည်။

သော်တာလမင်းစန္ဒာ

#lotaya_shortstory

အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..