သင်ရွေးချယ်လိုက်တဲ့ ပုံလေးတွေကတစ်ဆင့် သင့်ရဲ့စိတ်ထားကိုခန့်မှန်းပြမယ်
lotaya.mpt.com.mm
|
2020-07-30



Shutterstock/ VikiVector& Cosmic_Design& Jovanovic Dejan

လူတွေရဲ့ကြိုက်နှစ်သက်မှုတွေကတစ်ဆင့် သူတို့ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းလို့ရတယ်ဆိုတာကို သင်သိပါသလား? ဒီနေ့မှာတော့ admin က ပုံလေးတစ်ချို့ကို ဖော်ပြပေးထားမှာဖြစ်ပြီ ဒီပုံလေးတွေထဲက သင်အနှစ်သက်ဆုံး တစ်ခုကိုရွေးချယ်ပြီး သင့်ရဲ့စိတ်နေစိတ်ထားကို ကြည့်လိုက်ရအောင်နော်…

(၁) ပုံ ၁




Shutterstock/ Jovanovic Dejan

သင်ဟာ နားလည်ရခက်ပြီး စိတ်ခံစားချက်တွေ ပြင်းထန်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာအရလည်း သူမတူတဲ့ ဆွဲဆောင်မှုတွေနဲ့ ပြည့်ဝနေသူလည်း ဖြစ်ပါတယ်။

(၂) ပုံ ၂




Shutterstock/ Jovanovic Dejan

သင်ဟာ စိတ်ပိုင်းဆိုင်ရာ မာကြောတဲ့သူတစ်ယောက် ဖြစ်တဲ့အပြင် တစ်ခြားသူတွေက လေးစားအားကျရတဲ့ သူလည်းဖြစ်ပါတယ်။ မိသားစုရဲ့တန်ဖိုးကို ကောင်းစွာသဘောပေါက်နားလည်ထားတဲ့အတွက် သူ့ဘဝအတွက် မိသားစုကသာလျှင် အရေးအကြီးဆုံး ဖြစ်ပါတယ်။

(၃) ပုံ ၃




Shutterstock/ Jovanovic Dejan

သင်ဟာ တည်တည်ငြိမ်ငြိမ်နေတတ်ပြီး ဘယ်အရာကိုမဆို လက်တွေ့ကျကျ တွေးခေါ်လုပ်ဆောင်တတ်သူ တစ်ယောက် ဖြစ်ပါတယ်။ သစ္စာတရားကို အမြဲလက်ကိုင်ထားပြီး မိမိချစ်ခင်နှစ်သက်တဲ့သူတွေကို အမြဲပံ့ပိုးကူညီ အားပေးနေတတ်သူလည်း ဖြစ်ပါတယ်။

(၄) ပုံ ၄




Shutterstock/ Denis Gorelkin

သင်ဟာ ဘယ်အရာကိုမဆို တတ်တတ်ကြွကြွနဲ့ လုပ်ဆောင်တတ်ပြီး တစ်ခုခုကိုလိုချင်ရင် မရရအောင် ယူတတ်တဲ့အကျင့်လေး ရှိပါတယ်။ ခေါင်းမာတတ်တဲ့အကျင့်လေးရှိပေမယ့် သင်ဟာ အမှန်တော့ အရမ်းချစ်တတ်တဲ့ နှလုံးသားလေးကို ပိုင်ဆိုင်ထားပြီး ကိုယ်ချစ်ရတဲ့သူတွေကို ကာကွယ်ပေးတတ်သူလည်း ဖြစ်ပါတယ်။

(၅) ပုံ ၅




Shutterstock/ Denis Gorelkin

သင်ဟာ ဘယ်အရာကိုမဆို အာရုံစူးစိုက်ပြီး စနစ်တကျလုပ်ဆောင်တတ်ပြီး ဂရုစိုက်တတ်တဲ့ အကျင့်လေးတွေရှိပါတယ်။ ဒါပေမယ့် သင့်ရဲ့မကောင်းတဲ့အချက်ကတော့ လိုချင်တတ်မက်စိတ် ပြင်းပြတာလေးပဲဖြစ်ပါတယ်။ ဒီစိတ်ကြောင့် သင်ဟာအခက်အခဲတွေဖြစ်လာနိုင်တဲ့အတွက် ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။

(၆) ပုံ ၆




Shutterstock/ Denis Gorelkin

သင်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ရိုးသားသိမ်မွေ့ပြီး ယုံကြည်ရတဲ့အတွက် လူတိုင်းရဲ့ယုံကြည်အားကိုးခြင်းကို ခံရတတ်ပါတယ်။ သင့်ရဲ့ခံစားချက်တွေကိုလည်း လူတွေကို အရှိအတိုင်း ဖွင့်ဟပြရမှာ မရှက်တဲ့သူလည်း ဖြစ်ပါတယ်။



(၇) ပုံ ၇




Shutterstock/ VikiVector

သင်ဟာ သတ္တိရှိပြီး အမြဲကိုယ်ချစ်ရတဲ့သူတွေရှေ့မှာ ဘယ်လိုမားမားမတ်မတ် ရပ်တည်ပြီး ကာကွယ်သူတစ်ယောက်ပါ။

(၈) ပုံ ၈




Shutterstock/ Cosmic_Design

သင်ဟာ အချစ်နဲ့ပတ်သတ်ရင် စိတ်ခံစားချက်တွေ ပြင်းထန်သူတစ်ယောက်ဖြစ်တဲ့အတွက် သင့်ရဲ့အချစ်ကို နားလည်ပေးတဲ့လူနဲ့မှသာ သင်နဲ့အဆင်ပြေမှာဖြစ်ပါတယ်။

(၉) ပုံ ၉




Shutterstock/ VikiVector

သင်ဟာ အချစ်နဲ့ပတ်သတ်တဲ့ သင့်ရဲ့ခံစားချက်တွေကို ပါးစပ်နဲ့ပြောနေတာထက် လက်တွေ့အကောင်အထည်ဖော်ပြသူပါ။ ပြောရရင် လေထဲမှာတိုက်အိမ်ဆောက်မနေဘူးပေါ့။

#lotaya_quiz

အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



Some text some message..