
တနင်္ဂနွေ - အလုပ်အကိုင် စီးပွားရေးမှာ အညံ့ ရှိတယ်။ ဒါပေမယ့် တခြားကိစ္စတွေမှာတော့ ပြဿနာ မရှိဘဲ အေးချမ်းမယ်။ ဒီနေ့ အလုပ်ကိစ္စမှာ နှောင့်နှေးတာ၊ လုပ်လက်စတွေ မပြတ်တာ ဖြစ်မယ်။ ခါတိုင်းထက် ပို ပင်ပန်းရပြီး အကျိုးအမြတ်ကျ နည်းပါးတတ်တယ်။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကျိုးကို ခံစားရမယ်။ အကူအညီတွေလည်း ရမယ်။ ဒီနေ့ ငွေကြေးကံ အတက်အကျ များမယ်။ အဝင်အထွက် မတည်မငြိမ်တွေ ဖြစ်မယ်။ နှလုံးသားရေး ကံဇာတာ ညံ့တယ်။ ချစ်သူ၊ အိမ်ထောင်ဖက်ချင်း ရန်ဖြစ် စကားများရတတ်တယ်။ ဒီနေ့ မနက် ၉ နာရီနဲ့ ၉ ၄၅ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ မေမြို့ပန်းတွေ ကပ်လှူပါ။
သင့်
တနင်္လာ - ကံဇာတာ ညိုးမှိန်တဲ့နေ့ ဖြစ်လို့ အစစအရာရာမှာ သတိထား လုပ်ကိုင်ဖြတ်သန်းပါ။ အလုပ်မှာဖြစ်စေ ကိုယ့်ကိစ္စပဲ ဖြစ်စေ မထင်မှတ်တဲ့ လွဲချော်နစ်နာ ဆုံးရှုံးမှုတွေ ဖြစ်တတ်တယ်။ ကျန်းမာရေးလည်း ညံ့သွားနိုင်လို့ အစားအသောက် အနေအထိုင် သတိပြုရမယ်။ နဂိုရောဂါအခံ ရှိခဲ့ရင် လိုအပ်တဲ့ ဆေးဝါးအစောင့်အရှောက်တွေ ပြင်ဆင်ထားရမယ်။ ငွေကြေးကံတော့ ကောင်းလိမ့်မယ်။ အချစ်ရေးမှာ စိတ်နှစ်ခွ ဖြစ်စရာ ပေါ်မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ့ ၃ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ငါးလွှတ်တာ၊ ငှက်စာကျွေးတာမျိုး လုပ်ပေးရမယ်။
ညံ့
အင်္ဂါ - အလုပ်ကံ အထူးကောင်းတဲ့နေ့ ဖြစ်တယ်။ အပြောင်းအလဲတွေ၊ အသစ်အဆန်းတွေလည်း ဒီနေ့မှာ ကြုံရ ဆုံရတတ်တယ်။ ကိုယ်တိုင်ကလည်း စွန့်စားလုပ်ကြည့်ရတာမျိုး စိတ်ထက်သန်နေမယ်။ ကြိုးစားအားထုတ်မှု ကောင်းနေမယ်။ လုပ်ငန်းတစ်ခုထက်မက လမ်းကြောင်းသစ်တွေ ပွင့်မယ်။ ထစ်ငေါ့ကြန့်ကြာနေတဲ့ အလုပ်တွေ အောင်မြင်ပြီးမြောက်မယ်။ စစ်ဖက်၊ ရဲဘက်နဲ့ ပတ်သက်တာတွေ ကိစ္စအောင်မြင်မယ်။ ငွေကြေး စိတ်ချမ်းသာမှု ရမယ်။ လူငယ်တွေ နှလုံးသားရေးမှာ ကျေနပ်ပျော်ရွှင်ရမယ်။ မပြေလည်တာတွေ ညှိနှိုင်းနိုင်မယ်။ ဒီနေ့ မနက် ၈ နာရီနဲ့ ၉ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ အိမ်ကဘုရားမှာ လက်ဖက်ရည်နဲ့ လမုန့် လှူပါ။
ကောင်း
ဗုဒ္ဓဟူး - တစ်နေ့တာလုံးမှာ ပျော်ရွှင်ဝမ်းမြောက်စရာတွေ မကြာခဏ ကြုံရမယ်။ သတင်းကောင်းတွေကိုလည်း ကြားရလိမ့်မယ်။ ခရီးသွားကိန်း ရှိတယ်။ သွားလာဖြစ်ရင် ခရီးကောင်း ဖြစ်မယ်။ အလုပ်တွေလည်း ကောင်းပြီး ကြိုးစားသမျှ အရာထင်လိမ့်မယ်။ အစုစပ်ရှယ်ယာ၊ အများနဲ့ ပေါင်းလုပ်တဲ့ အလုပ်တွေ အကျိုးပေးကောင်းမယ်။ အကြီးအကဲတွေနဲ့တော့ အမြင်မတူတာလေးတွေ ရှိတတ်တယ်။ ငွေရေးကြေးရေးကံလည်း ပွင့်လန်းလာမယ်။ အချစ်ရေးမေတ္တာရေးမှာတော့ အပျော်လွန်ပြီး အမှားများတတ်တယ်။ ကိုယ့်အတ္တကို ရှေ့တန်းတင်မိလိမ့်မယ်။ ဒီနေ့ မွန်းတည့် ၁၂ ကနေ ၁ နာရီကြား ကံကောင်းချိန်ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ပေါက်ပေါက်တွေ လှူပါ။
ကောင်း
ရာဟု - ရှေ့က ဖြစ်ခဲ့တဲ့ အခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မယ်။ ဘာပြဿနာ ဖြစ်ဖြစ် ကိုယ်က ဝင်ပါပြီး ကိုင်တွယ်လိုက်ရင် ပြေလည်သွားတတ်တယ်။ ဒါပေမယ့် အကြီးအကဲတွေနဲ့ ငြိတတ်တယ်။ ကိုယ့်ကို အမှားရှာ ရန်လုပ်တတ်တယ်။ အများနဲ့ တွဲလုပ်တဲ့ကိစ္စတွေမှာ သတိထားရမယ်။ အဲဒီတော့ တစ်ယောက်တည်း စဉ်းစားလုပ်ကိုင်တာ ပိုကောင်းလိမ့်မယ်။ နှလုံးသားရေးမှာ တွေးရခက်တာတွေ ဖြစ်မယ်။ ခံစားရလိမ့်မယ်။ ဒီနေ့ ညနေ ၃ နာရီနဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ကျီးတွေကို အစာကျွေးလိုက်ပါ။
သင့်
ကြာသပတေး - ဒီနေ့မှာ မျှော်လင့်မထားတဲ့ အပြောင်းအလဲတွေ ကြုံရတတ်တယ်။ ပတ်ဝန်းကျင် ပြောင်းလဲတာ၊ နေရာဌာန ရွှေ့တာ၊ လူသစ်တွေနဲ့ ဆုံရတာ စတဲ့ အပြောင်းအလဲကောင်းတွေ ဖြစ်ပေါ်လာနိုင်တယ်။ ကျန်းမာရေး အားနည်းတဲ့နေ့ ဖြစ်လို့ ဂရုစိုက်ရမယ်။ လက်ရှိအလုပ်ကို စိတ်ကုန်တာ၊ အသစ် ပြောင်းချင်တာတွေ ဖြစ်မယ်။ ပြောင်းဖို့ ကြံရွယ်ထားသူတွေကတော့ ဆန္ဒ ပြည့်ဝနိုင်တယ်။ မရောက်ဖူး နေရာကို ရောက်တာ မစားဖူးတာတွေ စားရတာမျိုး ကြုံရတတ်တယ်။ အချစ်ရေး အဆင်ပြေပေမယ့် ကြားလူ သတိထားပါ။ စိတ်လျှော့သည်းခံပေးပါ။ ဒီနေ့ ညနေ ၅ နာရီနဲ့ ၆ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘာသာရေးကို များများ လုပ်ပါ။
ကောင်း
သောကြာ - ဒီနေ့မှာ ဟိုဟာ ကောင်းနိုး၊ ဒီဟာကောင်းနိုးနဲ့ ရွေးနေရင်း အချိန်ကုန်သွားမယ်။ လုပ်ချင်တာတွေ မလုပ်ဖြစ်ဘဲ ရည်ရွယ်ချက်မဲ့သလိုလည်း ဖြစ်နေတတ်တယ်။ အလုပ်အကိုင် စီးပွားရေးမှာ မတင်မကျတွေရော အာရုံနောက်စရာတွေရော ဖြစ်လာလိမ့်မယ်။ ကိုယ်တိုင်ကလည်း အလုပ်ကို စိတ်ပါဝင်စားမှု နည်းပါးနေမယ်။ ငွေကြေးအရ အဆင်ပြေပေမယ့် စိတ်ထဲ မကျေနပ်သလို ဖြစ်မယ်။ ခင်မင်ရင်းနှီးသူတွေနဲ့ စကားများရမယ်။ နှလုံးသားရေးမှာတော့ သာယာမယ့်နေ့ ဖြစ်တယ်။ လက်တွဲဖော်နဲ့ နားလည်မှု ယူနိုင်မယ်။ စိတ်ချမ်းသာမယ်။ ဒီနေ့ မနက် ၁၁ နာရီခွဲနဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ လက်ဆေးရည်အလှူ ပေးပါ။
ညံ့
စနေ - အကောင်းနဲ့ အဆိုးတွေ ရောထွေးနေမယ့်နေ့ ဖြစ်တယ်။ ဒါပေမယ့် အဆုံးသတ်မှာ အကောင်းတွေနဲ့သာ ကြုံရလိမ့်မယ်။ ဒီနေ့ အလုပ်ကံက အကောင်းဘက်မှာ ရှိတယ်။ လုပ်နေကျ ပုံစံကနေ ခွဲထက် လုပ်ကိုင်ကြည့်ဖို့ သင့်တယ်။ လမ်းဟောင်းအတိုင်းလုပ်နေကျအတိုင်း ဆက်လုပ်နေရင် သိပ်မထူးခြားဘဲ ဖြစ်မယ်။ ငွေကြေးကိစ္စမှာ ကံပွင့်လာဘ်ပွင့် ဖြစ်မယ်။ ရစရာတွေ ပြန်ရမယ်။ အချစ်ရေးမှာ ဘာမဟုတ်တာလေးနဲ့ စိတ်အခန့်မသင့် ဖြစ်မယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ အိမ်က ဘုရားမှာ ရွှေရင်အေး လှူပါ။
သင့်
#lotaya_horoscope
ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။