သင်ရွေးချယ်လိုက်တဲ့ အပျော်ရွှင်ဆုံးစုံတွဲကပြောပြပေးမယ့် သင့်ရဲ့အိုဇာတာ
lotaya.mpt.com.mm
|
2020-09-15

Shutterstock/ StockSmartStart& studiostoks& akiradesigns& akiradesigns

ဒီ Quiz လေးကနေ သင့်ရဲ့အိုဇာတာအခြေအနေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပေးထားတဲ့စုံတွဲ ၄ တွဲထဲက သင်အနှစ်သက်ဆုံးစုံတွဲတစ်တွဲကို ရွေးချယ်ပြီး အဲဒီစုံတွဲက သင့်ရဲ့အိုဇာတာနဲ့ပတ်သက်ပြီး ဘယ်လိုပြောထားမလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။

နံပါတ် ၁ စုံတွဲ




Shutterstock/ StockSmartStart

နွေးထွေးကြင်နာတက်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ စိတ်နေစိတ်ထားရှိတဲ့အတွက် လူတိုင်းက သင့်ကိုသဘောကြတတ်ပါတယ်။ သင်ဟာ သာယာပျော်ရွှင်မှုတွေနဲ့ပဲ သင့်ရဲ့အနာဂတ်နေ့ရက်တွေကို ဖြတ်သန်းရမှာပါ။ သင့်ရဲ့ သားသမီးနဲ့ မြေးမြစ်တွေဟာ ယဉ်ကျေးလိမ္မာကြမယ့်အပြင် သင့်ကိုအမြဲ ချစ်ကြောက်ရိုသေပြီး ဂရုစိုက်ကြပါလိမ့်မယ်။ ကျန်းမာရေးကို တစ်ခြားအရာတွေထက် ဂရုစိုက်တတ်တဲ့သင်ဟာ အသက်အရွယ်ကြီးလာတဲ့အချိန်တိုင်အောင် ကျန်းကျန်းမာမာနဲ့ နေထိုင်သွားရပါလိမ့်မယ်။

နံပါတ် ၂ စုံတွဲ




Shutterstock/ studiostoks

သင်ဟာ သင့်ရဲ့အလုပ်ကိစ္စနဲ့ပတ်သက်ရင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ရှိပြီး အရာရာကို စည်းစနစ်တကျ လုပ်ဆောင်တတ်တဲ့ အကျင့်ရှိပါတယ်။ အလုပ်ကြိုးစားတဲ့သင်ဟာ လုပ်စရာအလုပ်မရှိရင်တောင် ရှာကြံပြီးလုပ်နေတတ်တဲ့ သူမျိုးပါ။ ဒါကြောင့် သင့်ရဲ့အိုဇာတာကို ပြောရမယ်ဆိုရင် အသက်အရွယ်ကြောင့် အလုပ်ကနေ အနားယူလိုက်ရပေမယ့် အလုပ်ကြိုးစားတဲ့စိတ်ဓာတ်က အပြည့်ရှိနေသေးတဲ့အတွက် တစ်ခုမဟုတ်တစ်ခု ရှာကြံပြီး လုပ်နေပါလိမ့်မယ်။ ပြောရမယ်ဆိုရင် အသက်သာကြီးသွားပေမယ့်လည်း ဟိုစပ်စပ် ဒီစပ်စပ် ဝင်ပါပြီး လုပ်နေတုန်းပေါ့။

နံပါတ် ၃ စုံတွဲ




Shutterstock/ akiradesigns

သင်ဟာ ကလေးဘဝတုန်းက စိတ်ကူးယဉ်တက်သူ ဖြစ်ခဲ့တဲ့အတွက် သင့်ဆီမှာ အိမ်မက်တွေ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ဘဝဆိုတာ ထင်သလောက်လွယ်ကူတဲ့အရာမဟုတ်လို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွက် သင့်ရဲ့အိမ်မက်တွေကို မေ့ပစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သင့်ရဲ့ငယ်ငယ်က စိတ်ကူးယဉ်အိမ်မက်တစ်ချို့ကို အသက်ကြီးလာမှ အေးအေးဆေးဆေး အချိန်ယူပြီး ဖန်တီးနိုင်ပါလိမ့်မယ်။

နံပါတ် ၄ စုံတွဲ




Shutterstock/ akiradesigns

သင့်ရဲ့အိုဇာတာကတော့ အရမ်းကောင်းတယ်လို့ ပြောရပါ့မယ်။ ကျန်းမာရေးကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ဘဝ၊ ချစ်စရာကောင်းတဲ့ သားသမီး၊မြေးမြစ်တွေနဲ့ သင့်ရဲ့အနာဂတ်နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရပါလိမ့်မယ်။

#lotaya_quiz


အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကိုဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..