သင်ရွေးချယ်လိုက်တဲ့ မင်္ဂလာကိတ်ကပြောပြပေးမယ့် သင့်ရဲ့စိတ်ကူးထဲက ချိန်းတွေ့မှုပုံစံ
lotaya.mpt.com.mm
|
2020-09-22

Shutterstock/4_mai, Tanasan Sungkaew, Gordana Sermek, Nadin Statsishina, Gordana Sermek

တစ်စုံတစ်ယောက်နဲ့ ချိန်းတွေ့ရင် ဘယ်လိုပုံစံမျိုးနဲ့ ချိန်းတွေ့ချင်ပါသလဲ။ ဥပမာ - ရိုမန်တစ်ဆန်ဆန် ချိန်းတွေ့တာမျိုး၊ ရုပ်ရှင်လေးကြည့်ပြီး ချိန်းတွေ့တာမျိုး၊ လျှောက်သွားရင်း ချိန်းတွေ့တာမျိုး အစရှိတာမျိုးလေးတွေပေါ့။ ဒီနေ့မှာတော့ သင့်စိတ်ကူးထဲက ချိန်းတွေ့မှုပုံစံကို ဒီ Quiz လေးကနေ ခန့်မှန်းပေးသွားမှာပါ။ မင်္ဂလာကိတ်လေး ၆လုံးကို ပေးထားပြီး သင်အနှစ်ဆုံးတစ်ခုကို ရွေးချယ်လိုက်ပါ။ သင့်ရွေးချယ်မှုကတစ်ဆင့် သင့်ရဲ့စိတ်ကူးထဲက ချိန်းတွေ့မှုပုံစံကို ခန့်မှန်းပေးသွားမှာပါ။

နံပါတ် ၁




Shutterstock/4_mai

သင်က သာမန်စုံတွဲတွေလိုမျိုး သာမန်ရိုးကျ ချိန်းတွေ့မှုမျိုးတွေ မလုပ်ချင်ဘဲ တစ်မူထူးခြားတဲ့ ချိန်းတွေ့မှုပုံစံမျိုးတွေနဲ့ ချိန်းတွေ့ချင်ပါတယ်။ ပြောရရင် နှစ်ယောက်စလုံး မလုပ်ဖူးသေးတဲ့အရာတွေ၊ မသွားဖူးသေးတဲ့ နေရာတွေ၊ မစားဖူးတဲ့အရာတွေ အစရှိတဲ့ အသစ်အဆန်းလေးတွေလုပ်ပြီး ရင်ခုန်စိတ်လှုပ်ရှားရတဲ့ ချိန်းတွေ့မှုမျိုးကို လုပ်ချင်တတ်ပါတယ်။

နံပါတ် ၂




Shutterstock/ Tanasan Sungkaew

သင်က အထက်တန်းကျကျ အဆင့်မြင့်မြင့် ချိန်းတွေ့ချင်ပါတယ်။ ပြောရရင် ငွေကြေးအမြောက်အများသုံးပြီး အဆင့်မြင့်မြင့်ချိန်းတွေ့ရတာမျိုးပေါ့။

နံပါတ် ၃




Shutterstock/ Gordana Sermek

သင်က သာမန်စုံတွဲတွေလိုမျိုး သမရိုးကျချိန်းတွေ့မှုမျိုးလေးတွေနဲ့ပဲ ချိန်းတွေ့ချင်ပါတယ်။ သင့်စိတ်ထဲမှာ သင့်ချစ်သူနဲ့အတူရှိနေရတဲ့ အချိန်တွေကသာ အဓိကကျပြီး ဘယ်လိုပုံစံမျိုးတွေနဲ့ ချိန်းတွေ့ရမယ်ဆိုတာ ခေါင်းထဲမှာ သိပ်ပြီးစဉ်းစားလေ့မရှိပါဘူး။ ဒါပေမယ့် နှစ်ယောက်အတူရှိနေစဉ်မှာတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ အစီအစဉ်တကျဖြစ်ဖို့ကိုတော့ ဂရုစိုက်တတ်ပါတယ်။

နံပါတ် ၄




Shutterstock/Gordana Sermek

သင်က စိတ်ကူးယဉ်ဆန်ဆန် ချိန်းတွေ့ချင်ပါတယ်။ ပြောရရင် ရုပ်ရှင်တွေထဲကလို အချစ်တွေနဲ့ ပြည့်နှက်နေတဲ့ ချိန်းတွေ့မှုပုံစံတွေလိုပေါ့။

နံပါတ် ၅




Shutterstock/ Nadin Statsishina

သင်က ဘယ်လိုပုံစံမျိုးနဲ့ချိန်းတွေ့ရမယ်ဆိုပြီး စိတ်ကူးထားတာမျိုးမရှိဘဲ စိတ်ကူးပေါက်သလို ချိန်းတွေ့ရတာမျိုးကို နှစ်သက်ပါတယ်။ သင့်ကို စိတ်ပျော်ရွှင်စေပြီး လွတ်လွတ်လပ်လပ်ဖြစ်စေမယ့် ဘယ်လိုချိန်းတွေ့မှုပုံစံမျိုးနဲ့မဆို အဆင်ပြေပါတယ်။

#lotaya_quiz


အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကိုဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..