မြန်မာ့ရိုးရာ ကျန်းမာရေးဗေဒင်တွက်ကိန်း
lotaya.mpt.com.mm
|
2020-09-23

အခုတလောမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျန်းမာရေးအတွက် စိတ်မချ ဖြစ်နေသူတွေ၊ အလုပ်အကိုင်အရ လူကြားထဲ မဖြစ်မနေသွားလာလှုပ်ရှားနေရသူတွေ၊ ရောဂါကူးစက်မှာစိုးလို့ စိတ်တထင့်ထင့် ဖြစ်နေသူတွေ စတဲ့ ကိုယ့်ကျန်းမာရေးကို စိတ်ပူနေရသူတိုင်းအတွက် ကိုယ်တိုင် တွက်ကြည့် သိရှိနိုင်မယ့် မြန်မာ့ရိုးရာ ကျန်းမာရေး ဗေဒင်တွက်ကိန်းတွေကို ဖော်ပြပေးပါမယ်။ ဒီတွက်ကိန်းတွေနဲ့ စစ်ကြည့်ထားရင် ကိုယ့်ကျန်းမာရေးအတွက် အနည်းနဲ့အများ ကြိုတင်သတိထားနိုင်မှာမို့ လူအများ နားလည်လွယ်အောင် ပြပေးပါမယ်။

ပထမဆုံးအနေနဲ့ မြန်မာ့ဗေဒင်ပညာမှာ လူသိများသလောက် မှန်ကန်မှုလည်း ရှိတဲ့ ခန္ဓာပျက်ကိန်းတွက်နည်းကို ဖော်ပြပါမယ်။ ဒီနည်းနဲ့ တွက်မယ်ဆို ဂြိုဟ်သက်တွေကို သိထားရပါမယ်။ အောက်ပါ ဇယားမှာ ဂြိုဟ်သက်တွေ ပြထားပါတယ်။




တွက်နည်းကတော့ ကိုယ့်ရဲ့ ရောက်ဆဲအသက်နဲ့ မွေးနံဂြိုဟ်သက်ကို ပေါင်းပါ။ ပြီးရင် ၃ နဲ့ မြှောက်ပြီး ၉ နဲ့ စားပါ။ (၆) သို့မဟုတ် (ဝ) ကြွင်းခဲ့ရင် ဒီနှစ် ကျန်းမာရေး ညံ့တတ်တယ်။ ခန္ဓာပျက်ကိန်း ရှိတယ်လို့ မှတ်ပါ။

လက်တွေ့ဥပမာတစ်ခု ပြပါမယ်။ အသက် ၃၆ နှစ်ထဲ ရောက်နေတဲ့ တနင်္ဂနွေသားတစ်ဦးပါ။ သူ့အသက် ၃၆ နဲ့ ဂြိုဟ်သက် ၆ နှစ်နဲ့ ပေါင်းရင် ၄၂ ရပါမယ်။ ၄၂ ကို ၃ နဲ့ မြှောက်ရင် ၁၂၆ ရပါမယ်။ ၁၂၆ ကို ၉ နဲ့စားတဲ့အခါ (ဝ) ကြွင်းပါတယ်။ သူဟာ ၃၆ နှစ်ထဲမှာ ရောဂါဟောင်း ပြန်ထပြီး ခွဲစိတ်ကုသကိန်းနဲ့ ကြုံခဲ့ရပါတယ်။ ဒါဆိုရင်တော့ ခန္ဓာပျက်ကိန်း တွက်နည်းကို ကိုယ်တိုင် တွက်ကြည့်နိုင်မယ်လို့ ယူဆပါတယ်။

ဒုတိယအနေနဲ့ မကျန်းမမာ ဖြစ်ခဲ့ရင် ၊ တော်တော်နဲ့ နာလန်မထူရင် ရှေးတုန်းက တိုင်းရင်းဆေးသမားတော်တွေ တွက်ကြည့်တတ်တဲ့ စန်း၊ လွန်း၊ လဂ်၊ တြင်း၊ နဝင်း တွက်နည်းကို ပြပါမယ်။ တွက်နည်းတွေက လွယ်ပါတယ်။ ရှေးတုန်းက ခုလိုလင်္ကာလေးနဲ့ စပ်ဆိုထားခဲ့ပါတယ်။

အသက်တည်ထား နှောဆယ့်ငါး စားလေရှစ်ခုသာ သုန်းမူစန်းပြတ် မှတ်လေအပ် ဆုံးတတ် ထိုလူနာ။ ဆယ့်ခွန်နှောထား ရှစ်ခုစား သုန်းငြား လွန်းပြတ်ပါ။ ဆယ့်နှစ်နှောလေ ရှစ်စားပေ သုန်းလေ လဂ်ပြတ်ပါ။ ကိုးခုမြှောက်ထား သုံးခုစား သုန်းငြား တြင်းသာ။ သုံးမြှောက်ကိုးစား သုန်းလေငြား မှတ်သား နဝင်းပါ။

လင်္ကာလေးရဲ့ အဓိပ္ပါယ်ကို ဖွင့်ဆိုကြည့်ရင်….

ရောက်ဆဲအသက်ကို တည် (၁၅) နဲ့ပေါင်းပြီး ရလာတဲ့ ပေါင်းခြင်းဂဏန်းကို (၈) နဲ့စားပါ။ (ဝ) ကြွင်းရင် စန်း ပြတ်ပါတယ်။ လူနာဆိုရင် သေကိန်းပျက်ကိန်း ရှိပါတယ်။

ရောက်ဆဲအသက်ကို တည် (၁၇) နဲ့ ပေါင်းပြီး ရလာတဲ့ ပေါင်းခြင်းဂဏန်းကို (၈) နဲ့စားပါ။ (ဝ) ကြွင်းရင် လွန်း ပြတ်ပါတယ်။ လူနာဆိုရင် သေကိန်းပျက်ကိန်း သတိပြုရပါမယ်။

ရောက်ဆဲအသက်ကို တည် (၁၂) နဲ့ ပေါင်းပြီး ရလာတဲ့ ပေါင်းခြင်းဂဏန်းကို (၈) နဲ့စားပါ။ (ဝ) ကြွင်းရင် လဂ် ပြတ်ပါတယ်။ လူနာဆိုရင် သမားကောင်းနဲ့ ကုသရင် သေကိန်းလွတ်နိုင်ပါတယ်။

ရောက်ဆဲအသက်ကို တည် (၉) နဲ့ မြှောက်ပြီး ရလာတဲ့ ဂဏန်းကို (၃) နဲ့စားပါ။ (ဝ) ကြွင်းရင် တြွင်း သုဉ်းပါတယ်။ လူနာဆိုရင် သမားကောင်း၊ ဆေးကောင်းနဲ့ကုရင် ပျောက်ကင်းနိုင်ပါတယ်။

ရောက်ဆဲအသက်ကို တည် (၃) နဲ့ မြှောက်ပြီး ရလာတဲ့ ဂဏန်းကို(၉) နဲ့ စားပါ။ (ဝ) ကြွင်းရင် နဝင်း သုဉ်းပါတယ်။ လူနာဆိုရင် ဆေးကောင်း၊ ဆရာကောင်းနဲ့ ကုရင် ပျောက်ကင်းနိုင်ပါတယ်။

ဒီလောက်ဆိုရင် ရောက်ဆဲအသက်အရ ခန္ဓာပျက်ကိန်း ရှိ၊ မရှိ (ကျန်းမာရေးအန္တရာယ် ရှိ၊ မရှိ) ကိုယ်တိုင် တွက်ကြည့်နိုင်သလို မကျန်းမမာ ဖြစ်လာရင်လည်း အသက်ဘေး ရှိ၊ မရှိ စန်း၊ လွန်း၊ လဂ်၊ တြင်း၊ နဝင်း တွက်နည်းတွေနဲ့ တွက်စစ်နိုင်ပြီလို့ မျှော်လင့်ပါတယ်။

အားလုံးပဲ ကျန်းမာခြင်းသုခနဲ့ ပြည့်စုံပြီး ဘေးဘယာ ဝေးကွာကြပါစေခင်ဗျား

ဧက (ဗေဒင်သုတ)

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..