သင်ရွေးချယ်လိုက်တဲ့ ခေါင်းဘီးလေးကတစ်ဆင့် သင်ဟာဘယ်လိုအမျိုးသမီးလဲ ပြောပြမယ်
lotaya.mpt.com.mm
|
2020-10-13

Shutterstock/ Olga Kovalska

လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို လူတစ်ယောက်နဲ့တစ်ယောက် စိတ်နေစိတ်ထားခြင်း မတူညီကြပါဘူး။ ဒီနေ့မှာတော့ သင်ဟာ ဘယ်လိုစိတ်နေစိတ်ထားရှိတဲ့ အမျိုးသမီးလဲဆိုတာသိနိုင်ဖို့ စိတ်ဝင်စားဖို့ကောင်းတဲ့ စမ်းသပ်နည်းလေးတစ်မျိုးကို ပြင်ဆင်ထားပါတယ်။ ဒီစမ်းသပ်မှုလေးမှာ ရွေးချယ်မှုတွေအများကြီးကနေ သင့်စိတ်ကို ဆွဲအဆောင်နိုင်ဆုံး တစ်ခုကိုရွေးချယ်ရမှာဖြစ်ပြီး အဲဒီရွေးချယ်မှုလေးကတစ်ဆင့် သင့်ရဲ့စိတ်နေစိတ်ထားကို ဖော်ပြပေးသွားမှာပါ။ ကဲ စိတ်ဝင်စားရင် အမြန်ဆုံးလေ့လာကြည့်လိုက်ရအောင်….

နံပါတ် (၁)




Shutterstock/ Olga Kovalska

သင့်မှာ နွေးထွေးတဲ့စိတ်နှလုံးသားရှိပြီး ဘဝကိုရိုးရိုးရှင်းရှင်း နေထိုင်ဖြတ်သန်းလေ့ရှိပါတယ်။ အဲဒါကြောင့်လည်း သင်ဟာ တခြားအမျိုးသမီးတွေနဲ့မတူပဲ တမူထူးခြားစွာ ကွဲထွက်နေတာပါ။ တစ်ခါတစ်လေ တဖက်လူရဲ့ အသုံးချတာကို ခံရတဲ့အတွက် တချို့လူတွေကသင့်ကို အရမ်းရိုးအတယ်လို့ ထင်တတ်ကြပေမယ့် အမှန်တော့သင်ဟာ စိတ်ရှုပ်မခံချင်တာကြောင့် တချို့အရာတွေကို မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုနေလိုက်တာပါ။ သင်ဟာ ပျော်ပျော်နေတတ်ပြီး သင့်ကိုစော်ကားလာရင် ဘယ်တော့မှ ငြိမ်ခံမနေတတ်ပါဘူး။

နံပါတ် (၂)




Shutterstock/ Olga Kovalska

သင်ဟာ အမှောင်ထဲမှာတောက်ပနေတဲ့ နတ်သမီးလေးတစ်ပါးလိုပါပဲ။ မိန်းမဆန်ပြီး ညင်ညင်သာသာ ပြောဆိုနေထိုင်တတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ စကားပြောရင် တဖက်လူနားဝင်ချိုအောင် ချိုချိုသာသာ ပြောဆိုတတ်ပြီး နူးနူးညံ့ညံ့လေး ပြုံးတတ်ပါတယ်။ မြန်မာဝတ်စုံ၊ စကပ်၊ ဂါဝန် အစရှိတဲ့ မိန်းမဆန်ဆန် ဝတ်စားဆင်ယင်ရတာမျိုးကို နှစ်သက်ပါတယ်။ ဒီလိုမိန်းမဆန်ဆန် ပြောဆိုနေထိုင်တတ်တာကြောင့် သင်ဟာ လူတွေရဲ့အမြင်မှာ အလွန်ကျက်သရေရှိတဲ့ အထက်တန်းစားမိန်းမတစ်ယောက် ဖြစ်နေတတ်ပါတယ်။

နံပါတ် (၃)




Shutterstock/ Olga Kovalska

သင်ဟာ ဂနာမငြိမ်ပဲ အပြောင်းအလဲမြန်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါကြောင့် တချို့လူတွေအတွက် သင့်ကိုနားလည်ရန် အလွန်ခက်ခဲပါတယ်။ ဒါပေမယ့်လည်း သင်ဟာ သူတစ်ပါးအပေါ် သနားကြင်နာတတ်ပြီး အမြဲရိုင်းပင်းကူညီတတ်ပါတယ်။ အလုပ်တစ်ခုကို အဖန်တလဲလဲ ထပ်ခါထပ်ခါ လုပ်နေရတာမျိုးကို ပျင်းတဲ့သင်ဟာ သင့်ကို အခွင့်အလမ်းသစ်တွေ ပေးနိုင်တဲ့အရာမျိုးဆိုရင် ဘယ်အရာကိုမှ တွေဝေခြင်းမရှိပဲ မဆိုင်းမတွချက်ချင်း လုပ်ဆောင်တတ်ပါတယ်။

နံပါတ် (၄)




]Shutterstock/ Olga Kovalska

သင်ဟာ ကြွားဝါခြင်းမရှိပဲ မိမိကိုယ်ကိုယ် အမြဲနှိမ့်ချပြီးနေတတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒါ့အပြင် အမှန်တရားကို ရဲရဲဝင့်ဝင့်ထုတ်ပြောတတ်ပြီး ဒီလိုပြောလိုက်တဲ့ နောက်ကွယ်က အကျိုးဆက်တွေကို ကျေကျေနပ်နပ် ခံယူတတ်ပါတယ်။ တချို့လူတွေက သင့်ရဲ့ရိုးရိုးသားသားနဲ့ အမှန်အတိုင်းပြောတတ်တဲ့ အကျင့်ကိုမကြိုက်ကြပါဘူး။ လောကမှာ မုသားမပါ အရာမမြောက်သလိုမျိုးပေါ့။ အမြဲသက်သောင့်သက်သာ ဖြစ်စေမယ့် အရာမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ပြီး ဒေါက်မြင့်ဖိနပ် စီးရတာမျိုးကို မနှစ်သက်ပါဘူး။

နံပါတ် (၅)




Shutterstock/ Olga Kovalska

သင်ဟာ မိမိမှာရှိတဲ့အရာနဲ့တင် ကျေနပ်ပြီးရောင့်ရဲတင်းတိမ်စွာ နေတတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ မိမိမလိုအပ်တဲ့ အရာတွေကိုလည်း နှမြောတသဖြစ်နေခြင်း မရှိပဲ ပေးကမ်းစွန့်ကြဲတတ်ပြီး မလိုအပ်တဲ့အရာတွေမှာ ပိုက်ဆံသုံးလေ့မရှိပါဘူး။ ဒါပေမယ့် ပညာရေး၊ ခရီးသွားခြင်းနဲ့ ကျန်းမာရေး အစရှိတဲ့နေရာတွေမှာ ငွေကိုဖောဖောသီသီ သုံးလေ့ရှိပါတယ်။ အဝတ်အစားရွေးချယ် ဝတ်ဆင်တဲ့နေရာမှာလည်း မိမိကိုသက်တောင့်သက်သာ ရှိစေပြီး အဆင်ပြေစေမယ့် အရာမျိုးကို ဝတ်ဆင်တတ်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းလည်း အများကြီးမရှိတဲ့အပြင် တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် ချစ်တတ်ပြီး သက်ဆုံးတိုင် လက်တွဲသွားချင်စိတ် ရှိပါတယ်။

နံပါတ် (၆)




Shutterstock/ Olga Kovalska

သင်ဟာ တည်တည်ငြိမ်ငြိမ်နေတတ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ သင်ဟာ ဘယ်အရာကိုမဆို တစ်သက်မှတ်ထဲ စွဲမြဲစွာမှတ်သားထားလေ့ရှိပြီး တစ်ခုခုများအပြောင်းအလဲလေး ဖြစ်လိုက်ရင်တောင် စိတ်ဓာတ်တွေ ကျနေတတ်ပါတယ်။ ဥပမာပြောရရင် ကော်ဖီကိုတစ်နေ့တစ်ခွက် သောက်တတ်တဲ့သင်ဟာ တစ်ရက်လောက်များ မသောက်ရရင် စိတ်ဓာတ်တွေကျပြီး မနေတတ်မထိုင်တတ် ဖြစ်နေတာမျိုးပါ။ အပြောင်းအလဲတွေကို လက်ခံနိုင်ဖို့ သင့်အတွက် ခက်ခဲနေတတ်ပါတယ်။ ဒါ့အပြင် သင့်မှာ ရှေးရိုးစွဲတဲ့အတွေးအခေါ် အမူအကျင့်တွေ ရှိနေတတ်ပါသေးတယ်။ လူမှုပတ်ဝန်းကျင်နဲ့ အပြောင်းအလဲတွေမှာ လိုက်လျောညီထွေဖြစ်အောင် နေပါလို့အကြံပေးချင်ပါတယ်။

#lotaya_quiz


အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကိုဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်




ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..