
ရာသီခွင်တွေနဲ့ ပတ်သက်ပြီးတော့ ဒီတစ်ခေါက်ဖော်ပြပေးမှာကတော့ ဘယ်တော့မှ ပြင်လို့မရတဲ့ အကျင့်ဆိုးလေးတွေအကြောင်းပဲဖြစ်ပါတယ်။ အကျင့်ဆိုးဆိုပေမယ့် ကြီးကြီးမားမားမဟုတ်ဘဲ နေ့တိုင်းလိုလို လုပ်မိနေတဲ့ အကျင့်ဆိုးသေးသေးလေးတွေပါ။ ဒီတော့ ကိုယ့်ရာသီခွင်အလိုက် ဘယ်လိုအကျင့်ဆိုးလေးတွေ ရှိနေကြလဲဆိုတာကြည့်လိုက်ရအောင်။
Aries: မတ်လ ၂၁ မှ ဧပြီလ ၁၉ ရက်နေ့ထိ
Aries တွေရဲ့ ပြဿနာကတော့ မက်ဆေ့ခ်ျတွေကို reply လုပ်ဖို့မေ့တာပါပဲ။ ဘယ်သူပဲ သူ့ကို စာပို့ပို့ သူက ဖတ်တော့ဖတ်လိုက်တယ်နော်။ Reply ပြန်ဖို့လုပ်တယ်၊ ဒါပေမဲ့ တစ်မျိုးမဟုတ်တစ်မျိုးကြောင့် မေ့ကိုသွားတတ်ကြတာပါ။ ၂ ရက်နေမှ reply ပြန်တာမျိုးပေ့ါ။
Taurus: ဧပြီလ ၂၀ မှ မေလ ၂၀ ရက်နေ့ထိ
ပြင်မရတဲ့အကျင့်ကတော့ ရုပ်ရှင်ကြည့်နေတုန်း ပေါက်ပေါက်ဖောက်တာပါပဲ။ သူများကိုလည်း အားမနာဘဲနဲ့ကို စကားသွားသွားပြောနေတာပါ။
Gemini: မေလ ၂၁ မှ ဇွန်လ ၂၀ ရက်နေ့ထိ
လူတွေကို တွေ့တွေ့ချင်း ဝေဖန်မြန်တာမျိုးကတော့ သူတို့ရဲ့ အကျင့်ဆိုးပါပဲ။ လူတွေကို အမြင်နဲ့တင် ပြင်းပြင်းထန်ထန်ဝေဖန်ပြီးတော့ကို တစ်ဖက်သားကို မကောင်းမြင်တတ်တာမျိုးပေါ့။

Freepik- cookie_studio
Cancer: ဇွန်လ ၂၁ မှ ဇူလိုင်လ ၂၂ ရက်နေ့ထိ
ကိုယ့်ကိုယ်ကိုပဲဖြစ်ဖြစ်၊ ရင်းနှီးတဲ့လူတွေကိုပဲဖြစ်ဖြစ်၊ တွယ်တာရတဲ့ပစ္စည်းတစ်ခုခုကိုပဲဖြစ်ဖြစ် အစွဲလန်းလွန်ပြီးတော့ အလွန်အကျူးတွေ ကာကွယ်တတ်တာ Cancer တွေပါပဲ။
Leo: ဇူလိုင်လ ၂၃ မှ သြဂုတ်လ ၂၂ ရက်နေ့ထိ
Leo တွေရဲ့ အကျင့်ဆိုးလေးကတော့ လူတိုင်းကို ခွင့်လွှတ်တယ်လို့ပြောနေတတ်ပေမယ့်လို့ စိတ်ထဲမှာတော့ တေးထားတတ်ပြီးတော့ လုံးဝကို ခွင့်မလွှတ်တတ်တဲ့ လူမျိုးတွေပါ။
Virgo: သြဂုတ်လ ၂၃ မှ စက်တင်ဘာ ၂၂ ရက်နေ့ထိ
အရာရာတိုင်းကို အစီအစဉ်တကျနဲ့ ချေးများတတ်တဲ့အကျင့်ရှိနေတာဟာ Virgo တွေပါပဲ။ စည်းနဲ့စနစ်နဲ့နေတာမျိုးဟာ ကောင်းတဲ့အကျင့်ပေမယ့်လို့ Virgo တွေကတော့ လုံးဝလွန်လွန်ကျူးကျူးကိုပဲ ဖြစ်နေတဲ့အတွက်ကြောင့် စိတ်ပျက်စရာတော့ ကောင်းနေပါတယ်။

Freepik- pjaunpjaun
Libra: စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ရက်နေ့ထိ
လုံးဝတစ်သက်လုံးဖျောက်ဖျက်လို့မရနိုင်တဲ့ အကျင့်တစ်ခုကတော့ ပိုက်ဆံဖြုန်းတာပါပဲ။ သဒ္ဓါတရားကလည်းရှိ၊ အားကလည်း နာတတ်၊ ကိုယ်တိုင်ကလည်း အကောင်းကြိုက်တတ်တာမလို့ Libra တွေဟာ ရှာသလောက် လောက်တယ်လို့ကို မရှိပါဘူးတဲ့လေ။
Scorpio: အေက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ရက်နေ့ထိ
လူတိုင်းအပေါ်ကို အရမ်းစွဲလန်းလွန်ပြီး သူတတစ်ယောက်တည်းအတွက်ပဲ အဲဒီလူရှိနေရမယ်ဆိုပြီး စိတ်ထားတတ်တာမျိုးဟာ ကိုယ်တိုင်အတွက်ရော၊ တစ်ဖက်သားအတွက်ရော ဘယ်လိုမှ မကောင်းနိုင်ပါဘူး။
Sagittarius: နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၁ ရက်နေ့ထိ
အမြဲတမ်း ပျော်ဖို့ရွှင်ဖို့ကိစ္စတွေကို ဘဝရဲ့တခြားသောအရာတွေထက်ပိုပြီး ဦးစားပေးနေတာကြောင့် တစ်ခါတစ်လေမှာ သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတတ်ကြပါတယ်။

Freepik- cookie_studio
Capricorn Dates: ဒီဇင်ဘာ ၂၂ ရက်မှ ဇန်နဝါရီ ၁၉ ရက်နေ့ထိ
Capricorn တွေကတော့ ဘယ်သူ့ကိုမှ စိတ်မရှည်တတ်ကြတာပဲ။ သူတို့ကိုယ်သူတို့အတွက်တောင်မှပဲ စိတ်မရှည်တတ်တဲ့အတွက်ကြောင့် တော်ရုံလူနဲ့ အဆင်မပြေတတ်ကြပါဘူး။
Aquarius: ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့ထိ
ညတိုင်း ဘာတွေလုပ်လို့လုပ်မှန်းမသိ အမြဲတမ်း မနက်မိုးလင်းလင်းသွားတတ်တာဟာ Aquarius တွေပါပဲ။ အိပ်ချိန်မမှန်တာကိုတော့ ဘယ်လိုမှ ပြင်လို့မရတဲ့ အကျင့်ဆိုးပါပဲ။
Pisces: ဖေဖော်ဝွရီ ၁၉ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိ
ပစ္စည်းပျောက်တာပါ။ အရေးကြီးပါတယ်ဆိုတဲ့ ပစ္စည်းတွေကိုမှ ဖျောက်ပစ်တတ်ကြတာဟာ Pisces တွေပါပဲ။
penny