
တချို့က အတိတ်ကံ ကောင်းလွန်းလှတော့ ကြုံသလို ကံစမ်းရုံနှင့် ထီဆုကြီးကြီး ပေါက်တတ်ကြသည်။ တချို့ ကံအားနည်းသူတွေကျတော့ အတော်ကြီး တွက်ချက်ကံစမ်းနိုင်မှ ဆုတစ်ခု ဝင်တတ်ကြသည်။ အတိတ်ကံဒါန မျိုးစေ့ ဘယ်လို ရှိနေတယ်ဆိုသည်ကိုတော့ မမြင်နိုင်သည့်တိုင် မျက်မှောက်ဘဝတွင် ကုသိုလ်ကံဆက်သည့် ဒါနမျိုးစေ့များ ချရင်း (ဘာသာရေး၊ အလှူအတန်းများ ပြုရင်း) ဗေဒင်ပညာကို အသုံးပြု၍ ထီထိုးကံစမ်းနိုင်မည့် နည်းလမ်းတချို့ကို လိုတရ ပရိတ်သတ်များအတွက် မှတ်စုထုတ်နုတ် ဖော်ပြလိုက်ရပါသည်။
သက်ရောက်ဗေဒင်ဖြင့် ထီထိုးခြင်း
ရောက်ဆဲ အသက်ကို တည်၍ ၈ နှင့် စားပါ။ နေ့သားအလိုက် အောက်ပါ အကြွင်းရသော နှစ်များတွင် ထီထိုး ကံစမ်းကြည့်နိုင်ပါသည်။ ထိုအကြွင်းနှစ်များသည် ထီကံ ပွင့်လန်းတတ်သော အသက်ပိုင်းများ ဖြစ်သည်။
ဖော်ပြပါ အကြွင်းရသောနှစ်များတွင် အိမ်အနီးအပါး၌ ကိုယ်ဝန်ဆောင် ရှိခြင်း၊ နတ်ပွဲ လုပ်ခြင်း၊ နတ် တင်ခြင်း၊ မြွေကို အိပ်မက် မက်ခြင်း၊ အိမ်ထဲသို့ မြွေဝင်ခြင်း စသော နိမိတ်များလည်း ပြလာလျှင် ထီထိုးကံစမ်းကြည့်ရန် တိုက်တွန်းပါသည်။ (ထီပေါက်စေနိုင်သော အိပ်မက်များအကြောင်း သီးသန့် တင်ပြပါဦးမည်)
ထီထိုးကံစမ်းမည်ဆိုပါက မိမိတို့ မွေးဖွားသည့် မြန်မာခုနှစ်အလိုက် တစ်သက်တာ ကံကောင်းစေသည့် ဂဏန်း သင်္ချာများကို ခွဲခြားထားပါသည်။ ပထမဦးစွာ မိမိ မွေးဖွားသည့် မြန်မာမွေးနှစ်ကို တည်၍ (၇) နှင့် စားပါ။ ရသောအကြွင်းအရ အောက်ပါဂဏန်းများကို မိမိတို့ စိတ်ကြိုက် ဉာဏ်ပြေးသလို ကံစမ်းကြည့်နိုင်ပါသည်။
ဥပမာ - အသက် (၄၀) ထဲတွင် ရောက်နေသော အင်္ဂါသားသမီးတစ်ဦး ဆိုပါစို့၊ အသက်ကို (၈) နှင့် စားသော် (ဝ) ကြွင်းမည်။ ထို့ကြောင့် ယခု အသက် ၄၀ ထဲတွင် ထီပေါက်နိုင်ခြေ ရှိနေပြီဆိုလျှင် သူ၏ မြန်မာမွေးခုနှစ်ကို (၇) နှင့်စား၍ ရသော အကြွင်းမှ ကံကောင်းစေသော ဂဏန်းများကို ရွေးချယ်၍ ထီထိုးကံစမ်းနိုင်ပါသည်။
ငွေဝင်ထီပေါက် ချမ်းသာရောက်ကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope
အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။
ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်