စွချောကြီးတွေ စုဝေးနေတဲ့ ရာသီခွင် (၅) ခုအကြောင်း
lifestylemyanmar.com
|
2020-11-10


Cancer ဖွားလေးတွေက အပြစ်ကင်းစင်တဲ့မျက်နှာနဲ့ စိတ်ကူးယဉ်ဆန်ဆန် ချောပေးနေတဲ့သူတွေပါ။ သူတို့ရဲ့မျက်နှာကို မြင်လိုက်တာနဲ့ မြင်သူအပေါင်းရဲ့ရင်ကိုအေးသွားစေပြီး ဒါက သူတို့အတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုလို့ဆိုနိုင်ပါတယ်။

ရာသီခွင်တွေဟာ လူတစ်ယောက်ချင်းစီရဲ့ စိတ်နေစိတ်ထားနဲ့အသွင်အပြင်တို့ကို တစ်နည်းမဟုတ် တစ်နည်းနဲ့ အကျိုးသက်ရောက်လေ့ရှိပါတယ်။ အချို့ရာသီခွင်တွေက စိတ်သဘောထားကြီးတယ်၊ အချို့ကျ စိတ်ဆိုးလွယ်တယ်၊ အချို့ကျ သဘောအရမ်းကောင်းပြီး အချို့ကျ အချစ်ရေးမှာ ကံဆိုးတယ် အစရှိသဖြင့်ပေါ့။ ကဲ… ဒါဆို စွချောကြီးတွေ၊ အချောကြီးတွေ စုဝေးနေတဲ့ ရာသီခွင်တွေကရော ဘယ်ရာသီခွင်တွေဖြစ်မလဲ… သိပြီးကြပြီလား?? မသိသေးရင် ကြည့်လိုက်ရအောင်။




၁။ Aquarius

ဇန်နဝါရီလ (၁၉) ရက်နေ့ကနေ ဖေဖော်ဝါရီလ (၁၉) ရက်နေ့အထိ မွေးဖွားတဲ့ Aquarius လေးတွေက လှပတဲ့မျက်လုံး၊ ကောင်းမွန်တဲ့ဆံသား၊ ပုံစံကျတဲ့မေးရိုးနဲ့ ခြေထောက်ကအစ ဆွဲဆောင်မှုရှိနေတာပါတဲ့။ နောက်ပြီး သူတို့က ထူးချွန်တဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုပိုင်ဆိုင်ထားကြသလို စိတ်အားထက်သန်မှုတွေကလည်း သူတို့ရဲ့ပြီးပြည့်စုံနေတဲ့ ရုပ်ရည်သွင်ပြင်ကို အကောင်းဆုံးထောက်ပံ့ပေးထားကြပါတယ်။




၂။ Aries

မတ်လ (၂၀) ရက်နေ့ကနေ ဧပြီလ (၁၉) ရက်နေ့အထိ မွေးဖွားတဲ့ Aries လေးတွေရဲ့ ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်း၊ ထင်ရှားတဲ့နဖူးက အထင်ရှားဆုံးနဲ့ အသိသာဆုံးပြယုဂ်ပါပဲ။ Personality ကောင်းမွန်မှုက သူတို့ရဲ့ အရည်အချင်းတစ်ခုဖြစ်ပြီး ယုံကြည်စိတ်ချရတယ်၊ ရိုးသားတယ်၊ စိန်ခေါ်မှုတွေကိုလည်း အကောင်းဆုံးဖြေရှင်းနိုင်ပါတယ်။ ဦးဆောင်နိုင်စွမ်းရှိတာကလည်း ရုပ်ချောရင်း အောင်မြင်တဲ့သူတစ်ယောက်ဖြစ်စေပါတယ်။




၃။ Cancer

ဇွန်လ (၂၀) ရက်နေ့ကနေ ဇူလိုင်လ (၂၂) ရက်နေ့အထိ မွေးဖွားတဲ့ Cancer ဖွားလေးတွေက အပြစ်ကင်းစင်တဲ့မျက်နှာနဲ့ စိတ်ကူးယဉ်ဆန်ဆန် ချောပေးနေတဲ့သူတွေပါ။ သူတို့ရဲ့မျက်နှာကို မြင်လိုက်တာနဲ့ မြင်သူအပေါင်းရဲ့ရင်ကိုအေးသွားစေပြီး ဒါက သူတို့အတွက် သဘာဝကပေးတဲ့ လက်ဆောင်တစ်ခုလို့ဆိုနိုင်ပါတယ်။ အဲ့ဒီမျက်နှာလေးနဲ့ပဲ သူတို့က အီစီကလီတွေလုပ်နိုင်ကြသေးတယ်နော်။ နောက်ပြီး Cancer လေးတွေက အရမ်းကိုခံစားလွယ်ပြီး ထစ်ခနဲရှိမျက်ရည်ကျတတ်တာကြောင့် ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ မျက်ရည်ကျနေရင်လည်း မြင်ရသူအတွက် သနားချစ်လေးတစ်ခုဖြစ်နိုင်ပါတယ်။




၄။ Capricorn

ဒီဇင်ဘာ (၂၁) ရက်နေ့ကနေ ဇန်နဝါရီလ (၁၉) ရက်နေ့အထိ မွေးဖွားတဲ့ Capricorn တွေရဲ့ ခန္ဓာကိုယ်က အင်မတန်မှ ဆွဲဆောင်မှုရှိတယ်လို့ဆိုကြပြီး လိင်ပိုင်းဆိုင်ရာအရပါ အကောင်းဆုံးဆွဲဆောင်နိုင်တယ်လို့ဆိုကြပါတယ်။ အလုပ်ကြိုးစားမှု၊ ခံယူချက် အစရှိတာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ Capricorn တွေက ရုပ်ပါအလိုလိုချောလာပြီး အခုလိုပဲ အချောကြီးတို့ရဲ့ ရာသီခွင်စာရင်းထဲပါလာတာပေါ့။




၅။ Sagittarius

နိုဝင်ဘာလ (၂၁) ရက်နေ့ကနေ ဒီဇင်ဘာလ (၂၁) ရက်နေ့အထိ မွေးဖွားတဲ့ Sagittarius လေးတွေရဲ့ အပြုံးက အရမ်းကိုချိုမြပြီး အကောင်းမြင်တတ်တဲ့သူတို့လေးတွေရဲ့စိတ်နဲ့ပါပေါင်းစပ်လိုက်ချိန်မှာတော့ ဘယ်သူမှမယှဉ်နိုင်အောင်ကို ချစ်ဖို့ကောင်း၊ ချောမောလှပသွားပါလေရော။ ဒါ့အပြင် သူတစ်ပါးအပေါ် မမှီခိုဘဲ ကိုယ့်အသိစိတ်နဲ့ကိုယ်စွမ်းဆောင်နိုင်တာက သူတို့ရဲ့အားသာချက်တစ်ခုအဖြစ်ရှိနေပြီး အပြုံးကတော့ သူတို့အတွက် အထင်ရှားဆုံးလက္ခဏာတစ်ခုပါတဲ့နော်။




ကဲ… ပရိသတ်ကြီးရေ။ အခုပြောပြပေးခဲ့တာကတော့ ရုပ်ချောကြီးတို့စုဝေးနေတဲ့ ရာသီခွင်လေးတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီရာသီခွင်တွေထဲမှာ ကိုယ့်ရာသီခွင်မပါရင်တောင်မှ လူတိုင်းမှာ ကိုယ်ပိုင်အလှတရားတွေရှိပြီးသားဖြစ်တာကြောင့် စိတ်မပျက်ကြပါနဲ့လို့ ပြောချင်ပါတယ်နော်။




Some text some message..