ရှောင်ကျဉ်အပ်သော (၁၃) ဂဏန်းရက်များ
lotaya.mpt.com.mm
|
2020-11-18

မြန်မာ့ဗေဒင်ပညာမှာ မင်္ဂလာကိစ္စတွေ မလုပ်အပ်တဲ့ ပြဿဒါးရက် ဆိုတာကို လူသိများပါတယ်။ ဘယ်ရက်က ပြဿဒါး ကျတယ် ဆိုတာကိုလည်း ပြက္ခဒိန်မှာ အလွယ်တကူ ကြည့်နိုင်ပါတယ်။ ဒါပေမယ့် ပြဿဒါးရက်လိုမျိုး သတိထား ရှောင်ကျဉ်ရမယ့် ၊တနည်းအားဖြင့် မင်္ဂလာအခါ မပေးအပ်တဲ့ ဝါရမိတ္တုရက်ဆိုတာလည်း ရှိပါတယ်။
ဝါရမိတ္တရက် ဖြစ်ပေါ်လာပုံက ထူးဆန်းပါတယ်။ မြန်မာပြက္ခဒိန်က လဆန်း၊ လဆုတ် ရက်မရွေး ရက်နဲ့ နေ့ကို ပေါင်းလို့ (၁၃) ဂဏန်း ရရင် ဝါရမိတ္တုအဖြစ် သတ်မှတ်တာကြောင့် အနောက်တိုင်းဂဏန်းသင်္ချာဗေဒင်ပညာက အမင်္ဂလာဂဏန်းလို့ ယူဆတဲ့ (၁၃) ဂဏန်းနဲ့ သွားဆင်တူနေတာပါပဲ။ တဲရော့ဗေဒင်မှာလည်း ကတ်နံပါတ် ၁၃ က Death (သေမင်းကဒ်) ဖြစ်ပါတယ်။ ဒီတော့ ဝါရမိတ္တုရက်ဟာ (၁၃) ဂဏန်းနဲ့ပတ်သက်နေတာ တွေ့ရပါတယ်။
ဝါရမိတ္တုရက်ကို ဘယ်လို တွက်ယူသလဲ
ဒီလ နိုဝင်ဘာ ၂၄ ရက်နေ့ဟာ မြန်မာပြက္ခဒိန်မှာ ကြည့်တဲ့အခါ တန်ဆောင်မုန်းလဆန်း ၁၀ ရက် - အင်္ဂါနေ့ ဖြစ်ပါတယ်။ အဲဒီတော့ ၁၀ ရက်နဲ့ အင်္ဂါနေ့ ဆိုတဲ့ ၃ ကို ပေါင်းရင် (၁၃) ဂဏန်း ရပါတယ်။ တနည်းအားဖြင့် ဝါရမိတ္တုရက် ဖြစ်နေပါတယ်။ အောက်ပါဇယားမှာ ဝါရမိတ္တုဘယ်နေ့ကျသလဲဆိုတာ အလွယ်သိနိုင်ပါတယ်။



ဝါရမိတ္တုရက်မှာ ဘာတွေ ရှောင်ရမလဲ
ဝါရမိတ္တု ဘယ်လို ဖြစ်လာသလဲ၊ ဘယ်လို တွက်ယူရသလဲ ဆိုတာတော့ သိပါပြီ။ ဝါရမိတ္တုရက်မျိုးမှာ ဘာတွေ ရှောင်ရမယ်၊ ဘာတွေ သတိထားရမယ်ဆိုတာ ဆက်ပြောပါမယ်။ ဝါရမိတ္တုရက်မှာ အိမ်သစ်တက်မင်္ဂလာအခါ ယူတာ၊ ထိမ်းမြားမင်္ဂလာ လက်မှတ်ထိုးတာ၊ ခရီးဝေး စတင်တာ၊ အရောင်းအဝယ်ကိစ္စ တေ့ဆိုင်စကားဆိုတာ၊ တောင်သူလယ်သမားတွေဆို မျိုးကြဲတာ၊ ကျီသွင်းတာတွေ မလုပ်သင့်ဘူးလို့ ရှေးဗေဒင်ကျမ်းတွေမှာ အဆို ရှိပါတယ်။ အဲဒီရက်ကို မင်္ဂလာရက်မြတ်အဖြစ် ယူမိ၊ လုပ်မိရင် စိုးရိမ်သောက များမယ်လို့ ဆိုပါတယ်။
ဒီတော့ အနောက်တိုင်းဂဏန်းဗေဒင်ရော မြန်မာ့ဗေဒင်အရပါ အမင်္ဂလာသဘော ဖြစ်နေတဲ့ ဝါရမိတ္တု (သို့) ၁၃ ဂဏန်း ကျတဲ့ရက်တွေကို ကိုယ်တိုင် သိရှိ ရှောင်ကျဉ်နိုင်ဖို့ ဗဟုသုတတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။
ရိုးရာဗေဒင်သုတ တိုးပွားရရှိကြပါစေ
ဧက (ဗေဒင်သုတ)
#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..