ဒီဇင်ဘာ ၂ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2020-12-02

တနင်္ဂနွေ - လုပ်ကိုင်ကြံစည်သမျှ အပျက်အစီးက များတတ်တဲ့နေ့ ဖြစ်တယ်။ ကိုယ်ရေးကိုယ်တာမှာပဲ ဖြစ်ဖြစ် အလုပ်ကိစ္စမှာဖြစ်ဖြစ် ရည်မှန်းသလို ဖြစ်မလာဘဲ အခက်အခဲ၊ အတားအဆီးတွေ များတတ်တယ်။ လုပ်ငန်းခွင် အလုပ်ထဲမှာ စိတ်မကြည်လင်စရာတွေ များမယ်။ တာဝန်ပိုတွေ၊ တာဝန်ကြီးတွေ ထမ်းဆောင်ပေးရနိုင်တယ်။ ငွေကြေးကိစ္စမှာ မတင်မကျတွေ ဖြစ်ပြီးမှ အဆင်ပြေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးတော့ ကံကောင်းမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ် ယတြာအဖြစ် ဘုရားမှာ သစ်သီး ၆ စိတ် ကပ်လှူပေးပါ။

ညံ့

တနင်္လာ - ပျော်ရွှင်ဝမ်းမြောက်စရာတွေ၊ ကြည်နူးစရာတွေ ကြုံတွေ့ရမယ့်နေ့မျိုး ဖြစ်တယ်။ တစ်ခုထက်မကတဲ့ အခွင့်အရေးတွေလည်း ရလာတတ်တယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာလည်း အထောက်အပံ့ အကူအညီတွေ ရရှိပြီး အဆင်ပြေပြေ ဖြစ်လာမယ်။ လုပ်ငန်းစီးပွားကံဇာတာ ကောင်းမယ်။ ကိုယ့်ကို နေရာပေး၊ မျက်နှာသာပေး ဆက်ဆံလာကြမယ်။ ဒါပေမယ့် အပေါင်းအသင်းကိုတော့ သတိပြုရမယ်။ ငွေကြေးပိုင်းမှာ စိတ်ရှုပ်စရာတွေကို ကြုံတွေ့ရမယ်။ အရလည်း နည်းတတ်တတယ်။ နှလုံးသားရေးကဏ္ဍမှာ ကံဇာတာ အားနည်းမယ့်နေ့ ဖြစ်တယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ သီဟိုဠ်စေ့နဲ့ ဆွမ်းကပ်ပေးပါ။

ကောင်း

အင်္ဂါ - ဒီနေ့မှာ မိတ်ဆွေအပေါင်းအသင်းတွေဆီက အကူအညီတွေ ရတတ်တယ်။ လုပ်နေကျ အလုပ်တွေမှာ သည်းခံရတာ၊ စိတ်မောလူမော ဖြစ်တာတွေ ရှိလာလိမ့်မယ်။ စီးပွားရေးမှာ အင်တိုက်အားတိုက် လုပ်ပေမယ့် ကိုယ့်အတွက် အကျိုးအမြတ် နည်းတာမျိုး ကြုံရတတ်တယ်။ အလုပ်တွေ သိပ်မကောင်းဘဲ ဖြစ်နေလိမ့်မယ်။ ငွေအတွက်နဲ့ စိတ်ညစ်ရမယ်။ နှလုံးသားရေးမှာလည်း တစ်ဖက်သတ်ဆန်တာတွေကြောင့် ပြဿနာ ဖြစ်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ နွားနို့ပူပူလေးတစ်ခွက် ကပ်လှူ ဆုတောင်းပါ။

သင့်

ဗုဒ္ဓဟူး - တပါးသူတွေကြောင့် မဟုတ်ဘဲ ကိုယ်မှားလို့၊ ကိုယ်ညံ့လို့ အဆိုးတွေနဲ့ ထိပ်တိုက် တိုးရတတ်တယ်။ အလုပ်မှာဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာဖြစ်ဖြစ် စိတ်လိုက်မာန်ပါတွေ လျှောက်လုပ်မိတတ်တယ်။ အလုပ်မှာက အတိုက်အခံ ပေါပြီး အကြိတ်အနယ် ယှဉ်ရတာမျိုး ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ကိုယ့်ဘက်က အရေးနိမ့်ပြီး အရှုံးနဲ့ အဆုံးသတ်ရတတ်တယ်။ ဒီနေ့မှာ ဆေးမှား၊ အစားမှားတာတွေ ဖြစ်တတ်တယ်။ ဆင်ခြင်ရလိမ့်မယ်။ ငွေကြေးကံတော့ ထူးခြားစွာ ကောင်းနေတတ်တယ်။ နှလုံးသားရေးမှာ အပြိုင်ပေါ်တာမျိုး ကြုံရတတ်တယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ရေသတ္တဝါတွေကို အစာကျွေးပြီး ယတြာပြုပေးရမယ်။

ညံ့

ရာဟု - မိတ်ဆွေအပေါင်းအသင်းရဲ့ အကျိုးကျေးဇူးကို ခံစားရမယ်။ သူတို့ရဲ့ ကူညီစောင့်ရှောက်မှုကို ရရှိမယ်။ တစ်နေ့တာလုံးမှာ ကြံစည်လုပ်ဆောင်သမျှ စိတ်အနှောင့်အယှက် မကင်းဘဲ ဖြတ်သန်းရမယ်။ အလုပ်အကိုင်နဲ့ စီးပွားရေးမှာလည်း မပြီးပြတ်သေးတဲ့ ပြဿနာတွေက နောက်ပြန်ဆွဲ ဖိအားပေးတတ်တယ်။ ဒါပေမယ့် ငွေကြေး ကံဇာတာတော့ ကောင်းမယ်။ မထင်မှတ်ဘဲ ကံကောင်းတတ်တယ်။ နှလုံးသားရေးမှာ စိတ်မချရတာမျိုး ရှိမယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးသူကို လက်သန့်ဆေးရည် လှူပေးလိုက်ပါ။

သင့်

ကြာသပတေး - ဒီနေ့မှာ မျက်နှာပျက်စရာတွေ၊ ကိုယ့်သိက္ခာကို ထိပါးတာမျိုးတွေ ကြုံရတတ်တယ်။ ကိုယ်တိုင် မှန်ကန်အောင်သာ နေပါ။ ပြဿနာတွေက သူ့ဖာသာ ရှင်းသွားပါလိမ့်မယ်။ အလုပ်အကိုင်၊ စီးပွားရေးကိစ္စတွေ ကံကောင်းမယ်။ လုပ်ကိုင်ကြိုးစားလို့လည်း အခွင့်အလမ်းတွေ ရလာမယ်။ အကျိုးအမြတ်လည်း ကောင်းမယ်။ ဒီနေ့ ငွေကြေးကံဇာတာက လမ်းကြောင်းနှစ်ခုက ဝင်တတ်တယ်။ အတော်လေး စောင့်ခဲ့ရတဲ့ ငွေကြေးကိစ္စမျိုး အဆင်ပြေသွားတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာ ကျေနပ်စရာတွေ များနေပါလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ နဲ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ သပြေပန်းတွေ ကပ်လှူပေးပါ။

ကောင်း

သောကြာ - စိတ်ရှုပ်စရာတချို့က လွဲရင် ဒီနေ့က အတော်လေး ပြည့်စုံကောင်းမွန်တဲ့နေ့ ဖြစ်တယ်။ အလုပ်တွေ လည်ပတ်မှု ကောင်းပြီး အကျိုးအမြတ်လည်း ခိုင်မာမှု ရှိမယ်။ ဘေးစကားတွေ၊ အရေးမပါတဲ့ လူတွေကိုတော့ သတိနဲ့ ဆင်ခြင် ရှောင်ရှားရမယ်။ ကိုယ့်ကို စိတ်ပျက်စေမယ့် စကားတွေ ဝိုင်းပြောလာတတ်တယ်။ စီးပွားရေးမှာ အထိုင်မကျသေးတာတွေကို ဒီနေ့မှာအထိုင်ချနိုင်မယ်။ ငွေကြေးကိစ္စအတွက် စိတ်ရှုပ်စရာတွေ များတတ်တယ်။ ကြားဝင်အာမခံတာတွေ ရှောင်ရမယ်။ နှလုံးသားရေးမှာ ကံဇာတာ ညံ့တယ်။ အတိုက်အခိုက်တွေ များနေမယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ နို့ထမင်းနဲ့ ဆွမ်းကပ်လှူပေးပါ။

ကောင်း

စနေ - အလုပ်အကိုင်၊ စီးပွားရေးကိစ္စတွေမှာ ရသလောက်နဲ့ ကျေနပ်ရလိမ့်မယ်။ ကိုယ့်စိတ်တိုင်းကျ လိုက်ပြီး ဖန်တီးနေရင် အလုပ် မဖြစ်ဘဲ နေလိမ့်မယ်။ ဒီနေ့ လုပ်ငန်းစီးပွားရပ်တွေမှာ အခက်အခဲတွေ များတတ်တယ်။ လုပ်တာကိုင်တာ မှားနေမယ်။ အကြီးအကဲတွေနဲ့လည်း အဆင်မပြေ ဖြစ်တတ်တယ်။ လူရင်းတွေက သစ္စာ ဖောက်တတ်တယ်။ ငွေရေးကြေးရေး အထွက်များမယ်။ စိတ်ညစ်ရတတ်တယ်။ ဘာကိုမှ ယတိပြတ်ဆုံးဖြတ် လုပ်ကိုင်လို့မရ ဖြစ်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ သောကမကင်းဘဲ ဖြစ်မယ်။ အာရုံနောက်ရမယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် စေတီတစ်ဆူမှာ ညလုံးပေါက်မီးလှူပါ။

သင့်

#lotaya_horoscope


အပတ်စဉ် အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံး၀ မကုန်ဘဲ ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။

ဒီလင့်ခ်ကို နှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ်ရယူမည်



Some text some message..