လောက်တွေအစုံလိုက်အပြုံလိုက်လုံးထွေးနေတာကို မြင်မက်တဲ့အခါ
အိပ်မက်ထဲမှာ လောက်တွေအစုလိုက်အပြုံလိုက် လုံးထွေးနေတယ်လို့ မြင်မက်တာဟာ တကယ့်လက်တွေ့ဘဝမှာ ကိုယ်ချစ်ခင်ယုံကြည်ရသူတွေရဲ့ သစ္စာဖောက်ခြင်းကိုခံရနိုင် ပြီး သင့်အတွက်ကြမ္မာဆိုးတွေ၊ ကပ်ဆိုက်မှုတွေရောက်ရှိလာတော့မယ် လို့ဆိုလိုခြင်းဖြစ်ပါတယ်။ လောက်တွေကိုအိပ်မက်မက်ခြင်းဟာ စီးပွားရေးကျဆင်းတော့မယ့် လက္ခဏာတစ်ရပ်ဖြစ်ပြီး ဒီလိုမြင်မက်ခြင်းဟာသင့်ကို လောဘသားကောင်တွေရဲ့အဝေးမှာနေထိုင်ဖို့သတိပေးခြင်းသဘောမျိုးပဲဖြစ်ပါတယ်။
လောက်တွေကသင့်ကိုတိုက်ခိုက်လာတယ်လို့အိပ်မက်မက်တဲ့အခါ
လောက်တွေအုံလိုက်ကျင်းလိုက်မခံမရပ်နိုင်အောင် သင့်ရဲ့ ခန္ဓာကိုယ်ကိုတိုက်ခိုက်နေတယ်လို့အိပ်မက်မြင်မက်ရင် ပြင်ပလောကမှာ သင့်ကိုမလိုမုန်းထားပြီး ပြိုင်ဆိုင်လိုတဲ့သူရှိနေပြီဆိုတဲ့ လက္ခဏာပဲဖြစ်ပါတယ်။ ပြိုင်ဆိုင်လိုစိတ်ရှိသူဟာ သင့်သူငယ်ချင်းအရင်းကြီးလဲဖြစ်နိုင်တာမို့အစစအရာရာ သတိထားပြီးနေဖို့လိုအပ်ပါတယ်။
အဖြူရောက်လောက်တွေကိုအိပ်မက်မြင်မက်တဲ့အခါ
အဖြူရောင်လောက်တွေကို မြင်မက်တာဟာအနီးနားမှာရှိတဲ့လူယုံရဲ့ သစ္စာဖောက်ခြင်းကို ခံရတတ်ပါတယ်။အဖြူရောင်လောက်တွေကိုမြင်မက်ခြင်းဟာ ဆင်းရဲခြင်းကိုလဲ ရည်ညွှန်းတယ်လို့အဓိပ္ပါယ်ရပါတယ်။
ခန္ဓာကိုယ်အရေပြားထဲကလောက်တွေထွက်လာတယ်လို့အိပ်မက်မြင်မက်တဲ့အခါ
ခန္ဓာကိုယ်အရေပြားထဲကနေ လောက်တွေထွက်လာတယ်လို့အိပ်မက်မြင်မက်တာဟာ သင့်မှာ မကြာခင်အရေပြားနဲ့ပတ်သတ်တဲ့ရောဂါဝေဒနာတစ်ခုခုကိုခံစားရတော့မယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။
ပိုးချည်ထုတ်တဲ့ပိုးကောင်ကိုအိပ်မက်မြင်မက်တဲ့အခါ
ပိုးချည်ထုတ်တဲ့ပိုးကောင်ကိုအိပ်မက်မြင်မက်တာဟာ သင်အကောင်အထည်မဖော်ရသေးတဲ့ ရည်မှန်းချက်တွေမကြာခင်ပြည့်ဝအောင် လုပ်ဆောင်နိုင်မယ့်နိမိတ်ပဲဖြစ်ပါတယ်။
လောက်တွေကိုသတ်ရတယ်လို့အိပ်မက်မက်တဲ့အခါ
အိပ်မက်ထဲမှာ လောက်တွေကိုသတ်နေရတယ်လို့အိပ်မက်မက်တဲ့အခါ သင့်မှာရှိတဲ့အခက်အခဲတွေအားလုံးကိုကျော်လွှားနိုင်ပြီးအောင်မြင်မှုသရဖူဆောင်းရမယ့်အချိန်အခါရောက်ရှိလာတော့မှာဖြစ်ပါတယ်။
လောက်ကျနေတဲ့အသီးကိုမြင်မက်တဲ့အခါ
IMAGE LINK URL HERE
အိပ်မက်ထဲမှာ သစ်သီးတစ်ခုခု လောက်ပိုးတွေကျနေတယ်လို့ မြင်မက်တဲ့အခါ သူမတူတဲ့နာတာရှည်ရောဂါတစ်ခုကိုခံစားရတော့မှာဖြစ်ပါတယ်။ ရောဂါမကျွမ်းမှီအလျင်မီအောင် ကြိုတင်ကာကွယ်ထားဖို့လိုအပ်ပါတယ်။
သစ်ရွက်တွေမှာ လောက်ပိုးကျနေတယ်လို့မြင်မက်တဲ့အခါ
သစ်ရွက်တွေမှာလောက်ပိုးတွေကျနေတယ်လို့အိပ်မက်မြင်မက်တာဟာအမိုှက်ကစ ပြသာဒ်မီးလောင်ဆိုတဲ့အတိုင်း ပြဿနာသေးသေးလေးကနေအကြီးကြီးဖြစ်သွားနိုင်တဲ့ နိမိတ်လက္ခဏာ ဖြစ်ပါတယ်။ မိတ်ဆွေ၊သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ မိသားစုဝင်တွေရဲ့အထင်အမြင်လွဲမှားခြင်းကိုခံရနိုင်ပါတယ်။
လောက်တွေကိုစားနေရတယ်လို့အိပ်မက်မြင်မက်တဲ့အခါ
လောက်တွေကိုစားနေရတယ်လို့အိပ်မက်မြင်မက်တာဟာလုပ်ငန်းခွင်မှာ သင့်ကိုလုပ်ငန်းခွင်မှာ မနာလိုရှုစိမ့်တဲ့သူရှိနေပြီဖြစ်ပါတယ်။ ထိုသူကသင့်ကိုအချိန်ပြည့်ချောက်ချဖို့သင့်ရဲ့ဟာကွက်ကိုအမြဲစောင့်ကြည့်နေပါလိမ့်မယ်။