ဇန်နဝါရီ ၁၂ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-01-12

တနင်္ဂနွေ - ကိုယ့်ကိစ္စတင်မဟုတ်ဘဲ သူများကိစ္စတွေမှာပါ တာဝန်ယူရ၊ ဖြေရှင်းပေးရတာမျိုး ဖြစ်မယ်။ ဒီနေ့မှာ စိတ်အနှောင့်အယှက်ဖြစ်စရာတွေလည်း အတော့်ကို များလာတတ်တယ်။ အလုပ်မှာ အဆင်ပြေအောင်မြင်ပေမဲ့ ပူပန်သောက မကင်းဘဲ လုပ်ကိုင်ရလိမ့်မယ်။ လူမျိုးကွဲ၊ ဘာသာခြား၊ နိုင်ငံခြားနဲ့တွဲလုပ်တဲ့ကိစ္စတွေမှာ နှေးကွေး ကြန့်ကြာမယ်။ ငွေရေးကြေးရေးအတွက် စိတ်ပူရတတ်တယ်။ အကုန်အကျ များတာ၊ ရှာဖွေရခက်တာ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အေးချမ်းမှုတွေ ပြည့်နှက်နေမယ်။ လူငယ်တွေ စန်းပွင့်ပြီး ပျော်ရွှင်ရမယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံဟင်းခါး ကပ်လှူ ဆုတောင်းရမယ်။

သင့်

တနင်္လာ - အလုပ်ကိစ္စရော ငွေရေးကြေးရေးမှာပါ ဒီနေ့က ကံကောင်း အောင်မြင်မှု ရလိမ့်မယ်။ အလုပ်မှာ အသိအမှတ်ပြု ခံရတာ၊ နေရာကောင်းရတာတွေ ဖြစ်လာနိုင်သလို လုပ်ငန်းသစ် တိုးချဲ့ချင်ရင်လည်း ဒီနေ့က နေ့ကောင်းရက်သာဖြစ်တယ်။ ခရီးကောင်းတွေ သွားရတတ်ပြီး ကိုယ့်အတွက်လည်း အကျိုးကျေးဇူး ရှိလိမ့်မယ်။ ပျော်ရွှင်စရာ လူမှုပွဲလမ်းတွေလည်း ပေါ်ပေါက်လာတတ်တယ်။ သွားလေရာမှာ မျက်နှာပန်းလှ အဆင်ပြေမယ်။ နှလုံးသားရေးမှာတော့ အညံ့ ရှိတယ်။ အကြီးအကဲတွေကြောင့် စိတ်ညစ်ရမယ်။ ပြဿနာဟောင်း ပေါ်မယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ သီလရှင်ကို ဆန်၊ ဆီ တစ်ခုခု လှူပေးပါ။

ကောင်း

အင်္ဂါ - ဒီနေ့မှာ အလုပ်တွေ သိပ်မကောင်းဘဲ ဖြစ်နေမယ်။ အတက်အကျတွေ များတတ်တယ်။ အလှည့်အပတ် အကွေ့အကောက်တွေလည်း ရှိလာနိုင်တယ်။ လူလိမ်လူညာတွေနဲ့တိုးတတ်တယ်။ ကိုယ်ရမယ့် အခွင့်အရေးက သူများလက်ထဲ ပါသွားတတ်တယ်။ သတင်းမှားတွေ၊ ကောလာဟလတွေကြောင့် ဒုက္ခများမယ်။ ငွေကြေးကိစ္စ အဝင်အထွက် များနေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကတောက်ကဆ များမယ်။ ကြားလူ ဝင်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဆီထမင်း ဆွမ်းကပ်လှူပြီး ဆုတောင်းပေးပါ။

သင့်

ဗုဒ္ဓဟူး - အဆက်အသွယ် အဟောင်း၊အသစ်တွေနဲ့ ပိုပြီး ချိတ်မိလာမယ်။ လူအများစုနဲ့ ပတ်သက်လာရတတ်ပြီး ကိုယ့်အတွက် အခွင့်အရေးတွေ ဖန်တီးနိုင်မယ်။ အသွားအလာတွေ များပြီး အထိုင်မကျဘဲ ဖြစ်နေတတ်တယ်။ ရေရှည်ထက် ရေတို ကြံဖန်လုပ်တဲ့ အလုပ်တွေ ကောင်းမယ်။ အလုပ်မှာ တွေဝေစဉ်းစားစရာတွေ များနေမယ်။ အတွေးလွန်၊စဉ်းစားတာ များပြီး အခွင့်ကောင်းတွေ လွတ်သွားတတ်တယ်။ ငွေကြေးကိစ္စတော့ ကံကောင်းမယ်။ နှလုံးသားရေးမှာ စိတ်ချမ်းသာရမယ်။ ကိုယ်မျှော်လင့်ထားတာတွေ အဆင်ပြေမယ်။ အိမ်တွင်းရေး ပူပန်ရမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အကြော်စုံ ကပ်လှူပေးပါ။

ကောင်း

ရာဟု - စိတ်ကူးအတွေးတွေ မှန်နေတတ်တယ်။ ကိုယ်ခန့်မှန်းလိုက်ရင် အမှားနည်းပြီး အမှန်တွေက များမယ်။ အလုပ်မှာ နှစ်ခုပြိုင် လုပ်ရတာမျိုး ဖြစ်လာမယ်။ အနှောင့်အယှက်တွေ ရှိသလို အကူအညီလည်း ရတတ်တယ်။ ငွေရေးကြေးရေးမှာ လမ်းကြောင်းတွေ ပွင့်လာမယ်။ ငွေဝင်လမ်းတစ်ခုမက ပေါ်လာနိုင်တယ်။ ငွေရှာလို့လည်း လွယ်ကူအဆင်ပြေမယ်။ ကံကောင်းတတ်တယ်။ အချစ်ရေးမှာတော့ အီလေးဆွဲနေမယ်။ ကြန့်ကြာနေလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းတတ်တယ်။ ယတြာအနေနဲ့ ဘုရားကျောင်းဆောင်ကို သန့်ရှင်းပေးပါ။

ကောင်း

ကြာသပတေး - ဒီနေ့မှာ ဘာလုပ်လုပ် တစ်ပိုင်းတစ်စတွေ ဖြစ်ပြီး ကျန်ရစ်မယ်။ လုပ်ငန်းစီးပွားကိစ္စတွေမှာ သူ့အလိုလို အဆင်ပြေချောမွေ့လိမ့်မယ်။ နည်းနည်း အားစိုက်ပေးရုံနဲ့ များများ အမြတ် ကျန်မယ်။ အလုပ်ထဲမှာ အဆင်ပြေပေမယ့် ကိုယ့်ကိုကိုယ် အလိုမကျတွေ ဖြစ်နေတတ်တယ်။ ငွေကြေးကိစ္စမှာ ကံကောင်းတတ်တယ်။ ထူးထူးခြားခြား ဝင်မယ်။ အချစ်ရေး၊အိမ်ထောင်ရေးမှာတော့ အထစ်အငေါ့တွေ ဖြစ်မယ်။ နားလည်ရ ခက်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကော်ဖီနဲ့ကျောက်ကျောမုန့် ကပ်လှူဆုတောင်းပါ။

သင့်

သောကြာ - တစ်နေ့လုံး နားအေးပါးအေးနဲ့ ကိစ္စတိုင်းကို သက်တောင့်သက်သာ ဖြတ်ကျော်နိုင်မယ်။ အလုပ်မှာ ကိုယ့်အပေါ် မရိုးသားသူတွေ ရှိတတ်လို့ သတိထား လုပ်ရမယ်။ လုပ်နေကျ အလုပ်တွေ ပို ခက်ခဲလာတတ်ပြီး ပင်ပင်ပန်းပန်း လုပ်ရတတ်တယ်။ တာဝန်ကြီးတွေလည်း ကိုင်တွယ်ရတတ်တယ်။ ငွေကြေးကံကောင်းပေမယ့် တစ်ပိုင်းတစ်စတွေ ဖြစ်တာ များမယ်။ အဝင်အထွက် မြန်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စကားမှားလို့ ရှင်းရတတ်တယ်။ ဒါပေမယ့် ဒီနေ့မှာမိတ်ဆွေအပေါင်းအသင်း အကျိုးပြုမယ်။ အကူအညီတွေ ပေးကြလိမ့်မယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပေးပါ။

သင့်

စနေ - ကျန်းမာရေးအရ အားနည်းတတ်တဲ့နေ့ ဖြစ်လို့ ဆင်ခြင်ရမယ်။ ကူးစက်ဖျားနာဖို့ လွယ်ကူတဲ့နေ့ ဖြစ်လို့ အစစအရာရာ သွားလာလှုပ်ရှားမှုတိုင်းမှာ သတိပြုရမယ်။ မီး၊ အပူ၊ လျှပ်စစ်တွေနဲ့ ကိုင်တွယ် လုပ်ကိုင်တဲ့အခါ ပိုဂရုစိုက်ရမယ်။ အလုပ်မှာ ဖိအားပေးခံရတာ၊ အတိုက်အခိုက်တွေ များတာမျိုး ကြုံရတတ်ပြီး ကိုယ်တိုင်ကလည်း လေးတိလေးကန်နဲ့ စိတ်မပါလက်မပါ ဖြစ်နေတတ်တယ်။ ငွေကြေးအတွက် စကားပြောဆို ငြင်းခုံရတတ်တယ်။ နှလုံးသားရေးမှာ ဆုံးဖြတ်ရခက်တာတွေ သိပ်များမယ်။ စိတ်ရှုပ်စရာတွေလည်း ဖြစ်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၆ ကြား ကံကောင်းတတ်တယ်။ ယတြာအနေနဲ့ ကျီးတွေကို အစာကျွေးတာမျိုး လုပ်ပေးပါ။

ညံ့

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..