ဇန်နဝါရီ ၂၅ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-01-25

တနင်္ဂနွေ - ဒီနေ့ အလုပ်ကိစ္စတွေမှာ အကြိမ်ကြိမ် ပြန်လုပ်ရတာတွေ ဖြစ်တတ်တယ်။ အထင်အမြင် လွဲတာနဲ့ စာရင်းအင်း မှားယွင်းတာတွေ ဖြေရှင်းရတတ်တယ်။ အလုပ်မှာ ပင်ပန်းတကြီးနဲ့ လုပ်ရပြီး တာဝန်တွေလည်း ကိုယ့်ဆီ စုပြုံကျလာနိုင်တယ်။ ဒါပေမယ့် ကြိုးစားရကျိုးတော့ နပ်မယ်။ ငွေကြေးရလမ်းတွေ ဖြောင့်တန်းမယ်။ အတော်ကြာ စောင့်နေရတဲ့ ငွေကြေးကိစ္စတွေ ပြေလည်မယ်။ အချစ်ရေး၊အိမ်ထောင်ရေး ကံကောင်းလိမ့်မယ်။ လက်တွဲဖော်ဆီက အကူအညီတွေ ရတတ်တယ်။ ဒါပေမယ့် မိသားစုအရေးအတွက် စိတ်ညစ်ပူပန်ရလိမ့်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သီးစုံကုလားပဲဟင်းနဲ့ ဆွမ်းကပ် ဆုတောင်းပါ။

သင့်

တနင်္လာ - သူများကိစ္စတွေထဲ ဝင်မပါရင် ဒီနေ့က အားလုံး အဆင်ပြေတယ်လို့ ဆိုရမယ်။ ပြီးတော့ စိတ်များတာ အာရုံထွေပြားတာတွေကို သတိပြုရမယ်။ ကိုယ့်စိတ်ကူးအကြံအစည်အတိုင်း လုပ်ရင် အောင်မြင်မှု ရလွယ်မယ်။ အလုပ်မှာလည်း အလွယ်တကူနဲ့ အရာရာကို လုပ်ကိုင်ဖြတ်သန်းသွားနိုင်မယ်။ လုပ်ငန်းကနေ အကျိုးအမြတ်ပါ ရလွယ်လိမ့်မယ်။ ဒါပေမယ့် အများနဲ့ ဆက်စပ်တဲ့ကိစ္စတွေမှာ မပတ်သက်တာ ကောင်းမယ်။ အချစ်ရေးကိစ္စတွေ မပြေမလည် ဖြစ်တတ်တယ်။ အိမ်တွင်းရေးမှာလည်း ပြဿနာတွေ များနေမယ်။ စကားပိုတွေ ပြောရလိမ့်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၁၀ ကြား ကံကောင်းတတ်တယ်။ ယတြာအဖြစ် ဘုရားမှာ ဆီဆမ်းထမင်း ကပ်လှူပေးရမယ်။

သင့်

အင်္ဂါ - အလုပ်အကိုင်၊ စီးပွားရေးမှာ သတိထားရမယ်။ အရေးကြီးကိစ္စတွေ ဒီနေ့ မစတာ ကောင်းမယ်။ စမိခဲ့ရင် အဆုံးမသတ်ဘဲ ကြန့်ကြာသွားလိမ့်မယ်။ အလုပ်ထဲမှာ စကားရောင်းစကားဝယ် လုပ်တာ၊ ကောလာဟတွေကို ယုံမိတာတွေကြောင့် ပြဿနာ တက်နိုင်တယ်။ လုပ်လက်စတွေ မပြီးပြတ်ဘဲ အချိန်ဆွဲနေလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဘက်က နည်းနည်း ကြိုးစားရုံနဲ့ အခက်အခဲတွေ ပြေလည်လိမ့်မယ်။ ငွေကြေးကိစ္စမှာ ဘယ်လောက်ပဲရရ ပြန်ကုန်ဖို့ ဖြစ်နေမယ်။ ငွေအတွက် ပူပန်ရမယ်။ နှလုံးသားရေးမှာ ဆူဆူပူပူနဲ့ ခဏခဏ စကားများရလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ နို့ထမင်းဆွမ်း ကပ်လှူပေးပါ။

သင့်

ဗုဒ္ဓဟူး - ဒီတစ်နေ့တာလုံးမှာ ကံအားနည်းတတ်လို့ လုပ်ကိုင်သမျှ အရာအားလုံးကို သတိထားဖို့ လိုအပ်တယ်။ စီးပွားရေးမှာ အဖုအထစ်တွေ များတတ်ပြီး ကိုယ်ဘာလုပ်လုပ် အတိုက်အခိုက် ရန်လိုတာတွေ ရှိနေမယ်။ တွက်ကိန်းမှား၊ အယူအဆ လွဲလို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေနဲ့ လွဲချော်ရတတ်တယ်။ စိတ်အာရုံနောက် ဗျာများစရာကိစ္စတွေနဲ့ချည်း တွေ့ကြုံရနိုင်တယ်။ နှလုံးသားရေးမှာလည်း ကြားဝင်နှောင့်ယှက်သူ ရှိတတ်တယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် နွမ်းပါးသူတွေကို အချိုရည် လှူပေးလိုက်ပါ။

ညံ့

ရာဟု - အရင်ပြဿနာဟောင်းတွေ၊ အတိတ်က မပြီးမပြတ်တဲ့ကိစ္စတွေ ဒီနေ့မှာ ပြန်ပေါ်လာမယ်။ အလုပ်ကိစ္စ စီးပွားရေးပိုင်းမှာ ရှေ့မတိုးနိုင်ဘဲ နောက်ပြန်ဆုတ်ရသလို ဖြစ်မယ်။ ကိုယ်လုပ်သမျှကို အပြစ်ရှာ ဝေဖန်သူတွေ၊ အတိုက်အခံ လုပ်လိုသူတွေ များနေတတ်တယ်။ ကိုယ်တိုင်ကလည်း ပေါက်ကရတွေ တွေးမိလုပ်မိတတ်တယ်။ အလုပ်ကံ အားနည်းပေမယ့် ငွေကြေးကံတော့ ကောင်းနိုင်တယ်။ အချစ်ရေးမှာ ဒွိဟ၊ သံသယတွေ များနေမယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားစေတီမှာ သန့်ရှင်းရေးကုသိုလ် လုပ်ပေးရမယ်။

သင့်

ကြာသပတေး - ကျန်းမာရေး အားနည်းတတ်တဲ့နေ့ ဖြစ်တယ်။ မထင်မှတ်ဘဲ ရောဂါဝေဒနာတွေ ခံစားရတတ်ပြီး ဖြစ်ရင်လည်း တော်တော်နဲ့ မပျောက်ဘဲ ကြာတတ်တယ်။ အလုပ်ကိစ္စတွေ အောင်မြင်ပြီးမြောက် လွယ်ကူနေပြီး ဖြစ်ချင်တာ အတော်များများကိုလည်း ဖြစ်မြောက်အောင် လုပ်နိုင်လိမ့်မယ်။ အကျိုးအမြတ်လည်း ရရှိလိမ့်မယ်။ ဒီနေ့မှာ မလိုအပ်ဘဲနဲ့ သူများကိစ္စတွေထဲ ဝင်ပါတာ၊ ကူညီရတာတွေ ၊ စေတနာ့ဝန်ထမ်း လုပ်ရတာတွေ ရှိမယ်။ ငွေကြေးကံကောင်းပေမယ့် စောင့်ဆိုင်းရမယ်။ နှလုံးသားရေးမှာ အဆင်ပြေစိတ်ချမ်းသာမယ်။ စန်းပွင့်လိမ့်မယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သကြားဖြူးဆွမ်းကပ်လှူပြီး ယတြာပြုပေးပါ။

သင့်

သောကြာ - ဒီနေ့ အလုပ်အကိုင် ၊ စီးပွားရေးကောင်းမွန်မှု ရှိလိမ့်မယ်။ ဆုံးပြီ ထင်တဲ့ အကြွေးတွေ၊ မရတော့ဘူး ထင်ခဲ့တဲ့ အလုပ်ကိစ္စတွေ ပြန်အဆင်ပြေလာမယ်။ ရပ်ဝေးဒေသကနေ သတင်းကောင်းတွေ ကြားသိရလိမ့်မယ်။ စိတ်ကူးတွေ အကောင်အထည် ဖော်ဖြစ်မယ်။ တစ်နေ့တာလုံး စိတ်ပျော်ရွှင်ကျေနပ်စရာတွေ များနေလိမ့်မယ်။ ဒါပေမယ့် အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက် ဖြစ်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြားဟာ ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ နန်းကြီးသုပ်တစ်ပွဲ ကပ်လှူ ဆုတောင်းပေးပါ။

ကောင်း

စနေ - ဒီနေ့မှာ ထီထိုးကံစမ်းတာတွေ လုပ်နိုင်တယ်။ ကံကောင်းတတ်တယ်။ ဒါပေမယ့် ငွေရေးကြေးရေးမှာက မတည်မငြိမ်တွေ ဖြစ်မယ်။ ရလိုက်ကုန်လိုက်နဲ့ ဖြစ်တတ်တယ်။ အလုပ်ကိစ္စမှာလည်း အစပိုင်းမှာ ဟုတ်သလိုနဲ့ အဖျားရှူးသွားတာမျိုးတွေ ဖြစ်တတ်တယ်။ အကြီးအကဲတွေနဲ့ မသင့်မမြတ် ဖြစ်မယ်။ အစိုးရ၊ အာဏာပိုင်တွေ၊ အုပ်ချုပ်ရေးပိုင်းလူတွေက နှောင့်ယှက်တတ်တယ်။ နှလုံးသားရေးမှာ ကတောက်ကဆ ဖြစ်စရာတွေ များမယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဒိန်ချဉ်တစ်ခွက် ကပ်လှူပြီး ယတြာပြုပါ။

သင့်

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..