(၁၂) ရာသီခွင်ဖွားများအတွက် တစ်လစာဗေဒင်ဟောစာတမ်း ( ဧပြီ ၊ ၂၀၂၁ )
lotaya.mpt.com.mm
|
2021-04-07

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလထဲတွင် အလုပ်အကိုင်ကံဇာတာ အားနည်းလာနိုင်ပြီး လုပ်ငန်းခွင်အတွင်း များစွာသော ခက်ခဲတားဆီးမှုနှင့် ရင်ဆိုင်ရတတ်သည်။ အကြီးအကဲများ၊ မင်းစိုးရာဇာ၊ အာဏာပိုင်များနှင့်လည်း ပြဿနာများ ဖြစ်ပေါ်နိုင်၍ ကိုယ့်ဘက်က မမှားအောင် ကြိုတင်သတိထားရလိမ့်မည်။ ငွေကြေးနှင့်ပတ်သက်၍ လလယ်ပိုင်း၌ ထူးထူးခြားခြား ကံကောင်းတတ်သော်လည်း လနှောင်းပိုင်းတွင်မူ အကျပ်အတည်းများ ဖြစ်ပေါ်လာရန် ရှိသည်။

မေတ္တာရေးရာ - ပထမလဝက်အထိ နှလုံးသားရေးအခြေအနေကောင်းများ ကြုံတွေ့ရတတ်ပြီး လက်တွဲဖော်ကို ဦးဆောင်မှု ပေးနိုင်ခြင်း၊ သတင်းကောင်းများ မျှဝေခြင်းဖြင့် စိတ်ချမ်းသာမှုများ ခံစားရမည်။ လူပျိုလူလွတ်များ ယခုလတွင် အချစ်ရေး ရည်မှန်းချက်များ အောင်မြင်နိုင်သည်။ ကိုယ့်နားဝန်းကျင်မှာပင် အဆင်ပြေသွားမည်။

အခြားကဏ္ဍများ - ယခုလပထမပတ်ထဲတွင် စိတ်မရှည်သည်းမခံနိုင်စရာကိစ္စများကို ကြုံလာတတ်သော်လည်း နောက်ပိုင်းတွင် ပြန်ပြေလည်သွားလိမ့်မည်။ လလယ်ပိုင်းတွင် မိတ်ဆွေအပေါင်းအသင်း၊ ပတ်ဝန်းကျင်ကြောင့် အခွင့်အလမ်းကောင်းများ ရရှိတတ်သည်။ ကျန်းမာရေး ချူချာနိုင်သောကာလ ဖြစ်၍ သတိထား ဆင်ခြင်ရမည်။

နေ့ကောင်းရက်သာ - ဧပြီလအတွင်း အင်္ဂလိပ်လို ၄ ၊ ၅ ၊ ၆ ၊ ၇ ၊ ၈ ၊ ၁၀ ၊ ၁၂ ၊ ၁၆ ၊ ၁၇ ၊ ၂၀ ၊ ၂၁ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လုပ်ငန်းစီးပွားကိစ္စများကို စိတ်ဖိစီးမှုနှင့် ယှဉ်၍ လုပ်ကိုင်ရလိမ့်မည်။ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေ ဖြစ်တတ်ပြီး ထိုအချက်ကြောင့်ပင် လုပ်ငန်းလည်ပတ်မှု မတွင်ကျယ်ဘဲ ဖြစ်လိမ့်မည်။ ငွေကြေးကံ ကောင်းတတ်သောကာလ ဖြစ်ပြီး လလယ်ပိုင်းမှ စ၍ အခွင့်ကောင်းများ ပေါ်လာနိုင်သည်။ လုပ်ငန်းရေးရာပိုင်း သိပ်မဟန်သော်လည်း ငွေကြေးကိစ္စတွင် မျှော်လင့်တာထက် ပိုကောင်းမည့် ကံဇာတာမျိုးကို ကြုံတွေ့ရမည်။

မေတ္တာရေးရာ - လလယ်ပိုင်းမှ စ၍ အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍများ အထင်အရှား ပေါ်လွင်လာနိုင်သည်။ ဆွဲဆောင်အား ကောင်းလာနိုင်သောအချိန် ဖြစ်၍ ဖူးစာဖက်၊ လက်တွဲဖော် ရှာနေသူများ ကံကောင်းတတ်သည်။ စုံတွဲများအကြား နားလည်မှုနှင့် အေးချမ်းမည့် ကာလ ဖြစ်ပြီး အိမ်ထောင်ရှင်များလည်း သာယာမှု ရရှိလိမ့်မည်။

အခြားကဏ္ဍများ - တစ်ကိုယ်ရေကိစ္စ ဖြစ်စေ၊ လုပ်ငန်းကိစ္စ ဖြစ်စေ ခရီးသွားလာရန် ကောင်းမွန်သောလ ဖြစ်ပြီး ခရီးစဉ်မှ အကျိုးအမြတ်ခံစားခွင့်များပါ ရရှိတတ်သည်။ ကျန်းမာရေးလည်း အညံ့မရှိနိုင်သောကာလ ဖြစ်သည်။ အထူးသဖြင့် ဒုတိယလဝက်တွင် ကံပိုကောင်းနိုင်သည်။ မိသားစုအရေးတွင်မူ စိတ်ညစ်စရာများ ရှိလာနိုင်သည်။

နေ့ကောင်းရက်သာ - ဧပြီလအတွင်း အင်္ဂလိပ်လို ၂ ၊ ၃ ၊ ၅ ၊ ၆ ၊ ၉ ၊ ၁၀ ၊ ၁၃ ၊ ၁၅ ၊ ၁၇ ၊ ၁၉ ၊ ၂၁ ၊ ၂၂ ၊ ၂၃ ၊ ၂၅ ၊ ၂၆ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယေဘုယျအားဖြင့် တစ်လတာလုံးတွင် အလုပ်အခြေအနေ အတော်သင့် ကောင်းမွန်လိမ့်မည်။ လုပ်ငန်းစီးပွားဆိုင်ရာ အခွင့်အလမ်းများလည်း ပေါ်ပေါက်လာရန် ရှိသည်။ လုပ်ဖော်ကိုင်ဖက်၊ အကြီးအကဲတို့က ကူညီဖေးမလိမ့်မည်။ လအစပိုင်းရက်များတွင် စိတ်ရှုပ်ထွေးစရာများ ကြုံရတတ်သော်လည်း လလယ်ပိုင်းမှ စ၍ အလုပ်နှင့်ပတ်သက်သော ကံထူးကံကောင်းမှုများ ရှိလာပြီး ငွေကြေးအခက်အခဲများကိုလည်း ဖြေရှင်းနိုင်မည်။

မေတ္တာရေးရာ - တစ်လတာလုံးတွင် နှလုံးသားရေးရာ ကံကောင်းစန်းပွင့်နေတတ်ပြီး လူပျိုလူလွတ်များမှာလည်း ဖူးစာဖက်၊ လက်တွဲဖော်များ ရှာဖွေ၍ အဆင်ပြေသွားတတ်သည်။ အဓိကအားဖြင့် ပထမလဝက်အတွင်း အချစ်၊ အိမ်ထောင်ရေးကိစ္စများ သာယာချမ်းမြေ့မှု ရရှိလိမ့်မည်။ စိတ်ရှည်ပေးနိုင်လေ နားလည်မှု ပိုရလေ ဖြစ်လာမည်။

အခြားကဏ္ဍများ - ယခုလတွင် ကျန်းမာရေး သတိထားရန် လိုအပ်ပြီး ဖြစ်လာပါက ဆိုးရွားသောအခြေအနေထိ ရောက်သွားနိုင်၍ ကြိုတင်ဂရုစိုက်ရမည်။ ခရီးကိစ္စများလည်း အဆင်မပြေနိုင်ဘဲ အချိန်ကုန်လူပန်း၍ အချည်းနှီး ဖြစ်ရတတ်သည်။ လဆန်းပိုင်းရက်များတွင် မိတ်ဆွေအပေါင်းအသင်းကဏ္ဍနှင့်ပတ်သက်၍ စိတ်ညစ်ရလိမ့်မည်။

နေ့ကောင်းရက်သာ - ဧပြီအတွင်း အင်္ဂလိပ်လို ၈ ၊ ၁၀ ၊ ၁၁ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၁၈ ၊ ၁၉ ၊ ၂၁ ၊ ၂၃ ၊ ၂၆ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် အသက်မွေးဝမ်းကျောင်းကိစ္စ၊ လုပ်ငန်းစီးပွားကိစ္စများသည် အဓိက အချက်အချာ ဖြစ်လာရန် ရှိပြီး အလုပ်နှင့်ပတ်သက်၍ အလေးထား အာရုံစိုက်ရမည့် အခြေအနေ ဖြစ်လာမည်။ လနှောင်းပိုင်း ရက်များအထိ လုပ်ငန်းအတွက် ရုန်းကန်ပင်ပန်းမှုများ ရှိနေမည် ဖြစ်ပြီး လကုန်ပိုင်းတွင်မှ လိုချင်သည့်ပန်းတိုင် အခြေအနေကို ရရှိလိမ့်မည်။ လုပ်ငန်းခက်ခဲမှု ရှိသော်လည်း ငွေကြေးအရ ကံကောင်းအဆင်ပြေရန် ရှိသည်။

မေတ္တာရေးရာ - ပထမလဝက်အထိ နှလုံးသားရေးရာ စိတ်ရှုပ်စရာများ တွေ့ကြုံနိုင်ပြီး ဒုတိယလဝက်ကျော်မှသာ စိတ်ချမ်းသာကျေနပ်စရာများ ဖြစ်ပေါ်လာမည်။ ပျိုရွယ်သူများအဖို့ လက်တွဲဖော်နှင့်ဆုံဆည်းရတတ်သော်လည်း ရေရှည်ခိုင်မြဲမှု မရှိဘဲ ဖြစ်တတ်သည်။ လကုန်ပိုင်းရက်များတွင် စိတ်မြန်လက်မြန် ဖြစ်လာနိုင်၍ သတိပြုရမည်။

အခြားကဏ္ဍများ - မိတ်ဆွေအပေါင်းအသင်းနှင့်လူမှုဆက်ဆံရေးကဏ္ဍတွင် မမျှော်လင့်သော အဖြစ်အပျက်များ ပေါ်လာတတ်သည်။ အများအားဖြင့် ကိုယ့်အတွက် အကျိုးရှိစေမည့်ကိစ္စများ ဖြစ်လိမ့်မည်။ ကျန်းမာရေး ပူစရာ မလိုသော ကာလ ဖြစ်သည်။ အလုပ်အကိုင်ရေးအတွက် အချိန်ပေး အာရုံစိုက်၍ ကြိုးစားစရာများ ဖြစ်လာမည်။

နေ့ကောင်းရက်သာ - ဧပြီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၅ ၊ ၆ ၊ ၁၀ ၊ ၁၁ ၊ ၁၇ ၊ ၁၈ ၊ ၁၉ ၊ ၂၁ ၊ ၂၂ ၊ ၂၆ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လဆန်းပိုင်းမှ လလယ်အထိ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စတိုင်းတွင် စိတ်ပျက်ဒေါသထွက်စရာတို့ ကြုံတွေ့ခံစားရတတ်သည်။ လုပ်နေကျ တာဝန်များပင် ခက်ခဲလာနိုင်ပြီး မနည်းရုန်းကန် ဖြတ်သန်းရမည့် ကာလ ဖြစ်သည်။ ထို့နောက် လလယ်ပိုင်းမှ စတင်ကာ လုပ်ဖော်ကိုင်ဖက်နှင့် မိတ်ဆွေများ၏ ကူညီပံ့ပိုးမှုများ ရရှိလာပြီး လုပ်ငန်းစီးပွားကို အကျိုးပြုနိုင်လိမ့်မည်။ လုပ်ငန်းအနေအထား၊ ပုံစံများ မဖြစ်မနေ ပြောင်းလဲပစ်ရတတ်သည်။

မေတ္တာရေးရာ - ပျိုရွယ်သူများအတွက် ယခုလသည် အချစ်ရေးကံဇာတာ ပွင့်လန်းလာနိုင်ပြီး ဖူးစာဖက်၊ တွဲဖက် ရှာဖွေတွေ့ရှိတတ်သည်။ ချစ်သူများအဖို့ ပြတ်တောက်နေသော အဆက်အသွယ်များ ပြန်ရလာပြီး နှစ်ဦးကြားရှိ မကျေလည်မှုများကိုလည်း ပြေလည်အောင် ဖြေရှင်းနိုင်မည်။ လကုန်ပိုင်းရက်များတွင် ကြည်နူးစရာ ပိုများမည်။

အခြားကဏ္ဍများ - ယခုလတွင် ခရီးအသွားအလာ ပိုများလာနိုင်ပြီး သွားလာသော ခရီးတိုင်းကလည်း အကျိုးပြု အဆင်ပြေလိမ့်မည်။ မိသားစုအရေးကိစ္စများတွင် အချင်းချင်း နားလည်မှု ရလာပြီး ညှိညှိနှိုင်းနှိုင်းဖြင့် ပူးပေါင်း၍ ဆောင်ရွက်နိုင်မည်။ လကုန်ပိုင်းရက်များတွင် အများနှင့် မရောနှောဘဲ တစ်ကိုယ်ရေ နေထိုင်လိုစိတ် ဖြစ်မည်။

နေ့ကောင်းရက်သာ - ဧပြီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၅ ၊ ၆ ၊ ၁၃ ၊ ၁၄ ၊ ၁၈ ၊ ၂၀ ၊ ၂၁ ၊ ၂၂ ၊ ၂၄ ၊ ၂၆ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - အလုပ်အကိုင်၊ စီးပွားရေးရာများ အတော်သင့် အဆင်ပြေလည်ပတ်နိုင်လိမ့်မည်။ သို့ရာတွင် ကိုယ့်ဘက်က ကြိုးစားသလောက် ထပ်တူညီသော အကျိုးအမြတ် ပြန်မရဘဲ ဖြစ်လိမ့်မည်။ လုပ်ငန်းကိစ္စများ၌ ဘေးပတ်ဝန်းကျင်၏ အထောက်အကူ မရနိုင်ဘဲ ကိုယ်ကိုတိုင် ရုန်းကန်လုပ်ကိုင်လာရမည်။ လလယ်ပိုင်းတွင် လုပ်ငန်းစီးပွားနှင့်ဆက်စပ်သော အခွင့်အလမ်းကောင်းများ ပေါ်လာနိုင်သည်။ ငွေကြေးကံ သင့်ရုံသာ ရှိမည်။

မေတ္တာရေးရာ - လဆန်းမှသည် လနှောင်းပိုင်းအထိ အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍတွင် စိတ်ပျက်စရာများ ဖြစ်ပေါ်လာနိုင်သည်။ လကုန်ပိုင်းရောက်လာမှသာ နှလုံးသားရေးကံဇာတာ ပြန်လည် အားကောင်းလာနိုင်ပြီး စိတ်ချမ်းသာစရာများ ကြားရကြုံရလိမ့်မည်။ လလယ်ပိုင်းရက်များတွင် မေတ္တာရေး ယာယီအညံ့ ရှိလိမ့်မည်။

အခြားကဏ္ဍများ - ခရီးသွားလာလည်ပတ်မှုများ ယခုလတွင် အဆင်ပြေသာယာနိုင်ပြီး ကိုယ့်အတွက် အကျိုးရှိ အမြတ်အစွန်း ရှိသော ခရီးစဉ်များ ဖြစ်လာနိုင်သည်။ မိသားစုဝင်များနှင့် သဘောထား ကွဲလွဲပြီး အငြင်းအခုံများ ဖြစ်ပွားတတ်သည်။ လနှောင်းပိုင်းရက်များတွင် မိတ်ဆွေ၊ အပေါင်းအဖော်များနှင့် အခြေအတင် ဖြစ်တတ်သည်။

နေ့ကောင်းရက်သာ - ဧပြီလအတွင်း အင်္ဂလိပ်လို ၃ ၊ ၄ ၊ ၈ ၊ ၁၀ ၊ ၁၄ ၊ ၁၅ ၊ ၁၆ ၊ ၁၈ ၊ ၂၁ ၊ ၂၃ ၊ ၂၆ ၊ ၂၉ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လုပ်ဖော်ကိုင်ဖက်များ၊ ပါတနာများ၏ ကူညီဖေးမမှုဖြင့် အလုပ်အကိုင် တိုးတက်မှု ရှိလာမည်။ လုပ်သာကိုင်သာ ရှိသော အနေအထားမျိုး ဖြစ်လာပြီး နေရာ၊ ရာထူးဌာနနှင့် အခွင့်အရေးများလည်း ရရှိမည်။ အလုပ်စီးပွားဇာတာ ကောင်းမွန်သော်လည်း ငွေရေးကြေးရေးတွင် မျှော်လင့်တာနှင့်တခြားစီ ဖြစ်လာနိုင်သည်။ ငွေရင်းထည့်ဝင်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ အကျိုးမပေးဘဲ ဖြစ်လိမ့်မည်။ ငွေအပေးအယူများပါ သတိပြုရမည်။

မေတ္တာရေးရာ - ယခုလ နှလုံးသားရေးကဏ္ဍတွင် တည်ငြိမ်မှု ရှိနေပြီး မည်သည့်ပြဿနာမျိုးဖြစ်စေ အတူတကွ ရင်ဆိုင်ဖြေရှင်းနိုင်မည်။ တွဲလက်များ ခိုင်မာမြဲမြံလိမ့်မည်။ လူပျိုလူလွတ်များအနေဖြင့် ဖူးစာဖက်၊ လက်တွဲဖော် နှင့် ကြုံဆုံရကိန်း ရှိသည်။ ရည်မှန်းထားသော မေတ္တာရေးကိစ္စများ အဆင်ပြေချောမွေ့ပြီး စိတ်ချမ်းသာရမည်။

အခြားကဏ္ဍများ - လလယ်ပိုင်းရက်များတွင် မိသားစုအရေး ပူပန်သောကများ ဖြစ်ပွားတတ်သည်။ သို့ရာတွင် တစ်လတာလုံးကို ခြုံကြည့်ပါက အိမ်တွင်းမိသားစုရေး အေးချမ်းမှု ရှိလိမ့်မည်။ အထူးသဖြင့် ၂၀ ရက်အကျော် ရက်များတွင် မိသားစုအတွင်း သတင်းကောင်းများ ကြားသိရမည်။ ခရီးကိစ္စများတွင် အခက်အခဲတချို့ရှိမည်။

နေ့ကောင်းရက်သာ - ဧပြီလအတွင်း အင်္ဂလိပ်လို ၂ ၊ ၃ ၊ ၅ ၊ ၆ ၊ ၇ ၊ ၉ ၊ ၁၀ ၊ ၁၈ ၊ ၁၉ ၊ ၂၁ ၊ ၂၂ ၊ ၂၅ ၊ ၂၆ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် လဝက်ခန့်အထိ လုပ်ငန်းစီးပွားဇာတာ ကောင်းမွန်လိမ့်မည်။ ရာထူး၊ နေရာသစ်တို့ ရရှိခြင်း၊ လုပ်ပိုင်ခွင့်များ တိုးလာခြင်း၊ အကြီးအကဲ၊ အာဏာပိုင်များက ထောက်ပံ့ကူညီခြင်းတို့ ကြုံမည်။ အလုပ် အဆက်အသွယ်သစ်များလည်း ပေါ်လာတတ်သည်။ သို့သော် လနှောင်းပိုင်းတွင် လုပ်ငန်းဆိုင်ရာ အခက်အခဲ၊ အတားအဆီးများ ဖြစ်တည်လာနိုင်၍ ကြိုပြင်ထားရမည်။ ငွေကြေးကံအားနည်းပြီး ရတာထက်ကုန်တာများမည်။

မေတ္တာရေးရာ - ပထမလဝက်အထိ မေတ္တာရေးကံဇာတာ ညံ့နိုင်ပြီး မနာလိုဝန်တိုစရာများ၊ အချင်းချင်းကြားက သံသယများ ဖြစ်ပေါ်လာနိုင်သည်။ လလယ်နောက်ပိုင်းမှသာ နှလုံးသားရေးရာ လိုအင်ဆန္ဒများ ပြည့်ဝလာပြီး လက်တွဲဖော်၊ အိမ်ထောင်ဖက်၏ အကူအညီများပါ ရရှိတတ်သည်။ ဖူးစာဖက်ရှာနေသူများ အဆင်ပြေလိမ့်မည်။

အခြားကဏ္ဍများ - မိသားစု၊ အိမ်တွင်းရေး မသာမယာ ဖြစ်တတ်ပြီး အချင်းချင်း အမြင် မကြည်မလင် ဖြစ်မည်။ ဆွေမျိုးသားချင်း၊ ညီအစ်ကိုမောင်နှမကြား အငြင်းပွားရန်များတတ်သည်။ ခရီးကိစ္စများ အောင်မြင်စွာ ဖြစ်လာပြီး လကုန်ပိုင်း ခရီးများမှာ ပို၍ အဆင်ပြေချောမွေ့လိမ့်မည်။ ကျန်းမာရေး ညံ့နေပါက ပြန်လည်ကောင်းမွန်လာမည်။

နေ့ကောင်းရက်သာ - ဧပြီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၇ ၊ ၈ ၊ ၉ ၊ ၂၀ ၊ ၂၁ ၊ ၂၆ ၊ ၂၇ ၊ ၂၈ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - ယခုလတွင် ငွေကြေးဘဏ္ဍာရေး၊ စီးပွားရေးရာများ မျှော်လင့်သလို မဖြစ်ဘဲ ထိခိုက်လာနိုင်ပြီး လုပ်သလောက် ပြန်၍ အကျိုးအမြတ် မရဘဲ ဖြစ်လိမ့်မည်။ လက်ရှိလုပ်ငန်းကို ထိန်းလုပ်သင့်ပြီး လုပ်ငန်းသစ်၊ နယ်ပယ်သစ်များ ခြေစမ်းအစပျိုးခြင်းကို လုံးဝ ရှောင်ကျဉ်ရမည်။ လုပ်ဖော်ကိုင်ဖက်၊ အကျိုးတူပါတနာများက အကူအညီပေးလာနိုင်သော်လည်း ထိရောက်မှု သိပ်မရှိဘဲ ဖြစ်မည်။ လဆန်းပိုင်းတွင်သာ ဝင်ငွေကောင်းမည်။

မေတ္တာရေးရာ - ချစ်သူ၊ စုံတွဲ၊ အိမ်ထောင်ဖက်များအကြား အချင်းချင်း ဖေးမကူညီမှု ပိုပေးနိုင်မည်။ နှစ်ဦးသား မျှော်လင့်ချက်များလည်း အထိုက်အလျော် ပြည့်ဝလာလိမ့်မည်။ တခါတရံ စိတ်လက်မကြည်သာဘဲ စိတ်မြန်၍ ဒေါသထွက်လွယ်ခြင်းကိုမူ သတိပြုရမည်။ လူလွတ်များအနေဖြင့် ပွဲလမ်းအခမ်းအနားတို့တွင် ဖူးစာဆုံနိုင်သည်။

အခြားကဏ္ဍများ - လဆန်းမှ လလယ်အထိ မိသားစုတွင်း ပဋိပက္ခများ ဖြစ်ပွားတတ်သည်။ အထင်အမြင် လွဲ၍ အခြေအတင် ဖြစ်ရတတ်သည်။ လလယ်နောက်ပိုင်းမှသာ တင်းမာမှုများ ပြေလည်သွားမည်။ လနှောင်းပိုင်းတွင် ကျန်းမာရေး ညံ့တတ်ပြီး မတော်တဆ ထိမိခိုက်မိ ဖြစ်တတ်သည်။ ခရီးသွားလာမှုများ အကျိုးမရှိ ဖြစ်လိမ့်မည်။

နေ့ကောင်းရက်သာ - ဧပြီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၈ ၊ ၁၀ ၊ ၁၁ ၊ ၁၂ ၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၂၁ ၊ ၂၃ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လုပ်ငန်းအခြေအနေအရပ်ရပ်မှာ များစွာ အားရကျေနပ်စရာ မရှိဘဲ ဖြစ်လာမည်။ လုပ်ငန်းခွင်၊ အသိုက်အဝန်းမှာလည်း စိတ်ပျက်ဖွယ်ရာ ဖြစ်လာပြီး အချင်းချင်း အထင်လွဲခြင်း၊ လုပ်ရကိုင်ရ ခက်ခဲခြင်းတို့နှင့် ကြုံတွေ့ရမည်။ မည်မျှ ကြိုးစားသည်ဖြစ်စေ သိပ်အရာမရောက်ဘဲ ဖြစ်နေမည်။ ကုန်သည်ပွဲစား၊ လုပ်ငန်းများမှာ ရင်းသလောက် ပြန်မရဘဲ အကုန်အကျသာ များနေလိမ့်မည်။ လဝက်ကျော်မှသာ ကံဇာတာ ပြန်ကောင်းမည်။

မေတ္တာရေးရာ - ယခုလ တတိယပတ်အထိ မေတ္တာရေး ကံခေတတ်ပြီး နောက်ဆုံးအပတ်တွင်မှ စိတ်ချမ်းသာ ဝမ်းမြောက်ရလိမ့်မည်။ လူငယ်လူရွယ်များတွင် နှလုံးသားရေး မပြေလည်မှုများ၊ စိတ်ပူပန်သောက ဖြစ်စရာများ ရှိလာနိုင်ပြီး လကုန်ပိုင်းတွင် ထိုအခြေအနေများ လွန်မြောက်နိုင်မည်။ လဆန်းပိုင်း၌ စိတ်ထွေပြားမှု ဖြစ်နေမည်။

အခြားကဏ္ဍများ - အကြီးအကဲများ၊အာဏာပိုင်များနှင့်အခြေအတင် ဖြစ်စရာများ ရှိလာနိုင်သည်။ တတ်နိုင်သမျှ ပြဿနာ ကင်းအောင် နေထိုင်ရမည်။ မထင်မှတ်ဘဲ သူများကိစ္စက ကိုယ့်ဆီ အမှုပတ်တတ်သည်။ ယခုလလယ် ရက်များတွင် မိသားစုအရေး စိတ်ရှုပ်စရာ များလိမ့်မည်။ ထို့အတူ ပျော်စရာကိစ္စများလည်း ပေါ်ပေါက်လာမည်။

နေ့ကောင်းရက်သာ - ဧပြီလအတွင်း အင်္ဂလိပ်လို ၃ ၊ ၄ ၊ ၅ ၊ ၆ ၊ ၇ ၊ ၉ ၊ ၁၀ ၊ ၁၃ ၊ ၁၄ ၊ ၂၆ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လုပ်ငန်းကံဇာတာ အကောင်းဘက် ဦးတည်နေပြီး လုပ်ကိုင်ကြံစည်သမျှလည်း အလွယ်တကူ အောင်မြင်ပြီးမြောက်လိမ့်မည်။ လုပ်ဖော်ကိုင်ဖက်ကောင်း၊ အသိုင်းအဝိုင်းကောင်းများကြောင့်လည်း အကူအညီ အထောက်အပံ့များ ရရှိလာမည်။ ပုံမှန်ဝင်ငွေအပြင် အခြားရလမ်းအသစ်များ ပေါ်လာနိုင်သည်။ စွန့်စားမှုများ၍ လောင်းကစားဆန်သော အလုပ်များမှ အကျိုးအမြတ် ရရှိမည်။ တီထွင်ကြံဆနိုင်လေ အောင်မြင်လေ ဖြစ်သည်။

မေတ္တာရေးရာ - မိမိလက်တွဲဖော်၊ အိမ်ထောင်ဖက်အပေါ် လွှမ်းမိုးဦးဆောင်နိုင်စွမ်း ရှိလာမည်။ အဆင်မပြေမှုကို ပြေလည်အောင် ဖြေရှင်းလာနိုင်ပြီး နှစ်ဖက်အဆက်အသွယ်များကလည်း ကူညီပေးကြလိမ့်မည်။ လက်တွဲဖော် ရှာနေသည့် လူပျိုလူလွတ်များအဖို့ ယခုလတွင် မျှော်လင့်သလောက် ခရီးမပေါက် ဖြစ်ပြီး စိတ်ပင်ပန်းလိမ့်မည်။

အခြားကဏ္ဍများ - မိသားစုအိမ်တွင်းရေးတွင် စိတ်ချမ်းသာကျေနပ်စရာများ ကြားရကြုံရမည်။ ဒုတိယလဝက်မှ စတင်၍ အိမ်တွင်းရေး မပြေလည်မှုများကို ဖြေရှင်း၍ သာယာအေးချမ်းမှု ရရှိမည်။ ခရီးသွားလာလည်ပတ်မှုများ ရှိလာနိုင်သော်လည်း လိုအင်ဆန္ဒ မပြည့်ဝသော ခရီးမျိုး ဖြစ်မည်။ လဆန်းပိုင်း၌ ငွေအကျပ်အတည်း ဖြစ်မည်။

နေ့ကောင်းရက်သာ - ဧပြီလအတွင်း အင်္ဂလိပ်လို ၅ ၊ ၆ ၊ ၇ ၊ ၈ ၊ ၉ ၊ ၁၀ ၊ ၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ၊ ၂၂ ၊ ၂၃ ၊ ၂၇ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား - လဆန်းရက်ကတည်းက အလုပ်တာဝန် အလွန် များပြားရှုပ်ထွေးလာနိုင်ပြီး မနေမနား လှုပ်ရှား လုပ်ကိုင်လာရမည်။ လုပ်ငန်းခွင်အတွင်း လူအများနှင့် မပြေမလည် ဖြစ်တတ်ပြီး လုပ်ဖော်ကိုင်ဖက်၊ ပါတနာများ၊ တွဲဖက်များကြောင့် လုပ်ငန်းဆောင်တာ ထိခိုက်မှု ဖြစ်လာနိုင်သည်။ သို့သော် ငွေကြေးကံဇာတာ ကောင်းမွန်ပြီး ပွပေါက်တိုးစရာများ ကြုံတွေ့ရမည်။ မမျှော်လင့်သောနည်းလမ်းများဖြင့် ဝင်ငွေရရာရကြောင်းကို ဖန်တီးနိုင်မည်။

မေတ္တာရေးရာ - ချစ်မှုရေးရာ နှလုံးသားကဏ္ဍတွင် ရင်ခုန်စရာများ ဖြစ်တည်လာနိုင်သည်။ လူလွတ်များ ဖြစ်စေ၊ စုံတွဲများဖြစ်စေ မိမိတို့ မျှော်လင့်ထားသည့် နှလုံးသားဆန္ဒကို ဖြည့်ဆည်းနိုင်လိမ့်မည်။ အထူးသဖြင့် လကုန်ပိုင်း ရက်များအတွင်း မေတ္တာရေးအိမ်ထောင်ရေးကိစ္စများ အထင်အရှား ပေါ်ပေါက်တတ်ပြီး လိုအင်ဆန္ဒ ပြည့်ဝမည်။

အခြားကဏ္ဍများ - လလယ်ပိုင်းမှ စ၍ သတင်းကောင်း၊ အဆက်အသွယ်ကောင်းများ ကြားသိချိတ်ဆက်နိုင်ပြီး အကျိုးအမြတ် ရှိသော ခရီးကောင်းများလည်း သွားလာရတတ်သည်။ တစ်နေရာတည်း အထိုင်တကျ မလုပ်ဘဲ အသွားအလာ၊ အဆက်အသွယ် များနိုင်လေ ကောင်းလေ ဖြစ်သည်။ ကျန်းမာရေးလည်း ကောင်းမွန်လိမ့်မည်။

နေ့ကောင်းရက်သာ - ဧပြီလအတွင်း အင်္ဂလိပ်လို ၁ ၊ ၂ ၊ ၈ ၊ ၁၀ ၊ ၁၁ ၊ ၁၈ ၊ ၁၉ ၊ ၂၃ ၊ ၂၄ ၊ ၂၈ ၊ ၂၉ ၊ ၃၀ ရက်များသည် ကံကောင်းနိုင်သော နေ့ရက်များ ဖြစ်သည်။

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..