ဧပြီ ၁၂ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-04-12

တနင်္ဂနွေ - မိတ်ဆွေနဲ့ ဆရာသမားရဲ့ ကောင်းကျိုးတွေ ခံစားရမယ်။ ကိုယ့်အပေါ် ကြည့်ရှုစောင့်ရှောက်မယ့်သူ ပေါများလာမယ်။ အကြီးအကဲတွေက အကူအညီ အလွယ်တကူ ပေးလာလိမ့်မယ်။ အလုပ်တွေ လုပ်မယ်ဆိုရင် လူလိမ်လူညာတော့ သတိထားရမယ်။ ပေါက်ကရသတင်းတွေ၊ ကောလာဟလတွေကြောင့် ရသင့်ရထိုက်တာနဲ့ လွဲရတတ်တယ်။ ငွေကြေးကိစ္စမှာ ပြဿနာဟောင်းတွေ ပေါ်လာနိုင်တယ်။ နှလုံးသားရေးကံဇာတာ ညံ့နေမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ရဟန်းသံဃာကို အားဆေး လှူပေးရမယ်။

ကောင်း

တနင်္လာ - ခရီးကိစ္စတွေ အောင်မြင်မယ်။ သွားချင်လာချင်တာတွေကို သွားလာလည်ပတ်ခွင့် ရမယ်။ ငွေကြေး အပေးအယူတွေ အောင်မြင်မယ်။ ရစရာပေးစရာတွေ ပြေပြေလည်လည်နဲ့ လုပ်နိုင်မယ်။ ငွေကြေးရလမ်းတွေက တစ်ခုမက ပေါ်လာတတ်တယ်။ များများစားစား ရှာဖွေလို့ ကောင်းမယ်။ ဒါပေမယ့် ဒီနေ့မှာ အလုပ်တွေ လုပ်ရင် စီစဉ်သလို မဖြစ်တာ များမယ်။ အတိုက်အခံတွေလည်း ရှိနေလိမ့်မယ်။ နှလုံးသားရေးမှာ စိတ်ပူစရာတွေ ရှိမယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ကျောက်ကျောမုန့် ဆွမ်းကပ်ပါ။

ကောင်း

အင်္ဂါ - သွားလာလည်ပတ်တာတွေ ဂရုစိုက်ရမယ်။ အသွားမတော်တစ်လှမ်း ဖြစ်တတ်တယ်။ မီး၊ အပူ၊ လျှပ်စစ် စတာနဲ့ ပတ်သက်သူတွေဆို ပိုသတိထားရမယ်။ ဒီနေ့မှာ ခရီးတွေ သွားလာမိရင် လမ်းခရီးမှာ နေထိုင်မကောင်း ဖြစ်တတ်တယ်။ ရည်ရွယ်တာတွေ လွဲချော်လိမ့်မယ်။ အလုပ်တွေ လုပ်ရင်တော့ အကျိုးအမြတ် မကွဲပြားနိုင်ဘဲ အီလည်လည်နဲ့ပြီးသွားမယ်။ ငွေကြေးကိစ္စ အကြိမ်ကြိမ်ကြိုးစားရမယ်။ အချစ်ရေးမှာတော့ ကံကောင်းလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ငှက်စာကျွေးတာ၊ ငှက်လွှတ်တာမျိုး လုပ်ပေးသင့်တယ်။

ညံ့

ဗုဒ္ဓဟူး - လူငယ်တွေ မေတ္တာရေးမှာ အထစ်အငေါ့ များမယ်။ ရည်ရွယ်သူနဲ့ အဆင်မပြေတာ၊ စုံတွဲတွေကြားမှာ အချင်းများတာတွေ ကြုံလာတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် အတွေးအခေါ် မတူဘဲ အငြင်းအခုံတွေပဲ များလာနိုင်တယ်။ လုပ်ငန်းပိုင်းမှာ လည်ပတ်နေသူဆိုရင်တော့ ဒီနေ့ ကံဇာတာ မဆိုးဘူးလို့ ဆိုရမယ်။ ဒါပေမဲ့ ငွေအတွက်တော့ ပဋိပက္ခ ဖြစ်တတ်တယ်။ ရစရာတွေ ကြာလိမ့်မယ်။ အလကားနေ စိတ်ရှုပ်လွယ်နေလိမ့်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ အုန်း ၆ ညွှန့် ကပ်လှူပေးရမယ်။

သင့်

ရာဟု - စိတ်တွေ ဂယောက်ဂယက် ဖြစ်လွယ်နေတတ်တယ်။ ဘာကိုမှ ယတိပြတ် မဆုံးဖြတ်မလုပ်ကိုင်တတ်ဘဲ အရာရာကို မကောင်းမြင်နေတတ်တယ်။ ကိုယ့်တစ်ယောက်တည်း ကြံစည်လုပ်ကိုင်တာထက် မိတ်ဆွေတွေနဲ့ လူရင်းတွေကို တိုင်ပင်ပြီးမှ လုပ်တာ ကောင်းမယ်။ မိသားစုတွေ၊ သားချင်းတွေကလည်း အကူအညီ ပေးမယ်။ ဒီနေ့မျိုးမှာ အလုပ်လုပ်ဖြစ်တယ်ဆိုရင် အခြေအနေ ကောင်းမယ်။ ငွေကြေးကိစ္စမှာတော့ ရလိုက်ကုန်လိုက်နဲ့ကို ဖြစ်နေမယ်။ ငွေအတွက်နဲ့ အချင်းများရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ မကျေလည်စရာတွေ ရှိမယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အမွှေးတိုင် ၅ တိုင် ပူဇော်ပြီး ဆုတောင်းပါ။

သင့်

ကြာသပတေး - အကြီးအကဲတွေနဲ့ အငြင်းအခုံ ဖြစ်တတ်တယ်။ သြဇာအာဏာရှိသူတွေနဲ့ ပတ်သက်ရသူဆိုရင် ဒီနေ့မှာ သတိထား ပြောဆိုဆက်ဆံရမယ်။ အစိုးရနဲ့ ဆက်စပ်တဲ့ကိစ္စတွေ မဖြစ်မနေ လုပ်ရရင် ပြဿနာတွေနဲ့ ရင်ဆိုင်ရတတ်တယ်။ ဒါပေမယ့် ကံကောင်းထောက်မပြီး အခက်အခဲတွေကို ဖြေရှင်းနိုင်မယ်။ ဒီနေ့ အလုပ်တွေ လုပ်ရင်တော့ ညံ့မယ်။ လုပ်လက်စတွေ မပြတ်ဘဲ ကြာသွားမယ်။ ငွေကြေးကံလေး ကောင်းမယ်။ ရစရာတွေက များများစားစား ဝင်လာလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ခိုက်ရန်စကားများတတ်တယ်။ ငြင်းရလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ပန်းသီး ၂ စိတ်ခြမ်း လှူပေးပါ။

ကောင်း

သောကြာ - ကိုယ့်အိမ်ကနေ အပြင်ကို ထွက်တာနဲ့ သတိကပ်ဖို့ လာမယ်။ အသွားအလာတွေ ၊ ခရီးကိစ္စတွေ ဒီနေ့ မဖြစ်မနေ သွားလာလုပ်ကိုင်ရတဲ့အခါ စိတ်ညစ်စရာတွေချည်း ကြုံရတတ်တယ်။ အပျော်အပါးကိစ္စတွေဆို ရည်ရွယ်သလို မဖြစ်ဘဲ စိတ်ပျက်ရလိမ့်မယ်။ အလကားနေရင်းလည်း စိတ်တွေ လေးလံထိုင်းမှိုင်းနေလိမ့်မယ်။ အလုပ်တွေ လုပ်ရင်တော့ စိတ်သောကနဲ့ ယှဉ်တွဲလုပ်ရမယ်။ ငွေကြေးကိစ္စမှာလည်း ခွဲယူပေါင်းယူရတတ်တယ်။ မေတ္တာရေးမှာ အပြိုင်အဆိုင်တွေ ပေါ်လာနိုင်တယ်။ ဖြစ်ပြီးပြဿနာကိုပဲ အကြိမ်ကြိမ် ပြန်လှည့်စကားများမယ်။ ဒီနေ့ ညနေ ၅ နဲ့ ၆ ကြား ကံကောင်းချိန် ဖြစ်တယ်။ စေတီဘုရားရင်ပြင်တော်မှာ သန့်ရှင်းရေးကုသိုလ် လုပ်ပါ။

ညံ့

စနေ - ခိုက်ရန်စကားများတတ်တဲ့နေ့ ဖြစ်တယ်။ ကိုယ့်အမှား မဟုတ်ဘဲနဲ့တောင် ကိုယ့်ကိုမှ တကူးတက ရန်ရှာ ရန်လုပ်တာ ခံရလိမ့်မယ်။ ခရီးတွေ၊ ဟိုဟိုဒီဒီတွေ သွားလာရင် သတိ ပိုထားရမယ်။ ခရီးလမ်းမှာ မဖြောင့်ဖြူးဘဲ ပြဿနာ များမယ်။ ဒီနေ့မှာ ကိုယ့်ကိစ္စအပြင် သူများကိစ္စတွေကိုပါ စေတနာ့ဝန်ထမ်း လုပ်ပြီး လုပ်ပေးနေရမယ်။ အလုပ်လုပ်ရင်တော့ ကံကောင်းနိုင်တယ်။ အကူအညီတွေလည်း ရမယ်။ ငွေရေးကြေးရေး ကံကောင်းနိုင်တယ်။ အချစ်ရေးမှာ စန်းပွင့်နေတတ်တယ်။ ချစ်သူလက်တွဲဖော်ဆီက အကူအညီ ရမယ်။ စိတ်ချမ်းသာပျော်ရွှင်ရမယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အုန်းရည် ကပ်လှူပြီးတော့ ဆုတောင်းပါ။

သင့်

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..