၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၁.၄.၂၀၂၁ မှ ၁၇.၄.၂၀၂၁ အထိ)
lotaya.mpt.com.mm
|
2021-04-12

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - နှစ်သစ်ကာလ ဖြစ်လို့ အလုပ်စီးပွားကိစ္စတွေ အရှိန်လျှော့ထားသင့်တယ်။ ဒီအပတ်မှာလည်း အလုပ်တွေ တာဝန်တွေ ဖိစီးမှု များတတ်တယ်။ အလုပ်ကံဇာတာ ကောင်းပေမယ့် ပင်ပန်းရတာက များမယ်။ အကြီးအကဲတွေနဲ့ အဆင်ပြေအောင် ကြိုးစားရလိမ့်မယ်။ ငွေကြေးပိုင်းမှာတော့ ရလမ်းတစ်ခုမက ပေါ်မယ်။

ကျန်းမာရေး - ခေါင်းမူး၊ ခေါင်းနောက် ဖြစ်တတ်တယ်။ အာရုံကြောတွေ အားနည်းတတ်တယ်။

လူမှုအိမ်ထောင် - ဒီအပတ်မှာ နှလုံးသားရေး၊ အိမ်ထောင်ရေးကိစ္စတွေ စိတ်တိုင်းကျ အဆင်ပြေမယ်။ ချစ်သူ၊ လက်တွဲဖော်နဲ့ နားလည်မှုတွေ ရမယ်။ အိမ်တွင်းရေးလည်း အေးချမ်းသာယာမှု ရှိလာမယ်။ လူပျိုလူလွတ်တွေ စန်းပွင့်၊ အဆင်ပြေတတ်တယ်။ ဒီအပတ် အိုးအိမ်နေရာဌာနကိစ္စတွေ အခက်တွေ့တတ်တယ်။ အညံ့ ရှိတယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ၊ ပုလဲရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၆ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ၊ ကြာသပတေး

ယတြာ - စေတီတစ်ဆူရဲ့ မွေးနံထောင့်မှာ သန့်ရှင်းရေးလုပ်ပါ။ အိမ်ကဘုရားမှာ သကြားဖြူးဆွမ်း နေ့စဉ်ကပ်ပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - ကိုယ့်ကို နေရာပေး၊ မျက်နှာသာပေးခံရတာမျိုး ကြုံရမယ်။ လူတွေဆီက အကူအညီ ရလွယ်ပြီး အလုပ်အတွက်ပါ အထောက်အကူ ဖြစ်မယ်။ ဒီအပတ်မှာ စီးပွားရေးအခြေအနေ အကောင်းဘက် ဦးတည်နိုင်ပြီး ငွေကြေးပိုင်းမှာတော့ အနှောင့်အယှက်ကြားက လုပ်ကိုင်ရမယ်။ သူတပါးအရေးကိစ္စနဲ့ အချိန်ကုန်ရတတ်တယ်။

ကျန်းမာရေး - တစ်ပတ်တာလုံး ကျန်းမာဘေးကင်းမယ်။ ဒါပေမယ့် အရမ်း အပင်ပန်းခံတာမျိုးတော့ ရှောင်ပါ။

လူမှုအိမ်ထောင် - ဒီအပတ်မှာ ကိုယ့်အနားက မိတ်ဆွေတွေနဲ့ အမြင်မတူတာ၊ နားလည်မှုလွဲပြီး အချင်းများတာ ဖြစ်တတ်တယ်။ အလုပ်စီးပွားကိစ္စတွေမှာ လူယုံမထားသင့်တဲ့ကာလ ဖြစ်တယ်။ လူလိမ်လူညာတွေ ရှိနေမယ်။ နှလုံးသားရေးမှာ တွေ့တာနဲ့ ကန့်လန့်တွေ တိုက်မိတတ်တယ်။ အချင်းချင်း မကြည်လင်ဘဲ စကားများလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ အပြာဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉ ၊ ၆

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - သောကြာ၊ ကြာသပတေး

ယတြာ - အဖွား (သို့) မိခင်၊ အဒေါ်တွေကို မကြာခဏ စားချင်တာ ကျွေးပါ။ လိုအပ်တာ ကူညီဖေးမပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - စီးပွားရေး ကံခေ အားနည်းတတ်တဲ့ကာလ ဖြစ်တယ်။ အလုပ်တွေ အကုန်လုံး နှေးသွားနိုင်ပြီး လည်ပတ်မှုတွေ ရပ်တန့်တတ်တယ်။ ရပ်ဝေးမြေခြား၊ လူမျိုးခြားနဲ့ တွဲလုပ်တဲ့ အလုပ်တွေတော့ အဆင်ပြေတာ ရှိနိုင်တယ်။ ဒါပေမယ့် အတော်လေး အပင်ပန်းခံရလိမ့်မယ်။ ငွေအကုန်အကျ များပြီး ငွေကျပ်သွားတတ်တယ်။

ကျန်းမာရေး - ဒီအပတ်မှာ ကျန်းမာရေး ညံ့တတ်တယ်။ ရောဂါအခံ ရှိသူတွေ သတိထားနေထိုင်ရလိမ့်မယ်။

လူမှုအိမ်ထောင် - ခရီးဝေး၊ ခရီးရှည်တွေ ခဏ ရှောင်သင့်တယ်။ အသွားအလာ၊ အပျော်အပါးကိစ္စတွေကြောင့် စိတ်ညစ်ရတတ်တယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ အကူအညီကောင်းတွေ ရရှိမယ်။ မိတ်ဆွေတွေကနေ ကူညီပံ့ပိုးကြလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်အခန့်မသင့်စရာတွေ များမယ်။ ညံ့နိုင်တယ်။

ကံကောင်းစေတဲ့ အရောင် - အနီရင့် ၊ ကြက်သွေးရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ သောကြာ

ယတြာ - မွေးနေ့ (အင်္ဂါ) မနက်ပိုင်း အိမ်ကဘုရားမှာ နို့ထမင်းနဲ့ ဆွမ်းကပ်လှူပြီး ဆုတောင်းပေးပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - ကိုယ့်အလုပ်၊ စီးပွား ရှင်သန်တည်တံ့ရေးအတွက် ရုန်းကန်ရလိမ့်မယ်။ အရင်နဲ့မတူတော့တဲ့ ခက်ခဲကြမ်းတမ်းမှုတွေ ကြုံရတတ်တယ်။ အစုစပ်ရှယ်ယာတွေမှာ အလိမ်အညာ ဖြစ်တတ်တယ်။ အလုပ်မှာ အပြိုင်တွေ များပြီး စိတ်ရောလူပါ ပင်ပန်းရလိမ့်မယ်။ ငွေကြေးကံတော့ ကောင်းမယ်။ ကြံဖန်လို့ ရလိမ့်မယ်။

ကျန်းမာရေး - နေလို့ထိုင်လို့ မကောင်းဘဲ အလိုလိုနေရင်း နုံးခွေချင်နေမယ်။ တခြားဘေးဥပဒ်တော့ မရှိပါ။

လူမှုအိမ်ထောင် - မေတ္တာရေးမှာ စန်းအားကောင်းပြီး ပျော်ရွှင်စရာတွေ ကြုံရတတ်တယ်။ လူငယ်လူရွယ်တွေ စိတ်တိုင်းကျ နှလုံးသားရေးကဏ္ဍကို ပုံဖော်နိုင်မယ်။ ရွေးရခက်၊ စဉ်းစားရခက်တဲ့ အနေအထားမျိုး ဖြစ်မယ်။ အိမ်တွင်းမိသားစုရေးမှာ အဆင်ပြေပြေ ဖြစ်လာမယ်။ ဒါပေမယ့် ကိုယ်တိုင်က တလွဲတွေ လုပ်မိတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဝါ

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅

ကံကောင်းစေတဲ့ အရပ် - မြောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေ

ယတြာ - တစ်ပတ်အတွင်းမှာ သောက်ရေ၊ သုံးရေ လှူတာ၊ သံဃာသုံးကုဋီတွေ သန့်ရှင်းပေးတာမျိုး လုပ်ပါ။

ရာဟုဖွား

အလုပ်အကိုင် - နှစ်သစ်ကာလမှာ အလုပ်တွေ ပိုများပြီး လုပ်ငန်းမှာလည်း အပြိုင်အဆိုင်တွေကြား လုပ်ရမယ်။ အေးအေးလူလူ နေလို့ မရဘဲ အနှောင့်အယှက်တွေနဲ့ ယှဉ်ရလိမ့်မယ်။ သတင်းမှား၊ ကောလာဟလတွေကြောင့် အလုပ် ထိခိုက်တတ်တယ်။ ငွေရေးကြေးရေးမှာတော့ ကံကောင်းနိုင်တယ်။ အခက်အခဲကြားက ငွေရလိမ့်မယ်။

ကျန်းမာရေး - တစ်ပတ်တာလုံး ကျန်းမာရေး အန္တရာယ် မရှိပေမယ့် အစားမှား၊ ဆေးမှား သတိထားရမယ်။

လူမှုအိမ်ထောင် - အိမ်တွင်းနေ မိသားစုတွေ၊ ခင်မင်ရင်းနှီးသူတွေနဲ့ မသင့်မမြတ် ဖြစ်တတ်တယ်။ အချင်းချင်း မညီမညွှတ် ဖြစ်ပြီး ပြဿနာတက်နိုင်တယ်။ လူငယ်လူရွယ်တွေ နှလုံးသားရေးမှာ စိတ်ကြည်နူးချမ်းမြေ့စရာတွေ ဖြစ်လာမယ်။ ဒီအပတ်မှာ ပြဿနာဟောင်း၊ ကိစ္စဟောင်းတွေ တကျော့ပြန်လာတတ်လို့ သတိထားရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူဖျော့၊ အညို

ကံစမ်းနိုင်တဲ့ ဂဏန်း - ၉ ၊ ၀

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင် ၊ မြောက်

ကံကောင်းစေတဲ့ နေ့ရက် - စနေနေ့ မွန်းလွဲပိုင်း

ယတြာ - ဗုဒ္ဓဟူးနေ့ ညနေပိုင်း စေတီတစ်ဆူရဲ့ ရာဟုထောင့်မှာ ယပ်တောင်အသေး ၂ ခု လှူပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - အလုပ်၊စီးပွားကံ အကောင်းဘက်မှာ ရှိမယ်။ ဒါပေမယ့် ကိုယ့်နေရာ၊ လုပ်ပိုင်ခွင့်တွေ ပျောက်ပြီး အိုးအိမ်နေရာကိစ္စတွေပါ ခက်ခဲလာနိုင်တယ်။ မကြိုက်တဲ့နေရာ၊ အဆင်မပြေတဲ့ရာထူးမျိုး ရောက်တတ်တယ်။ ငွေကြေးကိစ္စမှာတော့ လမ်းကြောင်းတစ်ခုမက ပေါ်လာမယ်။ ငွေဝင်ခါနီးတိုင်း စိတ်အနှောင့်အယှက် ဖြစ်မယ်။

ကျန်းမာရေး - တစ်ပတ်အတွင်း ကျန်းမာရေး ချူချာနိုင်တယ်။ အာရုံကြော၊ အရေပြားဆိုင်ရာတွေ သတိပြုပါ။

လူမှုအိမ်ထောင် - မေတ္တာရေးကံဇာတာ ကောင်းမွန်မယ့်ကာလ ဖြစ်တယ်။ လူငယ်လူရွယ်တွေ စန်းပွင့်တတ်ပြီး လိုအင်ဆန္ဒ ပြည့်ဝလွယ်လိမ့်မယ်။ အိမ်ထောင်ရေးကိစ္စ ရည်မှန်းသူတွေ အထမြောက်နိုင်တယ်။ မိသားစုထဲမှာ အကူအညီ ပံ့ပိုးမှုတွေ ရရှိလိမ့်မယ်။ လူမှုဆက်ဆံရေးမှာတော့ မိတ်ဆွေအပေါင်းအသင်းကြောင့် စိတ်ညစ်မယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူဆွတ်ဆွတ်အရောင် ၊ အနီရင့်ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၂ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အရှေ့ ၊ အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ စနေ

ယတြာ - တနင်္လာနေ့ မနက်ပိုင်း အိမ်ကဘုရားမှာ ကျောက်ကျော ၁၀ ခုနဲ့ ကြံရည်တစ်ခွက် လှူဒါန်းပေးပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ ကြံစည်လုပ်ဆောင်သမျှ အောင်မြင်တာက များနေမယ်။ နေရာကောင်းတွေလည်း ရရှိတတ်တယ်။ လုပ်ငန်းကိစ္စနဲ့ ဆက်စပ်ပြီး အသွားအလာတွေ၊ ခရီးတွေလည်း ပေါ်လာနိုင်တယ်။ သွားလာလို့ ရပေမယ့် နှောင့်နှေးတတ်တယ်။ ငွေကြေးကိစ္စ သတိထားရမယ်။ အကုန်အကျတွေ များပြီး စိတ်ညစ်ရလိမ့်မယ်။

ကျန်းမာရေး - နေထိုင်မကောင်း ဖြစ်တတ်တယ်။ ကျန်းမာရေး သာမန်ထက် အားနည်းနိုင်တယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်မချမ်းသာစရာတွေ ဖြစ်လာနိုင်တယ်။ အချင်းချင်းကြားမှာ မလိုလားအပ်တဲ့ အငြင်းပွား၊ စကားများစရာတွေ ပေါ်ပေါက်တတ်တယ်။ အိမ်တွင်းရေးလည်း မသာမယာတွေ ဖြစ်လာနိုင်တယ်။ အကြီးအကဲတွေနဲ့ ပဋိပက္ခ ဖြစ်မယ်။ လူမှုရေးကဏ္ဍမှာတော့ မိတ်ဆွေတွေက အကျိုးပြုမယ်။

ကံကောင်းစေတဲ့ အရောင် - ခရမ်းပြာ၊ အနက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၀ ၊ ၆

ကံကောင်းစေတဲ့ အရပ် - မြောက်

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ သောကြာ

ယတြာ - တစ်ပတ်တာအတွင်း နေ့စဉ် မနက်တိုင်း အိမ်ကဘုရားမှာ နွားနို့ ၁ ခွက် ပုံမှန် ကပ်လှူပေးရမယ်။

စနေနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ ဥပဒေပြင်ပ အလုပ်တွေ လုံးဝ ရှောင်ရမယ်။ အစိုးရ၊ အာဏာပိုင်တွေနဲ့ပတ်သက် ဆက်နွယ်တဲ့ကိစ္စတွေမှာ အမှားမရှိအောင် သတိထားရလိမ့်မယ်။ အလုပ်တွေက ကြံစည်လိုက် ပျက်လိုက်နဲ့ကို ဖြစ်နေမယ်။ တစ်ခါနဲ့ လက်စမသတ်နိုင်ဘဲ အကြိမ်ကြိမ် လုပ်ယူရမယ်။ ငွေအဝင်အထွက်လည်း များလိမ့်မယ်။

ကျန်းမာရေး - ဘေးအန္တရာယ် ကြီးကြီးမားမား မရှိပါဘူး။ ရင် ၊ ဝမ်းနဲ့ ပတ်သက်တာတော့ ဂရုစိုက်ရမယ်။

လူမှုအိမ်ထောင် - နှလုံးသားရေးမှာ အပြိုင်အဆိုင်တွေ ပေါ်တတ်တယ်။ စိတ်သောကရောက်စရာတွေ များမယ်။ မေတ္တာရေးကဏ္ဍမှာ မယုံသင်္ကာတွေ ဖြစ်လာတတ်တယ်။ ပြဿနာ မကြီးမားပေမယ့် စိတ်တွေ ရှုပ်ထွေးရမယ်။ အိမ်တွင်းရေး ပူပန်စရာတွေ ပေါ်လာမယ်။ မိတ်ဆွေကိစ္စ၊လူအများနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ အနစ်နာခံရမယ်။

ကံကောင်းစေတဲ့ အရောင် - နက်ပြာ၊ အဝါဖျော့

ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၇

ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်

ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ စနေ

ယတြာ - ဗုဒ္ဓဟူးနေ့ မနက်စောစော စေတီတစ်ဆူရဲ့ မွေးနံထောင့်မှာ ထီးဖြူအကြီးတစ်လက် လှူပေးပါ။

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..