နေ့နံအလိုက် သတိထားရမယ့် ဂြိုဟ်အိပ်အကူးအပြောင်းနှစ်များ
lotaya.mpt.com.mm
|
2021-04-21

မြန်မာ့ရိုးရာဗေဒင်မှာ နေ့နံအားလုံး သတိထားရမယ့် ဂြိုဟ်အိပ်အကူးအပြောင်းကာလတွေ ရှိပါတယ်။ ဒီကာလ အသက်အပိုင်းအခြားတွေကို ဂြိုဟ်ဝင်ဂြိုဟ်ထွက်နှစ်တွေလို့လည်း ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။

ဒီအသက်ပိုင်းတွေကို ရောက်ရင် ဘယ်နေ့သားသမီးမဆို ကိုယ်လုပ်နေတဲ့ အလုပ်တွေကို အရှိန် လျှော့ရပါမယ်၊ ဘာမဆို သတိကြီးကြီး လက်ကိုင်ထားပြီး လုပ်ရပါမယ်။ အလွယ်ဆုံးနဲ့ အရှင်းဆုံး ဥပမာပြရရင် ချောက်ကမ်းပါး တစ်ခုကနေ နောက်ကမ်းပါးတစ်ခုဆီ ခုန်ပျံ ကူးပြောင်းသလိုပဲ သတိထားဖို့ လိုအပ်ပါတယ်။

တချို့ဗေဒင်ပညာရှင်တွေကတော့ အဲဒီနှစ်တွေကို ဘဝမှာအပြောင်းအလဲ ကြီးကြီးမားမားတွေ ဖြစ်လာစေနိုင်တဲ့၊ တနည်းအားဖြင့် ဘဝအချိုးအကွေ့တစ်ခု ဖြစ်သွားစေနိုင်တဲ့ နှစ်တွေလို့ ယူဆကြပါတယ်။ နေ့နံအလိုက် လူတိုင်း အလွယ်တကူ သိနိုင်အောင် သတိပြုရမယ့်အသက်ပိုင်းခြားတွေကို အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့ဖွား - ၆ ၊ ၇ ၊ ၂၁ ၊ ၂၂ ၊ ၂၉ ၊ ၃၀ ၊ ၄၆ ၊ ၄၇ ၊ ၅၆ ၊ ၅၇ ၊ ၇၅ ၊ ၇၆ ၊ ၈၇ ၊ ၈၈

တနင်္လာနေ့ဖွား - ၁၅ ၊ ၁၆ ၊ ၂၃ ၊ ၂၄ ၊ ၄၀ ၊ ၄၁ ၊ ၅၀ ၊ ၅၁ ၊ ၆၉ ၊ ၇၀ ၊ ၈၁ ၊ ၈၂ ၊

အင်္ဂါနေ့ဖွား - ၈ ၊ ၉ ၊ ၂၅ ၊ ၂၆ ၊ ၃၅ ၊ ၃၆ ၊ ၅၄ ၊ ၅၅ ၊ ၆၆ ၊ ၆၇ ၊ ၈၇ ၊ ၈၈ ၊ ၉၃ ၊ ၉၄

ဗုဒ္ဓဟူးနေ့ဖွား - ၁၇ ၊ ၁၈ ၊ ၂၇ ၊ ၂၈ ၊ ၄၆ ၊ ၄၇ ၊ ၅၈ ၊ ၅၉ ၊ ၇၉ ၊ ၈၀ ၊ ၈၅ ၊ ၈၆

ကြာသပတေးနေ့ဖွား - ၁၉ ၊ ၂၀ ၊ ၃၁ ၊ ၃၂ ၊ ၅၂ ၊ ၅၃ ၊ ၅၈ ၊ ၅၉ ၊ ၇၃ ၊ ၇၄ ၊ ၈၁ ၊ ၈၂

သောကြာနေ့ဖွား - ၂၁ ၊ ၂၂ ၊ ၂၇ ၊ ၂၈ ၊ ၄၂ ၊ ၄၃ ၊ ၅၀ ၊ ၅၁ ၊ ၆၇ ၊ ၆၈ ၊ ၇၇ ၊ ၇၈ ၊ ၉၆ ၊ ၉၇

စနေနေ့ဖွား - ၁၀ ၊ ၁၁ ၊ ၂၉ ၊ ၃၀ ၊ ၄၁ ၊ ၄၂ ၊ ၆၂ ၊ ၆၃ ၊ ၆၈ ၊ ၆၉ ၊ ၈၃ ၊ ၈၄ ၊ ၉၁ ၊ ၉၂

ဥပမာ တစ်ခု ပြရရင် အသက် ၃၀ ထဲ ဝင်လာတဲ့ စနေသားတစ်ဦးဟာ ဖော်ပြပါအတိုင်း ဂြိုဟ်အဝင်အထွက် နှစ်ထဲမှာ ရှိနေလို့ အဲဒီ အသက် ၃၀ အတွင်း အလုပ်အကိုင်နဲ့ ဘဝ တည်ငြိမ်မှု ယိမ်းယိုင်တာမျိုး ဖြစ်ခဲ့ပါတယ်။ ဒါက ဥပမာတစ်ခုပဲ ရှိပါသေးတယ်။ ဒီလို အသက်ပိုင်းခြားထဲမှာ အနည်းနဲ့အများဆိုသလို လူတွေရဲ့ကံဇာတာ အနိမ့်အမြင့် အတက်အကျတွေလည်း လှုပ်ရှားသွားတတ်တာကြောင့် သတိဆို ပိုသည်မရှိ မှတ်ယူရပါမယ်။

နေ့နံအလိုက် ပြထားတဲ့ ဂြိုဟ်ဝင်ဂြိုဟ်ထွက်နှစ်တွေမှာ ကံဇာတာ ကောင်းမလား၊ ညံ့မလား ကောင်းအားနဲ့ ဆိုးအားတွေ ဘယ်လောက် ရှိမလဲ ဆိုတာကတော့ မူလဇာတာနဲ့ နာမည်တွေပေါ်မှာ မူတည်ပြီးတော့ အမျိုးမျိုး ကွဲပြားသွားပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် နေ့နံအလိုက် ဂရုစိုက်ရမယ့် အသက်ပိုင်းခြားတွေကို အလွယ်တကူ သိထားမယ်ဆိုရင် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။

ဘေးရန်ကင်းကွာ လိုရာဆန္ဒပြည့်ဝကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..