ဧပြီ ၂၁ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-04-21

တနင်္ဂနွေ - ဘာကိုမှ ပြတ်ပြတ်သားသား မဆုံးဖြတ်၊ မလုပ်ကိုင်နိုင်ဘဲ ဒွိဟတွေ များမယ့်နေ့ ဖြစ်တယ်။ အလုပ် စီးပွားကိစ္စတွေမှာ ကံကောင်းတတ်ပေမယ့် ကိုယ်တိုင်က စိတ်တွေ များပြီး အာရုံမစိုက်နိုင်လို့ ရသင့်သလောက် မရဘဲ ဖြစ်တတ်တယ်။ ငွေအကုန်အကျ များတတ်ပြီး ဝင်သမျှ အဖတ်မတင် ဖြစ်မယ်။ ဒီနေ့မှာ မေတ္တာရေးရာ အဆင်မပြေမှုတွေ များလာနိုင်တယ်။ ချစ်သူစုံတွဲတွေကြားမှာ အမြင်မတူတာတွေကြောင့် စိတ်ညစ်ရလိမ့်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ပေါင်မုန့် ၅ ချပ် ကပ်လှူပေးပါ။

သင့်

တနင်္လာ - အိုးအိမ်နေရာကိစ္စ၊ ရာထူးကိစ္စတွေ မျှော်လင့်သလို ဖြစ်လာနိုင်တယ်။ နေရာကောင်းတွေ၊ လုပ်ပိုင်ခွင့် နဲ့ အခွင့်ထူးတွေ ရရှိတတ်တယ်။ ဒါပေမယ့် အလုပ်တွေကတော့ အရင်လို မဟုတ်ဘဲ ခက်ခက်ခဲခဲ လုပ်ယူရပြီး စိတ်ရောလူပါ ပင်ပန်းရလိမ့်မယ်။ ဒီနေ့မှာ အလုပ်ကြီးအကိုင်ကြီးတွေ မစသင့်ဘဲ ရှိတဲ့အလုပ်ကိုပဲ ထိန်းပြီးတော့ လုပ်သင့်တယ်။ ငွေကြေးကံကောင်းတတ်တဲ့နေ့ ဖြစ်တယ်။ နှလုံးသားရေးမှာတော့ စိတ်ပျက်စရာတွေ များမယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သကြားဖြူးဆွမ်း ကပ်လှူပြီး ဆုတောင်းပါ။

သင့်

အင်္ဂါ - ဒီနေ့မှာ အလုပ်ကိစ္စနဲ့ ပတ်သက်လို့ ငြင်းရခုံရ၊ အတိုက်အခံတွေ လုပ်ရလိမ့်မယ်။ ကိုယ့်ဖာသာ ဘယ်လို ရှောင်နေပါစေ၊ ကိုယ့်ကို အံတုယှဉ်ပြိုင်မယ့်၊ ကန့်လန့်တိုက်မယ့်သူတွေ ပေါ်လာတတ်တယ်။ အလုပ်ကိစ္စတွေ တစ်ခုပြီးတစ်ခု ပေါ်လာပြီး မရပ်မနား လုပ်ကိုင်ပေးရလိမ့်မယ်။ ဒီနေ့မှာ သတိထားစရာက ကျန်းမာရေးကိစ္စပဲ ဖြစ်တယ်။ မတော်တဆမှုတွေ။ ထိခိုက်ဒဏ်ရာ ရတာတွေ ဖြစ်တတ်တယ်။ စိတ်နောက်ကိုယ်ပါ လုပ်မိလို့လည်း ပြဿနာတွေ ရှင်းရတတ်တယ်။ ငွေကြေးကံ သင့်ရုံပဲ ရှိမယ်။ မေတ္တာရေးမှာ စိတ်မကြည်လင်စရာတွေ ဖြစ်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ စာကလေး ငှက်လွှတ်တာ၊ ဆန်ကွဲ ကျွေးတာ လုပ်ပေးပါ။

ညံ့

ဗုဒ္ဓဟူး - ဒီနေ့မှာ ကိုယ့်အရည်အချင်းကို ထုတ်ဖော်အသုံးပြုနိုင်မယ်။ အလုပ်မှာလည်း နေရာကောင်းတွေ ရပြီး အခွင့်အရေးတွေက ကိုယ့်ဆီ တည့်တည့် ရောက်လာတတ်တယ်။ အလုပ်တစ်ခုမက ယှဉ်တွဲလုပ်ကိုင်ပြီးတော့ အောင်မြင်မှုတွေ ရတတ်တယ်။ ဒါပေမယ့် ဒီနေ့မှာ အောက်လူငယ်သားတွေ၊ ကိုယ့်ထက် ငယ်သူတွေနဲ့ အငြင်း ပွားစရာ၊ ရန်များစရာတွေ ဖြစ်တတ်တယ်။ သွေးထွက်သံယိုကိစ္စ အနည်းနဲ့အများ ကြုံရတတ်တယ်။ ငွေကြေးကံ ကောင်းနိုင်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း အပြန်အလှန် နားလည်မှုတွေ ရပြီး စိတ်ချမ်းသာရမယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ကျောကျောမုန့် ကပ်လှူပေးပါ။

ကောင်း

ရာဟု - ရာဟုတွေအဖို့ ဒီနေ့မှာ ငွေရေးကြေးရေးကိစ္စ အခက်တွေ့နိုင်တယ်။ လက်ထဲရှိတာလေးတွေ ကုန်သွားဖို့ လွယ်နေမယ်။ ဆီလိုအပေါက်ရှာပြီး ငွေထွက်တတ်တယ်။ အလုပ်ကိစ္စမှာတော့ အဆင်ပြေစရာတွေ ကြုံရမယ်။ အရင်က ကြိုးစားထားတာလေးတွေ အလုပ်ဖြစ်လာလိမ့်မယ်။ ဒီနေ့မှာ ဘယ်ကိစ္စပဲလုပ်လုပ် အေးအေးချမ်းချမ်း မလုပ်ရဘဲ တွန်းတွန်းတိုက်တိုက်နဲ့ အသည်းအသန် လုပ်ရတတ်တယ်။ နှလုံးသားရေးတော့ အဆင်ပြေမယ်။ ဒီနေ့ မနက် ၁၀ နဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လမုန့် ၅ ခု ကပ်လှူပြီး ယတြာပြုပေးရမယ်။

သင့်

ကြာသပတေး - ဒီနေ့မှာ လုပ်ငန်းစီးပွားကံတွေ ကောင်းလာဖို့ ရှိတယ်။ အများနဲ့ဆိုင်တဲ့ ၊ အကျိုးတူလုပ်ငန်းတွေ အောင်မြင်လိမ့်မယ်။ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာ စည်းလုံးမှု ရပြီး ရည်မှန်းသလို ဖြစ်လာလိမ့်မယ်။ စပ်တူရှယ်ယာတွေ လုပ်လို့ အဆင်ပြေမယ်။ ငွေကြေးကိစ္စမှာလည်း စိတ်ချမ်းသာစရာတွေ ကြုံရမယ်။ ငွေကြေး ဝင်ကိန်း ရှိတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကံတော့ အားနည်းနိုင်တယ်။ အချင်းချင်းတွေ ရန်ဖြစ်တတ်တယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ မုန့်လုံးရေပေါ် ၉ လုံး ကပ်လှူပြီး ယတြာပြုပါ။

ကောင်း

သောကြာ - သတင်းကောင်းတွေ ကြားရတတ်သလို ခရီးကောင်းတွေလည်း ထွက်ရတတ်တယ်။ ခရီးကိစ္စတွေ စီစဉ်ဆောင်ရွက်လို့ အောင်မြင်မယ်။ ဒါပေမယ့် အလုပ်အကိုင်ဘက်မှာတော့ အခက်အခဲတချို့ ပေါ်လာနိုင်ပြီး လုပ်ငန်းတွေ နှောင့်နှေးတာ၊ အချိန်ကြာတာတွေ ဖြစ်တတ်တယ်။ ဒီနေ့မှာ အကြီးအကဲတွေ၊ အာဏာပိုင်တွေနဲ့ အခြေအတင်လည်း ဖြစ်တတ်တယ်။ ကိုယ့်ဘက်က မှန်နေရင်တောင် လျှော့ရမယ်။ ငွေကြေးကိစ္စမှာ စိတ်ရှုပ်ခံ အပင်ပန်းခံနိုင်မှ ရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်ပူပန်ရလိမ့်မယ်။ ကြားလူဝင်တာ သတိပြုပါ။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ သပြေပန်းတွေ ကပ်လှူပေးပါ။

သင့်

စနေ - ဒီနေ့မှာ အသုဘ ပို့တာ၊ ဆေးရုံသွားလူနာမေးတာ၊ ရုံးဂတ်နဲ့ ပတ်သက်ရတာတွေကို ရှောင်သင့်တယ်။ မရှောင်ဘဲ သွားလာပတ်သက်မိရင် ကိုယ့်မှာပါ ကံနိမ့်သွားတတ်တယ်။ တစ်နေကုန် စကားတွေ များသလောက် အလုပ်မဖြစ်တာတွေ ကြုံရမယ်။ လုပ်ငန်းကိစ္စမှာ မတင်မကျနဲ့ ဘာဆက်လုပ်ရမှန်း မသိဘဲ ဖြစ်မယ်။ ငွေကြေး ရစရာပေးစရာတွေ ဟိုလိုလိုဒီလိုလို ဖြစ်မယ်။ မသေချာဘဲ လုပ်နေရမယ်။ ဘယ်ကိစ္စမဆို တစ်ခါတည်း မပြီးဘဲ အခါခါ ကြိုးစားပေးမှ အဆင်ပြေသွားတတ်တယ်။ မေတ္တာရေးကံတော့ ကောင်းမယ်။ စိတ်ချမ်းသာမှုတွေ ရမယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ မသုံးတော့တဲ့ ထီး၊ ဖိနပ်ဟောင်းတွေ စွန့်ထုတ်ပေးပါ။

ညံ့

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဝတ္ထုတိုများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..