၇ ရက်သားသမီး အပတ်စဉ်ဗေဒင်ဟောစာတမ်း (၂၅.၄.၂၀၂၁ မှ ၁.၅.၂၀၂၁ အထိ)
lotaya.mpt.com.mm
|
2021-04-25

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် -အလုပ်မှာ နေရာကောင်းတွေ၊အခွင့်ထူးတွေရတတ်တယ်။လူကြီးတွေ၊အာဏာပိုင်တွေရဲ့မျက်နှာသာပေးတာကိုလည်း ခံရလိမ့်မယ်။ ကိုယ်လုပ်သမျှအများက ထောက်ခံအားပေးလာမယ်။စီးပွားကံ တက်ချိန် ဖြစ်လို့ ကြိုးစားမှုတွေ အောင်မြင်လိမ့်မယ်။ငွေကြေးဓနပိုင်းမှာတော့အနှောင့်အယှက်တွေရှိမယ်။

ကျန်းမာရေး - တစ်ပတ်တာလုံး ဘေးကင်း ကျန်းမာလိမ့်မယ်။ရောဂါဝေဒနာ ရှိရင်သက်သာသွားမယ်။

လူမှုအိမ်ထောင် -ဒီအပတ်မှာ မေတ္တာရေးကံ အားနည်းတယ်။လူငယ်တွေ နှလုံးသားရေးမှာ အဆင်မပြေတာ များနေမယ်။အကူညီပေးမလိုနဲ့ ကြားဝင်ဒုက္ခပေးတတ်တယ်။အိမ်ထောင်ရှင်တွေလည်း စိတ်ဆင်းရဲစရာတွေနဲ့ ကြုံရတတ်တယ်။လက်တွဲဖော်နေထိုင်မကောင်း ဖြစ်တတ်တယ်။ မိတ်ဆွေကဏ္ဍမှာတော့ကံကောင်းလိမ့်မယ်။

ကံကောင်းစေတဲ့အရောင် -ရွှေရောင်၊အဖြူရောင်

ကံစမ်းနိုင်တဲ့ဂဏန်း - ၁ ၊ ၅

ကံကောင်းစေတဲ့အရပ် -အရှေ့မြောက် ၊အနောက်တောင်

ကံကောင်းစေတဲ့နေ့ရက် - တနင်္ဂနွေ ၊ တနင်္လာ

ယတြာ - တနင်္ဂနွေ (မွေးနေ့)ညနေစောင်း ဘုရားစေတီတစ်ဆူရဲ့ ဂြိုဟ်ခွင်ထောင့်တိုင်းမှာ မီးပူဇော်ပေးပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် -စိတ်ကူးကောင်းသလောက်လက်တွေ့မှာ ဖြစ်မလာတာတွေ များမယ်။လုပ်ငန်းစီးပွားကံဇာတာ အားနည်းချိန်ဖြစ်လု့ိ သတိထားလုပ်ကိုင်ရမယ်။အတိုက်အခိုက်တွေလည်း များလာနိုင်တယ်။ကိုယ့်ကို ပေါ်တင်ဒုက္ခပေးတာမျိုး ခံရတတ်တယ်။စီစဉ်ထားသမျှလွဲချော်လိမ့်မယ်။ငွေကြေးကိစ္စမှာ မရေမရာတွေ များလာမယ်။

ကျန်းမာရေး - ဒီအပတ်မှာ မကျန်းမမာ ဖြစ်တတ်တယ်။ မတော်တဆမှုတွေနဲ့လည်း ရင်ဆိုင်ရတတ်တယ်။

လူမှုအိမ်ထောင် -အချစ်ရေးကိစ္စတွေမှာ ယှဉ်ပြိုင်ရတာတွေ ဖြစ်လာတတ်တယ်။ဘေးကနေ ကြားဝင်နှောင့်ပြီး ပြဿနာရှာတာမျိုး ခံရတတ်တယ်။တစ်ပတ်တာလုံး စိတ်အေးချမ်းသာမှုမရဘဲ ပူပန်နေမယ်။ အချင်းချင်းတွေ စကားများတတ်တယ်။ လူမှုရေးကဏ္ဍမှာ စိတ်ခုစရာလေးတွေ ဖြစ်တတ်တယ်။ အတွင်းကြိတ်ဖြေရှင်းနေရမယ်။

ကံကောင်းစေတဲ့အရောင် -မီးခိုးရောင်၊ပုလဲရောင်

ကံစမ်းနိုင်တဲ့ဂဏန်း - ၂ ၊ ၉

ကံကောင်းစေတဲ့အရပ် -အရှေ့ ၊အရှေ့မြောက်

ကံကောင်းစေတဲ့နေ့ရက် - တနင်္လာ

ယတြာ - တစ်ပတ်အတွင်း မိခင် ၊အဖွား၊ အဒေါ်စသူတွေကို တတ်နိုင်သလို မကြာခဏ ကန်တော့ပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် -လုပ်ငန်းစီးပွားကိစ္စတွေဝေ့လည်နေပြီး သေချာမဆုံးဖြတ်နိုင်ဘဲ ဖြစ်နေမယ်။ တစ်ခုခု လုပ်မယ်ကိုင်မယ် ဆိုပြီး ပြတ်သားမှု မရှိဘဲ အဆင်ပြေသလိုပဲ ကြည့်လုပ်နေရလိမ့်မယ်။အလုပ်တွေက တခါတည်းနဲ့ကို မပြီးနိုင်ဘဲ ထပ်တလဲလဲ ပြန်လုပ်ပေးရတတ်တယ်။ ငွေကြေးကိစ္စမှာလည်း စိတ်တိုင်းမကျဘဲ ရှုပ်ထွေးနေမယ်။

ကျန်းမာရေး - အပူလောင်တာ၊ ဒဏ်ရာ ရတာတွေ ဖြစ်တတ်တယ်။စိတ်နောက်ကိုယ်ပါမလုပ်ဖို့သတိပြုပါ။

လူမှုအိမ်ထောင် -ဒီအပတ်မှာတော့ နှလုံးသားရေးကံတွေကောင်းလာမယ်။မျက်နှာပွင့်၊စန်းပွင့်တွေ ဖြစ်မယ်။လူငယ်လူရွယ်တွေရဲ့အချစ်ရေး လိုအင်ဆန္ဒတွေ ပြည့်ဝလိမ့်မယ်။အိမ်ထောင်ရှင်တွေလည်း စိတ်ချမ်းသာစရာ ပျော်ရွှင်စရာတွေ ကြုံတွေ့ခံစားရမယ်။ အပေါင်းအသင်းကဏ္ဍမှာတော့ စိတ်ပျက်ဒေါသထွက်စရာတွေ ဖြစ်မယ်။

ကံကောင်းစေတဲ့အရောင် -အညို၊ကော်ဖီရောင်

ကံစမ်းနိုင်တဲ့ဂဏန်း - ၁ ၊ ဝ

ကံကောင်းစေတဲ့အရပ် -အနောက်တောင်

ကံကောင်းစေတဲ့နေ့ရက် -ကြာသပတေး ၊ တနင်္လာ

ယတြာ - မွေးနေ့ (အင်္ဂါ)မှာ စာကလေး အစာကျွေးတာ၊ ငှက်လွှတ်တာမျိုး ကုသိုလ်ယူ လုပ်ဆောင်ပေးပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် -ဒီအပတ်မှာ အလုပ်တွေအရင်ထက်ကောင်းလာဖို့ရှိတယ်။အကြီးအကဲ၊ ဆရာသမားတွေက ကူညီပံ့ပိုးလာလိမ့်မယ်။စနစ်တကျစီစဉ်ပြီး အကောင်အထည်ဖော်တဲ့ လုပ်ငန်းတွေ ပိုပြီးတော့အောင်မြင်မယ်။ ဒါပေမယ့်ကိုယ်တိုင်က စိတ်များချင်တာကိုတော့သတိပြုရမယ်။ငွေဝင်ပေမယ့်အကုန်အကျတွေများနေမယ်။

ကျန်းမာရေး - တစ်ပတ်တာလုံး ဘေးကင်း ကျန်းမာနိုင်တယ်။ခရီးတွေသွားလာမိရင်ဂရုစိုက်ရမယ်။

လူမှုအိမ်ထောင် -မေတ္တာရေးမှာ ဘာမဟုတ်လေးနဲ့ ကတောက်ကဆတွေများတတ်တယ်။ ချစ်သူလက်တွဲဖော်အိမ်ထောင်ဖက်တွေကြားမှာ နားလည်မှုလွဲတတ်တယ်။အိမ်တွင်းမိသားစုထဲမှာ ပူပန်သောကတွေ ဖြစ်နေမယ်။ လူမှုဆက်ဆံရေးကဏ္ဍမှာ ကိုယ့်ကို ကူညီဖေးမမယ့်သူတွေပေါများမယ်။ မမျှော်လင့်တဲ့အကူအညီတွေရမယ်။

ကံကောင်းစေတဲ့အရောင် - အဝါ ၊အဝါရင့်

ကံစမ်းနိုင်တဲ့ဂဏန်း - ၅ ၊ ၁ ၊ ၄

ကံကောင်းစေတဲ့အရပ် -အရှေ့မြောက်၊တောင်

ကံကောင်းစေတဲ့နေ့ရက် -စနေ ၊ ဗုဒ္ဓဟူး

ယတြာ - မွေးနေ့ (ဗုဒ္ဓဟူး) မနက်ပိုင်း အိမ်ကဘုရားမှာ အုန်းနို့ခေါက်ဆွဲ ကပ်လှူပြီး ဆုတောင်းပေးပါ။

ရာဟုဖွား

အလုပ်အကိုင် -လုပ်ငန်းစီးပွားဇာတာတွေတက်လာမယ်။ဒါပေမယ့်ဘယ်အလုပ်ကိစ္စမဆို တစ်ယောက်တည်း ကြံစည်အားထုတ်တာ ပိုကောင်းမယ်။ အစုအဖွဲ့နဲ့ရှယ်ယာတွေပါလာပြီဆိုရင် သိပ်အဆင်မပြေတာမျိုး ဖြစ်မယ်။ အလုပ်တွေကောင်းလာပေမယ့်ငွေကြေးကိစ္စမှာ ပြဿနာ ရှိနိုင်တယ်။ငွေအတွက်နဲ့အတိုက်အခံ လုပ်ရမယ်။

ကျန်းမာရေး - မထင်မှတ်ဘဲ နေထိုင်မကောင်း ဖြစ်တတ်တယ်။ ကျန်းမာရေးကို ကြိုတင် ဂရုစိုက်ဖို့လိုမယ်။

လူမှုအိမ်ထောင် -မိသားစုထဲမှာ အမြင်မတူတာ၊ အငြင်းပွားစရာတွေမကြာခဏ ဖြစ်တတ်တယ်။ မိသားစုချင်း အထင်အမြင်လွဲတတ်တယ်။အချစ်ရေးပိုင်းမှာတော့အဆင်ပြေလိုက်၊မပြေလိုက်နဲ့ ဖြစ်နေမယ်။ မိတ်ဆွေကိစ္စ အပေါင်းအသင်းကဏ္ဍမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေပေါ်လာမယ်။ကိုယ်က မပြတ်သားလို့ခံရမယ်။

ကံကောင်းစေတဲ့အရောင် -အစိမ်း၊ အဝါရင့်

ကံစမ်းနိုင်တဲ့ဂဏန်း - ၈ ၊ ၅ ၊ ၁

ကံကောင်းစေတဲ့အရပ် -တောင် ၊အနောက်

ကံကောင်းစေတဲ့နေ့ရက် - ဗုဒ္ဓဟူး ၊ တနင်္ဂနွေ

ယတြာ - ဗုဒ္ဓဟူးနေ့ညနေပိုင်း စေတီတစ်ဆူက ရာဟုထောင့်မှာ အမွှေးတိုင် ၈တိုင်ပူဇော်ပေးရမယ်။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် -လုပ်ငန်းမှန်သမျှအခြေအနေကြည့်ပြီး လှုပ်ရှားရမယ့်သဘော ဖြစ်လာမယ်။ အလုပ်အားလုံးက အရှိန်သေသွားတတ်လို့ထိန်းလုပ်ဖို့လိုလိမ့်မယ်။ ပြည်ပနဲ့ဆက်နွယ်တဲ့ လုပ်ငန်းတွေတော့ အောင်မြင်နိုင်တယ်။ ပုံမှန်လုပ်ငန်းတွေတော့ညံ့တတ်တယ်။အလုပ်ကံ အားနည်းပေမယ့်ငွေရေးကြေးရေးတော့လည်ပတ်နိုင်မယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ ကျန်းမာဘေးကင်းပြီး စိတ်တွေ ကြည်လင်နေမယ်။ဘာသာရေး လုပ်သင့်တယ်။

လူမှုအိမ်ထောင် -လူငယ်တွေရဲ့ နှလုံးသားရေးမှာ ဒေါသထွက်စရာ ပေါက်ကွဲချင်စရာတွေ ပေါ်ပေါက်လာမယ်။ ချစ်သူ၊ လက်တွဲဖော်ချင်း သည်းညည်းမခံနိုင်စရာကိစ္စတွေ ပွင့်ကန်ထွက်လာတတ်တယ်။ ရန်တွေ ဖြစ်တတ်ပြီး အတော်လေး ထိန်းချုပ်ရလိမ့်မယ်။အပေါင်းအသင်းရေးမှာတော့ကိုယ့်ကို ကူညီပံ့ပိုးပေးမယ့်သူတွေရှိနေမယ်။

ကံကောင်းစေတဲ့အရောင် -အဖြူဆွတ်ဆွတ်၊အဝါနု

ကံစမ်းနိုင်တဲ့ဂဏန်း - ၂ ၊ ၉ ၊ ၅

ကံကောင်းစေတဲ့အရပ် -အရှေ့ ၊အနောက်တောင်

ကံကောင်းစေတဲ့နေ့ရက် -ကြာသပတေး

ယတြာ - တနင်္လာနေ့မနက်စောစော အိမ်ကဘုရားမှာ ကျောက်ကျော ၉ ခု ကပ်လှူပြီး ဆုတောင်းပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် -အရာရာကို မကောင်းမြင်တွေအဆိုးမြင်တွေများနေလု့ိ အလုပ်တွေပါ ထိခိုက်သွားတတ်တယ်။ လုပ်ငန်းမှာ အပြိုင်အဆိုင်တွေ၊ဆူဆူပူပူတွေ၊အတိုက်အခိုက်တွေပေါများလာနိုင်တယ်။ကိုယ့်အလုပ်တွေကို အေးအေးလူလူ မလုပ်ရဘဲ ဖြစ်လိမ့်မယ်။အောင်မြင်မှုရဖို့ခက်မယ်။ငွေကြေးကိစ္စမှာ တခါမက ကြိုးစားရမယ်။

ကျန်းမာရေး - အလိုလိုနေရင်း စိတ်ဓာတ်တွေထိုင်းမှိုင်းသွားတတ်တယ်။ကျန်းမာရေးလည်း သတိပြုရမယ်။

လူမှုအိမ်ထောင် -အချစ်ရေးကဏ္ဍမှာ ခေါင်းရှုပ်စရာတွေပေါ်လာနိုင်တယ်။တစ်ယောက်နဲ့တစ်ယောက်ကြား သစ္စာစောင့်သိဖို့လိုလိမ့်မယ်။ဘေးကနေ ကြားဝင်ရှုပ်တာတွေ၊ ကတိမတည်၊စကားမတည်တာတွေ ကြုံမယ်။အိမ်ထောင်ရေးမှာတော့ကူဖော်လောင်ဖက်ရမယ်။မိတ်ဆွေကဏ္ဍမှာ အချင်းချင်း အမြင်မကြည်တာ ဖြစ်မယ်။

ကံကောင်းစေတဲ့အရောင် -အနက် ၊အစိမ်း

ကံစမ်းနိုင်တဲ့ဂဏန်း - ၇ ၊ ၀

ကံကောင်းစေတဲ့အရပ် -တောင် ၊အနောက်တောင်

ကံကောင်းစေတဲ့နေ့ရက် -တနင်္ဂနွေ ၊ ကြာသပတေး

ယတြာ - တစ်ပတ်အတွင်း အားတဲ့အချိန်မှာ စေတီတော်တွေသွားပြီး သန့်ရှင်းရေးလုပ်ကုသိုလ်ယူပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် -သူများတွေဘယ်လိုပဲ အခက်အခဲ ရှိနေပါစေ ကိုယ့်အတွက်တော့ဒီအပတ်မှာ အလုပ်အကိုင်စီးပွား ကံဇာတာ တက်မယ့်ကာလပဲဖြစ်တယ်။ရွှံ့ကိုင်ရင်ရွှေဖြစ်တတ်တဲ့ကာလ ဖြစ်လို့ အကောင်းဆုံး ကြိုးစား လုပ်ကိုင်ရမယ်။နေရာအခွင့်အရေးတွေလည်း ရလာမယ်။ငွေရေးကြေးရေးမှာလည်း ကံတွေကောင်းနေမယ်။

ကျန်းမာရေး - ဘေးကင်းပြီး ကျန်းမာမယ့်သီတင်းပတ် ဖြစ်တယ်။စိတ်ပူတာတွေလျှော့လိုက်ပါ။

လူမှုအိမ်ထောင် -အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍမှာ အများအားဖြင့်ကိုယ့်စိတ်တိုင်းကျ ဖြစ်မယ်။ နားလည်မှုအားပေးကူညီမှုတွေလည်း ရရှိမယ်။ လူပျိုလူလွတ်တွေဆိုရင် ရည်ရွယ်သူနဲ့ အဆင်ပြေသွားမယ်။ လိုအင်ဆန္ဒ ပြည့်ဝလိမ့်မယ်။မိတ်ဆွေကဏ္ဍမှာတော့ပုံမှန်ပဲ ဖြစ်မယ်။ ကိုယ့်ကို ရန်လို၊ အမုန်းပွားသူတွေ ရှိနေတတ်တယ်။

ကံကောင်းစေတဲ့အရောင် -အညို၊ရွှေရောင်

ကံစမ်းနိုင်တဲ့ဂဏန်း - ၁

ကံကောင်းစေတဲ့အရပ် -အရှေ့မြောက်

ကံကောင်းစေတဲ့နေ့ရက် -စနေ ၊ တနင်္လာ

ယတြာ - တစ်ပတ်အတွင်း အဆင်ပြေရာရက်မှာ အိမ်ကဘုရားကို ရွှေထပ်ချတာ၊ ရွှေပြားလှူတာတွေလုပ်ပါ။

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..