ဧပြီ ၃၀ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-04-30

တနင်္ဂနွေ - ဒီနေ့မှာ ကူညီမလိုနဲ့ နှောင့်ယှက်တဲ့သူတွေနဲ့ ကြုံရတတ်တယ်။ ကိုယ့်အရေးမဟုတ်ဘဲ သူများကိစ္စနဲ့ သူများပြဿနာတွေထဲ ပါဝင်ပတ်သက်ရတတ်တယ်။ အလုပ်အကိုင်ကံဇာတာ ကောင်းပေမယ့် စိတ်ပင်ပန်းစရာ တာဝန်ကြီးတွေ ထမ်းရတတ်တယ်။ ဒီနေ့မှာ ငွေကုန်ကြေးကျ များတတ်ပြီး စုမိဆောင်းမိလေးတွေပါ ပွန်းပဲ့မယ်။ စိတ်မြန်လက်မြန် ဖြစ်တတ်တာကို သတိပြုရမယ်။ နှလုံးသားရေးမှာတော့ စိတ်ကျေနပ်ပျော်ရွှင်စရာတွေ ရှိမယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြံရည် ၂ ခွက် ကပ်လှူပြီး ဆုတောင်းပေးပါ။

သင့်

တနင်္လာ - မိသားစု၊ အိမ်တွင်းရေးမှာ ပူပန်သောက ဖြစ်စရာတွေ များလာတတ်တယ်။ အတူနေမိသားစုဝင်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စတွေမှာ အခက်တွေ့တတ်တယ်။ အလုပ်မှာတော့ အဆင်ပြေပြေနဲ့ လုပ်ကိုင်နိုင်လိမ့်မယ်။ နေရာသစ်၊ အလုပ်သစ်တွေ စမ်းသပ်လို့ ကောင်းမယ်။ ငွေကြေးပိုင်းမှာတော့ အထစ်အငေါ့တွေ ရှိမယ်။ မျှော်လင့်သလောက် မရတာမျိုး ဖြစ်မယ်။ အလီလီ ခွဲယူရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးကံဇာတာ အားနည်းတတ်တယ်။ ချစ်သူတွေကြားမှာ ဘေးလူတွေ ဝင်လာလိမ့်မယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ကြာဆံကြော် ကပ်လှူပေးပါ။

ကောင်း

အင်္ဂါ - ဒီနေ့မှာ အရင်က မလုပ်ရဲ မစမ်းရဲတာတွေ လုပ်ကြည့်စမ်းကြည့်ချင်လာမယ်။ ကိုယ့်ကို လွှမ်းမိုးသူတွေကို ပြန်လွှမ်းမိုးအနိုင်ယူနိုင်မယ်။ လုပ်ငန်းကိစ္စတွေမှာ ကြိုးစားသလောက် အရာမရောက်ပေမယ့် တော်ရုံသင့်ရုံလေး အဆင်ပြေနေဦးမယ်။ စီးပွားရေးမှာ လူလိမ်လူကောက်တွေကို ကျပ်ကျပ် သတိထားရမယ့်နေ့ ဖြစ်တယ်။ ငွေဝင်ဖို့ ရှိသလို အကုန်အကျတွေလည်း ရှိနေမယ်။ ဒီနေ့မှာ ကျန်းမာရေး ဂရုစိုက်ရမယ်။ မထင်မှတ်ဘဲ နေထိုင်မကောင်း မကျန်းမမာ ဖြစ်သွားတတ်တယ်။ မေတ္တာရေးကဏ္ဍမှာတော့ ကိုယ့်အပေါ် လွှမ်းမိုးခြယ်လှယ်တာတွေ ခံရမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဆီထမင်း ကပ်လှူပြီးတော့ ဆုတောင်းပေးပါ။

သင့်

ဗုဒ္ဓဟူး - မျက်စိရှုပ်၊ ခေါင်းရှုပ်စရာကိစ္စတွေထဲ ပါဝင်ပတ်သက်ရတတ်တယ်။ သတင်းမှားနဲ့ ကောလာဟလတွေ ဒုက္ခပေးပြီး ကိုယ့်ပါ ထိခိုက်စရာ ဖြစ်လာနိုင်တယ်။ ဒီနေ့မှာ လုပ်ကိုင်သမျှ အလုပ်တိုင်းက တခါတည်းနဲ့ မပြီးဘဲ ခဏခဏ ပြန်လှည့်လုပ်ရလိမ့်မယ်။ အလုပ်မှာလည်း မရေမရာနဲ့ ဘာဆက်လုပ်ရမှန်း မသိအောင် ဖြစ်လာမယ်။ ငွေကြေးကိစ္စမှာတော့ အဆင်ပြေလွယ်ကူမယ်။ ရစရာပေးစရာတွေ ပြေလည်သွားမယ်။ ငွေဝင်ကိန်းပါ ရှိတယ်။ အချစ်ရေးကဏ္ဍမှာ စိတ်ချမ်းမြေ့စရာတွေ ကြုံရမယ်။ လူငယ်လူရွယ်တွေအဖို့ ပျော်ရွှင်စရာတွေ ကြုံတွေ့ရမယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ သြဇာညွှန့် ၄ ညွှန့် ကပ်လှူပါ။

သင့်

ရာဟု - ခင်မင်ရင်းနှီးသူတွေနဲ့ စကားအခြေအတင် ဖြစ်ရတတ်တယ်။ စကားမှား၊ ကတိပျက်လို့ နာမည်ပျက်မလို ဖြစ်လိမ့်မယ်။ စကား၊ ကတိ တည်ဖို့ ကြိုးစားရမယ်။ အသွားအလာတွေ များနိုင်တယ်။ လုပ်ငန်းကိစ္စမှာ ညံ့မလိုနဲ့ အခြေအနေတွေ ပြန်ကောင်းလာတတ်တယ်။ နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ စိတ်ညစ်ရ ပင်ပန်းရတတ်တယ်။ အိုးအိမ်အတွက် ပူပန်ရမယ်။ ဒါပေမယ့် ငွေကြေး ကံကောင်းသလို အချစ်ရေးမှာလည်း ကံပွင့်နေတတ်တယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ရွှေရင်အေးမုန့် ကပ်လှူပြီး ဆုတောင်းပေးပါ။

သင့်

ကြာသပတေး - ဒီနေ့မှာ ကိုယ့်အပေါ် အခွင့်အရေးယူသူ၊ ဖိအားပေးချင်သူတွေနဲ့ ဆုံဆည်းရတတ်တယ်။ အလုပ် စီးပွားဘက်မှာတော့ အသင့်အတင့် ကံကောင်းနိုင်တယ်။ အစုစပ်ရှယ်ယာတွေက အကျိုးပေးမယ်။ လူအများစုနဲ့ တွဲဖက်လုပ်တဲ့ အလုပ်တွေလည်း အောင်မြင်လိမ့်မယ်။ သတိထားရမှာက စိတ်များပြီး တွေဝေစရာတွေ များလို့ အခွင့်ကောင်းတွေနဲ့ လွဲရတတ်တာပဲ ဖြစ်တယ်။ အလုပ်ကံလေး ကောင်းသလို ငွေကြေးလည်း ကံကောင်းမယ်။ မေတ္တာရေးမှာတော့ ကတောက်ကဆ ဖြစ်စရာလေးတွေ ရှိနေမယ်။ တစ်ဖက်သတ် ဖိအားပေးတာမျိုး ခံရမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ သီးစုံဖျော်ရည် ကပ်လှူပေးရမယ်။

သင့်

သောကြာ - စွန့်စားမှု များတဲ့အလုပ်တွေ အောင်မြင်မယ်။ အတားအဆီးအဟန့်အတားမှန်သမျှ ဖြတ်ကျော်နိုင်ပြီး သူတကာထက် ထူးကဲတဲ့ အခွင့်အရေးတွေ ရလာတတ်တယ်။ အပြိုင်အဆိုင် ရှိလေ တိုးတက်လေ ဖြစ်လာမယ်။ အလုပ်မှာ ကြန့်ကြာမှုတွေ ဖြစ်တတ်ပေမယ့် ပင်ပန်းခံပြီး ကြိုးစားနိုင်ရင် ကိုယ့်အတွက်ပဲ ဖြစ်မယ်။ နိုင်ငံရပ်ခြားနဲ့ လူမျိုးခြားတွေနဲ့ တွဲလုပ်တဲ့အလုပ်တွေ ကံကောင်းမယ်။ ငွေကြေးပိုင်းမှာတော့ မတည်မငြိမ်တာလေးတွေ ရှိမယ်။ ရလိုက်ကုန်လိုက်နဲ့ အဖတ်မတင်တာမျိုး ဖြစ်မယ်။ အချစ်ရေး၊အိမ်ထောင်ရေးမှာတော့ အငြင်းအခုံတွေ ဖြစ်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ သီလရှင်တွေကို ဆွမ်းဆန် လှူပေးရမယ်။

ကောင်း

စနေ - ဒီနေ့မှာ အလကားနေရင်း စိတ်ပူပန်နေတတ်တယ်။ ဘာမဟုတ်တာလေးနဲ့ သောကတွေ ပွားနေမိမယ်။ အဆိုးမြင်တာတွေ များပြီး ဘာကိုမှ အကောင်းမမြင်နိုင် ဖြစ်နေမယ်။ အလုပ်မှာ အတိုက်အခိုက်တွေ များလာပြီး ကိုယ်လုပ်သမျှ ဝေဖန်အပြစ်တင်တာမျိုး ခံရမယ်။ ဒီနေ့မှာ အာဏာပိုင်တွေနဲ့ အငြင်းပွားတာ၊ ပဋိပက္ခ ဖြစ်တာမျိုး ကြုံရတတ်တယ်။ မှားမှားမှန်မှန် ကိုယ့်ဘက်က သတိထားရမယ်။ ငွေကြေးကိစ္စမှာ စိတ်ညစ်စရာတွေ ဖြစ်ပြီးမှပဲ ငွေဝင်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အပြိုင်အဆိုင်တွေ ပေါ်တတ်တယ်။ စိတ်ရှုပ်ထွေးရမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားစေတီမှာ တံမျက်လှည်း သန့်ရှင်းရေးလုပ်ပေးပါ။

ညံ့

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..