အကြွင်းဖွားအလိုက်ဒီတစ်နှစ်မှာ သတိထားစရာများ
lotaya.mpt.com.mm
|
2021-05-01

လက်ရှိ ဖြတ်သန်းနေပြီ ဖြစ်တဲ့ မြန်မာခုနှစ် ၁၃၈၃ ခုနှစ်ထဲမှာ မဟာဘုတ်အကြွင်းဖွားအလိုက် ဖြစ်ပွားလာနိုင်တဲ့ အခက်အခဲ၊ ပြဿနာတွေကို လိုတိုရှင်း အနှစ်ချုပ်ပြီး ဖော်ပြပေးချင်ပါတယ်။ကိုယ့်ရဲ့မဟာဘုတ်အကြွင်းဖွားကို သိချင်ရင် မွေးဖွားတဲ့မြန်မာနှစ်ကို တည်ပြီး (၇) နဲ့စားပါ။ရလာတဲ့အကြွင်းအလိုက်အဟောတွေကို ဖတ်ပါ။

ဥပမာ - မြန်မာသက္ကရာဇ် ၁၃၄၆ ခုနှစ်မှာ မွေးဖွားသူဆိုရင်ဒါကို တည်ပြီး ၇ နဲ့စားတဲ့အခါ (၂) ကြွင်း ရပါမယ်။ အောက်မှာ ဖော်ပြထားတဲ့ (၂) ကြွင်းဖွားတွေအတွက်ဒီတစ်နှစ်တာ သတိထားစရာတွေကို ဖတ်ရှုနိုင်ပါတယ်။

(၁) ကြွင်းဖွားတွေအနေနဲ့ဒီနှစ်မှာ မီး၊ လျှပ်စစ်၊ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို သတိပြုရပါမယ်။ကိုယ့်ကို ထိခိုက်ဒဏ်ရာ ဖြစ်စေတတ်ပါတယ်။ လူမျိုးခြား၊ ဘာသာခြားနဲ့ပတ်သက်လို့စိတ်ညစ်စရာ ဖြစ်လာနိုင်ပါတယ်။ အမှုအခင်း၊ ပဋိပက္ခတွေထဲ ပါဝင်မိတတ်ပါတယ်။အောက်လူနဲ့အလုပ်သမားကြောင့်ဒုက္ခ ဖြစ်တတ်ပါတယ်။

(၂) ကြွင်းဖွားတွေက ဒီနှစ်မှာ ဘာပဲလုပ်လုပ်လက်စမသတ်နိုင်ဘဲ ဟိုကျန်ဒီကျန်တွေများလာတတ်ပါတယ်။ လူလိမ်၊လူညာတွေကြောင့်ဒုက္ခများတတ်ပြီး သတင်းမှားနဲ့ကောလာဟလတွေကြောင့်ကိုယ့်မှာ ထိခိုက်မှု ဖြစ်တတ်ပါတယ်။သားရေးသမီးရေအတွက်ပူပန်စရာတွေ ဖြစ်လာနိုင်ပါတယ်။စိတ်ရှုပ်စရာ များလာပါမယ်။

(၃) ကြွင်းဖွားတွေကတော့ဒီနှစ်မှာ မင်းစိုးရာဇာ၊ အာဏာပိုင်နဲ့ပတ်သက်လို့အနည်းနဲ့အများ စိတ်ညစ်စရာတွေ များလာတတ်ပါတယ်။ဥပဒေနဲ့မလွတ်ကင်းတာတွေကို လုံးဝ ရှောင်ရပါမယ်။အကြီးအကဲနဲ့မသင့်မမြတ်တွေ ဖြစ်လာနိုင်ပါတယ်။ခေါင်းခံရ၊ တာဝန်ယူရတဲ့ကိစ္စတွေကြောင့်ပူပန်သောကတွေမကြာခဏ ဖြစ်တတ်ပါတယ်။

(၄) ကြွင်းဖွားတွေက မြေယာကိစ္စ၊အမွေကိစ္စတွေအတွက်ခေါင်းခဲရတတ်ပါတယ်။ဘဏ်နဲ့ပတ်သက်လို့လည်း စိတ်ရှုပ်စရာတွေ ဖြစ်ပွားခံစားရတတ်ပါတယ်။အမျိုးသားတွေဆိုရင်အမျိုးသမီး ၊ မိန်းမတွေနဲ့အဆင်မပြေတာ ဖြစ်တတ်ပါတယ်။ အတွေးမှားတွေ၊ဆုံးဖြတ်ချက်အမှားတွေကြောင့်ကိုယ့်အပေါ်ထိခိုက်နစ်နာစေနိုင်ပါတယ်။

(၅) ကြွင်းဖွားတွေက ဒီနှစ်မှာ ငွေကြေးကိစ္စမတည်မငြိမ်တွေ ဖြစ်လာတတ်ပါတယ်။ ငွေအလွှဲအပြောင်းကိစ္စနဲ့ အပေးအယူတိုင်းကို သတိထား လုပ်ရပါမယ်။ငွေဘယ်လောက်ဝင်ဝင်စိတ်သောကမကင်း ဖြစ်တတ်ပါတယ်။ လူငယ်တွေဆိုရင် နှလုံးသားရေးမှာ မကျေနပ်စရာတွေ ဖြစ်တတ်ပါတယ်။မင်္ဂလာကိစ္စစိတ်ညစ်ရတတ်ပါတယ်။

(၆) ကြွင်းဖွားတွေအနေနဲ့ဒီနှစ်ထဲမှာ ခရီးသွားလာတိုင်း သတိထားရပါမယ်။လိုရာခရီး မရောက်တာ၊ ခရီးတွေ ပျက်သွားတာ၊ လမ်းမှာ အဆင်မပြေတာ၊ ခရီးက အပြန်ကျန်းမာရေးညံ့တာတွေ ဖြစ်တတ်ပါတယ်။ ဇိမ်ခံကိစ္စနဲ့ အပျော်အပါးကိစ္စတွေကြောင့်ဒုက္ခရောက်တတ်ပါတယ်။စကား မှား၊ ကတိပျက်လို့ မျက်နှာနာရတတ်ပါတယ်။

(ဝ) ကြွင်းဖွားတွေကတော့ဒီနှစ်မှာ အသင်းအဖွဲ့ကိစ္စတွေ၊စပ်တူရှယ်ယာအလုပ်တွေမှာ စိတ်ပျက်စရာတွေချည်း ကြုံရတတ်ပါတယ်။ အကြောင်းမဲ့စိတ်တိုလွယ်၊ဒေါသ ထွက်လွယ်နေတတ်ပြီး စိတ်မြန်လက်မြန်နဲ့တဇွတ်ထိုး လုပ်မိတတ်လို့ ပြဿနာတွေဖြေရှင်းရတတ်ပါတယ်။မမျှော်လင့်ဘဲ သွေးထွက်သံယိုတချို့ ဖြစ်တတ်ပါတယ်။

ဖော်ပြပါအကြွင်းဖွားအလိုက်ဟောကိန်းတွေဟာ ယေဘုယျသာ ဖြစ်ပြီးတော့ တစ်နှစ်တာအတွင်းမှာ သတိထား ဆင်ခြင်ရမယ့်အကြောင်းအရာတွေကိုပဲ အလေးပေး ဟောဆိုထားတာ ဖြစ်ပါတယ်။ကိုယ့်အတွက်အကျိုးမဲ့ပြီး အန္တရာယ် ဖြစ်စေနိုင်တဲ့ကိစ္စတွေကို ကြိုတင် သိရှိ သတိထားနိုင်ဖို့ရည်ရွယ်ပါတယ်။

ဘေးဥပဒ်အန္တရာယ်အပေါင်းကနေ ကင်းလွတ်ချမ်းသာ ရကြပါစေ

ဧက (ဗေဒင်သုတ)

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..