ဒေါသအိုးကွဲ ရာသီခွင်များအကြောင်း
lotaya.mpt.com.mm
|
2021-05-05

နက္ခတ်ဗေဒင်လာ ၁၂ ရာသီခွင်တွေထဲမှာ မီးဓာတ်ရာသီဖွားအများစုဟာ စိတ်တိုစိတ်မြန် ပေါက်ကွဲလွယ်သူတွေ ဖြစ်ကြပါတယ်။ ထစ်ခနဲဆိုရင် ဟုန်းခနဲ တောက်လောင်ဖို့ ဝန်မလေးသလို အန္တရာယ်ဟေ့ဆို ပြေးတွေ့ ရင်ဆိုင်ဖို့ အသင့် ဖြစ်နေတတ်ကြပါတယ်။

ဒီနေရာမှာတော့ သွေးဆူပေါက်ကွဲလွယ်တဲ့ ကိစ္စမျိုးတွေမှာ သူများတကာထက် ပိုပြီး စိတ်ရှည်ဖို့၊ စိတ်ထိန်းချုပ်ဖို့ လိုမယ့် ရာသီခွင်တွေကို ဆင်ခြင်သတိထားနိုင်ဖို့ရာ ဖော်ပြပေးလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ - ဧပြီ ၁၉)

အတိုက်အခံနဲ့တွေ့ရင် သွေးဆူလွယ် ဒေါသကြီးလွယ်တဲ့ ရာသီဖွားတွေ ဖြစ်ပြီး ပဋိပက္ခတိုင်းမှာ စိတ်လိုက်မာန်ပါ ရင်ဆိုင်တတ်ကြလို့ ရနိုင်သမျှ ကိုယ့်ဒေါသကို ဘရိတ်အုပ်ထိန်းချုပ်ဖို့ လိုပါလိမ့်မယ်။ သည်းခံစိတ်ရှည်ရပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ - သြဂုတ် ၂၂ )

တစ်ခုခု ဖြစ်ပြီဆိုရင် ဟိန်းဟောက် အသံကျယ်လာပြီး ဘယ်သူ့ကိုမှ ဗိုလ်မထားချင်တဲ့ ရာသီဖွားတွေ ဖြစ်တယ်။ ဘယ်လို ခြိမ်းခြောက်မှုကိုမှ မဖြုံတတ်ကြဘဲ ဒေါသထွက်ပြီဆိုရင်လည်း ဝိုင်းထိန်းဖို့တောင် ခက်ခဲပါလိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ - နိုဝင်ဘာ ၂၁ )

လျှို့ဝှက်ပြီး နားလည်ရခက်တဲ့ ရာသီဖွားမျိုး ဖြစ်ပေမယ့် လိုချင်တာတွေ ဖြစ်မလာတော့ရင် ဒေါသမာန်ဟုန်ကို အဆုံးထိ လွှတ်ချ ပေါက်ကွဲတတ်သူတွေ ဖြစ်ပါတယ်။ တချို့ဆိုရင် အကြမ်းဖက်ဖို့လည်း ဝန်မလေးတော့ပါဘူး။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ - ဇူလိုင် ၂၂)

ကိုယ့်အသိုင်းအဝိုင်းလေးနဲ့ကိုယ့်ဖာသာ အေးအေးနေတတ်ပေမယ့် တစ်ဖက်မှာလည်း ဆတ်ဆတ်ထိမခံအောင် ပေါက်ကွဲတတ်ကြပါတယ်။ ကိုယ်ချစ်ခင်ရသူတွေကို ထိခိုက်လာပြီဆိုရင် အသက်စွန့်ဖို့ အသင့် ဖြစ်လာပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ - မေ ၂၀)

စိတ်ရှည်သည်းခံသူတွေ ဆိုပေမယ့် ခေါင်းမာတယူသန်တဲ့အကျင့်လည်း ရှိတတ်လို့ သည်းခံနိုင်စွမ်းကို ကျော်ပြီး လွန်လွန်ကဲကဲ ဖြစ်လာပြီဆိုရင် ဒေါသမုန်တိုင်းဆင်လာတတ်ပါတယ်။ ပြီးရင်တော့ စိတ်ပြန်လျှော့တတ်ပါတယ်။

တကယ်လို့များ စာဖတ်သူဟာ ဖော်ပြပါရာသီခွင်တွေထဲမှာ ပါဝင်နေမယ်ဆိုရင် အခြေအတင် ပြဿနာတွေနဲ့ ပဋိပက္ခအငြင်းပွားမှုတွေကို ကြုံလာတဲ့အခါ ကိုယ့်စိတ်ကို ပြန်ထိန်းချုပ်ပြီး သတိထားနိုင်ဖို့ မှာချင်ပါတယ်။

ဧက (ဗေဒင်သုတ)

#lotaya_shortstory


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..