ဒီတစ်နှစ်မှာ နေရာဌာနကံ ထူးခြားမယ့် နေ့နံများ
lotaya.mpt.com.mm
|
2021-07-21

လက်ရှိ ဖြတ်သန်းနေတဲ့ မြန်မာနှစ် ၁၃၈၃ ထဲမှာ ဘယ်နေ့ဖွားတွေက နေရာဌာနကံဇာတာ အားကောင်းလာပြီး ဘယ်နေ့ဖွားတွေကတော့ အခက်အခဲတွေ၊ အပြောင်းအလဲတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ဖော်ပြပေးပါမယ်။

တစ်ဦးချင်းဇာတာနဲ့ သေသေချာချာ တွက်စစ် ဟောပြောတာ မဟုတ်ဘဲ အများအတွက် ရည်ရွယ်တဲ့ ယေဘုယျ ဟောကိန်းမျိုးသာ ဖြစ်လို့ မကောင်းတဲ့ ဟောကွက်ဆိုရင် သိပ်ပြီး အစွဲ မထားကြဖို့လည်း မှာချင်ပါတယ်။

ကဲ .. ဒီတစ်နှစ်အတွက် နေရာဌာနကံဇာတာအကြောင်း ဆက်ရအောင် ..

မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် (တနည်းအားဖြင့်) ၂၀၂၁ ဧပြီကနေ ၂၀၂၂ ဧပြီအထိမှာ

(၁) ဗုဒ္ဓဟူးသားသမီး

(၂) စနသေားသမီး

နှစ်မျိုးဟာ အိုးအိမ်၊ နေရာဌာနနဲ့ ပတ်သက်တဲ့ ကံဇာတာတွေ ကောင်းမွန်တတ်ပါတယ်။ နေရေးထိုင်ရေးကိစ္စမှာ စိတ်တိုင်းကျ ဖြစ်တာ၊ နေရာကောင်း၊ ဌာနကောင်းကို ရောက်သွားတာ၊ အိုးအိမ်ကိစ္စ အဆင်ပြေ စိတ်ချမ်းသာမှု ရတာ စတဲ့ ကံကောင်းမှုတွေ ကြုံရတတ်ပါတယ်။ ဒီနှစ်ထဲ အိမ်ဝယ်၊ တိုက်ခန်းဝယ်၊ မြေဝယ် စတဲ့ ခိုင်မာမှု ရှိတဲ့ နေရာဌာန ဝယ်ယူရေးတွေ လုပ်မယ်ဆိုရင်လည်း နောက်ပိုင်းမှာ ကိုယ့်အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၃၈၃ (တနည်းအားဖြင့်) ၂၀၂၁ ဧပြီကနေ ၂၀၂၂ ဧပြီအထိမှာ

(၁) ကြာသပတေးသားသမီး

(၂) တနင်္ဂနွေသားသမီး

အဲဒီ နေ့နံနှစ်ခုဟာ ဒီနှစ်ထဲမှာ အိုးအိမ်နေရာ ရွှေ့ပြောင်းရတာ၊ အလုပ်ဌာန ပြောင်းလဲရတာ၊ အနည်ထိုင်နေတဲ့ နေရာဌာနတွေကို အလှည့်အပြောင်း လုပ်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။ မုချ ပြောင်းလဲရမယ်လို့ မဆိုနိုင်ပေမယ့် ပြောင်းလဲရမယ့် အခြေအနေတွေကို အနည်းနဲ့အများ ကြုံလာရတတ်ပါတယ်။ အနည်းဆုံးအနေနဲ့ အိုးအိမ်ကိစ္စ ခေါင်းခဲရတာ၊ ပူပန်ရတာမျိုး ဖြစ်တတ်သလို အများဆုံးအနေနဲ့ မတတ်သာလို့ ရွှေ့ပြောင်းရတာ၊ ဖယ်ပေးရတာ စတဲ့ အခြေအနေတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲ အိမ်ရောင်း၊ မြေရောင်းနဲ့ တိုက်ခန်း ရောင်းချင်တယ် ဆိုရင်တော့ ဒီနေ့ဖွားနှစ်မျိုးဟာ သိပ်မကြိုးစားရဘဲ အလွယ်တကူ ရောင်းထွက်နိုင်ပါတယ်။

အိုးအိမ်နေရာဌာနနဲ့ ပတ်သက်တဲ့ လိုအင်ဆန္ဒတွေ ပြည့်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

ဧက (ဗေဒင်သုတ)

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..