
တနင်္ဂနွေ - ဒီနေ့မှာ အလုပ်အကိုင်သစ်၊ အကြံအစည်သစ်တွေ စတင်ခွင့် ရမယ်။ အလုပ်ပြောင်း၊ နေရာပြောင်း ဖြစ်လာတတ်တယ်။ စိတ်သစ်လူသစ်နဲ့ စတင်ရသလည်း ဖြစ်နေလိမ့်မယ်။ အလုပ်စီးပွားကံကောင်းဖို့ ရှိပေမယ့် လက်လွတ်စပယ် ပေါ့တီးပေါ့ဆ မလုပ်ဖို့တော့ သတိပြုရမယ်။ မဟုတ်ရင် ကိုယ်ရသင့်တာနဲ့ လွဲချော်လိမ့်မယ်။ အလုပ်သစ် စတာ၊ ပြောင်းတာမျိုးဆိုရင် ကောင်းမယ်။ ငွေကြေး ကံကောင်းတတ်ပေမယ့် အသုံးအဖြုန်းကိုတော့ ဆင်ခြင်ရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ခံစားချက် ရှေ့တန်း တင်လွန်းရင် ပြဿနာတွေ ပိုများမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အိုဗာတင်း ၂ ခွက် ကပ်လှူပြီး ယတြာပြုပါ။
ကောင်း
တနင်္လာ - လိုအင်ဆန္ဒတွေ ပြည့်ဝလာမယ့်နေ့ ဖြစ်တယ်။ မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ကြိုးစားကြည့်ပေးရင် မထင်မထားတာတွေတောင် လုပ်ပြနိုင်လိမ့်မယ်။ ငွေကြေးစီးပွား၊ အလုပ်ကိစ္စတွေမှာ ကိုယ်တိုင်က သေချာလေး လုပ်ထားပေမယ့် အလှည့်အပတ်၊ အလိမ်အညာတွေ၊ ကိုယ့်အပေါ် မရိုးသားသူတွေ ရှိနေတတ်တယ်။ ကိုယ်က မှန်မှန်ကန်ကန် လုပ်ရင်တောင် အလှည့ာ်းခံရတတ်တယ်။ ငွေကြေးကိစ္စ အလွှဲအပြောင်းတွေ သတိထားရမယ်။ နှလုံးသားရေးမှာ အငြင်းပွားစရာတွေ ဖြစ်တတ်ပေမယ့် နှစ်ဦးသား နားလည်မှုနဲ့ ဖြေရှင်းပြီး ပြေလည်မှု ရရှိမယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ကိတ်မုန့် ၅ ခု ကပ်လှူပေးပါ။
သင့်
အင်္ဂါ - စိတ်လွတ်ကိုယ်လွတ်တွေ လျှောက်လုပ်မိလို့ အကျိုးနည်းရတတ်တယ်။ ကိုယ့်ရဲ့ မသိမိုက်မှားမှုကြောင့် ကိုယ်သာမက သူတပါးမှာပါ နစ်နာစရာတွေ ဖြစ်တတ်တယ်။ မတော်တဆမှုတွေ ဖြစ်တတ်လို့ အသွားအလာပါ ဆင်ခြင်ရလိမ့်မယ်။ အလုပ်တွေ လုပ်ပေမယ့် သိပ်မထိရောက်သလို ခံစားရမယ်။ အဆင်ပြေသလိုလေး ထိန်းပြီး ငွေရရုံလေး လုပ်နေရတတ်တယ်။ မိတ်ဆွေကြောင့် စိတ်ညစ်ရမယ်။ မေတ္တာရေးမှာတော့ ကံကောင်းလိမ့်မယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ မသန်စွမ်းသူတွေကို တတ်နိုင်သလောက် လှူဒါန်းပေးပါ။
ညံ့
ဗုဒ္ဓဟူး - အကောင်းရောအဆိုးပါ ဒွန်တွဲ ကြုံရတတ်တယ်။ ပျော်စရာတွေ ဖြစ်နေရာက ဝမ်းနည်းစရာတွေလည်း ယှဉ်တွဲ ပေါ်လာတတ်တယ်။ ခရီးတွေ ပေါ်လာတတ်သလို အငြိမ်မနေစရာ၊ လှုပ်ရှားသွားလာစရာတွေကလည်း ပေါ်လာနိုင်တယ်။ အလုပ်တွေ ကောင်းပေမယ့် အတိုက်အခိုက်တော့ ရှိလိမ့်မယ်။ ငွေကြေး ကံကောင်းတတ်ပြီး မျှော်လင့်တာထက် ပိုအဆင်ပြေမယ်။ ဒီနေ့မှာ ဘာပဲလုပ်လုပ် လက်စသတ်အောင် ပြီးစီးအောင် လုပ်ဖို့လိုမယ်။ တစ်ပိုင်းတစ်စတွေ များရင် အဆင်မပြေ ဖြစ်လိမ့်မယ်။ နှလုံးသားရေးမှာ စိတ်ရှုပ်စရာတွေ ဖြစ်ပွားတတ်တယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ကြက်ဥကြော် ကပ်လှူပေးပါ။
သင့်
ရာဟု - ဒီနေ့မှာ အခက်အခဲတွေ ဘယ်လောက်ရှိရှိ ကောင်းကောင်း ထိန်းချုပ်ကိုင်တွယ်နိုင်မယ်။ အမျိုးသမီး ဆိုရင် ပိုပြီးတော့ ကံကောင်းအဆင်ပြေသွားနိုင်တယ်။ ဘာတွေပဲ ခက်ခဲပင်ပန်းပါစေ ကိုယ့်အရည်အချင်းတွေ အပေါ် ယုံကြည်မှု အပြည့်ရှိရင် ကျော်ဖြတ်နိုင်လိမ့်မယ်။ အလုပ်မှာ နေရာ၊ အခွင့်ကောင်းတွေ ရရှိတတ်တယ်။ ငွေကြေးလည်း ကံကောင်းနိုင်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ တည်ငြိမ်မှု ရှိမယ်။ အေးချမ်းနေမယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားစင်ကို သန့်ရှင်းရေး လုပ်ပေးပါ။
သင့်
ကြာသပတေး - တစ်နေ့လုံးမှာ ဘယ်ကိစ္စမဆို သက်တောင့်သက်သာနဲ့ လုပ်ကိုင်ဆောင်ရွက် အဆင်ပြေမယ်။ ကိုယ့်ကို ကူညီဖေးမမယ့်သူတွေ ဝိုင်းဝိုင်းလည်နေတတ်တယ်။ အစားအသောက်ကောင်း၊ လက်ဆောင်ကောင်း ဝင်လာတတ်တယ်။ ပစ္စည်းအသစ်အဆန်းတွေလည်း ရရှိတတ်တယ်။ အလုပ်အကိုင်ရေးမှာတော့ ကိုယ်တိုင်က စိတ်ပါဝင်စားမှု နည်းလို့ ခရီးမပေါက်ဘဲ ဖြစ်မယ်။ အလုပ်တွေ ပျက်တာ၊ အဆင်မပြေတာတွေ ရှိလာနိုင်တယ်။ မထင်မှတ်တဲ့လမ်းကြောင်းကနေ ငွေဝင်တတ်တယ်။ မေတ္တာရေးမှာ မာန်မာနတွေကြောင့် စိတ်ပင်ပန်းနေမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ကျောက်ကျော ကပ်လှူပါ။
ကောင်း
သောကြာ - ဒီနေ့မှာ အသွားအလာတွေ သတိထားရမယ်။ အပြောင်းအလဲတစ်ခုခု လုပ်မယ်ဆိုရင် ဖြစ်လာမယ့် အကျိုးဆက်ကို သေချာကြည့်ပြီးမှ လုပ်ရမယ်။ အမှားအယွင်း ဖြစ်လွယ်သလို ဆုံးရှုံးနစ်နာစရာလည်း ရှိနေမယ်။ အလုပ်စီးပွားပိုင်းမှာ အဆင်ပြေစရာတွေ ရှိပေမယ့် စိတ်ပင်ပန်းစရာတွေလည်း ရှိနေလိမ့်မယ်။ လောင်းကစား ဆနတဲ့အလုပ်တွေ ရှောင်ရမယ်။ လုပ်မိကိုင်မိရင် ထိခိုက်တတ်တယ်။ ငွေကြေးကိစ္စမှာ စိတ်သောက မကင်းဘဲ ဖြစ်နေမယ်။ အငြင်းအခုံတွေ ဖြစ်ပြီးမှ အဆင်ပြေလိမ့်မယ်။ နှလုံးသားရေးမှာ အပြောင်းအလဲတွေ ဖြစ်လိမ့်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ခြေမသန်သူကို တတ်နိုင်တာ လှူပေးပါ။
ညံ့
စနေ - ကျန်းမာရေးက လွဲလို့ ကျန်တဲ့ကိစ္စတွေမှာ အဆင်ပြေတာ များမယ်။ ကျန်းမာရေးပိုင်းမှာတော့ အားနည်း ချူချာတာတွေ ဖြစ်လာနိုင်တယ်။ မမျှော်လင့်ဘဲ ကျန်းမာရေး ကျဆင်းသွားတတ်တယ်။ အလုပ်အကိုင်ကိစ္စတွေ အောင်မြင်ကိန်း ရှိပေမယ့် အလိုက်သင့် ပြောင်းလဲလုပ်ကိုင်ရတာတွေလည်း ရှိနေမယ်။ ငွေကြေးကံဇာတာက အထူး ကောင်းမွန်လာနိုင်တယ်။ အပေးအယူတွေ လုပ်နိုင်မယ်။ မေတ္တာရေးမှာ နားလည်မှုတွေ ဖလှယ်နိုင်မယ်။ ဒီနေ့ နေ့ခင်း ၁၂ ခွဲနဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အုန်းနို့ခေါက်ဆွဲ ကပ်လှူပြီး ဆုတောင်းပါ။
ကောင်း
#lotaya_horoscope
MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။
ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။