ကျန်းမာရေး ညံ့နေသူများအတွက် အစွမ်းထက်ယတြာ
lotaya.mpt.com.mm
|
2021-07-28

မြန်မာ့ရှေးရိုး ဗေဒင်ပညာမှာ ကျန်းမာရေး ချူချာသူတွေ၊ နာတာရှည် ဖြစ်ပြီး တော်တော်နဲ့ ဆေးမတိုးနိုင်အောင် ဖြစ်နေသူတွေအတွက် အစွမ်းထက် ယတြာနည်းလမ်းတစ်ခု ရှိပါတယ်။ ဗေဒင်ပညာရှင်တွေ ရေလဲသုံးလေ့ရှိတဲ့ ကျန်းမာရေးယတြာနည်းလည်း ဖြစ်ပါတယ်။
ဒီယတြာနဲ့ပဲ မကျန်းမာသူတွေ၊ သေကောင်ပေါင်းလဲ ဖြစ်နေသူတွေကိုကို ခပ်မြန်မြန်နဲ့ ထူထူထောင်ထောင် ပြန် ဖြစ်အောင်၊ ဝေဒနာတွေကနေ အမြန်သက်သာပြီး ဆေးစူးအောင် စွမ်းဆောင်နိုင်ခဲ့တာ လက်တွေ့သာဓကတွေ ရှိပါတယ်။ ယတြာလုပ်နည်းကို စနေသားတစ်ဦးနဲ့ ဥပမာထားပြီး ရှင်းပြပေးပါမယ်။
စနေသား ဖြစ်တဲ့အတွက် စနေနံတူ (ထန်းသား) ကို အမျိုးသား ဖြစ်လို့ သူ့ညာဘက်တစ်တောင်နဲ့ တိုင်းဖြတ်ပြီး ယူပါ။ (မှတ်ချက် - အမျိုးသမီးဆိုရင် လက်ဝဲဘက်တစ်ထောင်နဲ့ တိုင်းပါ) 
လူနာဖြစ်သူရဲ့ လက်သည်း၊ ခြေသည်း၊ ဆံပင်တွေကို စတိသဘော ယူပြီး သူ့အဝတ်ဟောင်း (အကျီ၊ လုံချည်) ကို နည်းနည်းစီ စုတ်ဖြဲယူလို့ ရလာတဲ့ အဝတ်စထုပ်ထဲ ထည့်ပါ။ အဝတ်စထုပ်ကို နံတူအသားမှာ ပူးချည်ပြီးမှ လူမမာရဲ့ အမျိုးသားဆို (ညာဘက်) အမျိုးသမီးဆို (ဘယ်ဘက်) မှာ တစ်ညထားသိပ်ပါ။
နံတူအသား ထားအိပ်ရမယ့်နေ့က မွေးနေ့ မရောက်ခင်နေ့ ဖြစ်ပါတယ်။ ဥပမာ အခု စနေသားဆိုရင် မွေးနေ့ မရောက်ခင် သောကြာနေ့ညမှာ ထားအိပ်ရမှာ ဖြစ်ပါတယ်။ နောက်နေ့ (မွေးနေ့) မနက် ၉ နာရီမှာတော့ နံတူအသားကို လွှတ်ပစ်ပေးရမယ့်နေ့နံက လူနာရဲ့ဘုမ္မိအရပ် (သို့မဟုတ်) အမှိုက်ပုံမှာ သွားစွန့်ပစ်ပေးရပါမယ်။ 
အောက်ဖော်ပြပါ ဇယားမှာ ကြည့်ပါ။ ၇ နေ့ဖွားများအတွက် ဖော်ပြပေးထားပါတယ်။



ဥပမာပြထားတဲ့ စနေသားနဲ့ဆိုရင် နံတူအသားမှာ စတိယူထားတဲ့ ဆံပင်၊ လက်နဲ့ ခြေသည်းတွေက ထုပ်ထားတဲ့ အဝတ်စထုပ် ချည်ပြီး သောကြာမှာ ထားအိပ်ပါ။ နောက်နေ့ မနက် ၉ နာရီမှာ ကြာသပတေးနေ့ဖွားတစ်ဦးကနေ အဝတ်စထုပ်နဲ့ နံတူအသားကို ဘုမ္မိဖြစ်တဲ့ (မြောက်အရပ်) သို့မဟုတ် အမှိုက်ပုံမှာ စွန့်ပစ်ပေးရမှာ ဖြစ်ပါတယ်။
ဒီကာလမှာ နေထိုင်မကောင်း ဖြစ်နေသူ၊ နာမကျန်း ဖြစ်နေသူများအတွက် အသုံးတည့်မယ့် ယတြာတစ်ခုဖြစ်လို့ အားလုံး ပြုလုပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။ ဘေးကင်းကျန်းမာချမ်းသာကြပါစေ။
ဧက (ဗေဒင်သုတ)

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်အသစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..