သြဂုတ် ၅ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-08-05

တနင်္ဂနွေ - ကံဇာတာ အားနည်းတတ်တဲ့နေ့ ဖြစ်လို့ ကြံစည်လုပ်ကိုင်သမျှ လွဲချော်တာ များမယ်။ ကျန်းမာရေးပါ အားနည်းတတ်လို့ ကိုယ်ခံအားကောင်းအောင် နေထိုင်ရမယ်။ ရောဂါ၊ ဝေဒနာအခံရှိသူတွေ ပိုသတိထားရမယ်။ အကြီးအကဲ၊ အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့အလုပ်တွေ အမှားအယွင်း ဖြစ်တတ်တယ်။ အလုပ်နဲ့ငွေကြေးကိစ္စ ပူပန်စရာတွေ ဖြစ်လာနိုင်တယ်။ မေတ္တာရေးမှာ စိတ်ထဲ မရှင်းမလင်းတွေ ဖြစ်မယ်။ သံသယတွေ ဝင်မိလိမ့်မယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် နွမ်းပါးသူတွေကို ဆေးဝါး လှူပေးပါ။

ညံ့

တနင်္လာ - ဒီနေ့မှာ အကြီးအကဲတွေနဲ့ မသင့်မမြတ် ဖြစ်တတ်တယ်။ အုပ်ချုပ်ရေး၊ အာဏာပိုင်နဲ့ ပတ်သက်တာ၊ လူကြီးတွေနဲ့ဆက်စပ်တာတွေကို သတိထားလုပ်ရမယ်။ ကိုယ့်အပေါ် ငြိုငြင်အထင်လွဲတာတွေ ဖြစ်တတ်တယ်။ သူများကိစ္စနဲ့ အချိန်ကုန်လူပန်း ဖြစ်ရတတ်တယ်။ အလိုလိုနေရင်း စိတ်ပူစရာတွေ ရှာတွေးမိမယ်။ အလုပ်ကိစ္စနဲ့ စီးပွားပိုင်းမှာ အောင်မြင်မှု ရတတ်တယ်။ ငွေဝင်ကိန်းလည်း ရှိမယ်။ အပင်ပန်းခံသလောက် အကျိုးရှိလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ချမ်းသာမှု ရမယ်။ နှလုံးသားရေးမှာ စန်းပွင့်မယ်။ ပျော်စရာတွေ ကြုံရမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အသက်လွတ်ကြာဆံကြော် ကပ်လှူပေးပါ။

ကောင်း

အင်္ဂါ - အလုပ်အကိုင်၊ ငွေကြေးကိစ္စတွေမှာ ကံကောင်းတတ်တယ်။ အောင်မြင်မှုလည်း ရလွယ်မယ်။ ငွေဝင် လာဘ်ရွှင်တာမျိုး ဖြစ်လိမ့်မယ်။ လက်ဆောင်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ ရလာတတ်တယ်။ လူအများစုနဲ့ ပတ်သက်တဲ့နေရာတွေ၊ အကြောင်းအရာတွေကို ရှောင်ရမယ်။ အများနဲ့ရောရင် ကိုယ်ပါ အချောင်ခံရလိမ့်မယ်။ တစ်နေ့တာလုံးမှာ မကြာခဏ အနှောင့်အယှက် ရှိတတ်ပေမယ့် ကျော်ဖြတ်နိုင်မယ်။ နေရာနဲ့ အခွင့်ကောင်းတွေ ရရှိတတ်တယ်။ မေတ္တာရေးမှာတော့ ကံအားနည်းမယ်။ ပြဿနာဟောင်းတွေ ပြန်ပေါ်လို့ ဖြေရှင်းရတတ်တယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ လိမ္မော်ရည် ကပ်လှူပေးပါ။

ကောင်း

ဗုဒ္ဓဟူး - ကိုယ်ဖြစ်ချင် လုပ်ချင်တဲ့ ဆန္ဒအတော်များများ အထမြောက် အောင်မြင်မယ့်နေ့ ဖြစ်တယ်။ လုပ်သမျှ အလုပ်တိုင်း တန်းပြီး အဆင်မပြေဘဲ အခက်အခဲလေးတွေတော့ ကြုံရလိမ့်မယ်။ မဖြစ်တော့ဘူး ထင်ထားရာက ပြန်အဆင်ပြေသွားမယ်။ စုပေါင်းစပ်ပေါင်းအလုပ်မျိုးတော့ အကျိုးမပေးလို့ တစ်ယောက်တည်း လုပ်ကိုင်ရမယ်။ ငွေကြေးကိစ္စမှာ မသေချာတာတွေ ဖြစ်မယ်။ ငွေကို အလီလီ ခွဲယူနေရမယ်။ နှလုံးသားရေးမှာ တစ်ယောက်နဲ့ တစ်ယောက်ကြား ရန်လိုနေတတ်တယ်။ စိတ်လျှော့ဖို့ လိုမယ်။ မဟုတ်ရင်တော့ ရန်ပွဲတွေ ခဏခဏ ဖြစ်ရမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ အချိုရည် ကပ်လှူပြီး လိုရာဆုတောင်းပေးပါ။

ကောင်း

ရာဟု - ကျန်းမာရေးနဲ့ပတ်သက်လို့ ဂရုစိုက်ရမယ့်နေ့ ဖြစ်တယ်။ အနေအထိုင်၊အစားအသောက် သတိပြုရမယ်။ အကောင်းကြီး ရှိနေရာက ဖျားချင်နာချင်သလိုတွေ ဖြစ်လာတတ်တယ်။ ဒါပေမယ့် ခဏယာယီပဲ ဖြစ်လိမ့်မယ်။ တစ်နေ့လုံးမှာ ကိုယ်ကြိုးစားအားထုတ်မှုတွေ အရာထင်လာမယ်။ အကြံအစည်တွေလည်း အောင်မြင်လိမ့်မယ်။ အလုပ်မှာ အခက်အခဲ ရှိလာမယ်။ ငွေအတွက်နဲ့ စကားများရတတ်တယ်။ နှလုံးသားရေးမှာ ပုံမှန်ပဲ ဖြစ်နေမယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အမွှေးတိုင် ၉ တိုင် ပူဇော်ပါ။

သင့်

ကြာသပတေး - ကိုယ်ရောစိတ်ပါ မကြည်မလင်တွေ ဖြစ်ပြီး လုပ်ကိုင်ကြံစည်သမျှလည်း အလွဲအချော် များမယ်။ နေရာဌာန၊ အိုးအိမ် စတာတွေမှာ အပြောင်းအလဲ လုပ်ရတတ်တယ်။ လုပ်နေကျ ပုံစံ၊ သွားနေကျ နေရာတွေမှာ အပြောင်းအလဲ လုပ်ပေးရလိမ့်မယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ သောင်မတင်ရေမကျတွေ ဖြစ်တာ များမယ်။ ငွေကြေးအတွက်နဲ့ စိတ်ရှုပ်ရတာတွေ ဖြစ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ ကံကောင်းပျော်ရွှင်ရမယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် လမ်းဘေးခွေးတွေကို ပေါင်မုန့် ကျွေးပါ။

ညံ့

သောကြာ - ကိုယ်လုပ်သမျှ တစ်ခုမှမပြီးပြတ်ဘဲ လုပ်ချင်တာတွေလည်း မလုပ်ဖြစ်ဘဲ အချိန်ကုန်သွားလိမ့်မယ်။ အလုပ်မှာဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ဖြစ် စိတ်ထဲမှာ မတင်မကျတွေ များနေပြီး အတွေးတွေ လွန်နေလို့ အခွင့်အရေးနဲ့ လွဲရတတ်တယ်။ ဒီလိုနေ့မှာ ဖြစ်ချင်တာတွေ မဖြစ်ဘဲ လုပ်သင့်တာကိုပဲ ဦးစားပေးရလိမ့်မယ်။ ငွေရေးကြေးရေးမှာတော့ ကံကောင်းနိုင်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကတောက်ကဆတွေ ရှိလိမ့်မယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ နို့ထမင်းဆွမ်း ကပ်လှူပေးပါ။

သင့်

စနေ - အလုပ်နဲ့ပတ်သက်လို့ စိတ်ညစ်စရာလေးတွေ ရှိတတ်ပေမယ့် ပြေလည်အောင် လုပ်သွားနိုင်မယ်။ အစိုးရ အာဏာပိုင်၊ လူကြီးနဲ့ဆက်စပ်တဲ့ကိစ္စတွေမှာ စိတ်တိုင်းမကျတာတွေ များမယ်။ ကျန်းမာရေး သိပ်မကောင်းချင် ဖြစ်တတ်တယ်။ ဂရုစိုက်ဘဲနေရင် နေထိုင်မကောင်း ဖြစ်သွားတတ်တယ်။ အစားအသောက် ဆင်ခြင်ရလိမ့်မယ်။ ဒီနေ့မှာ မိတ်ဆွေအသိုင်းအဝိုင်းက ကူညီပေးလိမ့်မယ်။ မေတ္တာရေးမှတော့ အချင်းချင်း နားလည်မှု လွဲလိမ့်မယ်။ ဘာသာရေး၊ အဓိဌာန်ကိစ္စလုပ်ရင် ထူးခြားတတ်တယ်။ အလှူအတန်းကိစ္စတွေ လုပ်ရင် ကံကောင်းနိုင်တယ်။ ဒီနေ့ မနက် ၈ ခွဲနဲ့၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ဒန်ပေါက်ဆွမ်း ကပ်လှူပေးရမယ်။

သင့်

#lotaya_horoscope


MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..