၇ ရက်သားသမီး အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၂.၉.၂၀၂၁ မှ ၁၈.၉.၂၀၂၁ အထိ)
lotaya.mpt.com.mm
|
2021-09-12

တနင်္ဂနွေနေ့ဖွား

အလုပ်အကိုင် - အရင်အပတ်က အဆင်မပြေ ဖြစ်နေတဲ့အလုပ်ကိစ္စတွေ ဒီအပတ်မှာ ပြန်ကောင်းလာလိမ့်မယ်။ စိတ်ကူးထားတာလေးတွေလည်း အကောင်အထည် ဖော်ဖြစ်မယ်။ ငွေကြေးကံလည်း ပွင့်လာနိုင်လို့ ပုံမှန်ဝင်ငွေ အပြင် တခြားရလမ်းတွေပါ ပေါ်လာနိုင်တယ်။ ထီ (သို့) တခြားကံစမ်းတာတွေလည်း ဒီအပတ်မှာ လုပ်နိုင်တယ်။

ကျန်းမာရေး - နေထိုင်မကောင်း၊ မအီမသာဖြစ်နေရင် ဒီအပတ်မှာ ပြန်သက်သာမယ်။ ဆေးကောင်းတွေ့မယ်။

လူမှုအိမ်ထောင် - ဒီအပတ် မေတ္တာရေးမှာ အစောပိုင်း သာယာနေရာက နောက်ပိုင်းမှာ ကတောက်ကဆတွေ ပို များလာတတ်တယ်။ အပျော်လွန်ရာက ပျက်တတ်သလိုအစအနောက်သန်ရာကလည်း စကားများရတတ်တယ်။ ဘယ်အရာမှ အလွန်အကျွံ မလုပ်တာ ကောင်းမယ်။ လူမှုဆက်ဆံရေးမှာတော့ မိတ်ဆွေတွေရဲ့ကူညီမှု ရရှိမယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ၊ ပုလဲပေါက်ဒီဇိုင်း

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၅ ၊ ၉

ကံကောင်းစေတဲ့ အရပ် - အနောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး

ယတြာ - အနားဝန်းကျင်က နွမ်းပါးသူတွေကို ဆေးဝါး၊ ဓာတ်စာ၊ ဖြည့်စွက်စာ တစ်ခုခု ဝယ်လှူပေးလိုက်ပါ။

တနင်္လာနေ့ဖွား

အလုပ်အကိုင် - လုပ်ချင်တာတွေ များ၊စိတ်ကူးတွေ များပြီး လက်တွေ့မှာတော့ အလုပ်ဖြစ်တာက နည်းနေမယ်။ ရွေးချယ်မှု မှားရင် ကိုယ်ပဲ ခံရမှာမို့ သေချာ ရွေးချယ်ရမယ့်အချိန် ဖြစ်တယ်။ အလုပ်မှာ အကောင်းနဲ့အဆိုးတွေ ဒွန်တွဲနေမယ့်ကာလ ဖြစ်တယ်။ အပြောင်းအလဲ၊ အသစ်အဆန်းတိုင်းကို သတိနဲ့ ချဉ်းကပ်ဖို့လည်း လိုလိမ့်မယ်။

ကျန်းမာရေး - ပေါ့ပေါ့ဆဆ နေမိလို့ ကျန်းမာရေး ထိခိုက်တတ်တယ်။ အစားမှား၊ ဆေးမှား ဖြစ်တတ်တယ်။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ ခံစားချက်ကို ဦးစားပေးမိနေမယ်။ စိတ်ချင်း ညှိဖို့ ခက်ခဲနေလို့ အဆင်မပြေတာတွေ များလာနိုင်တယ်။ တစ်ဖက်သား ဖြစ်ချင်တာကို အလေးထားရင်တော့ နားလည်မှု ရမယ်။ လူမှုဆက်ဆံရေးမှာ ကိုယ့်အပေါ် တစ်ပတ်ရိုက်၊ လှည့်ဖျားတတ်သူတွေ ရှိနေတတ်တယ်။ သတိပြု ဆက်ဆံပါ။

ကံကောင်းစေတဲ့ အရောင် - အဖြူ၊ ငွေရောင်၊ မီးခိုးရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇၊ ၀ ၊ ၂

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ

ယတြာ - တနင်္လာနေ့ မနက်စောစော အိမ်ကဘုရားမှာ အသက်လွတ် ကြာဆံကြော်နဲ့ ကော်ဖီ ကပ်လှူပေးပါ။

အင်္ဂါနေ့ဖွား

အလုပ်အကိုင် - ဒီအပတ် အလုပ်၊ စီးပွားကိစ္စတွေမှာ လွယ်လွယ်နဲ့ ဘယ်အရာမှ မရဘဲ ဆက်တိုက် ကြိုးစားနိုင် ရုန်းကန်နိုင်မှ အဆင်ပြေလိမ့်မယ်။ ကိုယ်ပိုင်အစွမ်းအစတွေ၊ အရည်အချင်းတွေ အားကုန်ထုတ်သုံး လုပ်နိုင်ပါမှ အောင်မြင်မှု ရမယ်။ ဘေးလူ၊ ပတ်ဝန်းကျင်ရဲ့ အကူအညီလည်း ယူရမယ်။ ငွေကြေးကံ ပုံမှန်လေးပဲ ရှိနေမယ်။

ကျန်းမာရေး - ကျန်းမာရေးက ပုံမှန်ထက် နည်းနည်း ကျဆင်းနိုင်တယ်။ ရောဂါဝေဒနာ ဖြစ်ရင် သေချာကုပါ။

လူမှုအိမ်ထောင် - လက်တွဲဖော် (သို့) အိမ်ထောင်ဖက်ရဲ့ အကူအညီတွေပံ့ပိုးမှုတွေ ကောင်းကောင်း ရလာမယ်။ ကိုယ့်ပါတနာရဲ့အသိုင်းအဝိုင်းမှာလည်း ထင်ရှားပေါ်လွင်မှု ရှိလာမယ်။ အပြန်အလှန်လည်း ကူညီဖေးမနိုင်မယ်။ မေတ္တာရေးကံတွေ ကောင်းနေလိမ့်မယ်။ လူမှုဆက်ဆံရေးမှာတော့ အကောင်းရောအဆိုးပါ ကြုံတွေ့ရလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အညို၊ ကော်ဖီရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အနောက်တောင်၊ အရှေ့မြောက်

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး ၊ တနင်္လာ

ယတြာ - တစ်ပတ်လုံး မနက်ခင်းတိုင်း အိမ်ကဘုရားမှာ နန်းကြီးသုပ်တစ်ပွဲ ကပ်လှူပြီး ဆုတောင်းပေးပါ။

ဗုဒ္ဓဟူးနေ့ဖွား

အလုပ်အကိုင် - အစောပိုင်းက မပြေမလည် ဖြစ်နေတဲ့ အလုပ်ကိစ္စ၊ ငွေကြေးကိစ္စတွေ ဒီအပတ်ထဲမှာ ပြန်ပြီး အဆင်ပြေချောမွေ့လာလိမ့်မယ်။ ဘက်ပေါင်းစုံကနေ အကူအညီတွေလည်း ရလာနိုင်တယ်။ ကိုယ်တိုင်ကသာ စိတ်ပါဝင်စားမှုအပြည့်နဲ့ ကြိုးစားရမယ်။ စိတ်များ၊ အာရုံများနေလို့ တချို့အခွင့်အရေးတွေကို လွဲချော်နိုင်တယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ ဘေးကင်း ကျန်းမာမယ်။ ရေများများသောက်လေ ကျန်းမာလေဖြစ်မယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံကောင်းတတ်ပေမယ့် ကိုယ်တိုင်က အပျော်ကျူး၊ အလည်လွန်၊ ပေါက်ကရ လုပ်မိတာတွေကြောင့် အခြေအတင်လေးတွေတော့ ဖြစ်ရတတ်တယ်။ အချင်းချင်းက နားလည်မှု ပေးနိုင်ရင် အသာယာဆုံးကာလ ဖြစ်လိမ့်မယ်။ လူမှုရေးမှာ မနာလိုဝန်တိုသူတွေ ရှိနေတတ်တယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူ၊ အဝါရင့်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၄ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အနောက်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး ၊ စနေ

ယတြာ - တစ်ပတ်အတွင်း အားလပ်ရက်မှာ စေတီတစ်ဆူရဲ့ ရင်ပြင်ကို သန့်ရှင်းရေးလုပ်ပြီး ရေသပ္ပါယ်ပေးပါ။

ရာဟုဖွား

အလုပ်အကိုင် - ဒီအပတ်မှာ အလုပ်နဲ့ပတ်သက်တဲ့အစီအစဉ်တွေ၊ နည်းလမ်းတွေ၊လုပ်ထုံးလုပ်နည်းတွေကို ပြန် ပြောင်းလဲရတတ်တယ်။ ပုံစံဟောင်းနဲ့ ဆက်သွားလို့မရဘဲ ပုံစံသစ်၊နည်းလမ်းသစ်တွေနဲ့ ဆောင်ရွက်ရလိမ့်မယ်။ လူဟောင်း၊ အဆက်အသွယ်ဟောင်းတွေဆီက အကူအညီလည်း ရလာမယ်။ ငွေကြေးကံလည်း ကောင်းမယ်။

ကျန်းမာရေး - ပစ်စလတ်ခတ် နေမိရင် ကျန်းမာရေး ညံ့သွားနိုင်တယ်။ အစောတည်းက ကြိုတင်ဂရုစိုက်ရမယ်။

လူမှုအိမ်ထောင် - တစ်ပတ်တာ မေတ္တာရေးမှာ နှစ်ဦးကြား ပြဿနာတွေနဲ့ အဖုအထစ်တွေကို ပြေလည်အောင် ဖြေရှင်းခွင့် ရလာမယ်။ မဖြေရှင်းဘဲ ပစ်ထားခဲ့ရင် အခြေအနေက အဆိုးဘက် အလေးသာသွားမယ်။ စိတ်ထဲမှာ ရှင်းလင်းနေမှ နှစ်ဦးသားအနာဂတ်ကို ရှေ့ဆက်နိုင်လိမ့်မယ်။ ဒီအပတ်မှာ မဆုံတာကြာတဲ့သူတွေနဲ့ ပြန်ဆုံမယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့်၊ လိမ္မော်ရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၈ ၊ ၁

ကံကောင်းစေတဲ့ အရပ် - အရှေ့မြောက် ၊ တောင်

ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး မွန်းလွဲနဲ့ စနေနေ့ မွန်းလွဲနောက်ပိုင်း

ယတြာ - တစ်ပတ်အတွင်း အိမ်ကဘုရားနဲ့ နီးစပ်ရာ စေတီဘုရားတွေမှာ အမွှေးနံ့သာတွေ ကပ်လှူပေးပါ။

ကြာသပတေးနေ့ဖွား

အလုပ်အကိုင် - ဒီအပတ်မှာ လုပ်ငန်းကိစ္စအတွက် ရတက်မအေးစရာတွေ များလာနိုင်တယ်။ အလုပ်ခွင်ထဲမှာ အတိုက်အခိုက်တွေ ပေါ်လာနိုင်သလို ကိုယ့်ကို နောက်ကွယ်ကနေ ဒုက္ခပေး၊ ပြဿနာ ရှာချင်သူတွေကလည်း ရှိနေတတ်တယ်။ ဘယ်ကိစ္စမဆို သံသယနဲ့ ချဉ်းကပ်နိုင်မှ တော်ရုံကျမယ်။ ငွေကြေးကိစ္စ စိတ်ရှုပ်စရာ ဖြစ်မယ်။

ကျန်းမာရေး - စိတ်ထဲမှာ မအီမသာနဲ့ ဖြစ်တတ်ပေမယ့် ကျန်းမာရေးနဲ့ပတ်သက်လို့ စိုးရိမ်စရာ မရှိပါ။

လူမှုအိမ်ထောင် - အချစ်ရေး၊ အိမ်ထောင်ရေးမှာ အစပိုင်း အဆင်ပြေနေရာက နောက်ပိုင်းမှာ သံသယတွေရော မာန်မာနတွေပါ ဝင်လာလို့ အချင်းချင်း စကားများရ ငြင်းခုံရတတ်တယ်။ နီးစပ်ရာအတွင်းလူတွေက နှစ်ဦးကြား ဝင်မွှေတတ်တယ်။ သံသယရှင်း စိတ်ရှင်းရင် ပြဿနာလည်း အေးမယ်။ အကြီးအကဲတွေရဲ့ အကူအညီ ရမယ်။

ကံကောင်းစေတဲ့ အရောင် - အဖြူဆွတ်ဆွတ်၊ အဝါနု

ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး

ယတြာ - နေ့စဉ် မနက်တိုင်း အိမ်ကဘုရားမှာ ပေါင်မုန့်ကြက်ဥကြော် ကပ်လှူပြီးမှ လိုရာကိစ္စ ဆောင်ရွက်ပါ။

သောကြာနေ့ဖွား

အလုပ်အကိုင် - ပုံမှန်အတိုင်း လုပ်နေလို့ မရတော့ဘဲ နည်းနာအသစ်တွေ၊ လုပ်နည်းလုပ်ဟန်အသစ်တွေ စပြီး စမ်းသပ် ကြိုးစားကြည့်သင့်တယ်။ အလုပ်မှာ အေးရာအေးကြောင်း နေလို့မရဘဲ လှုပ်ရှားရုန်းကန်မှုတွေ ပိုများ၊ ပိုရှုပ်လာနိုင်တယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့သင်တန်း၊ ပညာတွေ သင်ရတတ်တယ်။ ငွေကြေးကံ သင့်တယ်။

ကျန်းမာရေး - သွေးအားနည်းတာမျိုး ဖြစ်တတ်လို့ အနားယူဖို့ အားပြည့်ဖို့ လိုမယ်။ အသွားအလာ လျှော့ပါ။

လူမှုအိမ်ထောင် - ဒီအပတ်မှာလည်း အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ပတ်သက်လို့ စိတ်နှလုံး မသာယာစရာတွေပဲ ဖြစ်ပေါ်လာတတ်တယ်။ ဒါပေမယ့် လူပျိုလူလွတ်တွေမှာ နှလုံးသားရေး ကံခေတာ ပိုသိသာမယ်။ အရှုပ်အရှင်းနဲ့ အလှည့်အပတ်တွေ ကြုံရတတ်တယ်။ အိမ်ထောင်ရှင်တွေကတော့ အဆင်မပြေမှုကြားက ပျော်စရာတွေ့မယ်။

ကံကောင်းစေတဲ့ အရောင် - မီးခိုးရောင်၊ အညိုရောင်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ဝ

ကံကောင်းစေတဲ့ အရပ် - အရှေ့

ကံကောင်းစေတဲ့ နေ့ရက် - တနင်္လာ ၊ တနင်္ဂနွေ

ယတြာ - ဒီတစ်ပတ်အတွင်း အောက်ပိုင်းမသန်သူ၊ ခြေမသန်သူတွေကို စားစရာ၊ သောက်စရာ ဒါနပြုပေးပါ။

စနေနေ့ဖွား

အလုပ်အကိုင် - အလုပ်ကိစ္စ၊ ငွေကြေးကိစ္စတွေမှာ အငြင်းပွားစရာလေးတွေ ဖြစ်လာနိုင်ပေမယ့် အကြီးအကဲနဲ့ အာဏာပိုင်တွေက ကိုယ့်ဘက်က ရပ်တည်ကူညီပေးမယ်။ အခက်အခဲတွေလည်း မကင်းနိုင်သေးလို့ အလုပ်မှာ သတိထားကြိုးစားရလိမ့်မယ်။ ကိုယ့်ဘက်ကသာ မှန်ကန်နေရင် အားလုံးကို ကျော်ဖြတ်အောင်မြင်နိုင်လိမ့်မယ်။

ကျန်းမာရေး - တစ်ပတ်လုံးမှာ ဘေးဥပဒ် မရှိနိုင်ဘဲ ကျန်းမာနေလိမ့်မယ်။ မကြာခဏ အနားယူပေးသင့်တယ်။

လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးကဏ္ဍမှာ ဆတ်ဆတ်ထိမခံတာ၊ သည်းညည်းမခံနိုင်တာ ဖြစ်တတ်ပေမယ့် နောက်ပိုင်းမှာ ပြေလည်အောင် ဖန်တီးနိုင်မယ်။ လူငယ်လူရွယ်တွေဆို စန်းပွင့်ပြီး မျက်နှာသာ ရတတ်တယ်။ ပေါင်းသင်းဆက်ဆံရေးကဏ္ဍမှာတော့ ဘက်မလိုက်ဘဲ တည်ကြည်မှု ရှိရင် အဆင်ပြေလိမ့်မယ်။

ကံကောင်းစေတဲ့ အရောင် - အဝါရင့်၊ လိမ္မော်၊ အနက်

ကံစမ်းနိုင်တဲ့ ဂဏန်း - ၇ ၊ ၁ ၊ ၅

ကံကောင်းစေတဲ့ အရပ် - အရှေ့၊ အနောက်တောင်

ကံကောင်းစေတဲ့ နေ့ရက် - စနေ ၊ တနင်္လာ

ယတြာ - သက်ကြီးရွယ်အိုတွေနဲ့ သံဃာတော်တွေကို မိမိ တတ်နိုင်သလောက် အားဆေးတွေ လှူပေးပါ။

#lotaya_horoscope

MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..