စက်တင်ဘာ ၁၄ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-09-14

တနင်္ဂနွေ - ကျန်းမာရေးကို ပထမဦးစားပေးရမယ့်နေ့ ဖြစ်တယ်။ ခေါင်းမူး၊ ခေါင်းနောက်တာ၊ အစာမကြေတာနဲ့ မောပန်းလွယ်တာတွေ ဖြစ်တတ်တယ်။ တစ်နေ့တာ အလုပ်ကိစ္စတွေ ခါတိုင်းထက် ပိုများပြီး ရှုပ်ထွေးလာမယ်။ လုပ်သလောက်အကျိုးမရှိသလိုလည်း ဖြစ်မယ်။ ကိုယ့်ကို နှောင့်ယှက်တိုက်ခိုက်သူတွေလည်း ရှိနေတတ်တယ်။ အမျိုးသမီးအကြီးအကဲတွေနဲ့ ပတ်သက်တဲ့အခါ သတိနဲ့ ဆက်ဆံရမယ်။ ငွေကိစ္စနဲ့ ပြောရဆိုရ ငြင်းခုံရနိုင်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ မပွင့်လင်းစရာတွေ ရှိလာတတ်တယ်။ အချင်းချင်း ပွင့်လင်းမြင်သာမှု ပေးရမယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ တောင်းရမ်းသူတွေကို အားဖြည့်အချိုရည် လှူပေးပါ။

ညံ့

တနင်္လာ - တစ်နေ့တာလုံး အေးအေးချမ်းချမ်း မနေရဘဲ လှုပ်ရှားသွားလာမှုတွေ၊ စိတ်လှုပ်ရှားပင်ပန်းရတာတွေ များလာမယ်။ အာဏာပိုင်တွေနဲ့ ပတ်သက်လို့ ကိုယ့်ဘက်က အမှားအယွင်းမရှိအောင် သတိထားရလိမ့်မယ်။ ကိုယ့်ကို ရန်လို တိုက်ခိုက်တာတွေကိုလည်း ရင်ဆိုင်ရကိန်း ရှိတယ်။ ဒါပေမယ့် ပြဿနာ မဖြစ်အောင် ရှောင်လို့ တိမ်းလို့ ရမယ်။ အလုပ်အကိုင်အခြေအနေ အကောင်းဘက်မှာ ရှိနေတယ်။ ငွေအဝင်အထွက်တော့ များမယ်။ အချစ်ရေးမှာ ကံဇာတာ ကောင်းမယ်။ လူငယ်လူရွယ်တွေ နှလုံးသားရေးမှာ စိတ်တိုင်းကျ အဆင်ပြေဖို့ ရှိတယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဆီထမင်း ကပ်လှူပြီး လိုရာ ဆုတောင်းပေးပါ။

ကောင်း

အင်္ဂါ - ကံဇာတာ ကောင်းမွန်တဲ့နေ့မျိုး ဖြစ်မယ်။ လူအစုအဖွဲ့၊ အများနဲ့ပတ်သက်တဲ့ကိစ္စတွေတော့ ရှောင်ရမယ်။ ဘာလုပ်လုပ် တစ်ယောက်တည်း ကြံစည်အားထုတ်တာ ပိုကောင်းမယ်။ အလုပ်တွေ တိုးချဲ့အောင်မြင်နိုင်တဲ့နေ့ ဖြစ်လို့ ဒီနေ့မှာ အကောင်းဆုံး ကြိုးစားကြည့်သင့်တယ်။ ငွေရေးကြေးရေးလည်း ကံကောင်းမယ်။ ရစရာပေးစရာ ငွေကြေးကိစ္စတွေလည်း ချောမွေ့အဆင်ပြေသွားမယ်။ နှလုံးသားရေးမှာတော့ ကံခေတတ်လို့ သတိထားရမယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ သောက်တော်ရေချမ်း ကပ်ပါ။

ကောင်း

ဗုဒ္ဓဟူး - မိသားစု၊ အသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုတွေ ရလာမယ်။ ဆွေမျိုးသားချင်း၊ နီးစပ်သူတွေက အကူအညီ ပေးလာတတ်တယ်။ အဆက်အသွယ်ကောင်းတွေလည်း ပေါ်လာနိုင်တယ်။ ကိုယ့်အတွက် အကျိုး ဖြစ်ထွန်းတဲ့ သတင်းတွေလည်း ရလာတတ်တယ်။ အလုပ်မှာတော့ မလိမ့်တပတ်ကိစ္စတွေ ပေါ်တတ်တယ်။ အများနဲ့စပ်တူ၊ အကျိုးတူတွေများ လုပ်ထားရင် အခက်တွေ့နိုင်တယ်။ ငွေကြေးကိစ္စ အရှုပ်အရှင်း ဖြစ်တတ်တယ်။ ပြတ်သားနိုင် ရှင်းလင်းနိုင်မှ ဖြစ်လိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကတောက်ကဆ ဖြစ်စရာလေးတွေ ပေါ်လာမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ သံဃာ (သို့) သီလရှင်ကို လိမ္မော်ရည် ကပ်လှူပေးရမယ်။

ကောင်း

ရာဟု - စိတ်ထဲ ထင်တာတွေက တကယ် ဖြစ်လာတတ်တယ်။ အကြံအစည်တွေ အတော်များများ ဖြစ်အောင် လုပ်လာနိုင်တယ်။ ဘာပဲလုပ်လုပ် တစ်ကိုယ်တော် လုပ်တာ ပိုကောင်းမယ်။ အများနဲ့ တွဲလုပ်မိပြီဆို အလုပ် မဖြစ်တော့ဘဲ ပျက်သွားတတ်တယ်။ ကိုယ့်အခွင့်အရေးကို သူများက ယူသွားတာမျိုး ဖြစ်မယ်။ ငွေကြေးကံလေး ကောင်းဖို့ ရှိတယ်။ ရှာနိုင်ရင် ရှာသလောက်ကို ရရှိမယ်။ စဉ်းစားဆုံးဖြတ်တာတွေ မှန်ကန် တည့်မတ်လာမယ်။ လူငယ်တွေ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အနှောင့်အယှက်တွေ များမယ်။ ဒါပေမယ့် ဖြေရှင်းသွားနိုင်လိမ့်မယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ယပ်တော် သက်စေ့ ခတ်ပြီး ကုသိုလ်ပြုပေးပါ။

ကောင်း

ကြာသပတေး - အိုးအိမ်နေရာကိစ္စ အပြောင်းအရွှေ့ ဖြစ်တတ်တယ်။ ပြောင်းဖြစ်ရင် ဒီထက်ကောင်းတဲ့နေရာမျိုး ဖြစ်မယ်။ အနည်းဆုံး လုပ်နေကျ၊ ထိုင်နေကျ နေရာ၊ ပုံစံတွေ ရွှေ့ပစ်ရတတ်တယ်။ ဒီနေ့မှာ အသွားအလာတွေ များလာတတ်သလို လုပ်ကိုင်ကြံစည်သမျှလည်း အပေါက်အလမ်း သိပ်မတည့်တာ များမယ်။ အလုပ်ကိစ္စတွေ ဝေ့လည်ကြောင်ပတ် ဖြစ်နေတတ်တယ်။ ရည်ရွယ်သလိုမဖြစ်ဘဲ အဆင်ပြေသလို ကြည့်လုပ်ရတာမျိုး ဖြစ်မယ်။ ငွေကြေးကိစ္စမှာလည်း မှန်းထားတာနဲ့ မတူဘဲ ဖြစ်နေမယ်။ မေတ္တာရေးမှာတော့ စိတ်ချမ်းသာရတာလေးရှိမယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် လမ်းဘေးခွေးတွေကို ပေါင်မုန့် ကျွေးပါ။

ညံ့

သောကြာ - ဒီနေ့မှာ မမျှော်လင့်ဘဲ လက်ဆောင်တွေ၊ အဝေးက ပစ္စည်းတွေ လက်ခံရရှိတတ်တယ်။ ဒါပေမယ့် တစ်နေ့တာ လုပ်ဆောင်သမျှတွေက အလွဲအချော်တွေ၊ မတော်မတည့်တာတွေ များမယ်။ လုပ်သမျှကိစ္စတွေက တစ်ပိုင်းတစ်စနဲ့ ကျန်ရစ်တတ်တယ်။ စိတ်များပြီး အရာမရောက်ဘဲ ဖြစ်မယ်။ အလုပ်ကိစ္စတွေ အတော်အတန် အဆင်ပြေပြီး ငွေကြေးကိစ္စမှာလည်း ကျေနပ်မှု ရမယ်။ နှလုံးသားရေးမှာတော့ မသင့်မမြတ်ဖြစ်စရာတွေ ရှိမယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပြီး ဆုတောင်းပေးပါ။

သင့်

စနေ - ဘာသာရေးကိစ္စ၊ အလှူအတန်းကိစ္စတွေ ဆောင်ရွက်ရတတ်တယ်။ အလုပ်ကိစ္စ၊ အကျိုးစီးပွားကိစ္စတွေ လုပ်လို့ကိုင်လို့ သိပ်မကောင်းဘဲ ဖြစ်နေမယ်။ အလုပ်မှာ ထင်တိုင်း မဖြစ်တာ၊ နှောင့်နှေးခက်ခဲတာတွေ ရှိမယ်။ လုပ်ငန်းကိစ္စ ခရီးတွေ ထွက်ဖြစ်ရင် အဆင်မပြေဘဲ ပြန်လှည့်ရတတ်တယ်။ ဒီနေ့မှာ မိတ်ဆွေအသိုင်းအဝိုင်းရဲ့ ကူညီပံ့ပိုးမှုတွေ ရတတ်တယ်။ လူဟောင်း၊ အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်ဆုံပြီး စိတ်ချမ်းသာရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်ညစ်စရာတွေ ပေါ်လာတတ်တယ်။ စကားမှားလို့ ပြဿနာ ဖြစ်ရမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ လက်ဖက်အသားနဲ့ဆွမ်းကပ်ပါ။

သင့်

#lotaya_horoscope

MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..