စက်တင်ဘာ ၁၅ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-09-15

တနင်္ဂနွေ - အရင်နေ့တွေက မပြီးမပြတ်ခဲ့တဲ့အလုပ်တွေ ဒီနေ့မှာ ပြုံကျလာတတ်တယ်။ ကိုယ်ရေးကိုယ်တာတွေ အလုပ်ကိစ္စတွေနဲ့ ရှုပ်ထွေးလာနိုင်တယ်။ ဟိုဟာလည်း မပြီး၊ ဒီဟာလည်း ကျန်နဲ့ လူလည်း ချာလည်ပတ်လည် ဖြစ်လာနိုင်တယ်။ စိတ်ကူးယဉ်တာ၊ အတွေးလွန်တာတွေ လျှော့ရမယ်။ ငွေကြေးကံလေး ကောင်းလာနိုင်တယ်။ ရှာဖွေကြိုးစားလို့ အဆင်ပြေမယ်။ မိတ်ဆွေကောင်း မစမယ်။ နှလုံးသားရေးမှာတော့ အဆင်မပြေတာ များမယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့်သကြားဖြူးပြီး ကပ်လှူ ဆုတောင်းပါ။

သင့်

တနင်္လာ - ဒီတစ်နေ့တာလုံးမှာ စိတ်ရောလူပါ လန်းဆန်းတက်ကြွနေတတ်တယ်။ ပျော်ရွှင်စရာကိစ္စတွေနဲ့လည်း ကြုံဆုံရတတ်တယ်။ အိုးအိမ်နေရာကိစ္စ ကြိုးစားနေရင် ဒီနေ့မှာ အဆင်ပြေသွားနိုင်တယ်။ ပြောစကားဆိုစကား အောင်မြင်လိမ့်မယ်။ ကျန်းမာရေးတော့ ဂရုစိုက်ရမယ်။ အစားမှား၊ အဆိပ်သင့်တာတွေ ဖြစ်တတ်တယ်။ အလုပ် စီးပွားကံလည်း အားနည်းချက် ရှိမယ်။ လုပ်သာလုပ်ပြီး အကျိုးမရှိ ဖြစ်တတ်တယ်။ လုပ်ငန်းလည်ပတ်မှုတွေပါ နှေးကွေးလာတတ်တယ်။ အချစ်ရေး။အိမ်ထောင်ရေး အညံ့ ရှိတယ်။ စိတ်ပူပန်စရာတွေလည်း ဖြစ်ပေါ်လာမယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ သံပရာရည် ၁ ခွက် ကပ်လှူပြီး ယတြာပြုပါ။

သင့်

အင်္ဂါ - ဒေါသဖြစ်စရာ သည်းမခံနိုင်စရာတွေ များလာနိုင်တယ်။ ကိုယ့်စိတ်ကို ထိန်းနိုင်မှသာ ပြဿနာတွေကို ရှောင်နိုင်လိမ့်မယ်။ ပြဿနာဟောင်း၊ အမှုဟောင်းတွေလည်း ပြန်ပေါ်လာတတ်တယ်။ မတော်တဆ ထိခိုက်မှုနဲ့ သွေးထွက်သံယိုတွေ ဖြစ်တတ်တယ်။ အလုပ်ကိစ္စမှာ စိတ်ရှုပ်စရာတွေ များမယ်။ အလုပ်တွေ များသလောက် သိပ်အကျိုးမရှိဘဲ ဖြစ်မယ်။ ငွေကြေးကိစ္စမှာလည်း အခြေအတင်တွေ ပြောရလိမ့်မယ်။ ငွေအဝင် နည်းလိမ့်မယ်။ မေတ္တာရေးမှာ သံသယ ဖြစ်စရာတွေ ပေါ်လာတတ်တယ်။ အခက်အခဲ ရှိရင် မိသားစုကပဲ အကူအညီ ပေးမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ကိုယ်အင်္ဂါ မသန်စွမ်းသူတစ်ဦးကို တတ်နိုင်တာ လှူပါ။

ညံ့

ဗုဒ္ဓဟူး - မရိုးသားသူတွေ၊ ကိုယ့်အပေါ် လှည့်စားတတ်သူတွေနဲ့ ကြုံဆုံရတတ်တယ်။ ဒါလေးကို သတိထားနိုင်မှ ကျန်တာ လုပ်ပါ။ အလုပ်အကိုင်၊ စီးပွားကံဇာတာ ကောင်းမယ်။ ငွေရေးကြေးရေးကိစ္စတွေလည်း ကံကောင်းပြီး ကြံစည်အားထုတ်သမျှ အောင်မြင်တာက များမယ်။ အောက်လူတွေ ၊ ငယ်သူတွေနဲ့ ဆက်ဆံတဲ့အခါ သတိနဲ့ ချဉ်းကပ်ရမယ်။ ကိုယ့်အပေါ် အမြင်မှားအထင်လွဲတာဖြစ်တတ်တယ်။ နှလုံးသားရေးကံတော့ ကောင်းလိမ့်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် သံဃာတော်ကိ လိမ္မော်သီး ကပ်လှူပေးပါ။

ကောင်း

ရာဟု - တစ်နေ့လုံးမှာ စိတ်နဲ့ကိုယ်နဲ့ မကပ်သလို ဖြစ်နေတတ်တယ်။ စိတ်မြန်လက်မြန်နဲ့ အရာရာကို ဆုံးဖြတ် လုပ်ကိုင်တတ်လို့ တချို့နေရာမှာ အမှားတွေလည်း ပါသွားတတ်တယ်။ ဒါပေမယ့် အလုပ်နဲ့ ငွေကြေးကိစ္စတွေ အဆင်ပြေတာ များမယ်။ လုပ်ကိုင်ကြိုးစားလို့လည်း အကျိုးအမြတ် ရှိမယ်။ ကိုယ်က ကူညီခဲ့ပေမယ့် ကိုယ့်ကို ပြန်လှည့်ကူညီမယ့်သူမရှိဘဲ ဖြစ်တတ်တယ်။ နှလုံးသားရေးမှာတော့ သည်းခံနိုင်ရင် အကောင်းဆုံး ဖြစ်နေမယ်။ ဒီနေ့ နေ့ခင်း ၁ နဲ့ ၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် အိမ်ခြေရာမဲ့တစ်ဦးကို စားစရာ ပေးလှူပါ။

သင့်

ကြာသပတေး - ကံဇာတာ ကောင်းမွန်ချိန် ဖြစ်လို့ အကြံအစည် ရည်မှန်းချက်တွေ အထမြောက်လာနိုင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်အားကိုးစိတ်တွေ ပြင်းပြထက်သန်ပြီး လုပ်နိုင်ကိုင်နိုင်စွမ်းတွေ ရှိလာမယ်။ အများကိုပါ ဦးဆောင်နိုင်လိမ့်မယ်။ အလုပ်တွေလည်း ကံကောင်းတတ်ပြီး ငွေကြေးမှာလည်း ရလမ်းသစ်တွေ ပေါ်လာမယ်။ အလုပ်သစ် ပြောင်းတာ၊ တိုးချဲ့တာတွေ အောင်မြင်မှု ရတတ်တယ်။ မိသားစုအရေးမှာ စိတ်ညစ်စရာ ရှိနေမယ်။ ဒီနေ့မှာ အချစ်ရေး၊အိမ်ထောင်ရေးကိစ္စ အညံ့ရှိနေတယ်။ အချင်းချင်းရန်လိုနေပြီး စကားတွေ များရတတ်တယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ပေါင်မုန့် ၅ ချပ် ကပ်လှူပြီးတော့ ယတြာပြုပါ။

ကောင်း

သောကြာ - ဒီနေ့မှာ အစစအရာရာ ကိုယ်စီစဉ်တဲ့အတိုင်း ဖြစ်လာတာ များမယ်။ အပျော်အပါးကိစ္စတွေလည်း ပေါ်လာတတ်တယ်။ အကြီးအကဲတွေနဲ့ သဘောထား ကွဲလွဲပြီး အဆင်မပြေ ဖြစ်တတ်တယ်။ အလုပ်စီးပွားကိစ္စ မတည်မငြိမ် ဖြစ်လာနိုင်တယ်။ လုပ်သာလုပ်ပြီး အမြတ်အစွန်းမကျန်တာမျိုး ဖြစ်တတ်တယ်။ အလုပ်ကံဇာတာ ညံ့တတ်လို့ သေချာ ကြိုးစားဖို့ လိုမယ်။ ငွေအကုန်အကျလည်း များတတ်တယ်။ ငွေအတွက်နဲ့ စိတ်ညစ်နေမယ်။ မေတ္တာရေးမှာ သည်းမခံနိုင်တာ၊ စိတ်တိုတာတွေ ဖြစ်တတ်တယ်။ ကိုယ့်ဘက်က အလျှော့ပေးရင်ကောင်းမယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။  ဘုရားမှာ သီးစုံဖျော်ရည် ကပ်လှူပြီး ဆုတောင်းပေးရမယ်။

သင့်

စနေ - ဒီနေ့မှာ သည်းခံချုပ်ထိန်းရတာတွေ၊ ပေါက်ကွဲချင်တာတွေ များနေမယ်။ ကိုယ့်ဖာသာလည်း မကျေမနပ် ဖြစ်နေတတ်တယ်။ ဘာမှန်းမသိတဲ့ ဖိအားတွေလည်း ကိုယ့်ပေါ် ကျရောက်ပြီး အလိုလိုနေရင်း စိတ်တိုနေမယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ အရှုံးအမြတ် မသေချာတာ၊ အကောင်းအဆိုးတွေ ဒွန်တွဲနေတာမျိုး ကြုံရလိမ့်မယ်။ ငွေကိစ္စမှာလည်း ခေါင်းရှုပ်စရာတွေ များမယ်။ ရစရာပေးစရာတွေက မတင်မကျ ဖြစ်နေမယ်။ အချစ်ရေးကိစ္စနဲ့ အိမ်ထောင်ရေးပိုင်းမှာတော့ အဆင်ပြေကံကောင်းမယ်။ ကိုယ့်အပေါ် နားလည်ဖေးကူမယ့်သူနဲ့ ဆုံရလိမ့်မယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ထီး၊ ဖိနပ်ဟောင်းတွေ စွန့်ထုတ်ပေးပါ။

ညံ့

#lotaya_horoscope

MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..