စက်တင်ဘာ ၁၇ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-09-17

တနင်္ဂနွေ - ဒီနေ့မှာ အလုပ်ကံ၊ စီးပွားကံတွေ ကောင်းလာနိုင်ပေမယ့် စိတ်ပင်ပန်းစရာတွေတော့ များလာမယ်။ ကိုယ့်အရေးတင်မဟုတ်ဘဲ သူများကိစ္စနဲ့ပါ အချိန်ကုန်လူပန်းရတတ်တယ်။ အလိုလိုနေရင်း စိတ်မြန်နေတတ်လို့ အမှားအယွင်း ဖြစ်တတ်တယ်။ အောက်လူ၊ ငယ်သူတွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ ငွေကြေးစီးပွားကံလေး ကောင်းနေမယ်။ ငွေဝင်ဖြောင့်မယ်။ နှလုံးသားရေးမှာ အေးချမ်းမှု ရမယ်။ လူငယ်တွေ စန်းပွင့်အဆင်ပြေမယ်။ ဒီနေ့ မနက် ၇ ခွဲနဲ့ ၈ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ကြာဆံကြော် ကပ်လှူပြီးတော့ ဆုတောင်းပါ။



ကောင်း



တနင်္လာ - အများအားဖြင့် ကံကောင်းအဆင်ပြေမယ့်နေ့မျိုး ဖြစ်တယ်။ အထူးသဖြင့် အလုပ်အကိုင်၊ စီးပွားရေး ကံဇာတာတွေ အားကောင်းနိုင်တယ်။ အလုပ်ပြောင်းတာ၊ တိုးချဲ့တာ၊ အသစ် လုပ်တာတွေမှာ အောင်မြင်မယ်။ ငွေကြေးအရလည်း စိတ်ချမ်းသာမှု ရရှိမယ်။ ကိုယ်တိုင်ကလည်း စိတ်ကူးအကြံကောင်းတွေ ပေါ်လာနိုင်တယ်။ ဒါပေမယ့် မိသားစု၊ ဆွေမျိုးသားချင်းနဲ့ပတ်သက်လို့ စိတ်ရှုပ်စရာတွေ ပေါ်မယ်။ မေတ္တာရေးကံ အားနည်းမယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ဇီးဖျော်ရည် ကပ်လှူပြီး ယတြာပြုပေးပါ။



ကောင်း



အင်္ဂါ - သူများအပူက ကိုယ့်အပူ ဖြစ်လာတတ်တယ်။ ကိုယ်ရေးကိုယ်တာ၊ ကိုယ့်ကိစ္စတွေမှာ ပူပန်စရာမရှိဘဲနဲ့ သူများကိစ္စအတွက် ကြားဝင်ရတတ်တယ်။ ကိုယ်နဲ့မဆိုင်တာတွေမှာ ပါဝင်ပတ်သက်တာမျိုးကို ရှောင်ရမယ်။ အလုပ်ကိစ္စ၊ စီးပွားရေးမှာ အခက်အခဲအမျိုးမျိုး ပေါ်လာတတ်တယ်။ လူလိမ်တွေနဲ့ ကြုံရတတ်လို့ သတိထားပြီး ဆက်ဆံရမယ်။ ငွေအပေးအယူတွေ အမှားအယွင်း ဖြစ်တတ်တယ်။ အကုန်အကျလည်း အရမ်းများတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပူပန်ကြောင့်ကျမှုတွေ များလိမ့်မယ်။ ကြားလူတွေကြောင့် ပြဿနာဖြစ်နိုင်တယ်။ ဒီနေ့ ညနေ ၆ နဲ့ ၆ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ သီလရှင်လေးတွေကို ဆန်လောင်းလှူပါ။



သင့်



ဗုဒ္ဓဟူး - ကိုယ်တိုင်ကလည်း အမှားတွေ လုပ်မိနေတတ်သလို သူတပါးကြောင့်လည်း ကိုယ့်မှာ ပြဿနာတွေကို လိုက်ရှင်းရတတ်တယ်။ သူများကိစ္စတွေထဲ ကြားမဝင်တာ ကောင်းမယ်။ ကိုယ့်ကို အသုံးချတာ၊ ခေါင်းခံခိုင်းတာ ဖြစ်တတ်လို့ ကြိုတင် သတိပြုရမယ်။ အလုပ်မှာ ဝေခွဲရခက်တာ၊ စဉ်းစားရ ကျပ်တာတွေ ဖြစ်မယ်။ ငွေကြေးကိစ္စ မရေမရာနဲ့ မှန်းလုပ်နေရလိမ့်မယ်။ ငွေဝင်ဖို့ ကြန့်ကြာမယ်။ နှလုံးသားရေးမှာတော့ အကူအညီတွေ ရလိမ်မယ်။ ဒီနေ့ မနက် ၁၀ ခွဲနဲ့ ၁၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အကြော်စုံ ကပ်လှူပေးပါ။



ညံ့



ရာဟု - နေရာဌာနတွေ၊ အိုးအိမ်ကိစ္စတွေအတွက် ခေါင်းခဲပူပန်ရတတ်တယ်။ တစ်နေ့လုံး ဘာလုပ်ရမယ် မှန်း မသိဘဲ ဘာကိုမှ စိတ်မပါလက်မပါနဲ့ ဖြစ်နေတတ်တယ်။ အလုပ်တွေကလည်း လုပ်သာနေတယ် ကိုယ့်အတွက် ဘာမှ မထူးခြားသလို ခံစားရလိမ့်မယ်။ အိမ်မကပ်ချင်ဘဲ အပြင်ချည်း လျှောက်သွားချင်မိမယ်။ စိတ်အာရုံတွေ ထွေပြားလွယ်တတ်လို့ ဘာကိုမှ အရေးတကြီး မဆုံးဖြတ်တာကောင်းမယ်။ မေတ္တာရေးမှာ ပျော်ရွှင်စရာ ရှိမယ်။ ဒီနေ့ မနက် ၁၁ ခွဲနဲ့ ၁၂ ကြား ကံကောင်းတတ်တယ်။ ယတြာအဖြစ် ဘုရားမှာ ကိတ်မုန့် ၄ ချပ် ကပ်လှူပေးပါ။



ညံ့



ကြာသပတေး - စိတ်လည်း များ၊ အသွားအလာလည်း များလာနိုင်တယ်။ တစ်နေရာတည်းမှာ အတည်တကျကို မနေချင်ဘဲ ဟိုဟိုဒီဒီတွေ လျှောက်သွားချင်မိမယ်။ စိတ်ကလည်း ဂဏှာမငြိမ်လို့ ဘာတစ်ခုမှ ဖြစ်မြောက်အောင် မလုပ်ဖြစ်ဘဲ အချိန်ကုန်သွားမယ်။ အလုပ်တွေကတော့ သူ့အလိုလို အဆင်ပြေတာ များမယ်။ အကူအညီတွေပါ ရရှိမယ်။ ငွေကြေးကံလည်း ကြံဖန် ကောင်းနေမယ်။ ဒီနေ့မှာ အချစ်ရေး၊ အိမ်ထောင်ရေး ပဋိပက္ခတွေ ဖြစ်မယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။  ဘုရားမှာ ငှက်ပျောသီးနဲ့ ဆွမ်းကပ်လှူပြီး ဆုတောင်းပါ။



သင့်



သောကြာ - ဒီနေ့မှာ ပျော်စရာ၊ အားတက်စရာကိစ္စတွေ ကြားရကြုံရတတ်တယ်။ လက်ဆောင်ပစ္စည်းတွေရော ငွေကြေးလာဘ်လာတွေပါ ဝင်လာတတ်တယ်။ လူငယ်တွေဆို အပျော်အပါးကိစ္စတွေ ပေါ်ပေါက်လာနိုင်တယ်။ ခရီးတွေများ ထွက်ဖို့ စီစဉ်ထားရင် အောင်မြင်တဲ့ခရီး ဖြစ်မယ်။ ဒါပေမယ့် ဒီနေ့မှာ လုပ်ငန်းရှင်၊ အလုပ်ရှင်တွေ စီးပွားအကျပ်အတည်း များတတ်တယ်။ လုပ်ရကိုင်ရ ခက်ပြီး ရှေ့မရောက်ဘဲ ဖြစ်မယ်။ ငွေကြေးဆုံးရှုံးမှုတွေပါ ဖြစ်တတ်လို့ သတိထား လုပ်ရမယ်။ မေတ္တာရေးမှာ တစ်နေ့တာလုံး အဆင်မပြေ ဖြစ်မယ်။ စိတ်ညစ်နေရမယ်။ ဒီနေ့ မနက် ၁၀ နဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ စာကလေးတွေကို အစာကျွေးပေးပါ။



သင့်



စနေ - ကံဇာတာ သိပ်မကောင်းတတ်တဲ့နေ့ ဖြစ်လို့ တစ်နေ့တာလုံး သွားလာ၊ စားသောက်၊ နေထိုင်မှုတိုင်းကို သတိထား ဆင်ခြင်ရလိမ့်မယ်။ အမှုအခင်း ဖြစ်တာ၊ ပြဿနာတွေ၊ ရန်ပွဲတွေထဲ ပါဝင်မိတာမျိုး ဖြစ်တတ်တယ်။ သူတပါးအပူလည်း ကိုယ့်ဆီ ကူးစက်တတ်တယ်။ အလုပ်မှာ အနှောင့်အယှက် များမယ်။ ကိုယ့်ကို တိုက်ခိုက်ပြီး ပြဿနာ ရှာတာမျိုး ခံရတတ်တယ်။ ငွေကြေးအရ စိတ်ရှုပ်စရာတွေ ဖြစ်လာနိုင်တယ်။ ဒီနေ့မှာ ခိုက်ရန် ဖြစ်ရင် ရှင်းရခက်တတ်တယ်။ သည်းခံလိုက်တာကောင်းမယ်။ နှလုံးသားရေးမှာ အပြိုင်အဆိုင်တွေ ပေါ်လာနိုင်တယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဆင်းရဲနွမ်းပါးသူတွေကို တတ်နိုင်သလို လှူဒါန်းပေးပါ။



ညံ့



#lotaya_horoscope



MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..