စက်တင်ဘာ ၁၈ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-09-18



သင့်



တနင်္လာ - စိတ်အားငယ်စရာ၊ စိတ်ဓာတ်ကျစရာကိစ္စတွေနဲ့ ကြုံရတတ်တယ်။ စိတ်ထောင်းကိုယ်ကြေမျိုးလည်း ဖြစ်တတ်သလို့ အရာရာကို အားတင်းရင်ဆိုင်ဖို့ လိုမယ်။ ကျန်းမာရေးလည်း အားနည်းချူချာတတ်လို့ နဂိုကမှ နေထိုင်မကောင်းရင် အနားယူအားမွေးရမယ်။ အလုပ်မှာ အတိုက်အခံ များမယ်။ အတိုက်အခံ ရှိရင် ပိုပြီးတော့ အောင်မြင်နိုင်တယ်။ ဒါပေမယ့် မကျေလည်စရာတွေလည်း ရှိမယ်။ ငွေကြေးကိစ္စမှာ စကားတွေ များနေရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်အလိုမကျ ဖြစ်ရတတ်တယ်။ လျှို့ဝှက်ဖုံးကွယ်မှုတွေလည်း ရှိနေနိုင်တယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ငါးလွှတ် ၊ ကဏန်းလွှတ်ပြီး ဇီဝိတဒါန လုပ်ပေးသင့်တယ်။



ညံ့



အင်္ဂါ - ဒီနေ့မှာ ဘယ်ကိစ္စမဆို အလျင်စလို သုတ်သီးသုတ်ပြာနဲ့ လုပ်မိနေမယ်။ စိတ်ဆန္ဒတွေ အရမ်းစောနေလို့ သတိထား ထိန်းချုပ်ရမယ်။ ဒေါသထွက်လွယ်၊ ပေါက်ကွဲလွယ်ချိန်လည်း ဖြစ်လို့ ပြဿနာတွေထဲ မပါမိအောင် ဆင်ခြင်ရမယ်။ ရေလမ်းခရီးမျိုး ရှောင်ရမယ်။ အသွားအလာတွေလည်း သတိပြုပါ။ အလုပ်မှာတော့ ကံကောင်း အဆင်ပြေနိုင်တယ်။ ငွေကြေးကိစ္စမှာလည်း ကံကောင်းတတ်တယ်။ မေတ္တာရေးမှာ စန်းပွင့်လာတတ်တယ်။ ဒီနေ့ မွန်းလွဲ ၁၂ နဲ့ ၁ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ အုန်းယို (သို့) အုန်းရည်ကပ်ပါ။



ကောင်း



ဗုဒ္ဓဟူး - ကိုယ်ရေးကိုယ်တာရော၊ အများနဲ့ဆက်စပ်တဲ့ကိစ္စတွေမှာပါ စိတ်ရောကိုပါ စိတ်ချမ်းသာမှုတွေ ရမယ်။ အထူးသဖြင့် အလုပ်၊ ငွေကြေး၊ စီးပွားကံတွေ ကောင်းပြီး ကြံစည်အားထုတ်သမျှ အောင်မြင်မှု ရလွယ်လိမ့်မယ်။ ငွေများများစားစား ဝင်တတ်လို့ ထီလိုမျိုး ကံစမ်းတာတွေလည်း လုပ်ကြည့်နိုင်တယ်။ ဒီနေ့မှာ အကြီးအကဲတွေ၊ အစိုးရ၊ အာဏာပိုင်တွေနဲ့ ထိပ်တိုက် ပြဿနာ ဖြစ်တာမျိုး ရှောင်ရမယ်။ ဥပဒေပြင်ပအလုပ်တွေနဲ့ ကင်းအောင် နေထိုင်ရမယ်။ မိသားစုထဲမှာ အဖုအထစ်တွေ ရှိတတ်တယ်။ နှလုံးသားရေးကံခေတတ်လို့ စိတ်ညစ်ရလိမ့်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ လက်ဖက်အသားချည်း ဆွမ်းကပ်လှူပေးပါ။



ကောင်း



ရာဟု - ကံဇာတာတက်မယ့်နေ့မျိုး ဖြစ်တယ်။ လိုအင်ဆန္ဒလေးတွေ ပြည့်ဝလာတာ တွေ့ရမယ်။ စိတ်ကူးထဲက ကြံစည်လိုက်တာနဲ့ အပြင်လက်တွေ့မှာ မမျှော်လင့်ဘဲ အဆင်ပြေသွားတတ်တယ်။ အရင်က ပတ်သက်ခဲ့ဖူးတဲ့ လူဟောင်း၊ အဆက်အသွယ်ဟောင်းတွေနဲ့ ပြန်ဆုံတတ်တယ်။ ကိုယ့်ကို အကျိုးပြုကူညီပေးသူတွေ ကြုံရမယ်။ ငွေကြေးစီးပွား ကံကောင်းတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စိတ်မချမ်းသာစရာတွေ ဖြစ်မယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ သံဃာတစ်ပါးကို အချိုရည် ကပ်လှူပါ။



ကောင်း



ကြာသပတေး - အစစအရာရာ အဆင်ပြေချောမွေ့မယ့်နေ့ ဖြစ်တယ်။ အကြံအစည် ရည်ရွယ်ချက်တွေလည်း အောင်မြင်မှု ရလွယ်မယ်။ ဆရာသမားတွေ၊ မိတ်ဆွေရင်းချာတွေက အကူအညီအထောက်အပံ့ ပေးလာမယ်။ အလုပ်ကိစ္စမှာ အလွဲအချော်တွေ၊ အခက်အခဲတွေ ဖြစ်တတ်ပေမယ့် ကိုင်တွယ်နိုင်လိမ်မယ်။ အလုပ်လုပ်ရာက အပျော်အပါးတွေ၊ အသွားအလာတွေဘက် အာရုံမကျဖို့ သတိပြုရမယ်။ ငွေအဝင်အထွက် မြန်ဆန်နေလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ ပျော်စရာ ဖြစ်မယ်။ လူငယ်တွေ စန်းပွင့်နိုင်တယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ရဟန်းသံဃာတော်တွေကို ကိုယ်တိုင် ဆွမ်းလောင်းပါ။



ကောင်း



သောကြာ - အပျော်အပါးတွေ၊ အသွားအလာကိစ္စတွေ လျှော့ရမယ့်နေ့ ဖြစ်တယ်။ သွားမိလုပ်မိရင် အကျိုးနည်း အဆင်မပြေ ဖြစ်တတ်တယ်။ စကားမှားလို့ ရှင်းရတာတွေ၊ ကတိပျက်လို့ ငြင်းရတာတွေ ဖြစ်မယ်။ အလုပ်ကိစ္စ မှန်းထားသလို မဖြစ်ဘဲ အထစ်အငေါ့ များမယ်။ တစ်ဝက်တစ်ပျက်နဲ့ ရပ်လိုက်ရတာမျိုး ဖြစ်မယ်။ ငွေကြေးကိစ္စ မရေမရာတွေ ဖြစ်လာနိုင်တယ်။ တစ်ဝက်တစ်ပျက်နဲ့ ကျေနပ်ရလိမ့်မယ်။ နှလုံးသားရေး ကံကောင်းတတ်တယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ကြား ကံကောင်းချိန် ဖြစ်တယ်။ အောက်ပိုင်းမသန်စွမ်းသူတစ်ဦးကို စားစရာ ဒါနပြုပေးပါ။



ညံ့



စနေ - ဒီနေ့မှာ ဟိုဟာလည်း လုပ်ချင်၊ ဒီဟာလည်း ပါချင်နဲ့ စိတ်များနေတတ်တယ်။ လုပ်ချင်တာတွေ များပြီး လုပ်ခွင့်မသာဘဲ ဖြစ်နေမယ်။ ကျန်းမာရေးမှာလည်း ဖျားချင်နာချင်သလို ဖြစ်တတ်တယ်။ ရောဂါဟောင်းတွေ ပြန်ထတတ်တယ်။ အဆီအဆိမ့် ရှောင်ရမယ်။ အိမ်တွင်းရေး၊ မိသားစုရေးမှာ မသင့်မြတ်စရာတွေ ပေါ်လာမယ်။ အချင်းချင်း စိတ်ဝမ်းကွဲရတတ်တယ်။ အလုပ်အကိုင်တော့ ကောင်းမယ်။ မေတ္တာရေးမှာ ပဋိပက္ခတွေ ဖြစ်မယ်။ ဒီနေ့ မနက် ၁၀ နဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ အုန်းနို့ခေါက်ဆွဲ ကပ်လှူပါ။



သင့်



#lotaya_horoscope



MPT4U မှတစ်ဆင့် လိုတရ၏ အသစ်သစ်သော ဗေဒင်ဟောစာတမ်းများကို ဘေလ်မကုန် ၊ ဝန်ဆောင်ခပေးစရာမလိုဘဲ ဆက်လက်ဖတ်ရှုလို့ရသေးတယ်နော်။

ဒီလင့်ကိုနှိပ်ပြီ MPT4U Application ကို ဒေတာအခမဲ့ဖြင့် ဒေါင်းလုဒ်လုပ်နိုင်ပါပြီ။



Some text some message..