
သဘာဝဘေးဆိုးတွေပဲဖြစ်ဖြစ်၊လူကြောင့်ဖြစ်တဲ့ပဋိပက္ခတွေပဲဖြစ်ဖြစ်ရင်ဆိုင်ရတဲ့အချိန်မှာရာသီခွင်အလိုက်မတူကွဲပြားတဲ့အစွမ်းအစတွေနဲ့အကျပ်အတည်းကိုတုံ့ပြန်ပုံတွေလည်းခြားနားသွားကြပါတယ်။
တကယ်တော့၁၂ရာသီဖွားတိုင်းမှာအခက်အခဲ၊ပြဿနာတွေကိုကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းနိုင်စွမ်းတွေရှိနေကြပါတယ်။ မွေးဖွားတဲ့ရာသီခွင်အလိုက်ကိုယ့်မှာ၊ကိုယ့်အသိုင်းအဝိုင်းကြားမှာဘယ်သူတွေကဘယ်လိုအစွမ်းအစတွေ၊အားသာချက်တွေရှိနေမလဲဆိုတာလေ့လာကြည့်ရအောင်ဗျာ။
မိဿရာသီဖွား(မတ်၂၁-ဧပြီ၁၉)-ဘယ်အခြေအနေမှာမဆိုသတ္တိကောင်းကောင်းနဲ့စွန့်စားရဲသူဖြစ်နေတဲ့အပြင်လုပ်ရဲကိုင်ရဲဆုံးဖြတ်စွန့်လွှတ်ရဲသူဖြစ်တယ်။အဖော်အပေါင်းမလိုဘဲတစ်ကိုယ်တော်ရှင်သန်နိုင်တယ်။
ပြိဿရာသီဖွား(ဧပြီ၂၀-မေ၂၀)-သူများတွေတုန်လှုပ်ပျာယာခတ်နေချိန်မှာကျောက်ရုပ်ကြီးတစ်ရုပ်လိုမျိုးတည်ငြိမ်သူတွေဖြစ်တယ်။ခေါင်းအေးအေးထားစဉ်းစားတတ်သူ၊သည်းခံစိတ်ရှည်ဇွဲကောင်းသူမျိုးဖြစ်တယ်။
မေထုန်ရာသီဖွား(မေ၂၁-ဇွန်၂၀)-ကြံရည်ဖန်ရည်ကောင်းပြီးအဆက်အသွယ်တွေလည်းပေါများတတ်လို့အခက်အခဲတွေကနေဉာဏ်နီဉာဏ်နက်သုံးလွတ်မြောက်နိုင်တယ်။တီထွင်ကြံဆမှုအားကောင်းသူဖြစ်တယ်။
ကရကဋ်ရာသီဖွား(ဇွန်၂၁-ဇူလိုင်၂၂)-အရာရာကိုလုံခြုံစိတ်ချမှုဘက်ကအမြဲပြင်ဆင်တတ်လို့တစ်ခုခုများဖြစ်ပြီဆိုသိပ်ပူစရာမလိုသူတွေဖြစ်တယ်။စားရေရိက္ခာဆေးဝါးအသုံးအဆောင်အားလုံးဖူလုံဖို့ပြင်ထားမယ်။
သိဟ်ရာသီဖွား(ဇူလိုင်၂၃-သြဂုတ်၂၂)-ခေါင်းဆောင်ကောင်းဗီဇတွေပါလာတတ်လို့တစ်ခုခုဆိုရှေ့ကနေကြိုတင်ရင်ဆိုင်ပေးနိုင်ကြတယ်။မကြောက်မရွံ့၊မတုန်မလှုပ်ဘဲအများကိုလည်းလှုံ့ဆော်ဦးဆောင်နိုင်တယ်။
ကန်ရာသီဖွား(သြဂုတ်၂၃-စက်တင်ဘာ၂၂)-အရာရာကိုခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်စွမ်းရှိပြီးအသေးစိတ်ချက်ကျလက်ကျရှိသူဖြစ်တယ်။အကောင်းအဆိုး၊အကြောင်းအကျိုးတွေကိုဝေဖန်အကဲဖြတ်နိုင်သူဖြစ်တယ်။
တူရာသီဖွား(စက်တင်ဘာ၂၃-အောက်တိုဘာ၂၂)-သူတပါးရဲ့စိတ်ပျက်ဝမ်းနည်းဖွယ်ရာကိုအကောင်းဆုံးကုစားပေးနိုင်စွမ်းရှိတယ်။မျှမျှတတနဲ့ဘက်မလိုက်တတ်သူ၊ငြိမ်းချမ်းမှုကိုဆောင်ကျဉ်းပေးနိုင်သူမျိုးဖြစ်တယ်။
ဗြိစ္ဆာရာသီဖွား(အောက်တိုဘာ၂၃-နိုဝင်ဘာ၂၁)-မိဿရာသီဖွားလိုပဲအကြောက်အလန့်နည်းပြီးစွန့်စားမှုလိုလားသူဖြစ်တယ်။ဘာလာလာရင်ဆိုင်ရဲကြပြီးအင်တိုက်အားတိုက်နဲ့သတ္တိရှိရှိကျော်ဖြတ်နိုင်သူဖြစ်တယ်။
ဓနုရာသီဖွား(နိုဝင်ဘာ၂၂-ဒီဇင်ဘာ၂၁)-အကောင်းမြင်သမား၊သတ္တိရှိရဲရင့်သူဖြစ်တယ်။လမ်းပျောက်သူ၊စမ်းတဝါးဝါးဖြစ်နေသူတွေကိုလမ်းပြဦးဆောင်နိုင်တယ်။အဆိုးဆုံးအခြေအနေမှာတောင်ရှင်သန်နိုင်တယ်။
မကာရရာသီဖွား(ဒီဇင်ဘာ၂၂-ဇန်နဝါရီ၁၉)-ဘယ်ကိစ္စမဆိုလက်တွေ့ကျတဲ့ရှုထောင့်ကနေပဲစဉ်းစားသူဖြစ်တယ်။သူများမလုပ်နိုင်တဲ့အကြမ်းပတမ်းတွေလုပ်နိုင်တယ်။အတွေးနဲ့လက်တွေ့ထပ်တူကျသူဖြစ်တယ်။
ကုမ်ရာသီဖွား(ဇန်နဝါရီ၂၀-ဖေဖော်ဝါရီ၁၈)-အိုင်ဒီယာသစ်၊နည်းလမ်းသစ်တွေရှာဖွေကြံဆသူဖြစ်တယ်။သူများမမြင်နိုင်တဲ့ရှုထောင့်ကနေမြင်နိုင်သိနိုင်တယ်။လမ်းရိုးဟောင်းမလိုက်သူဖြစ်ပြီးစိတ်ဇွဲသန်ကြတယ်။
မိန်ရာသီဖွား(ဖေဖော်ဝါရီ၁၉-မတ်၂၀)-ရုပ်ဒဏ်ရာ၊စိတ်ဒဏ်ရာရသူတိုင်းကိုစောင့်ရှောက်ကြင်နာနိုင်တဲ့နှလုံးသားရှိသူဖြစ်တယ်။ဘယ်သူ့ကိုမဆိုအကောင်းဆုံးဂရုစိုက်နိုင်ပြီးကိုယ်ချင်းစာတရားပြည့်ဝသူဖြစ်တယ်။
ဧက(ဗေဒင်သုတ)
#lotaya_horoscope