
တနင်္ဂနွေ-အကောင်းအဆိုး၊အတက်အကျမျိုးစုံကြုံရတတ်တဲ့နေ့ဖြစ်တယ်။အလုပ်တွေကောင်းမလိုဖြစ်ပြီမှလိုရင်းမရောက်တာ၊ဟိုကျန်ဒီကျန်ဖြစ်တာမျိုးတွေရှိလာနိုင်တယ်။ဒီနေ့မှာဆွေမျိုးသားချင်းတွေ၊အိမ်တွင်းအတူနေမိသားစုတွေချင်းအဆင်မပြေဖြစ်တတ်တယ်။သဘောထားကွဲလွဲရာကအငြင်းအခုံတွေဖြစ်လိမ့်မယ်။မိတ်ဆွေအပေါင်းအသင်းဆီကအကူအညီကောင်းတွေရတတ်တယ်။ခရီးဝေးတွေစီစဉ်တာမျိုးရှောင်ရမယ်။မတတ်သာလို့သွားလာရရင်သေချာစီစဉ်နိုင်မှဖြစ်မယ်။နှလုံးသားရေးမှာလည်းအထင်အမြင်မှားတတ်တယ်။ဒီနေ့နေ့လယ်၁၂နဲ့၁၂ခွဲကြားကံကောင်းချိန်ဖြစ်တယ်။ဘုရားမှာမုန့်ဟင်းခါးတစ်ပွဲကပ်လှူပြီးယတြာပြုပါ။
သင့်
တနင်္လာ-အချိန်အတော်ကြာယူပြီးစီစဉ်ထားတဲ့ကိစ္စတွေအောင်မြင်မယ်။အိုးအိမ်နေရာ၊ဆိုင်ခန်းကိစ္စတွေဒီနေ့မှာပြောဆိုလုပ်ကိုင်ရင်အဆင်ပြေတာများမယ်။အထိုင်မကျဖြစ်နေသူတွေနေရာကောင်းတွေ့လာမယ်။အလုပ်မှာတော့စိတ်ပျက်ညည်းငွေ့စရာတွေဖြစ်လာနိုင်တယ်။လုပ်တိုင်းမဖြစ်တာ၊အကျိုးအမြတ်နည်းတာနဲ့စီးပွားရေးအရတွက်ခြေမကိုက်တာတွေဖြစ်မယ်။ငွေအဝင်နည်းမယ်။ကျန်းမာရေးပါနည်းနည်းညံ့နိုင်တယ်။အချစ်ရေး၊အိမ်ထောင်ရေးကံခေတတ်တယ်။လူငယ်၊လူရွယ်တွေဆိုရင်နှလုံးသားရေးပြဿနာရှိနိုင်တယ်။ဒီနေ့ညနေ၅နဲ့၅ခွဲကြားကံကောင်းချိန်ဖြစ်တယ်။ဘုရားမှာသစ်သီးဖျော်ရည်ကပ်လှူပြီးဆုတောင်းပေးပါ။
သင့်
အင်္ဂါ-နံပါတ်တစ်ကကျန်းမာရေးလို့သတ်မှတ်ပြီးသတိပြုဆင်ခြင်ရမယ့်နေ့ဖြစ်တယ်။စွန့်စားရတဲ့အလုပ်မျိုး၊အန္တရာယ်များတဲ့ကိစ္စမျိုးတွေကိုလုံးဝရှောင်သင့်တယ်။မတော်တဆထိမိခိုက်မိတွေဖြစ်တတ်သလိုဒီနေ့မှာသွေးထွက်သံယိုလည်းကြုံရတတ်တယ်။အလုပ်မှာအငြင်းအခုံ၊ပဋိပက္ခတွေကြားကလုပ်ရတတ်ပြီးဝင်ငွေကံအားနည်းတတ်တယ်။ငွေအတွက်နဲ့စိတ်ညစ်ရလိမ့်မယ်။မေတ္တာရေးမှာစိတ်ထဲကဒွိဟတွေများလာလိမ့်မယ်။ဒီနေ့မနက်၁၁နဲ့၁၁ခွဲကြားကံကောင်းချိန်ဖြစ်တယ်။ယတြာအဖြစ်နီးစပ်ရာညောင်ပင်မှာရေလောင်းပေးပါ။
ညံ့
ဗုဒ္ဓဟူး-အတွေးမြန်၊ဆုံးဖြတ်ချက်မြန်ပြီးတစ်ခုခုဆိုအင်အားသုံးဖြေရှင်းပစ်ချင်တဲ့စိတ်တွေပေါ်လာနေမယ်။ဒီနေ့မှာအလုပ်ကိစ္စ၊ငွေကြေးစီးပွားကိစ္စတွေကံကောင်းအောင်မြင်လွယ်မယ်။ဘက်ပေါင်းစုံကနေအကူအညီရတတ်တယ်။စပ်တူ၊အကျိုးတူကိစ္စတွေ၊အများနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေမှာလည်းကျေနပ်စရာဖြစ်လာမယ်။ငွေဝင်ဖြောင့်ပြီးစိတ်ချမ်းသာရမယ်။နှလုံးသားရေးမှာလည်းစန်းပွင့်မယ်။လက်တွဲဖော်ကအကူအညီပေးမယ်။ဒီနေ့ညနေ၄နဲ့၄ခွဲကြားကံကောင်းချိန်ဖြစ်တယ်။ဘုရားမှာပေါင်မုန့်၅ချပ်ကပ်လှူပြီးယတြာပြုပေးပါ။
ကောင်း
ရာဟု-အသွားအလာတွေများပြီးဂဏှာမငြိမ်ဖြစ်ရတတ်တယ်။စိတ်ကထစ်ခနဲဆိုလက်ပါပါသွားတတ်လို့စိတ်ထိန်းသည်းခံဖို့လိုမယ်။အောက်လူငယ်တွေ၊ကိုယ့်ထက်ငယ်သူတွေကြောင့်စိတ်မချမ်းမသာဖြစ်နေမယ်။ငွေကြေးစီးပွားပိုင်းမှာကံကောင်းတတ်ပေမယ့်စိတ်ထဲကပူပန်ကြောင့်ကျမှုတွေမကင်းဘဲဖြစ်မယ်။ဝင်ငွေကံမြင့်မားပြီးလမ်းကြောင်းဖြောင့်ဖြူးမယ်။မေတ္တာရေးမှာအေးချမ်းမှုရမယ်။ကိုယ်ကစိတ်လျှော့ပေးသင့်တယ်။ဒီနေ့ညနေ၃နဲ့၃ခွဲကြားကံကောင်းချိန်ဖြစ်တယ်။ဘုရားမှာအမွှေးနံ့သာတိုင်၈တိုင်ထွန်းညှိပူဇော်ပေးပါ။
ကောင်း
ကြာသပတေး-ဘယ်ကိစ္စမဆိုကိုယ်ကရှေ့ထွက်ဦးဆောင်ရတတ်တယ်။ကိုယ့်ဦးဆောင်မှုနောက်ကလည်းသူများတွေကလိုက်လာတတ်တယ်။လူအများကိုလည်းစည်းရုံးသိမ်းသွင်းနိုင်မယ်။အလုပ်အကိုင်ကံဇာတာကအကောင်းဘက်မှာရှိနေတယ်။ငွေဝင်ကိန်းလည်းအားကောင်းတယ်။အကျိုးတူလုပ်ငန်းတွေအောင်မြင်မယ်။လုပ်ငန်းသစ်စတာ၊အလုပ်တိုးချဲ့တာ၊လျှောက်တာတွေအဆင်ပြေလွယ်ကူမယ်။မိသားစုအရေးကိစ္စမှာတော့ပူပန်စရာတွေရှိတတ်တယ်။အလားတူပဲအချစ်ရေး၊အိမ်ထောင်ရေးမှာပါစိတ်ပျက်ဝမ်းနည်းစရာတွေဖြစ်မယ်။ဒီနေ့မနက်၉ခွဲနဲ့၁၀ကြားကံကောင်းချိန်ဖြစ်တယ်။ယတြာအဖြစ်ဘုရားမှာသပြေညွှန့်တွေကပ်လှူပေးပါ။
ကောင်း
သောကြာ-ဒီနေ့မှာဥပဒေပြင်ပ၊မှောင်ခိုအလုပ်တွေကြပ်ကြပ်ရှောင်ရမယ်။အစိုးရ၊အာဏာပိုင်၊အမှုထမ်းနဲ့ပတ်သက်လို့ကိုယ့်ကိုအထင်မှားအမြင်မှားတွေခံရတတ်တယ်။အကြီးအကဲတွေနဲ့တွေ့ဆုံစရာရှိတယ်ဆိုရင်သေချာဂရုစိုက်ရလိမ့်မယ်။အလုပ်တွေသိပ်မကောင်းဘဲစိတ်ညစ်ရတာများမယ်။ရှိတာလေးကိုထိန်းလုပ်ရင်အဆင်ပြေလောက်ပေမယ့်တိုးချဲ့တာ၊အသစ်ထပ်ချဲ့တာဆိုရင်ဆုံးရှုံးတတ်တယ်။ငွေကြေးကံလေးရှိပေမယ့်စိတ်သောကနဲ့ယှဉ်ပြီးရလိမ့်မယ်။မေတ္တာရေးမှာလည်းသူတပါးကကြားဝင်တာရှိမယ်။စိတ်ပင်ပန်းနေရမယ်။ဒီနေ့နေ့ခင်း၁ခွဲနဲ့၂ကြားကံကောင်းချိန်ဖြစ်တယ်။ယတြာအဖြစ်ဘုရားမှာသံပရာရည်ကပ်လှူပေးရမယ်။
သင့်
စနေ-တစ်နေ့လုံးမှာမကြာခဏခေါင်းမီးတောက်စရာ၊ပူလောင်စရာတွေခံစားရတတ်တယ်။သူများကိစ္စတွေကြားထဲမှာကိုယ်ကအချောင်ပါသွားတတ်တယ်။သူများအပူကနေကိုယ့်ကိုကူးစက်လိမ့်မယ်။အလုပ်အကိုင်ငွေကြေးကိစ္စမှာအားမလိုအားမရတွေဖြစ်မယ်။ရည်မှန်းသလိုဖြစ်မလာလို့ကြံဖန်ပြီးတော့ထိန်းလုပ်ရမယ်။ငွေအပေးအယူတွေမှာဝေ့လည်နေတတ်တယ်။အမှုအခင်း၊ပြဿနာတွေမဖြစ်အောင်ရှောင်ရမယ်။ဖြစ်မိရင်တော်တော်လေးဒုက္ခရောက်ရတတ်တယ်။အချစ်ရေး၊အိမ်ထောင်ရေးမှာတော့ဘေးကင်းပြီးအဆင်ပြေမယ်။ဒီနေ့မနက်၈ခွဲနဲ့၉ကြားကံကောင်းချိန်ဖြစ်တယ်။နွမ်းပါးသူတစ်ဦးကိုဖိနပ်ဟောင်းတစ်ရံစွန့်လှူလိုက်ပါ။
ညံ့