စနေဂြိုဟ်နဲ့ ၁၂ ရာသီခွင် ကံဇာတာ
lotaya.mpt.com.mm
|
2021-10-24

ဒီနှစ်မေလ၂၃ရက်နေ့ကတည်းကအသွားမမှန်နောက်ပြန်လှည့်ခဲ့တဲ့စနေဂြိုဟ်ဟာဒီလအောက်တိုဘာ၁၀မှာပုံမှန်အတိုင်းအတည့်ပြန်သွားတော့မှာဖြစ်ပါတယ်။စနေဂြိုဟ်ပုံမှန်ပြန်သွားချိန်မှာ၁၂ရာသီခွင်အားလုံးရဲ့ကံဇာတာအခြေအနေဘာတွေဘယ်လိုဖြစ်လာနိုင်မလဲဆိုတာလိုတိုရှင်းဖော်ပြပေးလိုက်ပါတယ်။

မိဿရာသီဖွား(မတ်၂၁-ဧပြီ၁၉)-ကိုယ့်အတွက်တကယ်စစ်မှန်အကျိုးပြုတဲ့မိတ်ကောင်းဆွေကောင်းတွေဘယ်သူဘယ်ဝါဆိုတာသိလာရမယ်။ရဖို့ကြန့်ကြာနေတဲ့ငွေကြေးကိစ္စတွေတဖြည်းဖြည်းပြေလည်လာမယ်။

ပြိဿရာသီဖွား(ဧပြီ၂၀-မေ၂၀)-အခြေအနေမဟန်လို့ငြိမ်နေရတဲ့အလုပ်စီးပွားတွေအရှိန်အဟုန်နဲ့ပြန်စလည်ပတ်နိုင်မယ်။လအတော်ကြာရပ်နားထားရတဲ့အလုပ်တွေပြန်စနိုင်ပြီးတိုးတက်ဖြစ်ထွန်းမှုတွေရှိလာမယ်။

မေထုန်ရာသီဖွား(မေ၂၁-ဇွန်၂၀)-စောင့်ဆိုင်းနေရတဲ့ခရီးကိစ္စတွေ၊အသွားအလာတွေပြန်စတင်နိုင်မယ်။လေ့လာသင်ယူရေး၊သင်တန်းကိစ္စတွေလည်းပြန်ဖွင့်နိုင်မယ်။အတွေ့အကြုံသစ်တွေလည်းရရှိလာတော့မယ်။

ကရကဋ်ရာသီဖွား(ဇွန်၂၁-ဇူလိုင်၂၂)-ကိုယ်နဲ့အဆင်မပြေတဲ့ပတ်ဝန်းကျင်၊အသိုင်းအဝိုင်းနဲ့ခပ်ကင်းကင်းနေထိုင်ရာကလူမှုဆက်ဆံရေးတဖန်ပြန်တိုးတက်လာမယ်။ကျန်းမာရေးမှာသတိထားစရာတွေဖြစ်လာမယ်။

သိဟ်ရာသီဖွား(ဇူလိုင်၂၃-သြဂုတ်၂၂)- မေတ္တာရေး၊လူမှုဆက်ဆံရေးမှာမပွင့်မလင်းဖြစ်နေတာတွေပြန်ဖြေရှင်းဆက်သွယ်နိုင်မယ်။အချစ်ရေး၊အိမ်ထောင်ရေးမှာတော့ပြဿနာကအနည်းနဲ့အများဆက်ရှိနိုင်တယ်။

ကန်ရာသီဖွား(သြဂုတ်၂၃-စက်တင်ဘာ၂၂)-လုပ်ရိုးလုပ်စဉ်ပုံစံခွက်ဘဝထဲပြန်ရောက်လာမယ်။ရောဂါနဲ့ဝေဒနာဟောင်းတွေပြန်ပေါ်လာနိုင်တယ်။အရင်အမူအကျင့်ဟောင်းတွေထဲတဝဲလည်လည်ပြန်ဖြစ်လာမယ်။

တူရာသီဖွား(စက်တင်ဘာ၂၃-အောက်တိုဘာ၂၂)-နှလုံးသားရေးမှာထူးခြားဆန်းသစ်တဲ့အတွေ့အကြုံနဲ့ခံစားမှုတွေပေါ်ပေါက်လာတတ်တယ်။အပျော်အပါး၊အသွားအလာကိစ္စတွေဘက်အာရုံပြန်ကျလာနိုင်တယ်။

ဗြိစ္ဆာရာသီဖွား(အောက်တိုဘာ၂၃-နိုဝင်ဘာ၂၁)-အိုးအိမ်နေရာဌာနနဲ့ပတ်သက်လို့မဖြေရှင်းနိုင်သေးတာ၊ခက်ခဲနေသေးတာတွေပြန်ပြေလည်မှုရလာမယ်။မိသားစုထဲကပြဿနာတွေကိုလည်းရှင်းလင်းနိုင်လိမ့်မယ်။

ဓနုရာသီဖွား(နိုဝင်ဘာ၂၂-ဒီဇင်ဘာ၂၁)-အရင်လတွေကအဆင်မပြေဖြစ်နေတဲ့လူမှုဆက်ဆံရေးတွေနဲ့ပြန်အစေးကပ်လာမယ်။ပြတ်တောက်နေတဲ့၊မတွေ့တာကြာတဲ့အဆက်အသွယ်ဟောင်းတွေနဲ့ပြန်ဆုံမိမယ်။

မကာရရာသီဖွား(ဒီဇင်ဘာ၂၂-ဇန်နဝါရီ၁၉)-လအတော်ကြာကြုံနေရတဲ့ငွေကြေးအကျပ်အတည်းတွေကိုပြန်ဖြေရှင်းနိုင်လိမ့်မယ်။ကြွေးမြီကိစ္စတွေပြေလည်သွားမယ်။ငွေအသုံးအစွဲတွေကိုပြန်ထိန်းချုပ်နိုင်လာမယ်။

ကုမ်ရာသီဖွား(ဇန်နဝါရီ၂၀-ဖေဖော်ဝါရီ၁၈)-အရင်လတွေကကြုံခဲ့ရတဲ့ကိုယ်ရေးကိုယ်တာပြဿနာတွေဒီလမှာစတင်ပြေလည်မှုရမယ်။အတွေ့အကြုံ၊ဘဝသင်ခန်းစာတွေနဲ့ပိုပြီးရင့်ကျက်တဲ့သူတစ်ဦးဖြစ်လာမယ်။

မိန်ရာသီဖွား(ဖေဖော်ဝါရီ၁၉-မတ်၂၀)-စိတ်ထဲဖြစ်ပေါ်နေတဲ့အကြိတ်အခဲတွေပြန်လွင့်ပျောက်သွားမယ်။အိပ်မရတာ၊စိုးရိမ်ကြောင့်ကျတာတွေလည်းပြန်သက်သာမှုရမယ်။အကုန်အကျတွေလည်းလျှော့ချနိုင်မယ်။

စနေဂြိုဟ်အတည့်ပြန်သွားချိန်မှာလိုက်ဖက်ညီစွာဖြတ်သန်းနိုင်ပါစေ

ဧက(ဗေဒင်သုတ)

#lotaya_horoscope




Some text some message..