အောက်တိုဘာ ၂၅ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-10-25

တနင်္ဂနွေ-ဒီနေ့မှာဘာပဲလုပ်လုပ်တစ်ခါတည်းနဲ့မပြီးဘဲအခါခါပြန်လုပ်နေရမယ်။ဖြစ်နေကျပြဿနာတွေတကျော့ပြန်ပေါ်လာတတ်တယ်။အကြီးအကဲတွေ၊အစိုးရအာဏာပိုင်တွေနဲ့ကတောက်ကဆဖြစ်ရတတ်လို့ကိုယ့်ဘက်ကမှန်ကန်အောင်နေထိုင်ရမယ်။အလုပ်မှာအခွင့်အရေးတွေမြင်ရပေမယ့်လက်တွေ့အားနည်းလို့ထိထိရောက်ရောက်မလုပ်နိုင်ဘဲဖြစ်နေမယ်။ငွေကြေးကံတော့ကောင်းမယ်။လမ်းကြောင်းနှစ်ခုကနေဝင်ငွေရလာမယ်။အချစ်ရေး၊အိမ်ထောင်ရေးကံကောင်းမယ်။အိမ်သူအိမ်သား၊မိသားစုတွေကပါကူညီဖေးမမယ်။ဒီနေ့ညနေ၃ခွဲနဲ့၄ကြားကံကောင်းချိန်ဖြစ်တယ်။မိခင်(သို့)အမျိုးသမီးကြီးတစ်ဦးကိုစားချင်တာကျွေးပါ။

ညံ့

တနင်္လာ-အသွားအလာတွေများလာနိုင်သလိုပျော်စရာပါးစရာတွေလည်းကြုံရတတ်တဲ့နေ့မျိုးဖြစ်လာမယ်။ကိုယ်ရောစိတ်ပါလန်းဆန်းကြည်လင်နေပြီးကြံစည်အားထုတ်သမျှလည်းအလွယ်တကူနဲ့အဆင်ပြေလာမယ်။လူတကာကကိုယ့်ကိုမျက်နှာသာပေးဆက်ဆံလာကြမယ်။လူငယ်လူရွယ်တွေဆိုရင်စန်းပွင့်နေတတ်တယ်။ဒါပေမယ့်နှလုံးသားရေးမှာတော့စိတ်တိုင်းမကျတာများမယ်။အလုပ်အကိုင်၊စီးပွားကံအခြေအနေကောင်းပြီးကြိုးစားရကျိုးနပ်မယ်။အစစအရာရာကောင်းပေမယ့်အိမ်တွင်းရေးတော့ပူလောင်စရာတွေရှိလာနိုင်တယ်။ဒီနေ့မနက်၁၀နဲ့၁၀ခွဲကြားကံကောင်းချိန်ဖြစ်တယ်။ငါးလွှတ်တာ(သို့)ငါးစာကျွေးတာမျိုးကုသိုလ်ပြုပါ။

ကောင်း

အင်္ဂါ-နာမည်ဂုဏ်သတင်းတက်မယ်။ကိုယ်လုပ်ကိုင်ကြံစည်ထားတာတွေအောင်မြင်မှုရလာနိုင်တဲ့နေ့မျိုးဖြစ်တယ်။တစ်ယောက်တည်းလုပ်ကိုင်တာရောအများနဲ့တွဲဖက်လုပ်တာတွေရောအဆင်ပြေလွယ်ကူနေမယ်။ဒါပေမယ့်တစ်နေ့တာအလုပ်ကိစ္စမှာတော့ပြဿနာအနည်းနဲ့အများပေါ်လာတတ်တယ်။ကိုယ်ကိုယ်တိုင်ကရှင်းလင်းပြတ်သားမှပြဿနာကိုရှောင်လွဲှဲနိုင်မယ်။ကျန်းမာရေးလည်းတရှောင်ရှောင်ဖြစ်တတ်လို့ကြိုတင်ပြီးကာကွယ်ထားရမယ်။အချစ်ရေး၊အိမ်ထောင်ရေးမှာတဆူဆူတပူပူဖြစ်မယ်။ခဏခဏစိတ်ညစ်နေလိမ့်မယ်။ဒီနေ့နေ့ခင်း၁ခွဲနဲ့၂ကြားကံကောင်းချိန်ဖြစ်တယ်။ဘုရားမှာနွားနို့ပူပူလေးတစ်ခွက်ကပ်လှူဆုတောင်းပါ။

သင့်

ဗုဒ္ဓဟူး-တစ်နေ့လုံးဘာလုပ်လုပ်အဆင်မပြေတာတွေဖြစ်နေမယ်။ကြံစည်လုပ်ကိုင်သမျှတွေကအလုပ်မဖြစ်မအောင်မြင်ဘဲဒီတိုင်းပစ်ထားရတတ်တယ်။အလုပ်အကိုင်၊စီးပွားကံအားနည်းနိုင်တယ်။ငွေအပေးအယူတွေသတိထားလုပ်ရမယ်။အလုပ်မှာအတိုက်အခိုက်မကင်းဘဲလုပ်ရမယ်။စိတ်အေးချမ်းသာမရှိဘဲလုပ်နေရပြီးအကျိုးအမြတ်ကလည်းနည်းတတ်တယ်။အချစ်ရေး၊အိမ်ထောင်ရေးမှာတော့စန်းပွင့်ပြီးပျော်ရွှင်ရတတ်တယ်။မိတ်ဆွေတွေဆီကလည်းအကူအညီကောင်းတွေရလိမ့်မယ်။အခက်အခဲရှိရင်သူတို့နဲ့တိုင်ပင်လုပ်သင့်တယ်။ဒီနေ့မနက်၈နဲ့၉ကြားကံကောင်းချိန်ဖြစ်တယ်။ဘုရားစေတီဂြိုဟ်တိုင်ထောင့်တိုင်းမှာရေသပ္ပါယ်ပေးပါ။

ညံ့

ရာဟု-အရင်ကလက်စမသတ်၊မရှင်းဘဲထားခဲ့တဲ့ပြဿနာဟောင်းတွေကိုပြန်ကိုင်တွယ်ရတတ်တယ်။ဒီနေ့တစ်နေ့တာလုံးမှာစိတ်ရောလူပါမကြည်မလင်နဲ့ဖြစ်နေလိမ့်မယ်။လုပ်ကိုင်ကြံစည်သမျှတွေကအခက်အခဲ၊ပင်ပန်းမှုတွေဝန်းရံနေလို့မနည်းဖောက်ထွက်လုပ်ကိုင်ရမယ်။ငွေကြေးစီးပွားပိုင်းမှာလည်းအဆင်မပြေမှုတွေများပြီးဒေါသထွက်စရာလည်းကြုံရတတ်တယ်။အချစ်ရေးအိမ်ထောင်ရေးမှာတော့ပျော်စရာလေးဖြစ်မယ်။ဒီနေ့နေ့ခင်း၂ခွဲနဲ့၃ကြားကံကောင်းချိန်ဖြစ်တယ်။လူသွားလမ်းကိုအေးချမ်းအောင်ရေဖြန်းကုသိုလ်ပြုပါ။

ညံ့

ကြာသပတေး-ဒီနေ့ဟာအလုပ်အကိုင်၊စီးပွားရေးအတွက်ကြိုးစားမှုတွေရလဒ်ကောင်းပေါ်လာမယ့်နေ့မျိုးဖြစ်တယ်။နေရာကောင်း၊အခွင့်အရေးကောင်းတွေလည်းရရှိတတ်တယ်။လူကြီးတွေကပါအခွင့်အရေးတွေပေးအပ်လာနိုင်တယ်။ဒါပေမယ့်တစ်နေ့တာလုံးမှာစိတ်လက်ပူပန်စရာတွေများမယ်။ဘယ်ကိစ္စပဲလုပ်လုပ်အနှောင့်အယှက်တွေတော့များနေမယ်။မေတ္တာရေးမှာကြည်လင်အေးချမ်းမယ်။စန်းတွေပွင့်နေတတ်တယ်။ဒီနေ့နေ့လယ်၁၂နဲ့၁၂ခွဲကြားကံကောင်းချိန်ဖြစ်တယ်။ယတြာအနေနဲ့ဘုရားမှာသံပရာရည်ကပ်လှူပါ။

ကောင်း

သောကြာ-မိတ်ဆွေအသိုင်းအဝိုင်းရဲ့အကူအညီတွေရမယ်။မိတ်ဆွေရဲ့အကျိုးကျေးဇူးကိုခံစားရတတ်တယ်။အသွားအလာကိစ္စ၊ခရီးကိစ္စတွေကောင်းတယ်။ဒါပေမယ့်အလုပ်ကိစ္စနဲ့သွားလာတာမျိုးတော့အဆင်မပြေဘဲဖြစ်မယ်။တစ်နေ့တာငွေကြေးစီးပွားပိုင်းမှာအောင်မြင်မှုရမယ်။အလုပ်တိုးချဲ့တာ၊အသစ်လျှောက်တာမျိုးကံကောင်းနိုင်တယ်။ဒီနေ့မှာဝင်ငွေကောင်းသလောက်ထွက်ငွေလည်းစွတ်များနေတတ်တယ်။အသုံးအစွဲကိုသတိပြုရမယ်။အချစ်ရေး၊အိမ်ထောင်ရေးမှာအညံ့များတယ်။တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးရမယ်။ဒီနေ့ညနေ၅နဲ့၆ကြားကံကောင်းချိန်ဖြစ်တယ်။ဘုရားမှာနို့ထမင်းဆွမ်းကပ်လှူပြီးလိုရာဆုတောင်းပေးပါ။

ကောင်း

စနေ-ကိုယ့်ရဲ့ရပိုင်ခွင့်၊လုပ်ပိုင်ခွင့်တွေအတွက်ကြိုးစားရယူနိုင်မယ့်နေ့ဖြစ်တယ်။စိတ်ကူးအကြံအစည်တွေအကောင်အထည်ဖော်လို့ကောင်းတယ်။ဒါပေမယ့်အလုပ်အကိုင်ကိစ္စမှာတော့အဆင်မပြေမှုတွေဆက်တိုက်ကြုံရတတ်တယ်။အကြီးအကဲတွေနဲ့ဆက်ဆံရေးအဖုအထစ်ဖြစ်တတ်တယ်။ငွေကြေးအတွက်ပူပန်စရာတွေဖြစ်လာနိုင်တယ်။အကုန်အကျလည်းများတတ်တယ်။နှလုံးသားရေးမှာလည်းပူပန်ကြောင့်ကျမကင်းဖြစ်မယ်။ဒီနေ့မနက်၁၁နဲ့၁၁ခွဲကြားကံကောင်းချိန်ဖြစ်တယ်။ယတြာအဖြစ်ဘုရားမှာနာနတ်သီးလှူဒါန်းပေးပါ။

သင့်

#lotaya_horoscope




Some text some message..