နိုဝင်ဘာ ၂၅ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-11-25

တနင်္ဂနွေ - ဘာသာရေး၊ ကုသိုလ်ရေးတွေဘက် အာရုံအရောက်များတတ်တဲ့နေ့ ဖြစ်တယ်။ ဘယ်ကိစ္စကိုမဆို စနစ်တကျနဲ့ သေချာအကွက်စေ့အောင် လုပ်ဖြစ်လိမ့်မယ်။ တစ်နေ့တာ အလုပ်အကိုင်ရေးမှာတော့ ခက်ခဲမှုတွေ များမယ်။ ငွေကြေးကိစ္စ အကျပ်အတည်း ဖြစ်တတ်တယ်။ ငွေဝင်တာ ကြန့်ကြာတတ်တယ်။ ဒါပေမယ့် ရပ်ဝေး တိုင်းတပါးနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေတော့ ကောင်းမယ်။ မေတ္တာရေးမှာ ဆူဆူပူပူနဲ့ စကားများရတတ်တယ်။ ဒီနေ့ နေ့လယ် ၁၂ နဲ့ ၁၂ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ပန်းသီး ၅ စိတ် လှူပေးပါ။

သင့်

တနင်္လာ - ဒီနေ့မှာ စိတ်အားငယ်စရာ၊ မျက်နှာပူစရာ၊ အားနာစရာကိစ္စတွေနဲ့ ထိပ်တိုက်တိုးမယ်။ တစ်နေ့လုံးမှာ စိတ်တွေ လေးလံဖိစီးပြီး ကြည်လင်မှု မရှိဘဲ ဖြစ်နေတတ်တယ်။ အလုပ်မှာ အတိုက်အခိုက်တွေကို ကြုံရမယ်။ အလုပ်များ၊ တာဝန်တွေ ရှုပ်ထွေးလာနိုင်တယ်။ ဒါပေမယ့် စွန့်စားရတဲ့အလုပ်တွေ၊ စက်မှုပစ္စည်း၊ ကိရိယာတွေ နဲ့ ပတ်သက်ရတာတွေမှာတော့ အဆင်ပြေကံကောင်းမယ်။ ငွေကြေးကိစ္စမှာ အခြေအတင် ဖြစ်ပြီးမှ ငွေများများ ဝင်လာတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အပြိုင်တွေ ပေါ်လာတတ်တယ်။ စဉ်းစားရ ခက်နေလိမ့်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးတဲ့အဘွားအိုတစ်ဦးကို ငွေကြေး လှူဒါန်းပေးပါ။

ညံ့

အင်္ဂါ - စွန့်စားရတဲ့ အလုပ်တွေ၊ စမ်းသပ်ကြိုးစားရမယ့်ကိစ္စတွေကို ဒီနေ့မှာ လုပ်ဆောင်နိုင်မယ်။ အလုပ်အကိုင်၊ စီးပွားရေးမှာ အခက်အခဲတွေကြားက ဖြတ်သန်းအောင်မြင်မယ်။ ကိုယ်တိုင်ကလည်း ဘယ်ကိစ္စမှာမဆို စိတ်မြန် လက်မြန်နဲ့ တက်တက်ကြွကြွ လုပ်နိုင်လိမ့်မယ်။ လုပ်ငန်းသစ်၊ စီးပွားသစ်တွေ တိုးချဲ့ရင် အဆင်ပြေဖို့ ရှိတယ်။ ငွေကြေးကိစ္စမှာ ရလမ်းတစ်ခုမက ပေါ်လာနိုင်တယ်။ ဝင်ငွေရလမ်း ဖြောင့်ဖြူးမယ်။ လာဘ်လာဘ ရွှင်လိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း စိတ်ချမ်းသာစရာတွေ ကြုံရမယ်။ လက်တွဲဖော်ရဲ့ အကျိုးကို ခံစားရမယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ဆီထမင်း ကပ်လှူပေးရမယ်။

ကောင်း

ဗုဒ္ဓဟူး - ကိုယ်လုပ်သမျှကိစ္စတိုင်းမှာ အတိုက်အခံလုပ်၊ ပြဿနာ ရှာသူတွေ ရှိတတ်ပေမယ့် ဒီနေ့မှာ အလုပ်ကံ စီးပွားကံတွေ အားကောင်းလာမယ်။ ငွေကြေးစီးပွားရှာဖွေရ လွယ်ကူမယ်။ ငွေကြေးလာဘ်လာဘတွေ ဝင်မယ်။ အစုစပ်ရှယ်ယာတွေမှာ ထူးထူးခြားခြား အောင်မြင်မယ်။ နေရာကောင်း၊ အခွင့်အရေးကောင်းတွေ ရလာမယ်။ အကြီးအကဲတွေနဲ့တော့ အမြင်မတူတာတွေ ဖြစ်လိမ့်မယ်။ တစ်နေ့တာ မေတ္တာရေးမှာ စိတ်ညစ်စရာ များမယ်။ ဒီနေ့ ညနေ ၃ နဲ့ ၃ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ ပေါင်မုန့်ယိုသုတ်ပြီး ကပ်လှူပါ။

ကောင်း

ရာဟု - ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်ဒူးကိုယ်ချွန် ရုန်းကန်ရမယ့်နေ့ ဖြစ်တယ်။ သူတပါးကို မှီခိုမိရင်၊ အများနဲ့ ပတ်သက်မိရင် လိုရင်းမရောက်ဘဲ ဖြစ်သွားတတ်တယ်။ လူများလေ အာရုံနောက်လေ ဖြစ်မယ်။ ကိုယ့်ဖာသာ ကြိုးစားလိုက်တာ ပိုအဆင်ပြေလိမ့်မယ်။ အလုပ်အကိုင်ကိစ္စမှာ စိတ်တိုင်းကျ ဖြစ်လာမယ်။ လူဟောင်းတွေရော အဆက်အသွယ်ဟောင်းတွေကပါ ကူညီမစလာမယ်။ မရတော့ဘူးထင်တဲ့ ငွေတွေ ပြန်ဝင်မယ်။ ဆုံးပြီ ထင်ခဲ့တဲ့ ငွေကြေးကိစ္စတွေ ပြန်ချိတ်မိမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ မပြေလည်စရာတွေ ကြုံတွေ့ရလိမ့်မယ်။ ဒီနေ့ ညနေ ၄ နဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားကျောင်းဆောင် သန့်ရှင်းပေးရမယ်။

ကောင်း

ကြာသပတေး - ကိုယ့်ပညာ ၊ အရည်အချင်းကို အသုံးချပြီး နေရာ၊ အခွင့်အရေးတွေ ဖန်တီးနိုင်မယ်။ ကံကောင်း ကံထူးမယ့်နေ့ ဖြစ်လို့ ဘာသာရေး များများ လုပ်ပါ။ လိုအင်ဆန္ဒတွေ ပြည့်ဝပါလိမ့်မယ်။ လုပ်ငန်းစီးပွားကိစ္စတွေ အခက်အခဲ ဖြစ်တတ်ပေမယ့် ကိုယ်စွမ်းကိုယ်စနဲ့ ကျော်ဖြတ်သွားနိုင်မယ်။ ခရီးအသွားအလာတွေ ပျက်တတ်ပြီး အတင်းသွားရင် အခက်ကြုံတတ်တယ်။ လူအများနဲ့ တွဲလုပ်တဲ့ကိစ္စတွေမှာ စကားများရမယ်။ ငွေကြေးကိစ္စတွေ ပြဿနာ ဖြစ်တတ်တယ်။ အရှုပ်အရှင်း ကင်းအောင်နေပါ။ နှလုံးသားရေးမှာတော့ တကျက်ကျက်နဲ့ ပျော်ရမယ်။ ဒီနေ့ မနက် ၉ နဲ့ ၉ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် သံဃာတစ်ပါးကို ဝထ္ထုငွေ ကပ်လှူပေးပါ။

ကောင်း

သောကြာ - ဒီနေ့မှာ အကြံအစည် ရည်ရွယ်ချက်တွေ ပျက်ပြားတတ်တယ်။ ကိုယ်က ရည်မှန်းထားတာတစ်မျိုး ဖြစ်လာတာက တခြားနဲ့ စိတ်တွေ ရှုပ်ထွေးရလိမ့်မယ်။ ခရီးကိစ္စတွေ လုပ်ထားရင် စိတ်ညစ်မယ်။ လမ်းခရီးမှာ အဆင်မပြေမှုပေါင်းစုံနဲ့ ကြုံရတတ်တယ်။ အလုပ်မှာ ကောင်းဆိုးနှစ်တန် ဒွန်တွဲနေမယ်။ အကောင်းတွေနဲ့အတူ အဆိုးတွေပါ တွဲမြင်ရလိမ့်မယ်။ ငွေကြေးကိစ္စမှာ မရေမရာ ဖြစ်မယ်။ မေတ္တာရေးကံတော့ ကောင်းလာနိုင်တယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ နွမ်းပါးသူတွေကို စားစရာလှူပေးရမယ်။

ညံ့

စနေ - အနားက ရင်းနှီးသူတွေ၊ မိသားစုဝင်တွေနဲ့ အဆင်မပြေ ဖြစ်တတ်တယ်။ ကိုယ့်ရပိုင်ခွင့်အတွက် ပြောဆို ငြင်းခုံရတတ်တယ်။ အလုပ်ကိစ္စမှာတော့ ရပ်ထားရတာတွေ၊ မပြီးသေးတာတွေကို ဆက်လုပ်ရမယ်။ အလုပ်ကံ အခြေအနေက အကောင်းဘက်မှာ ရှိတယ်။ ကြိုးစားသလောက် ခံစားခွင့် ရမယ်။ ဒါပေမယ့် စိတ်က များနေလို့ ဟိုဟာလို၊ ဒီဟာလိုနဲ့ အချိန်ကုန်သွားမယ်။ ငွေကြေးကံကောင်းနိုင်တယ်။ အချစ်ရေးမှာတော့ စိတ်ညစ်ရမယ်။ ဒီနေ့ မနက် ၈ ခွဲနဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ လက်ဖက်အသားချည်း လှူပါ။

သင့်

#lotaya_horoscope




Some text some message..