
တနင်္ဂနွေနေ့ဖွား
အလုပ်အကိုင် - ကြိုးစားသလောက် အရာမထင်တာတွေ ကြုံလာရမယ့်သီတင်းပတ် ဖြစ်တယ်။ လုပ်ငန်းစီးပွား လည်ပတ်မှု နှေးကွေးတာ၊ ငွေအဝင် ခက်တာ၊ ငွေကြပ်သွားတာမျိုးတွေလည်း ကြုံရတတ်တယ်။ အလုပ်ကြောင့် ကျန်းမာရေးပါ ကျဆင်းတတ်တယ်။ ဒါပေမယ့် မိတ်ဆွေ၊ဆရာသမားတွေဆီက အကူအညီတွေ ရလာလိမ့်မယ်။
ကျန်းမာရေး - သာမန်ထက် ကျန်းမာရေး အနည်းငယ် အားနည်းတတ်တယ်။ ပြန်သက်သာလွယ်မယ်။
လူမှုအိမ်ထောင် - ဒီအပတ်မေတ္တာရေးမှာ ကတောက်ကဆတ်လေးတချို့ရှိတတ်ပေမယ့် ဖြေရှင်းလို့ လွယ်ကူမယ်။ စကားမှားတာ၊ ကတိပျက်တာတွေနဲ့ ကြားလူတွေကြောင့် စိတ်ရှုပ်ရတတ်တယ်။ လူငယ်တွေ နှလုံးသားရေးကိစ္စ အလွဲအချော်လေးတွေ ဖြစ်လိမ့်မယ်။ အပေါင်းအသင်းကံတော့ ကောင်းမယ်။ လိုအင်ဆန္ဒ ပြည့်ဝလွယ်လိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - အဝါ ၊ အနီဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၅ ၊ ၁ ၊ ၆
ကံကောင်းစေတဲ့ အရပ် - အနောက်
ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး
ယတြာ - တနင်္ဂနွေနေ့ မနက်ပိုင်း အိမ်ကဘုရားမှာ ပေါက်ပေါက်ဆွမ်းနဲ့ ပန်းသီး ၅ စိတ် ကပ်လှူဆုတောင်းပါ။
တနင်္လာနေ့ဖွား
အလုပ်အကိုင် - အတိုက်အခံနဲ့တကွ အောင်မြင်မယ့်သီတင်းပတ် ဖြစ်တယ်။ ဘယ်အလုပ်မဆို စိတ်ညစ်စရာနဲ့ အနှောင့်အယှက်တွေကြားက ဖြတ်သန်းပြီးမှ အဆင်ပြေလိမ့်မယ်။ သက်တောင့်သက်သာ မရှိဘဲ ပင်ပန်းစရာ၊ သွားလာလှုပ်ရှား ရုန်းကန်ရတာတွေ များလာမယ်။ ဒါပေမယ့် အကျိုးအမြတ်တော့ ရမယ်။ စိတ်လည်း ရှုပ်မယ်။
ကျန်းမာရေး - တစ်ပတ်တာ ကျန်းမာရေး အားနည်းနိုင်တယ်။ ကြိုတင်သတိထား ကာကွယ်ရမယ်။
လူမှုအိမ်ထောင် - တစ်ပတ်တာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံခေတတ်တယ်။ ပျိုရွယ်သူတွေ နှလုံးသားရေး ဝမ်းနည်းစရာတွေ ကြုံရတတ်တယ်။ ရည်ရွယ်သူနဲ့ လွဲရတတ်သလို ချစ်သူတွေကြားမှာလည်း ပြဿနာတွေများ စိတ်ညစ်စရာ များလာလိမ့်မယ်။ သည်းခံနားလည်နိုင်မှ ရှေ့ဆက်နိုင်မယ်။ မိတ်ဆွေက အားကိုးမရဘဲ ဖြစ်မယ်။
ကံကောင်းစေတဲ့ အရောင် - မီးခိုးရောင်၊ အနီရင့်ရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၇ ၊ ဝ
ကံကောင်းစေတဲ့ အရပ် - အနောက်မြောက်၊ အနောက်
ကံကောင်းစေတဲ့ နေ့ရက် - ကြာသပတေး၊ တနင်္ဂနွေ
ယတြာ - အဘွားအို (သို့) ကျန်းမာရေး မကောင်းသူ အမျိုးသမီးကြီးတစ်ဦးကို ဆေးဝါး၊ ဓာတ်စာ လှူဒါန်းပေးပါ။
အင်္ဂါနေ့ဖွား
အလုပ်အကိုင် - ဒီအပတ်မှာ လုပ်ငန်းစီးပွားကံဇာတာ နည်းနည်း အညံ့ ရှိနေတယ်။ စီစဉ်တာတွေ လွဲချော်နိုင်ပြီး အဆင်မပြေသလို ကြံဖန် လုပ်ရတတ်တယ်။ ရည်ရွယ်တာနဲ့ ဖြစ်လာတာက တခြားစီ ကြုံရမယ်။ လူလိမ်တွေနဲ့ ထိပ်တိုက် တိုးမိတတ်တယ်။ ဘာလုပ်လုပ် နှစ်ခါ ပြန်စစ်တာ မမှားဘူးဆိုရမယ်။ ငွေအဝင်အထွက် မြန်နေမယ်။
ကျန်းမာရေး - တစ်ပတ်လုံးမှာ ဘေးကင်း ကျန်းမာမယ်။ ဒါပေမယ့် သိပ်အပင်ပန်းခံတာမျိုးတော့ ရှောင်ပါ။
လူမှုအိမ်ထောင် - တစ်ပတ်တာ အချစ်ရေး၊အိမ်ထောင်ရေးမှာ ပျော်ရွှင်ကြည်နူးစရာတွေ ပြည့်နှက်လာလိမ့်မယ်။ စိတ်ထဲ မကြည်လင်စရာလေးတွေ ရှိတတ်ပေမယ့် ဒီတစ်ပတ်မှာ ဖြေဖျောက်ပြီး ပြေလည်မှုဆီ ဦးတည်လာမယ်။ လူငယ်လူရွယ်၊ လူလွတ်တွေအဖို့ ရင်ခုန်စရာကိစ္စတွေ ပေါ်လာတတ်တယ်။ မိတ်ဆွေကဏ္ဍမှာ ပုံမှန်ပဲ ရှိနေမယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့်၊ စိမ်းပြာ
ကံစမ်းနိုင်တဲ့ ဂဏန်း - ၃ ၊ ၄ ၊ ၁
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်၊ အနောက်မြောက်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ၊ စနေ
ယတြာ - မွေးနေ့ မနက် ၉ နာရီ အိမ်ကဘုရားမှာ ဇီးဖျော်ရည်နဲ့ ရွက်လှညွန့်နဲ့ ကပ်လှူဆုတောင်းပါ။
ဗုဒ္ဓဟူးနေ့ဖွား
အလုပ်အကိုင် - မရေမရာ ဖြစ်နေတဲ့အလုပ်ကိစ္စတွေ ဒီအပတ်မှာ လမ်းကြောင်းပေါ် ပြန်ရောက်မယ်။ အရင်က ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေလည်း ပီပီပြင်ပြင် ဆုံးဖြတ်လုပ်ကိုင်နိုင်မယ်။ ဒါပေမယ့် ကိုယ်တိုင်က မကောင်းမြင်ပြီး တလွဲတွေ လုပ်မိလို့ ရသင့်ရထိုက်တာနဲ့ လွဲရတတ်တယ်။ မှန်းသလောက် အဆင်မပြေဘဲ စိတ်ရှုပ်ရလိမ့်မယ်။
ကျန်းမာရေး - ဒီအပတ်မှာ ကျန်းမာရေး အနည်းငယ် အားနည်းနိုင်တယ်။ အာရုံကြောပိုင်း ဂရုစိုက်ရမယ်။
လူမှုအိမ်ထောင် - တစ်ပတ်တာအတွင်း အချစ်ရေး၊ အိမ်ထောင်ရေးမှာ မကြာခဏ စိတ်ဖိစီးမှုတွေ ခံစားရမယ်။ ပြဿနာဟောင်းတွေက ပြန်ပေါ်လာပြီး ကိုယ်စိတ်နှစ်ပါး ဆင်းရဲရလိမ့်မယ်။ အချင်းချင်းကြား သည်းမခံနိုင်ဘဲ ဖြစ်နေမယ်။ ဒါပေမယ့် ယာယီပြဿနာတွေသာ ဖြစ်လို့ ပြေလည်မှု ပြန်ရမယ်။ လူမှုဆက်ဆံရေး ညံ့နေမယ်။
ကံကောင်းစေတဲ့ အရောင် - အစိမ်း၊ အနီဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၂ ၊ ၉
ကံကောင်းစေတဲ့ အရပ် - မြောက် ၊ အရှေ့
ကံကောင်းစေတဲ့ နေ့ရက် - ဗုဒ္ဓဟူး
ယတြာ - တစ်ပတ်အတွင်း ဆွမ်းခံကြွသံဃာတော်တွေကို ပေါက်စီ ၊ ပန်းသီး စသဖြင့် လှူဒါန်းပေးရမယ်။
ရာဟုဖွား
အလုပ်အကိုင် - အလုပ်ဟောင်း၊ အဆက်အသွယ်ဟောင်းတွေ ပြန်ချိတ်မိမယ်။ အရင်က ရပ်နားပစ်ထားခဲ့တဲ့ အလုပ်တွေ ပြန်စရတတ်တယ်။ ကိုယ့်ကို အကျိုးပြု ကူညီမယ့် လူဟောင်းတွေနဲ့ ပြန်ဆုံရမယ်။ မထင်မှတ်ခဲ့တဲ့ လုပ်ငန်းတွေက အရှိန်ပြန်ရလာတတ်တယ်။ ငွေကြေးလာဘ်လာဘ ဝင်မယ်။ အခက်အခဲကြားက ငွေဝင်မယ်။
ကျန်းမာရေး - ဘေးကင်း ကျန်းမာမယ့် သီတင်းပတ် ဖြစ်တယ်။ ရောဂါဝေဒနာ ရှိရင်လည်း ပြန်ကောင်းမယ်။
လူမှုအိမ်ထောင် - မိသားစု၊ အိမ်တွင်းရေးမှာ ပူပန်ကြောင့်ကြစရာတွေ ဖြစ်ပွားလာနိုင်တယ်။ မေတ္တာရေးမှာပါ ကံခေတတ်လို့ ပျိုရွယ်သူတွေ သတိထားရမယ့်ကာလ ဖြစ်တယ်။ ပြဿနာတိုင်းမှာ အဖြေရှိပေမယ့် ခဏတာ စိတ်ညစ်ရလိမ့်မယ်။ စိတ်လိုက်မာန်ပါတွေ မလုပ်မိဖို့ သတိပြုရမယ်။ ကြီးကဲသူတွေနဲ့ အဆင်ပြေဖို့ ကြိုးစားပါ။
ကံကောင်းစေတဲ့ အရောင် - အနီရင့်၊ မီးခိုးရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၈ ၊ ၃ ၊ ၅
ကံကောင်းစေတဲ့ အရပ် - အနောက်မြောက်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ ၊ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း
ယတြာ - ဗုဒ္ဓဟူးနေ့ ညနေစောင်း အိမ်ကဘုရားမှာ အမွှေးတိုင် ၈ တိုင်ကို ပုလင်းလေးထဲ ထည့်ပြီး ပူဇော်ပါ။
ကြာသပတေးနေ့ဖွား
အလုပ်အကိုင် - လုပ်ငန်းကိုင်ငန်း မတည်မငြိမ် ဖြစ်လာနိုင်တယ်။ အလုပ်မှာ စကားအခြေအတင် များရတာတွေ အငြင်းပွားရ ဖြေရှင်းရတာတွေလည်း ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ကိုယ့်အရည်အချင်း၊ အစွမ်းအစရယ်၊ မိတ်ဆွေနဲ့ အသိုင်းအဝိုင်းရဲ့ ကူညီမှုတွေနဲ့ အရာရာကို ကိုင်တွယ်နိုင်မယ်။ ငွေကြေးစာရင်းဇယား သေချာတိကျဖို့ လိုမယ်။
ကျန်းမာရေး - ဒီအပတ်မှာလည်း ကျန်းမာဘေးကင်းမယ်။ တော်ရုံ ရောဂါဝေဒနာဆို ခဏနဲ့ ပြန်ကောင်းမယ်။
လူမှုအိမ်ထောင် - မေတ္တာရေးမှာ တစ်ယောက်နဲ့တစ်ယောက်က သည်းခံနိုင်စွမ်းရှိဖို့ လိုမယ်။ ထစ်ခနဲဆို ဒေါသ ထွက်လွယ်တတ်လို့ ထိန်းချုပ်ရမယ်။ အမြင်မတူတာတွေကို အေးချမ်းစွာ ဖြေရှင်းသင့်တယ်။ ဆရာသမားတွေနဲ့ အကြီးအကဲတွေ လမ်းညွှန်တာကို ခံယူရမယ်။ ပျိုရွယ်သူတွေဆို နှလုံးသားရေးမှာ ပြတ်သားရဲရင့်လာလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - အနီရင့်၊ အဝါဖျော့
ကံစမ်းနိုင်တဲ့ ဂဏန်း - ၅
ကံကောင်းစေတဲ့ အရပ် - အရှေ့တောင်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ၊ ကြာသပတေး
ယတြာ - တစ်ပတ်အတွင်း မကြာခဏဆိုသလို အိမ်ကဘုရားမှာ ပေါင်မုန့်အုန်းနို့ဆမ်း ကပ်လှူပေးရမယ်။
သောကြာနေ့ဖွား
အလုပ်အကိုင် - ဒီတစ်ပတ်မှာ အလုပ်ကံ၊စီးပွားကံ သိပ်မကောင်းဘဲ ဖြစ်လာမယ်။ လုပ်ငန်းမှာ အကောင်းအဆိုး ယှဉ်တွဲနေပြီး ကောင်းတစ်လှည့်၊ ညံ့တစ်လှည့်နဲ့ ဖြတ်သန်းရတတ်တယ်။ ရည်ရွယ်တာတွေ ဖြစ်မလာတတ်ဘဲ မရည်ရွယ်တာတွေကို အောင့်အီး ရင်ဆိုင်ရလိမ့်မယ်။ ငွေရလမ်းကလည်း မသေချာဘဲ ဝင်ငွေနည်းပါးလိမ့်မယ်။
ကျန်းမာရေး - တစ်ပတ်တာလုံးမှာ ကျန်းမာခြင်းသုခနဲ့ ပြည့်စုံမယ်။ အစားမှားတတ်တာကိုတော့ သတိပြုပါ။
လူမှုအိမ်ထောင် - ချစ်သူစုံတွဲ၊ အိမ်ထောင်ရှင်တွေဆိုရင် လက်တွဲဖော်ရဲ့ ကောင်းသတင်း ကြားရမယ်။ ကူညီမှုနဲ့ အားကိုးရမှုတွေ တိုးပွားလာမယ်။ ပျိုရွယ်သူတွေဆိုရင် ပျော်ရွှင်စရာတွေ ကြုံလာရတတ်တယ်။ ချစ်သူဆီကနေ စကားကောင်းတွေ ကြားသိရလိမ့်မယ်။ လူမှုဆက်ဆံရေးကဏ္ဍမှာ ကိုယ့်အပေါ် ကူညီဝိုင်းဝန်းမယ့်သူ ရှိနေမယ်။
ကံကောင်းစေတဲ့ အရောင် - အစိမ်း
ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၃
ကံကောင်းစေတဲ့ အရပ် - အနောက် ၊ တောင်
ကံကောင်းစေတဲ့ နေ့ရက် - တနင်္ဂနွေ
ယတြာ - တစ်ပတ်အတွင်းမှာ အဆင်ပြေရာရက်မှာ လေဖြတ်ထားသူ၊ခြေမသန်သူကို စားစရာ လှူဒါန်းပေးပါ။
စနေနေ့ဖွား
အလုပ်အကိုင် - ငွေကြေးအမြတ်အစွန်း ရလွယ်မယ့်ကာလ ဖြစ်ပြီး အရင်က ကြိုးစားအားထုတ်ခဲ့တာတွေလည်း ဒီကာလမှာ လက်တွေ့ကျကျ ဖြစ်လာမယ်။ လုပ်ငန်းနဲ့ ပတ်သက်လို့ စိတ်သောက မကင်းရပေမယ့် အကျိုးရလဒ် ဖြစ်ထွန်းမှု ရှိလာမယ်။ အကူအညီတွေလည်း ရလာမယ်။ မိတ်ဆွေအသိုင်းအဝိုင်းတွေလည်း ဝိုင်းဝန်းကူညီမယ်။
ကျန်းမာရေး - နေရထိုင်ရတာ မသက်မသာ ခံစားရတတ်တယ်။ ရောဂါနာမည် ရှာမရသလို ဖြစ်တတ်တယ်။
လူမှုအိမ်ထောင် - ဒီအပတ် အချစ်ရေး၊ အိမ်ထောင်ရေးမှာ မျက်နှာကြောမတည့်တာ၊ နားလည်မှု ကပ်လွဲတာမျိုး ဖြစ်လာတတ်တယ်။ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နဲ့ နှစ်ပါးသွားနေရမယ်။ နှစ်ဦးသား ပြေပြေလည်လည် ရှိမယ့် အချိန် နည်းပါးမယ်။ ဒါပေမယ့် ပြဿနာတော့ မကြီးမားနိုင်ပါ။ စိတ်တိုင်းမကျတာလေးတွေပဲ များနေလိမ့်မယ်။
ကံကောင်းစေတဲ့ အရောင် - အစိမ်း၊ ရွှေရောင်
ကံစမ်းနိုင်တဲ့ ဂဏန်း - ၄ ၊ ၅ ၊ ၁
ကံကောင်းစေတဲ့ အရပ် - တောင် ၊ အရှေ့မြောက်
ကံကောင်းစေတဲ့ နေ့ရက် - အင်္ဂါ
ယတြာ - ပန်းကန်ပြားကြီးတစ်ချပ်ထဲ လက်ဖက် ၅ ပုံပုံပြီး အလယ်မှာ ဖယောင်းတိုင်ထွန်း ဘုရားကို ပူဇော်ပါ။
#lotaya_horoscope