ဒီဇင်ဘာ ၃ ရက်နေ့အတွက် (၇) ရက်သားသမီး ဗေဒင်
lotaya.mpt.com.mm
|
2021-12-03

တနင်္ဂနွေ - တစ်နေ့တာလုံးမှာ စိတ်ရောလူပါ ဂဏှာမငြိမ် ဖြစ်ရတတ်တယ်။ တစ်ခုခု  ကြံစည်လိုက်တိုင်း ရှေ့မှာ အခက်အခဲတွေက အသင့် စောင့်နေတတ်တယ်။ ရည်ရွယ်ချက်တွေလည်း ပျက်ပြားလိမ့်မယ်။ အလုပ်အကိုင် စီးပွားရေးနဲ့ ပတ်သက်လို့ အဆင်ပြေပေမယ့် တာဝန်ကြီးတာ၊ ခေါင်းခံရတာတွေ များမယ်။ ပင်ပန်းရတာတွေပါ ပိုမျးလာနိုင်တယ်။ ငွေကြေးကံတော့ ကောင်းမယ်။ အကူအညီ ရမယ်။ နှလုံးသားရေးမှာ စိတ်ချမ်းသာလိမ့်မယ်။ ဒီနေ့ မနက် ၈ နဲ့ ၉ ကြား ကံကောင်းချိန် ဖြစ်တယ်။ ဘုရားမှာ ငှက်ပျောသီးကို သကြားဖြူးပြီး ဆွမ်းကပ်ပေးပါ။

ညံ့

တနင်္လာ - ဒီနေ့မှာ ပျော်စရာတွေ ကြုံရတာ များမယ်။ စိတ်ချမ်းသာစရာတွေ ဖြစ်ပေါ်လာမယ်။ အလုပ်အကိုင်နဲ့ စီးပွားရေးမှာလည်း ကျေနပ်အားရစရာတွေ ရှိလာနိုင်တယ်။ ဒါပေမယ့် ကိုယ့်ကိစ္စမဟုတ်တာ၊ သူတပါးအရေးမှာ ပါဝင် ပတ်သက်မိလို့ စိတ်ညစ်ရမယ်။ ဖြစ်နိုင်ရင် သူများကိစ္စ ဝင်မပါတာ အကောင်းဆုံးပါ။ ငွေရေးကြေးရေးကိစ္စ စိတ်ညစ်စရာ ကြုံပြီးမှ အဆင်ပြေမယ်။ တာဝန်ခံတာ၊ အာမခံတာတွေ မလုပ်ပါနဲ့။ ကြားဝင်မိရင် ခံရတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပဋိပက္ခတွေ ဖြစ်တတ်တယ်။ အိမ်ထောင်သည်ဆို ဒီနေ့မှာ ပြဿနာ ရှိနိုင်တယ်။ ဒီနေ့ မွန်းလွဲ ၁၂ ခွဲနဲ့ ၁ ခွဲကြားက ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ နွားနို့ ကပ်လှူပေးရမယ်။

ကောင်း

အင်္ဂါ - အများအားဖြင့် ကံကောင်းအဆင်ပြေမယ့်နေ့ ဖြစ်တယ်။ ဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ကြုံရပါစေ ကိုယ့်အစွမ်းအစနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်မယ်။ မိတ်ဆွေအပေါင်းအဖော်တွေဆီက အကူအညီ၊ ပံ့ပိုးမှုတွေကိုလည်း ရလွယ်မယ်။ အလုပ်မှာ ကာလရှည်ကြာ ကြိုးစားထားတာတွေ အရာထင်လာမယ်။ ဒါပေမယ့် အလုပ်အတွက် စိတ်ရောလူပါ ပင်ပန်းစရာ များမယ်။ နိုင်ငံရပ်ခြားကိစ္စတွေတော့ အောင်မြင်မယ်။ ငွေကြေးကိစ္စ စိတ်ပျက်စရာ ဖြစ်တတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ စိတ်ညစ်စရာတွေ များမယ်။ မကြာခဏ စကားများရလိမ့်မယ်။ ဒီနေ့ ညနေ ၄ ခွဲနဲ့ ၅ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ အညံ့တွေ ပြေပျောက်ဖို့ ဘုရားမှာ ဒိန်ချဉ်ကပ်လှူပေးပါ။

သင့်

ဗုဒ္ဓဟူး - ကံဇာတာ အားနည်းချိန် ဖြစ်လို့ တစ်နေ့တာလုံးမှာ လုပ်သမျှ ပြောသမျှအရာတိုင်းကို သတိထားရမယ်။ အသွားအလာလည်း ဆင်ခြင်ရလိမ့်မယ်။ အတွေးအခေါ်၊ အကြံအစည်တွေက တလွဲတချော်တွေပဲ ဖြစ်နေလို့ အမှားအယွင်းတွေ များတတ်တယ်။ ညီအစ်ကိုမောင်နှမသားချင်းကိစ္စတွေမှာ အထင်အမြင် လွဲခံရတတ်တယ်။ အလုပ်မှာလည်း အနှောင့်အယှက် များမယ်။ အကျိုးတူစပ်တူတွေ လုပ်ရင် ထိခိုက်မယ်။ ငွေအတွက် စကားများ ငြင်းခုံရတတ်တယ်။ တစ်နေ့တာ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ စန်းပွင့်မယ်။ လိုအင်ဆန္ဒတွေ ပြည့်မယ်။ ဒီနေ့ မနက် ၁၁ နဲ့ ၁၁ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ရေသပ္ပါယ်ပြီး ကုသိုလ်ပြုပါ။

ညံ့

ရာဟု - ပြဿနာဟောင်းတွေ တကျော့ပြန်လာချိန် ဖြစ်တယ်။ အရင်က အမှားတွေ၊ နောင်တတွေကြောင့် ဒီနေ့ စိတ်ပျက်ရ၊ နာကျင်ရတာတွေ ဖြစ်လာတတ်တယ်။ ကိုယ်ရောစိတ်ပါ မကြည်မလင်နဲ့ ဖြစ်မယ်။ ခိုက်ရန်ဒေါသနဲ့ ပြဿနာတွေ ဖြစ်တတ်လို့ ကိုယ့်ကိုကိုယ် ထိန်းတာ အကောင်းဆုံး ဖြစ်မယ်။ အလုပ်ကိစ္စမှာ အတော်လေးကို ခက်ခဲ ပင်ပန်းပြီးမှ သူများနဲ့တန်းတူ လိုက်နိုင်မယ်။ မေတ္တာရေးမှာတော့ အပျော်လွန်ပြီး စိတ်ညစ်ရတတ်တယ်။ ဒီနေ့ နေ့ခင်း ၂ ခွဲနဲ့ ၃ နာရီကြား ကံကောင်းချိန် ဖြစ်တယ်။ နွမ်းပါးသူတွေကို ရွှေရင်အေးမုန့် ဝယ်ကျွေးလိုက်ပါ။

ညံ့

ကြာသပတေး - အရင်က အဆင်မပြေခဲ့တဲ့အလုပ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်လာမယ်။ အလုပ်အကိုင်နဲ့ စီးပွားရေးမှာ တစ်ခုထက်မကတဲ့ အခွင့်အရေးတွေ ပေါ်လာတတ်တယ်။ နေရာ၊ ဌာနကောင်းတွေကို ရွှေ့ရတတ်တယ်။ အပြောင်းအလဲတွေ ပေါ်လာရင် ရဲရဲကြီး လက်ခံလိုက်ပါ။ ပိုပြီး ကောင်းမွန်တဲ့ အနေအထားကို ရသွားလိမ့်မယ်။ ငွေကြေးကံကောင်းမယ်။ ရလမ်းတွေလည်း ပွင့်လာလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာလည်း သာယာမှု ရရှိမယ်။ လူငယ်တွေ စန်းပွင့်ပြီး အဆင်ပြေတတ်တယ်။ ဒီနေ့ ညနေ ၃ ခွဲနဲ့ ၄ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအဖြစ် ဘုရားမှာ သပြေညွှန့်တွေ ကပ်လှူပေးလိုက်ပါ။

ကောင်း

သောကြာ - ကံကောင်းတတ်တဲ့နေ့ ဖြစ်သလို ကိုယ်တိုင်ကလည်း အတွေး၊ အကြံ ဆုံးဖြတ်ချက်တွေ မှန်ကန် တည့်မတ်နေလိမ့်မယ်။ ခရီးဝေးကိစ္စတွေ၊ အဝတ်အစား၊ အသုံးအဆောင် ဝယ်ယူရေးကိစ္စတွေ ဒီနေ့မှာ စတင် ဆောင်ရွက်ရင် ကိုယ့်စိတ်တိုင်းကျ ဖြစ်မယ်။ ဇိမ်ခံပစ္စည်းတွေလည်း ဝင်လာတတ်တယ်။ ပျက်နေတာတွေလည်း ပြန်ကောင်းသွားတတ်တယ်။ အလုပ်မှာလည်း အတော်လေး အဆင်ပြေမယ်။ ဝင်ငွေလမ်းလည်း ဖြောင့်နေမယ်။ တစ်နေ့တာ အိမ်တွင်းရေး၊ အချစ်ရေးတွေမှာတော့ စိတ်ပျက်စရာတွေ ဖြစ်မယ်။ အထစ်အငေါ့ များတတ်တယ်။ ဒီနေ့ မနက် ၉ ခွဲနဲ့ ၁၀ ခွဲကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ သစ်သီး ၃ မျိုး ကပ်လှူပါ။

ကောင်း

စနေ - အလုပ်အကိုင်၊ စီးပွားရေးကိစ္စတွေမှာ ရသလောက်နဲ့ ကျေနပ်ရလိမ့်မယ်။ ကိုယ့်စိတ်တိုင်းကျ လိုက်ပြီး ဖန်တီးနေရင် အလုပ် မဖြစ်ဘဲ နေလိမ့်မယ်။ ဒီနေ့ လုပ်ငန်းစီးပွားရပ်တွေမှာ အခက်အခဲတွေ များတတ်တယ်။ လုပ်တာကိုင်တာ မှားနေမယ်။ အကြီးအကဲတွေနဲ့လည်း အဆင်မပြေ ဖြစ်တတ်တယ်။ လူရင်းတွေက သစ္စာ ဖောက်တတ်တယ်။ ငွေရေးကြေးရေး အထွက်များမယ်။ စိတ်ညစ်ရတတ်တယ်။ ဘာကိုမှ ယတိပြတ် ဆုံးဖြတ် လုပ်ကိုင်လို့မရ ဖြစ်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ သောကမကင်းဘဲ ဖြစ်မယ်။ အာရုံနောက်ရမယ်။ ဒီနေ့ နေ့ခင်း ၁ ခွဲနဲ့ ၂ ကြား ကံကောင်းချိန် ဖြစ်တယ်။ ယတြာအနေနဲ့ ဘုရားမှာ ထန်းလျက်ခဲဆွမ်း ကပ်လှူပါ။

သင့်

#lotaya_horoscope




Some text some message..